15th APL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအင်အားစုအားလုံး ဖက်ဒရယ်အကျိုးကို ဦးတည်ပြီး ဆောင်ရွက်ကြဖို့ ပြည်ထဲရေးဝန်ကြီးတိုက်တွန်း

📌 ၂။ နွေဦးတော်လှန်ရေး မုချအောင်မြင်လိမ့်မယ်လို့တစ်ထစ်ချယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးပြောကြား

📌 ၃။ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေနဲ့ ကလေးငယ်အတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိပြီး  လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ်ရှိခဲ့တယ်လို့  သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၅။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှာ ပျူစောထီများ ရေကစားနေစဥ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၍ ၇ဦးသေဆုံးကာ အယောက်၃၀ကျော်ထိခိုက်

📌 ၆။ သင်္ကြန်အကြိုနေ့ ပခုက္ကူ တပ်မ ၁၀၁ တပ်ကို Special Guerilla Force -SGF - Pakokku တပ်ဖွဲ့မှ ၈၈ မမ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ရာစကစတပ်က နှစ်ဦးသေဆုံး

📌 ၇။ ကရင်ပြည်နယ် ကျောက်မိုင်း BGF စခန်းကုန်းအား Sniper ဖြင့် ပစ်ခတ်ခဲ့ရာ စကစလက်အောက်ခံ ()ဦး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာအရေး အာဆီယံခေါင်းဆောင်များအနေနဲ့ လာမယ့်အစည်းအဝေးတွေမှာ လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တွေ အမြန်ဆုံးချမှတ်ပေးဖို့.

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တောင်းဆို


ဧပြီ၁၅ရက်


ဧပြီ၁၄ရက်မှာစစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအား အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အခုလိုပြောကြားခဲ့ပါတယ်။


"တကယ်တော့ စစ်မိမိစ္ဆာတွေရဲ့ အခြေအနေကတော့ ကမ္ဘာက မြန်မာနိူင်ငံရဲ့အခြေအနေကို အကောင်းဆုံးအခြေအနေဖြစ်အောင် ဘယ်လိုပင်တောင်းဆိုပါစေ။အသိအမှတ်ပြုခြင်းမရှိတော့ဘဲနဲ့ ငါတကောကောနေတဲ့အဆင့်ရောက်နေပြီဆိုတာ ထင်ထင်ရှားရှားပေါ်လွင်နေပြီ ဖြစ်ပါတယ်။ဒါကြောင့် စကားလုံးတွေနဲ့ လူမဆန်တဲ့စစ်တပ်ရဲ့ အကြမ်းဖက်မှုကိုရပ်တန့်နိူင်ခြင်း မရှိဘူးဆိုတာ ပေါ်နေပြီ ဖြစ်ပါတယ်။အာဆီယံ

ခေါင်းဆောင်များအနေနဲ့လည်း လာမယ့်အစည်းအဝေးမှာ လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တွေ အမြန်ဆုံးချမှတ်ပေးဖို့တောင်းဆိုလိုပါတယ်"လို့ဆိုပါတယ်။


ဧပြီ၁၁ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား၁၇၀နီးပါးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၂။ လူသားကျင့်ဝတ် ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး အဆင်အခြင်မဲ့လူသတ်နေတဲ့ ကမ္ဘာ့ရာဇဝတ် ကောင် စစ်တပ်အတွက်ကမ္ဘာမြေမှာနေရာ မရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး သတိပေးဆို


ဧပြီ၁၅ရက်


ဧပြီလအတွင်းမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုက အခုလိုဆိုလိုက်ပါတယ်။


"ပြည်သူလူထုကို ရန်သူလိုသဘောထားပြီး အပြစ်မဲ့လူတွေကို ကမ္ဘာ့တရားဥပဒေ ၊လူသားကျင့်ဝတ် ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး အဆင်အခြင်မဲ့လူသတ်နေတဲ့ ကမ္ဘာ့ ရာဇဝတ်ကောင် စစ်တပ် ဒီကမ္ဘာမြေမှာနေရာ မရှိတော့ပြီ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စစ်အုပ်ဟာ လူပေါင်းသုံးထောင် ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်း နှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


ဧပြီ ၁၅


ဧပြီ၁၄ရက်‌နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး‌‌ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ် အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဟောင်ဝစ်ဇာအမြောက် ပစ်ခတ်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုများပါပြုလုပ်နေ၍ ပုန်းခိုကျင်းများအမြန်ဆုံးတူးရန် အရေးပေါ်သတိပေး


ဧပြီ၁၄ရက်မှာChin Defence Force - Mindatကအရေးပေါ်သတိပေးအသိပေးကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။



"အကြမ်းဖက် စစ်ကောင်စီသည် မင်းတပ်မြို့နယ် အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်) ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ် လျက် ရှိပါတယ်။မိဘပြည်သူများ အနေဖြင့် လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်) စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုအန္တရာယ် ကာကွယ်နိုင်သည့် ပုန်းခိုကျင်းများ (သတ်မှတ်ထားသည့် စံနှုန်းအတိုင်း) တူးထား ကြရန် CDF - Mindat မှ အကြိမ်ကြိမ် အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


 မင်းတပ်မြို့နယ်အတွင်း မိဘပြည်သူများ ဘေးကင်းစေရန်အလို့ငှာ CDF – Mindat   ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအား လိုက်နာခြင်း မရှိသူများကို လိုအပ်သည့် အရေးယူမှု စတင်ပြုလုပ်တော့မယ်လို့လည်း ဆိုပါတယ်။


 စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုအန္တရာယ် ကာကွယ်နိုင်သည့် ပုန်းခိုရန် ကတုတ်ကျင်းများ (သတ်မှတ်ထားသည့် စံနှုန်းအတိုင်း) အမြန်ဆုံး တူးထားကြပါရန် ထပ်မံအသိပေး တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ ဟင်္သာတခရိုင် တပ်ရင်းရှိပြီဖြစ်၍ စစ်ဆင်ရေးများစတင်ဆောင်ရွက်မယ်လို့အသိပေး


ဧပြီ၁၅ရက်


ဟင်္သါတခရိုင် တပ်ရင်းရှိပြီဖြစ်၍ စစ်ဆင်ရေးများစတင်ဆောင်ရွက်မယ်လို့ ဧပြီလအတွင်းမှာ ဟင်္သါတခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။


"ဧရာဝတီတိုင်း ဟင်္သါတခရိုင်တပ်ရင်းအား KIA AA KNU DKBA. အစရှိသော တိုင်းရင်းသားတော်လှန်ရေး တပ်မတော်ကြီးများတွင် သွားရောက်စစ်ပညာသင်ယူခဲ့ကြသော တိုင်းတွင်းတော်လှန်ရေး ရဲဘော်အများစုဖြင့် ၂၀၂၁ ခုနှစ် နိူဝင်ဘာ၈ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ယခုအချိန်အခါမှစ၍ ဟင်္သါတခရိုင် တပ်ရင်းရှိ တပ်ခွဲ အသီးသီး၏ စစ်ဆင်ရေးဆောင်ရွက်ချက်များနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စ ရပ်များကို

တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖြင့်သတင်းများထုတ်ပြန် ကြော်ငြာပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးစနစ် တစ်ခုအောက်တွင် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းပြီး နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးသည့်အထိ ပြည်သူနှင့်တသားတည်း ရပ်တည်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၆။ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းသို့ နမခမှရောက်ရှိလာသော  ဘီလူးစစ်ကြောင်းကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်


ဧပြီ၁၅ရက်


စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းသို့ နမခမှရောက်ရှိလာသော  ဘီလူးစစ်ကြောင်းကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ၁၅ရက်မှာ စစ်ရေးသတင်းကို Salingyi Border Task Force - SBTF (ပကဖ)ကအတည်ပြုဆိုပါတယ်။


"ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းသို့ နမခမှရောက်ရှိလာသော  ဘီလူးစစ်ကြောင်းကို  ကန့်ဘလူ ပဇီကြီး သွေးကြွေးအဖြစ် လက်နက်ကြီးများဖြင့် အကြိုနေ့ည ၁၁နာရီဝန်ကျင်ခန့်မှာ ၁နာရီခန့် မှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ယင်းတိုက်ပွဲကို ယင်းမာပင်-ဆားလင်းကြီးလက်နက်ကြီးမဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များဖြစ်တဲ့Salingyi Border Task Force - SBTF (ပကဖ)Eagle Defense Force-EDF Fighter Brotherhood Guerrilla Army တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ တို့နှင့်အတူ အခြားသောညီနောင်မဟာမိတ်တပ်ဖွဲ့များ ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၇။ နော်ဝေနိူင်ငံအော်စလို ပါလီမန်ရှေ့မြန်မာစစ်တပ်ရဲ့ ကန့်ဘလူပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက်ဆန္ဒပြ


ဧပြီ၁၅ရက်


ဧပြီ၁၄ရက်နေ့က နော်ဝေနိူင်ငံအော်စလို ပါလီမန်ရှေ့မှာ မြန်မာစစ်တပ်ရဲ့ ကန့်ဘလူ ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်မှုကို နော်ဝေရောက် မြန်မာအင်အားစုများနဲ့တက်ကြွလှုပ်ရှားသူများကဦးဆောင်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။


" ဒါဟာ သာမန်ရာဇဝတ်မှုတောင်မဟုတ်ဘူး အလွန်မိုက်ရိုင်း စုတ်ပဲ့တဲ့ ဂျီနိုဆိုက် လူသတ်ပွဲပဲဖြစ်တယ်။ ဒါဟာ လူသားအားလုံးနဲ့ဆိုင်တယ်။ နော်ဝေပါလီမန်ကလည်း အကြမ်းဖက်စစ်တပ်ကို ပြတ်ပြတ်သားသား အရေးယူဘို့ ကျင့်ဝတ်အရ တာဝန်ရှိတယ်ဆိုတာ အသိပေးမယ်"လို့ဆိုထားပါတယ်။


အဆိုပါ ကန့်ကွက် ဆန္ဒပြပွဲမှာ ကျဆုံးသွားတဲ့ပဇီကြီးရွာမှ ဒေသခံပြည်သူများအတွက် ဝမ်းနည်းကြောင်း နှင်းဆီပန်းများချ၍ပြသခဲ့ပြီးဟောပြောခဲ့မှုတို့လုပ်ဆောင်ခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment