24th APR 2023 - Evening Daily News by Radio NUG



၂၀၂၃ ဧပြီလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နေ့ရက်တိုင်းဟာ အရေးပေါ် ကာလအဖြစ်သတိထားလျှောက်လှမ်းနေရတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ ထီးချိုင့်မြို့နယ် တောမရွာ နှင့် မရသိမ်ရွာ ကြားကို မြစ်ကြီးနားက ဆင်းလာသော ဂျက်ဖိုက်တာလေယာဥ်များ အကြိမ်ကြိမ်ဗုံးကြဲချ

📌 ၃။ အကြမ်းဖက်စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီး

📌 ၄။ ခရမ်းPDFကရဲဘော်၆ဦးဖမ်းဆီးခံရ၍ ၄င်းတို့နဲ့ ဆက်စပ်သူများရှောင်ရှားရန် ခရမ်းPDFကအရေးပေါ် အသိပေးကြေညာ

📌 ၅။ အင်းစိန် CID ရုံးကို အဝေးထိန်း မိုင်းများနဲ့ နှစ်ကြိမ်တိုက်ခိုက်ရာ ဒုတိယအကြိမ်တွင် ရန်သူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိမှန်သေဆုံးမှုများရှိခဲ့

📌 ၆။ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသောအခွန်ငွေ သိန်း၁၆၀ ကျော်ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နေ့ရက်တိုင်းဟာ အရေးပေါ် ကာလအဖြစ်သတိထားလျှောက်လှမ်းနေရတယ်လို့ ယာယီသမ္မတပြောကြား


ဧပြီ၂၄ရက် 


တိုင်းပြည်နဲ့ လူထုဟာ အခက်အခဲ အကျပ်အတည်းကာလကို ဖြတ်သန်း နေရပြီးနေ့ရက်တိုင်းဟာ အရေးပေါ် ကာလအဖြစ်သတိထားလျှောက်လှမ်းနေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလအတွင်းကျင်းပတဲ့နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ် ညီလာခံတွင် ပြောကြားခဲ့ပါတယ်။


"အားလုံး သိကြပြီးဖြစ်တဲ့ အတိုင်း လက်ရှိ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူထုဟာ အခက်အခဲ အကျပ်အတည်းကာလကို ဖြတ်သန်း နေရပါတယ်။ ဒါကို တော်လှန်ရေးကာလလို့ သတ်မှတ်ပြီး အချိန်တိုင်း နေ့ရက်တိုင်းဟာ အရေးပေါ် ကာလအဖြစ် ကျွန်တော်တို့အားလုံး သတိထား လျှောက်လှမ်းနေကြရပါတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင် အခက်အခဲတွေ အကျပ်အတည်းတွေနဲ့ စိန်ခေါ်မှုပေါင်းများစွာ ကြုံတွေ့နေရပြီးတော်လှန်ရေးအင်အားစု အားလုံးဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို ကြိုးစားလုပ်ဆောင် နေကြသူတွေဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ ထီးချိုင့်မြို့နယ် တောမရွာ နှင့် မရသိမ်ရွာ ကြားကို မြစ်ကြီးနားက ဆင်းလာသော ဂျက်ဖိုက်တာလေယာဥ်များ အကြိမ်ကြိမ်ဗုံးကြဲချ


ဧပြီ၂၄ရက်


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တောမရွာ နှင့် မရသိမ်ရွာ ကြားကို မြစ်ကြီးနားက ဆင်းလာသော ဂျက်ဖိုက်တာလေယာဥ်များ အကြိမ်ကြိမ်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဧပြီ၂၄ရက်မှာ ထီးချိုင့်တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။


"ထီးချိုင့်မြို့နယ် တောမရွာ နှင့် မရသိမ်ရွာ ကြားကို မြစ်ကြီးနားက ဆင်းလာသော ဂျက်ဖိုက်တာ()စီးဖြင့် ဗုန်းချသွားခဲ့ပြီးဂျက်ဖိုက်တာများနဲ့အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစတပ်ဟာ ဧပြီ၁၀ရက်နေ့မှာ ချင်းပြည်နယ် ဝေဘူလမြို့သစ်ကိုတိုက်ခိုက်ရာ အရပ်သား၉ဦးသေဆုံးခဲ့ပြီး ဧပြီ၁၁ရက် စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကိုလေကြောင်းတိုက်ခိုက်ရာ ၁၆၈ဦးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီး


 ဧပြီလ ၂၄ ရက်


အကြမ်းဖက်စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်းကို ဧပြီ၂၄ရက်မှာ KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ () နှင့် တပ်မဟာ () ပူးပေါင်း တပ်ဖွဲ့မှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ () လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း လက်အောက်ခံ မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား ဧပြီလ (၂၄) ရက်နေ့ နံနက် () နာရီ မိနစ် (၃၀) တွင် ဝင်ရောက်တိုက်ခိုက်၍ နံနက် () နာရီတွင် သိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။

 

အဆိုပါ ဂိတ်စခန်း သိမ်းပိုက်မှုဖြစ်စဥ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်သား () ဦး စခန်းအတွင်း သေဆုံးခဲ့ပြီး ပစ္စတို MA 5 () လက်၊ K3 79 () လက်၊ K3 () လက်၊ ကျည်ဘောက် (၂၀) ခု၊ ကျည်ဆံ (၁၅၀၀) တောင့်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)  ပူးပေါင်း တပ်ဖွဲ့မှ သိမ်းယူနိုင်ခဲ့တယ်လို့အတည်ပြုပါတယ်။

 

မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ () နှင့် တပ်မဟာ () ကြားတွင်တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်း တစ်ခုဖြစ်၍ ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ ဂိတ်စခန်းဖြစ်တယ်လို့ဆိုပါတယ်။

 

မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သားအင်အား (၁၅) ဦးရှိ၍ () ဦးမှာ စခန်းအတွင်း သေဆုံးခဲ့ပြီး (၁၀) ဦးမှာ ဂိတ်စခန်းအား စွန့်ခွာထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။

 

မယ်စိထာဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့အားဦးဆောင်သူ တပ်မှူးများ မှာ သထုံခရိုင်-KNLA အမှတ် () တပ်မဟာ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့ဖြစ်ပြီး KNLAပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။


========================


📌📌 ၄။ ခရမ်းPDFကရဲဘော်၆ဦးဖမ်းဆီးခံရ၍ ၄င်းတို့နဲ့ ဆက်စပ်သူများရှောင်ရှားရန် ခရမ်းPDFကအရေးပေါ် အသိပေးကြေညာ


ဧပြီ၂၄ရက်


ဧပြီ၂၃ရက်မှာ ခရမ်းPDFက အခုလိုအသိပေးဖော်ပြခဲ့ပါတယ်။


ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်ရဲဘော်များဖြစ်သော ရဲဘော် ရနောင်၊  ရဲဘော် မှေးကြီး၊  ရဲဘော် ဗိုက်ကလေး၊  ရဲဘော် သာလိကာ၊  ရဲဘော် စာကလေး၊ရဲဘော် DK  ရဲဘော်ခြောက်ဦးသည် ဧပြီ၂၂ ရက်နေ့တွင် မတော်တဆ အကြမ်းဖက်စစ်ကောင်စီလက်သို့ ဖမ်းဆီးခံခဲ့ရပါတယ်။စစ်ကောင်စီသည် ၎င်းတို့ ကို ဖမ်းဆီးနှိပ်စက်၍ ကွင်းဆက်များကိုလိုက်ဖမ်းဆီးမှုများ မြို့နေပြည်သူများ ကိုဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ ရဲဘော်များ၏ဖုန်းများဖြင့် ဆက်သွယ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


သို့ဖြစ်၍ ရဲဘော်တို့နှင့် ဆက်စပ်သူများ အထူးသတိထားရှောင်ရှား ကြပါရန် နှင့် မြို့နေလူထုအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်များ၏ ထင်ရာစိုင်း ဖမ်းဆီးမှုများကို ရှောင်ရှားကြပါရန် အရေးပေါ် ထုတ်ပြန်ကြေညာအပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ အင်းစိန် CID ရုံးကို အဝေးထိန်း မိုင်းများနဲ့ နှစ်ကြိမ်တိုက်ခိုက်ရာ ဒုတိယအကြိမ်တွင် ရန်သူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိမှန်သေဆုံးမှုများရှိခဲ့


ဧပြီ၂၄ရက်


ရန်ကုန်မြို့ အင်းစိန် CID ရုံးကို အဝေးထိန်း မိုင်းများနဲ့ နှစ်ကြိမ်တိုက်ခိုက်ရာ ဒုတိယအကြိမ်တွင် ရန်သူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိမှန်သေဆုံးမှုများရှိခဲ့ပါတယ်။ ဧပြီ၂၄ရက်မှာYangon Urban Guerrilla Army (Y.U.G.A)က စစ်ရေးသတင်းကို အတည်ပြုဆိုထားပါတယ်။


"ဧပြီ၂၃ရက်(တနင်္ဂနွနေ့) ၁၀ နာရီ ၄၂ မိနစ်နှင့် ၁၀ နာရီ ၄၇ မိနစ်တွင် အင်းစိန် CID ရုံးကို အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ထပ်မံ၍ ယင်းနေရာအနီး ရန်သူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပိတ်ဆို့စစ်ဆေး‌နေချိန် ၁၁နာရီ ၄၂ မိနစ်တွင် ဖျက်အားပြင်း အဝေးထိန်းမိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သားအများအပြား ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးအ‌ရေအတွက်များနိုင်ပါတယ်"လို့ဆိုပါတယ်။


ယခုစစ်ဆင်ရေးကို ရန်ကုန်-‌ မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် YUGA(MO-7 Eagle) တို့မှ ပူး‌ ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုအတိအကျကိုစုံစမ်းနေဆဲ ဖြစ်ပြီးရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိူင်ခဲ့ပါတယ်။


========================


📌📌 ၆။ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသောအခွန်ငွေ သိန်း၁၆၀ ကျော်ရရှိခဲ့


ဧပြီ၂၄ရက်


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသောအခွန်ငွေ သိန်း၁၆၀ ကျော်ရရှိခဲ့တယ်လို့ ဧပြီ၂၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ်အစည်းအဝေး ကိုဧပြီ၂၁ရက်နေ့ကျင်းပခဲ့ပါတယ်။ပညာရေး၊ကျန်းမာရေး၊လျှပ်စစ်ရေး၊သစ်တောရေး၊လူသားစာနာတာဝန်ခံ၊အခွန်တော်အရာရှိ စသည့် သက်ဆိုင်ရာတာဝန်ခံအသီးသီးတို့မှ ပုလဲမြို့နယ်အတွင်း လုပ်ဆောင်နေမှုများ၊လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့တယ်။ဘဏ္ဍာရေးတာဝန်ခံမှ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUGရဲ့ဘဏ္ဍာခွဲရေးမူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ရာ2023,မတ်လ ရရှိအခွန်ငွေစုစုပေါင်းမှာ ဂိတ်(9)ဂိတ် အသုံးစရိတ်နုတ်ပြီး တရာခြောက်ဆယ့်ခြောက်သိန်းတသောင်းခြောက်‌ထောင့်ငါးရာ ကျပ် ရရှိပါတယ်"လို့ဆိုပါတယ်။


"ပအဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို လူသားစာနာ၊ကျန်းမာရေး၊ပညာရေး၊ဖွံ့ဖြိုးရေး၊ရုံးအသုံးစရိတ်တို့အတွက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခွဲတမ်းချ၍ သက်ဆိုင်ရာတာဝန်ခံများကို ခွဲဝေပေးခဲ့တယ်လို့သိရပါတယ်။


"ပကဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို  မြို့နယ် "ပကဖ" အဖွဲ့ဝင်များ၊ပုလဲမြို့နယ်အ‌ခြေစိုက်PDFတပ်ရင်းများနှင့် တိုက်နယ် "ပကဖ"များ မျက်နှာစုံညီ ခွဲတမ်းချ အသုံးပြုသွားမယ်လို့အသိပေးဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment