13th MAY 2023 - Evening Daily News by Radio NUG


၂၀၂၃ မေလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA)” အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက  ရန်ပုံငွေ အမေရိကန် ဒေါ်လာ () သန်း မတည် ဆောင်ရွက်ရန် ဆုံးဖြတ်

📌 ၂။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် အကြမ်းဖက် စစ်တပ်ဟာ တာဝန်ခံရန်လိုအပ်နေတယ်လို့ပြောကြား

📌 ၃။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက သြစတေးလျရောက် မြန်မာနွယ်ဖွားများနှင့် စကားဝိုင်းပြုလုပ်မည်

📌 ၄။ စစ်ကောင်စီက ပုဂ္ဂလိကပညာရေးဥပဒေဟာ အလွန်ခေတ်နောက်ကျသော ပညာရေးအယူအဆဖြစ်တယ်လို့ဆိုပြောကြား

📌 ၅။ USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer ဦးဆောင်တဲ့အဖွဲ့နဲ့NUG လူ့အခွင့်ရေးအကြံပေးတို့တွေ့ဆုံခဲ့

📌 ၆။ "ယောကာကွယ်ရေးတပ် - YDF ()နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားဝတ်စုံပြည့် လက်နက်အပြည့်အစုံနဲ့ရဲဘော်များကျင်းပ

📌 ၇။ Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၂၁ သန်းဖိုးရောင်းချပေးပြီးဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA)” အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက  ရန်ပုံငွေ အမေရိကန် ဒေါ်လာ () သန်း မတည် ဆောင်ရွက်ရန် ဆုံးဖြတ်


မေလ၁၃ရက်


ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA)” အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက  ရန်ပုံငွေ အမေရိကန် ဒေါ်လာ () သန်း မတည် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။


မေလ၁၃ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၈း၃၀) နာရီတွင်  အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ မုန်တိုင်းသက်ရောက်နိုင်သည့် ပြည်နယ်၊ တိုင်းများရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူသို့ မုန်တိုင်းသတင်းများ၊ သတိပေးချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်ပေးနေမှုများ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးမှနေ၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပြီး လုပ်ငန်းအဖွဲ့တာဝန်အလိုက်စတင် ဆောင်ရွက်ရန်၊ ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ () သန်း မတည် ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ (၁၀)% မှ သုံးစွဲရန်၊ မိုးလေဝသသတင်းအပါအဝင် မုန်တိုင်းတုံ့ပြန်ရေးနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်မည့် သတင်းများအား စိစစ်အတည်ပြုပြီး လုထူသို့ အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ပေးရန်တို့ဆုံးဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် အကြမ်းဖက် စစ်တပ်ဟာ တာဝန်ခံရန်လိုအပ်နေတယ်လို့ပြောကြား


မေလ၁၃ရက်


လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် အကြမ်းဖက် စစ်တပ်ဟာ တာဝန်ခံရန်လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက မေလ၁၂ရက် ပဲခူးတိုင်း ညောင်ပင်သာကျေးရွာတွင် အပြစ်မဲ့ပြည်သူများ ရက်စက်စွာ သတ်ဖြတ်ခံရမှုအား အသိပေးထုတ်ပြန်ချက်တွင် ပြောကြားထားပါတယ်။


"မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေကို ပြည်သူတွေက ဆန့်ကျင်နေပါတယ်။ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးခြောက်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ရပါတယ်။ ဒီကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကို ခံစားခဲ့ရသူတွေ၊ အရပ်သားများ အထူးသဖြင့် ကလေးသူငယ်များကို တမင်ပစ်မှတ်ထားပြီး သတ်ဖြတ်ခြင်းသည် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ပြစ်တင်ရှုတ်ချမှုကို ချက်ချင်းတောင်းဆို

နေပါတယ်။လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရှိရန် လိုအပ်ပြီး သေဆုံးသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် တရားမျှတမှု ရှိရန် လိုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ပဲခူးတိုင်း ညောင်ပင်သာကျေးရွာတွင် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မှုတွင် အသက် ၁၈ နှစ်အောက် ကလေးခြောက်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၃။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက သြစတေးလျရောက် မြန်မာနွယ်ဖွားများနှင့် စကားဝိုင်းပြုလုပ်မည်


မေ ၁၃   ၂၀၂၃


အမျိုးသားညီညွတ်ရေး အစိုးရ၊လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက သြစတေးလျရောက် မြန်မာနွယ်ဖွားများနှင့် စကားဝိုင်းပြုလုပ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


သြစတေးလျရောက်ပြည်ဖွားပြည်သူတွေနဲ့ တွေ့ဆုံစကားဝိုင်းဖွဲ့ခြင်းကို မေ ၁၅ ရက်နေ့ ညနေ နာရီ တိတိတွင် Freedom Church Hall ခန်းမမှာ  ကျင်းပပြုလုပ် သွားမှာဖြစ်တယ်လို့  သိရပါတယ်။


ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိင်ငံရဲ့ နိင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှု ကိစ္စရပ်တွေကို တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


သြစတေးလျရောက်ပြည်ဖွားပြည်သူတွေနဲ့ တွေ့ဆုံစကားဝိုင်း အစီအစဥ်ကို  စိတ်ပါဝင်စားသူတွေနဲ့တက်ရောက်ဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီက ပုဂ္ဂလိကပညာရေးဥပဒေဟာ အလွန်ခေတ်နောက်ကျသော ပညာရေးအယူအဆဖြစ်တယ်လို့ဆိုပြောကြား


မေလ၁၃ရက်


စစ်ကောင်စီက ပုဂ္ဂလိကပညာရေးဥပဒေဟာ အလွန်ခေတ်နောက်ကျသော ပညာရေးအယူအဆဖြစ်တယ်လို့ မေလ၁၃ရက်မှာ ပုဂ္ဂလိကပညာရေးနဲ့ပတ်သက်လို့ ဆရာဒေါက်တာသိန်းလွင်က သုံးသပ်ပြောကြားထားပါတယ်။


"စစ်ကောင်စီက ပုဂ္ဂလိကပညာရေးဥပဒေကို (၂၀၂၃ မေလ ၁၂) က ထုတ်ပြန်ထားတာတွေ့ပါတယ်။ အလွန်ခေတ်နောက်ကျသော ပညာရေးအယူအဆဖြစ်ပါတယ်။ပုဂ္ဂလိကပညာရေးနှင့်ပတ်သက်သည့် နိုင်ငံတကာစံနှုန်းနှင့် အခြေခံမူများကို Abidjan Principles တွင် လေ့လာနှိုင်ပါတယ်။ထို့ပြင် ၂၀၂၃ မေလ ရက်နေ့က NUCC က အတည်ပြုထုတ်ပြန်လိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ အခန်း ပုဂ္ဂလိကပညာရေးမူဝါဒနှင့် နှိုင်းယှဉ်လေ့လာစေလိုပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီက ပုဂ္ဂလိကပညာရေးဥပဒေတွင် ပုဂ္ဂလိကကျောင်းများကို တင်းကြပ်စွာ ကိုင်တွယ်ရန် ပါဝင်ပြီး အကန့်အသတ်များစွာပြဌာန်းပါဝင်ပါတယ်။


မေလ ရက်နေ့က NUCC က အတည်ပြုထုတ်ပြန်လိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒတွင် ပုဂ္ဂလိကပညာရေး လွတ်လပ်ခွင့်ကိုအသိအမှတ်ပြုထားပြီး အိမ်နီးချင်းနိူင်ငံတွင် ဖွင့်လှစ်သော စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်သောကျောင်းအပါအဝင် ရွှေ့ပြောင်းကျောင်းများကိုပါအသိအမှတ်ပြုထားပါတယ်။


========================


📌📌 ၅။ USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer ဦးဆောင်တဲ့အဖွဲ့နဲ့NUG လူ့အခွင့်ရေးအကြံပေးတို့တွေ့ဆုံခဲ့


မေလ၁၃ရက်


USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer ဦးဆောင်တဲ့အဖွဲ့နဲ့NUG လူ့အခွင့်ရေးအကြံပေးဦးအောင်ကျော်မိုးတို့တွေ့ဆုံခဲ့တယ်လို့ မေလ၁၃ရက်မှာ အသိပေးဆိုထားပါတယ်။


"USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များ ရိက္ခာပြတ်တောက်ခံရမှုပေါ် ကြုံလာနိုင်တဲ့အခက်ခဲများ တတားဆီးကာကွယ်ရန် အမေရိကန်အစိုးရအနေနဲ့  အရင်းအမြစ်များပိုမိုဦးဆောင်ပေးအပ်ဖို့နှင့် မြန်မာဒီမိုကရေစီအရေးတွင် အမေရိကန်အစိုးရဲ့ လူသားချင်းစာမှုနှင့်ဖွံဖြိုးတိုးတက်မှုအကူအညီများကို ပိုမိုထိထိရောက်ရောက်ပေးဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ်"လို့ဆိုပါတယ်။


မေလ၁၀ရက်နေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျင်းပတဲ့ အိဒ့်နေ့အထိမ်းအမှတ် ညစားစားပွဲမှာ United States Ambassador-at-Large for Global Criminal Justice သံအမတ်ကြီး Beth Van Schaack  နဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၆။ "ယောကာကွယ်ရေးတပ် - YDF ()နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားဝတ်စုံပြည့် လက်နက်အပြည့်အစုံနဲ့ရဲဘော်များကျင်းပ


ယောကာကွယ်ရေးတပ် - YDF ()နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ မေလ၁၂ရက်မှာ ယောကာကွယ်ရေးတပ် - YDFက အသိပေးဖော်ပြပါတယ်။


ယောကာကွယ်ရေးတပ် - YDF ()နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ယောကာကွယ်ရေးတပ် - YDF ၏ဦးဆောင်သူ ကိုမြတ်သူ ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


ဦးစွာပထမ ယောကာကွယ်ရေးတပ် - YDF အလံ‌တော်အား အလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော ယောကာကွယ်ရေးတပ် - YDF အာဇာနည်သူရဲကောင်းများကိုအလေးပြုခြင်း၊  ယောကာကွယ်ရေးတပ် - YDF သစ္စာအဓိဌာန် ()ချက်ကို ရွတ်ဆိုခြင်းနှင့် စစ်ကြောင်း ()ကြောင်းချီတက်၍ ယောကာကွယ်ရေးတပ် - YDF ဦးဆောင်သူကို အလေးပြုပြီး အခမ်းအနားကို စတင် ကျင်းပခဲ့ပါတယ်။


အခမ်းအနားကို ယောကာကွယ်ရေးတပ် - YDF ၏တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည့်အပြင်  မဟာမိတ်အဖွဲ့အစည်းမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပါတယ်။


ယောကာကွယ်ရေးတပ် - YDF ဦးဆောင်သူ ကိုမြတ်သူက ပြောကြားရာမှာ-


"စစ်ရည်စစ်သွေးပြည့်၀ပြီး စည်းကမ်းကောင်းမွန်၍ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်သော တော်လှန်ရေးရဲဘော်ကောင်းများဖြစ်ရန်၊တိုင်းရင်းသားများ တန်းတူအခွင့်ရေးရရှိကာ အာဏာရှင်စနစ်ကို အပြီးတိုင်ပျက်သုဉ်းသည့်တိုင်အောင် တော်လှန်တိုက်ထုတ်ကြရန်၊တော်လှန်ရေးရည်မှန်းချက်များနှင့် လက်ရှိအတိုင်းအတာအရ တော်လှန်ရေးအောင်မြင်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၂၁ သန်းဖိုးရောင်းချပေးပြီးဖြစ်


မေလ၁၃ရက်


Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၂၁ သန်းဖိုးရောင်းချပေးပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ မေလ၁၃ရက်မှာ “Spring Investment မြေကွက်များ ရောင်းချရမှုအခြေအနေကို EODကအသိပေးဆိုပါတယ်။


"နွေဦးတော်လှန်ရေးကို အကြွင်းမဲ့ ယုံကြည်တယ်။တော်လှန်ရေးမှာ တတ်နိုင်တဲ့ ခွန်အားကို အစွမ်းကုန်သုံး ပါဝင်ချင်တယ်။တော်လှန်ရေးအပြီးမှာလဲ ကျန်နေသေးတဲ့ နောင်ရေးနဲ့ မျိုးဆက်သစ်လေးတွေ အတွက် အကောင်းဆုံးအမွေအနှစ် ပေးခဲ့ချင်သေးတယ် ဆိုရင်တော့၊ Spring Investment တွေရဲ့ လက်ကျန်မြေကွက်များမှာ ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းလိုက်ပါ။

Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၂၁ သန်းခန့် ရောင်းချပေးခဲ့ရပြီး၊ တော်လှန်ရေး၏ အရွေ့တစ်ခုကို ကောင်းမွန်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေသော မြေကွက်များအား ဆက်လက်ဝယ်ယူ ခွန်အားဖြည့်နိုင်ရန် တင်ပြလိုက်ပါတယ်"လို့ဆိုထားပါတယ်။


လက်ရှိတွင် နွေဦးအောင်လံ - တောင်ဒဂုံမြေကွက်များနဲ့ နွေဦးရောင်စဉ် - မန္တလေး ရေတံခွန်တောင် မြေကွက်များ နှင့် နွေဦးတောင်ရိပ်ညို - မန္တလေးတောင်ခြေ မြေကွက်များ ကျန်ရှိနေရာများကို အားပေးဝယ်ယူနိူင်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment