20th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGအစိုးရအနေနဲ့ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ ဖွဲ့ ဖွဲ့စည်းပြီး စီမံမှုတွေ ပြုလုပ်နေကြတယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၂။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအနေဖြင့် ငွေကျပ် သိန်း ရှစ်ရာ့ လေးဆယ်ကျော် ထောက်ပံ့ထားပြီးပြီလို့ NUGအသိပေး

📌 ၃။ ကချင်ပြည်နယ်မှာ လက်နက်မဲ့ပြည်သူတွေကို စကစအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်နေမှုများကို တွန်းလှန်တိုက်ခိုက်မှုများပြုလုပ်နေတယ်လို့ဆို

📌 ၄။ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီးသေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၉) ဦးထိရှိလာ

📌 ၅။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ယူကေနိုင်ငံမှ ပေးအပ်သွားမယ်

📌 ၆။ အင်ပင်ကျေးရွာ မှ မြိုင်မြို့နယ်ဘက်ကို ဖြတ်သန်းလာသည့် စကစတပ်များရဲ့ ဖောကားတစ်စီး နှင့် အိမ်စီးကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပဒေဿမိုင်း ၁၂ လုံးတွဲဖြင့်တိုက်ခိုက်

📌 ၇။ ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာကို အင်အား ၁၅၀ ဝန်းကျင် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ တပ်များက ဝင်ရောက်စီးနင်း၍ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၅၀နီးပါးကိုဖမ်းဆီးသွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGအစိုးရအနေနဲ့ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ ဖွဲ့ ဖွဲ့စည်းပြီး စီမံမှုတွေ ပြုလုပ်နေကြတယ်လို့ ဝန်ကြီးချုပ်ဆို


မေလ၁၉ရက်

NUGအစိုးရအနေနဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ ဖွဲ့ ဖွဲ့စည်းပြီး စီမံမှုတွေ ပြုလုပ်နေကြတယ်လို့ မေလ၁၉ရက်မှာ ကျင်းပတဲ့ ကြားကာလ/ဗဟိုကော်မတီ နှင့် မိုခါမုန်တိုင်းသင့်မြို့နယ်များ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။


"ကျွန်တော်တို့ အားလုံးဟာ လူကြောင့်ဖြစ်ရတဲ့ ဘေးဒုက္ခတွေကို တက်ညီလက်ညီ တိုက်ထုတ်ဖို့ ဝိုင်းဝန်းကြိုးစားနေကြချိန်မှာ ဒီလို သဘာဝဘေးအန္တရာယ်နဲ့ ထပ်မံကြုံတွေ့ကြရတာမို့ အားလုံးဟာ စိတ်ရော လူရော ပင်ပန်းနေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ အားလုံးရဲ့ ပူးပေါင်းကြိုးစားမှုတွေကြောင့် ဒီလိုကြီးမားတဲ့ သဘာဝဘေးဒုက္ခကြီးကို လူ့အသက်တွေ အထိအခိုက်အရမ်းမများဘဲ ကျော်လွှားနိုင်ခဲ့ကြတာဖြစ်ပြီး ဒါဟာ ပူးပေါင်း ဆောင်ရွက်မှုတွေရဲ့ ရလဒ်လို့ပဲ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ ဖွဲ့ ဖွဲ့စည်းပြီး စီမံမှုတွေ ပြုလုပ်နေကြတာ ရှိသလို ဘဏ္ဍာငွေကိုလည်း အရေးပေါ်ကဏ္ဍတွေအတွက် ချက်ချင်း အသုံးပြုလို့ ရအောင် အဆင်သင့် စီမံထားရှိထားပါတယ်"လို့ဆိုပါတယ်။


မိုခါ မုန်တိုင်းကြောင့် ထိခိုက်မှု အများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်ကိုလည်း အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ သိန်း ၁၀၀၀ ကူညီပံ့ပိုးထားပြီး ဖြစ်သလို လိုအပ်တာတွေကိုလည်း ဆက်လက် ကူညီနိုင်ဖို့ ချိတ်ဆက်နေ တယ်လို့သိရပါတယ်။


========================


📌📌 ၂။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအနေဖြင့် ငွေကျပ် သိန်း ရှစ်ရာ့ လေးဆယ်ကျော် ထောက်ပံ့ထားပြီးပြီလို့ NUGအသိပေး


မေလ၁၉ရက်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ် လူသားချင်း စာနာမှုအကူအညီအနေဖြင့် ငွေကျပ်သိန်း ရှစ်ရာ့လေးဆယ်ကျော် ထောက်ပံ့ထားပြီးပြီလို့ NUGအသိပေးဆိုပါတယ်။


မေလ၁၉ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိုခါ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့် ပြည်သူများအတွက် ကူညီမှုများကို သတင်းထုတ်ပြန်ခဲ့ပါတယ်။


မေလ၁၉ရက်အထိ  လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက မိုခါ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအနေဖြင့် ငွေကျပ် သိန်း ရှစ်ရာ့ လေးဆယ်ကျော် ထောက်ပံ့ထားပြီး  ဖြစ်တယ်လို့ဆိုထားပါတယ်။


ကူညီထောက်ပံ့ပေးမှုတွင် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကို အများဆုံးထောက်ပံ့ကူညီထားတယ်လို့သိရပါတယ်။


မိုခါမုန်တိုင်းကြောင့် လူဦးရေ ဒသမ ၄သန်းကျော်လောက်ကို မုန်တိုင်းဒဏ်သင့်ခဲ့ပြီး မကွေးနဲ့စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရတယ်လို့ မေလအတွင်းမှာ UN OCHA Myanmarက သတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ ကချင်ပြည်နယ်မှာ လက်နက်မဲ့ပြည်သူတွေကို စကစအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်နေမှုများကို တွန်းလှန်တိုက်ခိုက်မှုများပြုလုပ်နေတယ်လို့ဆို


မေလ၁၉

ကချင်ပြည်နယ်မှာ လက်နက်မဲ့ပြည်သူတွေကို စကစအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်နေမှုများကို တွန်းလှန်တိုက်ခိုက်မှုများပြုလုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။


"လက်နက်မဲ့ ပြည်သူကို ဖမ်းသတ်ဖို့၊ တွေ့ကရာနေအိမ်တွေ ဝင်နှိုက် ပြီးရင်မီးရှို့ဖို့ဆိုတာ အင်မတန်လွယ်တဲ့ ကိစ္စပါ။ လုပ်နိုင်လို့လုပ်တယ်လို့ မဆိုနိုင်ဘူး၊ ယုတ်မာ လို့ လုပ်တာပါ။  KIA, NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ ဘာမှ မလုပ်ပဲ ထိုင်ကြည့်နေတာလား ဆိုတော့လဲ မဟုတ်ဘူး၊ စကစဘက်က သူတို့အထိနာလို့ကို လုပ်ပြနေတာ။ စကစ က တနေရာတိုက်ပွဲတခုခု ဖြစ်လိုက်တိုင်း အနီးနားရွာက ပြည်သူတွေကို တော်လှန်အဖွဲ့မရှိတဲ့နေရာ သူတို့ချည်းထိန်းချုပ်ထားတဲ့နေရာမှာ လစ်ရင် လစ်သလို သတ်နေ ရှို့နေတာ။ ဒါကိုမြင်ဖို့လိုတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ ကချင်ပြည်နယ်ကို နယ်မြေစိုးမိုးမှုရရှိရေး လုပ်ဆောင်နေသော်လည်း ကချင်တော်လှန်ရေးအင်အားစုများက တွန်းလှန်တိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၄။ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီးသေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၉) ဦးထိရှိလာ


သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီးသေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၉) ဦးထိရှိလာတယ်လို့ မေလအတွင်းမှာ လတ်တလောအဖြစ်အပျက် အခြေအနေများနဲ့ ပတ်သက်လို့ AAPPက ဖော်ပြအသိပေးဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူ ငါးဦးမှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထိုငါးဦးအနက် သုံးဦးမှာ သေဒဏ် နှစ်ကြိမ်စီ ချမှတ်ခံရပြီး ကျန်နှစ်ဦးမှာ သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း တစ်ကြိမ်စီ ချမှတ်ခံရသည်ကို အတည်ပြုနိုင်ခဲ့သည့်အတွက် မေလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်တယ်လို့သိရပါတယ်။


မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင်  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၉) ဦးရှိပြီဖြစ်ပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ယူကေနိုင်ငံမှ ပေးအပ်သွားမယ်


မေလ၁၉ရက်

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ယူကေနိုင်ငံမှ ပေးအပ်သွားမယ်လို့ မေလ၁၉ရက်မှာ ဗြိတိသျှသံရုံးရန်ကုန်က ထုတ်ပြန်ဖော်ပြပါတယ်။


တတိယမြောက်ချားလ်စ်ဘုရင်သည် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။


"အခုလိုအကူအညီများစွာလိုအပ်နေတဲ့အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေအားလုံးအတွက် ကျွန်တော်တို့ သတိရဆုတောင်းပေးနေပါတယ်။ အခုလို အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ရသူများ ဆုံးရှုံးခဲ့ရတဲ့အတွက်လည်း နက်ရှိုင်းစွာဝမ်းနည်းကြေကွဲရပါတယ်။’’လို့ပြောကြားထားပါတယ်။


မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ယူကေနိုင်ငံမှ ပေးအပ်သွားမယ်လို့ဆိုပါတယ်။


ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ ၂သန်းခွဲကို အကူအညီ အများဆုံးလိုအပ်နေသော လူစုအတွက် ရေသန့်နှင့် အမိုးအကာများအတွက် ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ဆက်တွဲရောဂါအန္တရာယ်များ လျော့ပါးစေရန် ကူညီပေးမှာဖြစ်ပါတယ်။


အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ မြေပြင်မှ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးအပ်မည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများ လိုအပ်နေသည့် အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံးလုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ အင်ပင်ကျေးရွာ မှ မြိုင်မြို့နယ်ဘက်ကို ဖြတ်သန်းလာသည့် စကစတပ်များရဲ့ ဖောကားတစ်စီး နှင့် အိမ်စီးကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပဒေဿမိုင်း ၁၂ လုံးတွဲဖြင့်တိုက်ခိုက်


မေလ၁၉

မေလ ၁၉ရက် မွန်းလွဲ၂နာရီဝန်းကျင်မှာ အင်ပင်ကျေးရွာ မှ မြိုင်မြို့နယ်ဘက်ကို ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်များရဲ့ ဖောကားတစ်စီးနှင့် အိမ်စီးကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပဒေဿမိုင်း ၁၂ လုံးတွဲဖြင့်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People's Defence Force က ဆိုပါတယ်။


မေလ ၁၉ရက် နေ့လယ် နှစ်နာရီဝန်းကျင်တွင်  အင်ပင်ကျေးရွာ မှ မြိုင်မြို့နယ်ဘက်ကို ဖြတ်သန်းလာသည့် စစ်ကောင်စီဖောကားတစ်စီး နှင့် အိမ်စီးကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပဒေဿမိုင်း ၁၂ လုံးတွဲဖြင့်တိုက်ခိုက်ခဲ့တာကြောင့်  ထိခိုက်ဒဏ်ရာ ရရှိသူများ ပြားခဲ့ပြီး ပခုက္ကူဘက်ခြမ်းကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါစစ်ဆင်ရေးကို Earthquake People's Defence Forceက ဆောင်ရွက်ခဲ့ပြီး အထိအခိုက်စာရင်းကို အတည်ပြုနေဆဲ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာကို အင်အား ၁၅၀ ဝန်းကျင် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ တပ်များက ဝင်ရောက်စီးနင်း၍ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၅၀နီးပါးကိုဖမ်းဆီးသွား


မေလ၁၉ရက်

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာကို အင်အား ၁၅၀ ဝန်းကျင် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်များက ဝင်ရောက်စီးနင်း၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးငယ်များ အပါအဝင် ဒေသခံ ၅၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့  AAPPက ဖော်ပြပါတယ်။


ဖမ်းဆီးခံရသူများကို ညောင်ပင်သာကျေးရွာရှိ ဘိုတဲကုန်းဘုန်းကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။


အကြမ်းဖက် စကစတပ်များဟာ ကျေးရွာများကို နေ့စဥ်စစ်ကြောင်းထိုး ဖျက်ဆီးလျက်ရှိပြီး အရပ်သားများကိုပါ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတို့ကျူးလွန်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment