၂၀၂၃ မေလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တိုင်းရင်းသားပြည်သူများကသာပိုင်ဆိုင်သော အချုပ်အခြာအာဏာကို အကြမ်းဖက်စစ်ကောင်စီအား ပေးထားခြင်းလုံးဝမရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား
📌 ၂။ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို စစ်တပ်မှ လေးစားမှုမရှိ လျစ်လျူရှု လျက်ရှိနေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား
📌 ၃။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်က ဆုံးဖြတ်ချ
📌 ၄။ ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းဘက်သို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဆုံး
📌 ၅။ ချောင်းဦးမြို့နယ်က ရွာများကို ညအချိန်မတော် စကစတပ်များ စစ်ကြောင်းထိုးမွှေနှောက်ကာ ပြည်သူပိုင်ပစ္စည်း အများပြားကို ၆ ဘီးကားဖြင့် ခိုးယူသယ်ဆောင်
📌 ၆။ ဖယ်ခုံမြို့နယ်၊လန်းကော ကျေးရွာတွင် စကစကလေယာဉ်ဖြင့် ဗုံးလာကြဲ၍ ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ်တချို့ ပျက်ဆီးသွား
📌 ၇။ မတ္တရာမြို့နယ် တံတားဦးကျေးရွာမှ အင်အား ၆၀ ခန့်ဖြင့် ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား "ရွှေရာမြေ စစ်ဆင်ရေး" မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ရာ တစ်ဦးသေ၊နှစ်ဦးထိခိုက်
📌 ၈။ ပြည်သူများ၏ ၁၀ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “နေပြည်တော်၊ ကယားစစ်ဒေသခွဲနှင့် ရှမ်းတောင် အခြေစိုက် PDF တပ်ရင်းများ” အတွက် NUGPayနှင့်အတူလှူဒါန်းထောက်ပို့နိူင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုင်းရင်းသားပြည်သူများကသာပိုင်ဆိုင်သော အချုပ်အခြာအာဏာကို အကြမ်းဖက်စစ်ကောင်စီအား ပေးထားခြင်းလုံးဝမရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား
မေလ၆ရက်
မေလ (၅) ရက်နေ့ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။
"ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုလည်း အတိအလင်းအသိပေးပြောကြားချင်ပါတယ်။ပြည်ထောင်စု မြန်မာနိူင်ငံရဲ့ အချုပ်အခြာအာဏာကို မြန်မာပြည်ရှိတိုင်းရင်းသားပြည်သူပြည်သားများကသာ ပိုင်ဆိုင်ပါတယ်။ထိုအချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ခိုင်မာစွာ တည်ဆောက်ပြီးဖြစ်ပါတယ်။အကြမ်းဖက် စစ်ကောင်စီကို ဒီအချုပ်အခြာအာဏာပေးထားခြင်း လုံးဝမရှိပါ။ပြည်သူလူထုရဲ့အချုပ်အခြာအာဏာကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ တရားဝင်အသိအမှတ်ပြု ဆက်ဆံကြပါရန် ရှင်းလင်းပြတ်သားစွာပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူခဲ့ပြီး နိူင်ငံတော်အကြီးအကဲနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၂။ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို စစ်တပ်မှ လေးစားမှုမရှိ လျစ်လျူရှု လျက်ရှိနေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား
မေလ၆ရက်
မေလအတွင်းကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။
" လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို စစ်တပ်မှ လေးစားမှုမရှိ လျစ်လျူရှု လျက်ရှိပြီး၊ အပြစ်မဲ့ပြည်သူ (၃,၄၀၀) ဦး ကျော်ကို ဥပဒေမဲ့သတ်ဖြတ်၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ အကြီးမားဆုံး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ပဇီကြီးကျေးရွာတွင် အရပ်သားများ စုဝေးမှုအား လေကြောင်းမှ မဆင်မခြင် ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ (၆) လသား အရွယ်ကလေးနှင့် အရွယ်မရောက်သေးသည့် ကလေးများ၊ အမျိုးသမီးများအပါအဝင် လူပေါင်း (၂၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုဖြစ်ရပ်၊ စစ်ရာဇဝတ်မှုမြောက်သည်မှာ ထင်ရှားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ပါ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုများလျစ်လျူရှုလျက် ပြည်သူများအပေါ်စစ်တပ်မှ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျတိုက်ခိုက်နေမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ ပိုမိုရက်စက်လာကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရေးအတွက် မြန်မာပြည်သူများအနေဖြင့် လုံခြုံရေးကောင်စီမှ ဘာကိုမျှော်လင့်နိုင်မည်လဲဟု မေးခွန်းထုတ်စရာရှိကြောင်း သံအမတ်ကြီးကဆိုခဲ့ပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်က ဆုံးဖြတ်ချ
မေ၆
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်က မေလ၅ရက်နေ့မှာ(၁၇)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်
ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"KNUအမျိုးအသားအစည်းရုံးသည် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီအရေး၊အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစားအသီးသီးနှင့်အတူ လက်တွဲညီညာစွာပူးပေါင်းသွားမယ်"လို့ထုတ်ပြန်ကြေညာပါတယ်။
(၁၇)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်ကို ဧပြီ၂၄ရက်မှမေလ၄ရက်နေ့အထိ KNUဗဟိုဌာနချုပ်နှင့် ကွန်ဂရက်ခန်းမအသီးသီးတွင် အွန်လိုင်းစနစ်နဲ့ကျင်းပခဲ့ပါတယ်။
========================
📌📌 ၄။ ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းဘက်သို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဆုံး
မေလ၆ရက်
"မေလ ၅ ရက်နေ့ ည ၉:၀၅ မိနစ်အချိန်တွင် ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းဘက်သို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အလူးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျိုက်ထိုဘက်မှ တက်လာသည့် စစ်ကောင်စီယာဥ်တန်းတွင် သံချပ်ကာ ကား ၄ စီးပါဝင်ပြီး ကားတန်းမလာခင် ည ၈:၁၁ အချိန်မှစ၍ အလူးကျေးရွာဘက်သို့ လက်နက်ကြီး ၁၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ မိုင်းဆွဲခံရပြီး မိနစ် ၂၀ ခန့် အသံများ ငြိမ်သက်သွားပြီးနောက် ဝင်ပြန်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
========================
📌📌 ၅။ ချောင်းဦးမြို့နယ်က ရွာများကို ညအချိန်မတော် စကစတပ်များ စစ်ကြောင်းထိုးမွှေနှောက်ကာ ပြည်သူပိုင်ပစ္စည်း အများပြားကို ၆ ဘီးကားဖြင့် ခိုးယူသယ်ဆောင်
မေ၆ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ရွာများကို ညအချိန်မတော် စကစတပ်များ စစ်ကြောင်းထိုးမွှေနှောက်ကာ ပြည်သူပိုင်ပစ္စည်း အများပြားကို ၆ ဘီးကားဖြင့် ခိုးယူသယ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။
မေလ၅ရက် ည၈နာရီကျော်အချိန်မှာ ချောင်းဦးမြို့နယ် ကျီကုန်းရွာသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုထားပါတယ်။
"မေလ၅ရက်ညပိုင်းချောင်းဦးမြို့နယ် ကျီကုန်းရွာသို့အကြမ်းဖက်ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စကစတပ်များဟာ ရွာအနောက်ဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်း အများပြားကို ၆ ဘီးကားဖြင့်သယ်ယူခဲ့ပါတယ်"လို့ဆိုပါတယ်။
မေလ၆ရက်နေ့မှာ ချောင်းဦးမြို့နယ်၊နတ်ရေကန်ရွာမှထွက်လာသော စကစတပ်များ ဟာမြင်းမူမြို့နယ် လက်ထုတ္တောရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ယနေ့ နံနက် ၈ နာရီ ၅၅ ခန့်တွင် ရွာမြောက်ပိုင်းမှစတင်၍ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့လက်အောက်ခံအဖွဲ့အစည်းများဟာ တစ်နိူင်ငံလုံးမှာ အိုးအိမ်ပေါင်းခြောက်သောင်း ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးတော့ အရပ်သား သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၆။ ဖယ်ခုံမြို့နယ်၊လန်းကော ကျေးရွာတွင် စကစကလေယာဉ်ဖြင့် ဗုံးလာကြဲ၍ ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ်တချို့ ပျက်ဆီးသွား
မေလ၆ရက်
မေလ၆ရက် နံနက် ၄နာရီအချိန်တွင် စစ်တပ်မှ ဖယ်ခုံမြို့နယ်၊လန်းကော ကျေးရွာတွင် လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့တယ်လို့ ကရင်နီUKSYကအသိပေးဆိုပါတယ်။
"မေလ ၆ရက်နေ့ နံနက် ၄နာရီအချိန်တွင် စစ်တပ်မှ ဖယ်ခုံမြို့နယ်၊လန်းကော ကျေးရွာတွင် လေယာဉ်ဖြင့် ဗုံးလာကြဲပြီး ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ်တချို့ ပျက်ဆီးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုကို ၂၀၂၃ ခုနှစ်တွင်တိုးမြင့်လုပ်ဆောင်လာသော်လည်း အရပ်သားများအပေါ်ပစ်မှတ်ထား တိုက်ခိုက်နေလျက်ရှိပါတယ်။
========================
📌📌 ၇။ မတ္တရာမြို့နယ် တံတားဦးကျေးရွာမှ အင်အား ၆၀ ခန့်ဖြင့် ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား "ရွှေရာမြေ စစ်ဆင်ရေး" မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ရာ တစ်ဦးသေ၊နှစ်ဦးထိခိုက်
မေလ၆
မေလ၆ရက်မှာ စစ်ရေးသတင်းကို ပြင်ဦးလွင်ခရိုင်ပကဖက အခုလိုအတည်ပြုထုတ်ပြန်ပါတယ်။
"မေလ၅ရက်မတ္တရာမြို့နယ် တံတားဦးကျေးရွာမှ အင်အား ၆၀ ခန့်ဖြင့် ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား အုပ်တိုက်ကျေးရွာ အရောက်တွင် "ရွှေရာမြေ စစ်ဆင်ရေး " မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။ စကစများဝင်ရောက်နေထိုင်သော အိမ်အနီးသို့ ကျရောက်ခဲ့ပြီး စကစ ၁ ယောက်သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု အတည်ပြုနိင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုစစ်ဆင်ရေးအား မဟာတပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပကဖ)၊ တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပကဖ)တို့ပူးပေါင်းခဲ့ပါတယ်။
========================
📌📌 ၈။ ပြည်သူများ၏ ၁၀ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “နေပြည်တော်၊ ကယားစစ်ဒေသခွဲနှင့် ရှမ်းတောင် အခြေစိုက် PDF တပ်ရင်းများ” အတွက် NUGPayနှင့်အတူလှူဒါန်းထောက်ပို့နိူင်
မေလ၆ရက်
မေလ၅ရက်နေ့မှာ “ရန်သူတွေ အရူးမီးဝိုင်း၊ နေပြည်တော်ဘယ်နေ့လဲဟေ့”ကမ်ပိန်းကို NUG Payက အခုလိုအသိပေးဖော်ပြထားပါတယ်။
"ပြည်သူများ၏ ၁၀ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “နေပြည်တော်၊ ကယားစစ်ဒေသခွဲနှင့် ရှမ်းတောင် အခြေစိုက် PDF တပ်ရင်းများ” အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်။
လှူဒါန်းမှုများကိုမေလ၅ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ယခင်လုပ်ခဲ့သော NUGPay နှင့် ပြည်သူများ၏ “စစ်ကိုင်းတိုက်ပွဲ လွတ်လပ်ရေး အောင်ပွဲ” Campaign မှ အလှူငွေ စုစုပေါင်း ၂၃၀ သိန်း ရရှိခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများထံ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment