4th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့် ပြည်သူများထံသို့မြေပြင်ကွင်းဆင်း၍ သွားရောက်

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်

📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာတို့ တွေ့ဆုံခဲ့

📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီများတွေ့ဆုံ

📌 ၅။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများရှိ ပြည်သူများအတွက် NUGက ငွေကျပ်ပမာဏ (၂၃၈.) သန်းအား ထောက်ပံ့ကူညီထားပြီး ဖြစ်

📌 ၆။ အင်တာနက်မရနိုင်တဲ့ နေရာတွေအတွက် အထူးပညာရေးအစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေးလုပ်ဆောင်နေတယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ပြောကြားလိုက်

📌 ၇။ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများကို ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေပြီ

📌 ၈။ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ စစ်ဆင်ရေးပေါင်း (,၀၀၀) ကျော်ကို ဆင်နွှဲရာ အကြမ်းဖက်စစ်ကောင်စီမှ ဗိုလ်မှူးကြီးအဆင့်များ အပါအဝင်သေဆုံးမှု (၆၀၀) ကျော်ရှိခဲ့

📌 ၉။ တီးတိန်မြို့ အခြေစိုက် ၂၆၉ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအလင်းဝင်ခိုလှုံလာ၍ သိန်း ၅၀ ချီးမြှင့်ပေးအပ်

📌 ၁၀။ ကျိုက်ထိုမြို့နယ် လက်ပံပင်သုသာန်တွင်တပ်စွဲထားသောစကစတပ်စခန်း ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရ၍ သုံးဦးထက်မနည်းသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့် ပြည်သူများထံသို့မြေပြင်ကွင်းဆင်း၍ သွားရောက်


ဇွန်လ ()ရက်

ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့် ပြည်သူများထံသို့ မြေပြင်ကွင်းဆင်း၍ သွားရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ ၃ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ လွတ်မြောက်နယ်မြေတစ်နေရာအတွင်းရှိ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့် ပြည်သူများထံသို့ သွားရောက်အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့တယ်လို့ဆိုထားပါတယ်။


မုန်တိုင်းသင့် ပြည်သူလူထုများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အကူအညီပေးမှုများကို အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ဆိုပါတယ်။


လက်ရှိမှာ NUGက ငွေကျပ်ပမာဏ (၂၃၈.) သန်းအား ထောက်ပံ့ကူညီထားပြီး ဖြစ်ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်


ဇွန်လ၃ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၃)ကို ဇွန်လ ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်‌ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၂၁/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာတို့ တွေ့ဆုံခဲ့


ဇွန်လ၃ရက်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာတို့ တွေ့ဆုံခဲ့တယ်လို့ ဇွန်လ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ရက်နေ့၌ လူချင်း တွေ့ဆုံခဲ့မှု အပေါ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ကြိုဆိုပါတယ်လို့ဖော်ပြပါတယ်။


ဆွေးနွေးမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးသည် ဒေါက်တာဟေဇာ၏ အထူးကိုယ်စားလှယ်ဆိုင်ရာ တာဝန် ဝတ္တရားများ အဆုံးသတ်ရန် ဆုံးဖြတ်မှုကို အသိအမှတ်ပြု လက်ခံကြောင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် အထူးကိုယ်စားလှယ်၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဒေါက်တာ ဟေဇာ၏ နှစ်မြှုပ်ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။


ဒေါက်တာဟေဇာသည် အထူးကိုယ်စားလှယ်၏ တာဝန်များကို ထမ်းဆောင်ရာတွင် မြောက်မြား စွာသော အတွေ့အကြုံ၊ အင်အား စိုက်ထုတ်မှု များဖြင့် စိတ်ပိုင်းဖြတ်မှုခိုင်မာစွာ ကြိုးပမ်းဆောင်ရွက် ခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီများတွေ့ဆုံ

 

ဇွန်လ၃

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်  ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများတွေ့ဆုံပွဲ အစည်းအဝေး(/၂၀၂၃)ကို ဇွန်လ၃ ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ဒေါက်တာဝင်းမြတ်အေးမှ  အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော လွှတ်တော် ကိုယ်စားပြုကော်မတီများမှ သိရှိလိုသည်များကို  အကျယ်တဝင့် ဆွေးနွေးမေးမြန်းခဲ့ကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊   ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများရှိ ပြည်သူများအတွက် NUGက ငွေကျပ်ပမာဏ (၂၃၈.) သန်းအား ထောက်ပံ့ကူညီထားပြီး ဖြစ်


ဇွန်လ၃

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများရှိ ပြည်သူများအတွက် NUGက ငွေကျပ်ပမာဏ (၂၃၈.) သန်းအား ထောက်ပံ့ကူညီထားပြီး ဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇွန် ()ရက်မှာ အသိပေးဖော်ပြပါတယ်။


"လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနှင့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများရှိ လေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ အမိုးအကာ၊ Cyclone Emergency Preparedness Kits များ ထောက်ပံ့ပေးခြင်းအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်   မုန်တိုင်းမကျရောက်မီအချိန်မှစ၍  (..၂၀၂၃)ရက်နေ့အထိ ငွေကျပ်ပမာဏ (၂၃၈.) သန်းအား ထောက်ပံ့ကူညီထားပြီး ဖြစ်တယ်"လို့ဖော်ပြပါတယ်။


ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၁၆,၃၈၁) လုံးနှင့် ချင်းပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (,၉၁၇)လုံးအတွက် အရေးပေါ်အမိုးအကာ ထောက်ပံ့ပေးခြင်းလုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၆။ အင်တာနက်မရနိုင်တဲ့ နေရာတွေအတွက် အထူးပညာရေးအစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေးလုပ်ဆောင်နေတယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ပြောကြားလိုက်


ဇွန်လ၃ရက်

အင်တာနက်မရနိုင်တဲ့ နေရာတွေအတွက် အထူးပညာရေးအစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေး လုပ်ဆောင်နေတယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကပြောကြားလိုက်ပါတယ်။


ဇွန်လ ၃ရက်CDM ကျောင်းသူ/သားများ၊ လူငယ်များရဲ့ပညာရေးနဲ့ ပတ်သက်လို့ NUG ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကပြောပါတယ်။


"ပညာရေးဝန်ကြီးဌာန ပေါ်လာပြီးနောက်ပိုင်းမှာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး ပြည်သူ့အစိုးရနဲ့ အတူ ဖက်ဒရယ်ပညာရေးလမ်းကြောင်းကို လျှောက်ချင်တဲ့ ကျောင်းသူ/ကျောင်းသားတွေ တော်လှန်ရေး ဘက်တော်သားတွေအတွက် ကျမတို့အချိန်ပြည့်အနေနဲ့ ကြိုးစားအလုပ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။  ဥပမာအားဖြင့် ၂၀၂၃ မှာကျင်းပတဲ့ အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲ (BECA)ဟာ CDM ကျောင်းသားများနဲ့ PDF များအတွက် အထူးသီးသန့်ဦးစားပေးကျင်းပခဲ့တဲ့ စာမေးပွဲဖြစ်ပါတယ်။ တခြားပညာရေးအစီအစဉ်များလည်း အကောင်အထည်ဖော်နေတာတွေရှိပါတယ်။ ဆက်လက်ပြီးလည်း ပညာရေးအစီအစဉ်တွေ၊ အခွင့်အလမ်းတွေ၊ သက်မွေးပညာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်။  အင်တာနက်မရနိုင်တဲ့ နေရာတွေအတွက် အထူးပညာရေးအစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်နေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အဆင့်မြင်ပညာကျောင်းတွေလည်း ဖွင့်လှစ်လက်ခံနေပြီဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ ဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာစစ်တိုက်ရင်း ပညာသင်ယူနေကြတဲ့ ဖြစ်စဥ်ရှိပြီး အင်တာနက်ရှိ၍ အကောင်အထည်ဖော်မှုလွယ်ကူကြောင်းလည်း ဒုဝန်ကြီးကသုံးသပ်ဆိုထားပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများကို ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေပြီ


ဇွန်လ၃

၂၀၂၃ ခုနှစ်၊ မေလတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများကို ကာကွယ်ရေးဝန်ကြီးဌာနက  လက်နက်တပ်ဆင်ပေးနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ၃ရက်နေ့မှာ တရားဝင်အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများနှင့် စစ်ကြောင်းများကို မဟာဗျုဟာနှင့်အညီ တဆင့်ချင်း လက်နက်တပ်ဆင်ပေးလျက်ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။


မေလ ၃၀ ရက်နေ့မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ အတွက် လက်နက် ပါရီ ၅လက်၊ကျည် ၅၀၀ ၊ဗောက်အပို ၁၀ခု ကိုပေးအပ်ခဲ့ပြီးဇွန်လ၊၁ရက်နေ့တွင်ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား သေနတ်၅လက်၊ကျည်ဘောက်၁၅ဘောက်နှင့် ကျည်၅၀၀ကို ရင်းစောင့်အဖြစ်တပ်ဆင်ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၈။ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ စစ်ဆင်ရေးပေါင်း (,၀၀၀) ကျော်ကို ဆင်နွှဲရာ အကြမ်းဖက်စစ်ကောင်စီမှ ဗိုလ်မှူးကြီးအဆင့်များ အပါအဝင်သေဆုံးမှု (၆၀၀) ကျော်ရှိခဲ့


ဇွန်လ၃

ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ စစ်ဆင်ရေးပေါင်း (,၀၀၀) ကျော်ကို ဆင်နွှဲရာအကြမ်းဖက်စစ်ကောင်စီမှ ဗိုလ်မှူးကြီးအဆင့်များ အပါအဝင်သေဆုံးမှု (၆၀၀) ကျော်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်တပ်ရင်း၅၁၀၁က ဇွန်လ၃ရက်နေ့မှာ အသိပေးဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် မေလ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာကာလအတွင်းတွင် ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) Special Task Force (S.T.F) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.) မြို့ပြပြောက်ကျားတပ်ဖွဲ့များ နှင့် အခြားသော တော်လှန်ရေး အင်အားစုများမှ မြို့ပြစစ်ဆင်ရေးပေါင်း (,၀၀၀) ကျော်ကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါစစ်ဆင်ရေးများတွင် ရန်သူအကြမ်းဖက်စစ်ကောင်စီမှ ဗိုလ်မှူးကြီးအဆင့်များ အပါအဝင်သေဆုံးမှု (၆၀၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိမှု (၉၀၀) ကျော်ရှိခဲ့ပါတယ်။


စစ်ဆင်ရေးအတွင်း မတော်တဆထိခိုက်မှုများ၊ အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုများကြောင့်  တော်လှန်ရေးရဲဘော်များမှ ကျဆုံးရဲဘော် (၈၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (,၀၀၀) ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။


ဆောင်ရွက်ခဲ့သည့်စစ်ဆင်ရေးများတွင် စစ်ရေးပစ်မှတ် (,၀၀၀) ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် (၈၀၀) ကျော်နှင့် စီးပွားရေးပစ်မှတ် (၂၀၀) ကျော်ပါဝင်ပြီး ၎င်းပစ်မှတ်များကို အထူးစစ်ဆင်ရေးလှုပ်ရှားမှု အကြိမ်ရေ (၅၀) ခန့်၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ (၅၀၀) ကျော်နှင့် ဖောက်ခွဲတိုက်ခိုက်မှုပေါင်း (,၅၀၀) ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကိုလည်း ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မြို့ပြပြောက်ကျားစစ်ဆင်ရေးများနှင့် တောတွင်းကျေးလက်စစ်ဆင်ရေးများကို နည်းဗျူဟာကျကျ ဟန်ချက်ညီစွာ ပေါင်းစပ်၍ တိုက်ပွဲများဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။


========================


📌📌 ၉။ တီးတိန်မြို့ အခြေစိုက် ၂၆၉ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအလင်းဝင်ခိုလှုံလာ၍ သိန်း ၅၀ ချီးမြှင့်ပေးအပ်


ဇွန်လ၃

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် ၂၆၉ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအလင်းဝင်ခိုလှုံလာ၍ သိန်း ၅၀ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဇွန်လ၃ရက်မှာ PDF Zolandက အသိပေးဆိုထားပါတယ်။


"မေလ ၃၁ရက်နေ့တွင် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ တပ်သား စသိန်းအောင်ဟာ PDF Zoland ထံ လက်နက်နှင့် ကျည်အချို့ဖြင့် လာရောက်ခိုလှုံခဲ့ပါတယ်။ ယခုအခါ PDF Zoland မှ ဦးစသိန်းအောင်အား Safe zone တစ်နေရာတွင် စောင့်ရှောက်ထားတယ်"လို့ဆိုပါတယ်။


ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ၂၆၉ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး မေလ ၃၁ ရက်နေ့တွင် PDF-Zoland ထံ MA-1 တစ်လက်နှင့် ကျည်အိမ် ခု၊ ကျည် ၂၆၀ ကျော်နဲ့ထွက်ပြေးလာတာဖြစ်ပါတယ်။


၄င်းအားဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၁၀။ ကျိုက်ထိုမြို့နယ် လက်ပံပင်သုသာန်တွင်တပ်စွဲထားသောစကစတပ်စခန်း ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရ၍ သုံးဦးထက်မနည်းသေဆုံး


ဇွန်လ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပံပင်သုသာန်တွင်တပ်စွဲထားသောစကစတပ်စခန်း ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရ၍ သုံးဦးထက်မနည်းသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၃ရက် နေ့လည်၁နာရီ၃၅အချိန်တွင် ဒရုန်းနဲ့စကစ စခန်းကို တိုက်ခိုက်ခဲ့တာလို့KRFက အတည်ပြုပါတယ်။


"ကျိုက်ထိုမြို့နယ် လက်ပံပင်သုသာန်တွင်တပ်စွဲထားသော KRFအပါအဝင် တော်လှန်ရေးမဟာမိတ်အင်အားစုများက စစ်ရေးပစ်မှတ်အဖြစ် ၆မမဗုံးသီးနှစ်လုံးကိုဒရုန်းနဲ့တိုက်ခိုက်ရာ ကင်းတဲစခန်း ပျက်စီးခဲ့ပြီးသုံးဦးထက်မနည်းသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ဆင်ရေးတွင် အထိအခိုက်မရှိဘဲ တော်လှန်ရေးအင်အားစုများ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment