5th JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်ဟာ  ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် စေတနာထားဆောင်ရွက်ရန် တရားရေးဝန်ကြီးပြောကြား

📌 ၃။ ကောလင်းမှာ နယ်ကျွံလာတဲ့ စကစတပ်စစ်ကြောင်း ကာကွယ်ရေးတပ်များ လိုက်လံတိုက်ခိုက်၍ လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူတောင်းကာ ဆုတ်ခွာရန်ကြိုးပမ်း

📌 ၄။ ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ ယနေ့မနက် စကစတပ်နဲ့ တော်လှန်ရေးအင်အားစုများထိတွေ့တိုက်ပွဲ ဖြစ်ပွား

📌 ၅။ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ ဝန်းကျင်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ် တစီးဖြင့် ယနေ့မနက်လာရောက်ဗုံးကြဲခဲ့

📌 ၆။ ဒါရိုက်တာ ကိုပေါက်ရဲ့ ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၁၀၀ဖြင့်ဝယ်ယူအားပေး

📌 ၇။ မြန်မာနွေဦးလက်ဘက်ရည်ဝိုင်း လစဉ်ဟင်းချက်ရန်ပုံငွေပွဲကနေ အမေရိကန်ဒေါ်လာ ၁သောင်း၃ထောင် ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်ဟာ  ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဇွန်လ၅ရက်


နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်ဟာ  ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ဇွန်လ၅ရက်နေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။


"ကျွန်တော်တို့ဟာ လူထုအားကိုးထိုက်တဲ့ လူထုယုံကြည်ထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် အစဥ်အမြဲကြိုးစားအားထုတ်နေရပါမယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်ဟာ အစိုးရအဖွဲ့တစ်ခုတည်းရဲ့ အောင်ပွဲမဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အောင်ပွဲဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်။"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်များစတင်ရန် အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။


အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း တိုက်ပွဲပေါင်း (၄၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၅၂၇) ဦး သေဆုံး၍ (၈၀၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် စေတနာထားဆောင်ရွက်ရန် တရားရေးဝန်ကြီးပြောကြား


ဇွန်လ၅ရက်

ဇွန် ၄ရက်ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန မှ ကျင်းပပြုလုပ်သော မြေပြင်တရားရုံးများမှ စာရေးဝန်ထမ်းများ အခြေခံလုပ်ငန်းခွင်သင်တန်း အမှတ်စဉ် ()ဖွင့်ပွဲအခမ်းအနားမှာ တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် စေတနာထားဆောင်ရွက်ရန်တရားရေးဝန်ကြီး ဦးသိန်းဦးကပြောကြားလိုက်ပါတယ်။


"တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် စေတနာထားဆောင်ရွက်ခြင်းဖြင့် တရားမျှတမှုရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း တရားခွင်စာရေးများအနေဖြင့်လည်း တရားခွင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအားဖြင့် သိသင့်/သိထိုက်သည်များကို လေ့လာသင်ယူ ခြင်းဖြင့် မိမိတို့၏ လုပ်ဆောင် ချက်များကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်စွမ်းရှိပြီး လုပ်ငန်းအောင်မြင်မှုရရှိရေး စွမ်းဆောင်နိုင် ရန်လိုကြောင်း တက်ရောက်လာသူ သင်တန်းသား/သင်တန်းသူများနှင့် သင်တန်းအောင်မြင် ဖြစ်မြောက် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြပါသော ဆရာ/ဆရာမများအား အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း"ဝန်ကြီးကဆိုပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင် ကြားကာလတရားစီရင် ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးတို့တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ ကောလင်းမှာ နယ်ကျွံလာတဲ့ စကစတပ်စစ်ကြောင်း ကာကွယ်ရေးတပ်များ လိုက်လံတိုက်ခိုက်၍ လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူတောင်းကာ ဆုတ်ခွာရန်ကြိုးပမ်း


ဇွန်လ၅ရက်


ဇွန်လ၅ရက်မှာ စစ်ရေးအခြေအနေကို ကောလင်း KLPDFက အခုလို အသိပေး ဆိုလိုက်ပါတယ်။


"မေလ၂၇ရက် ကောလင်းမြို့မှ စထွက်လာသော ခမရ ၃၆၉ အင်အား ၇၀ဦးခန့်ဟာ ကောလင်းခရိုင် တပ်ရင်း နယ်မြေအတွင်းရှိ ကျောက်ပုထိုးသို့  ရွာစဥ်လည့်ဝင်စစ်ကြောင်းထိုး၍ တပ်ရင်း မှ စစ်ကြောင်းတစ်လျှောက် တိုက်ခိုက်ခဲ့ရာ အထိနာပြီး ဇွန်လ၂ရက် ကိုးထောင်ဘို့မှ အင်အား ၅၃ဦးခန့် စစ်ကြောင်းသည် သစ်ဖုလ ဘုရားကုန်းသို့ လာရောက်စစ်ကူပေးရာ ထိုစစ်ကြောင်းအားလဲ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ဇွန်လ ၄ရက်တွင်လည်း စစ်ကြောင်းနှစ်ကြောင်းပေါင်းပြီး အုန်းပင်ကုန်းရွာဘက်မှ ပြန်ဆုတ်ခွာရာ တပ်ရင်း မှ ထပ်မံတိုက်ခိုက်ခဲ့၍ရှေ့မတိုးနိုင်ပဲ အုန်းပင်ကုန်းရွာထဲသို့ဝင်ပုန်းနေပြီး လေယာဥ်ပစ်ကူ နဲ့ဝန်းသိုစကစ တပ်ရင်းမှ ဟောင်ဝင်ဇာ 105 များပါ ပစ်ကူတောင်း၍ ဆုတ်ခွာရန်ပြင်ဆင်လျက်ရှိနေပါတယ်လို့ဆိုပါတယ်။


" ရက်နေ့ည ၁၀နါရီအချိန်တွင် ကိုးထောင်ဘို့ စကစ စခန်းမှ ထပ်မံစစ်ကူလွတ်ရန် အထုပ်ပြင်နေကြသည်ဟု ထပ်မံသတင်းရရှိပါတယ်"လို့ KLPDFကဆိုထားပါတယ်။


========================


📌📌 ၄။ ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ ယနေ့မနက် စကစတပ်နဲ့ တော်လှန်ရေးအင်အားစုများထိတွေ့တိုက်ပွဲ ဖြစ်ပွား


ဇွန်၅ရက်


ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ ဇွန်လ၅ရက် မနက်အစောပိုင်းကစလို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ဒေသခံများထံကသိရပါတယ်။


"မနက်(:၀၀)က တစ်မြို့လုံးလန့်နိုးကုန်တယ်။ အထက်မန်အိုင်ဘက်အသေးသံ အကြီးသံ ဆူညံနေတာပဲ။မကွဲဘဲ ကျန်ခဲ့တာတွေ နဲ့ ဆက်စပ်ပစ္စည်းတွေလည်းရှိတယ်"လို့ ဒေသခံတစ်ဦးကဆိုထားပါတယ်။


လတ်တလောမှာ ထိခိုက်ပျက်စီးမှုများကိူအတည်ပြုစုံစမ်းလျက်ရှိပါတယ်။


လက်ရှိမှာ အကြမ်းဖက်စကစအဖွဲ့နဲ့ မြောက်ပိုင်းသုံးဖွဲ့ ဟာ ဆွေးနွေးပွဲ ပျက်သွားခဲ့ပြီး စကစဟာ အိမ်နီးချင်း တရုတ်နိူင်ငံရဲ့အားကိုးနဲ့ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့များကို ချဥ်းကပ်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ ဝန်းကျင်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ် တစီးဖြင့် ယနေ့မနက်လာရောက်ဗုံးကြဲခဲ့


ဇွန်လ၅


ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ ဝန်းကျင်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ် တစီးဖြင့် ယနေ့မနက်လာရောက်ဗုံးကြဲခဲ့တယ်လို့ ဇွန်လ၅ရက်မှာ ABSDFစစ်ကြောင်းကအသိပေးဖော်ပြပါတယ်။


"ဇွန်လ၅ရက် နံနက် ၆း၀၀ နာရီ ဝန်းကျင်တွင် ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ ဝန်းကျင်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ် တစီးဖြင့် လာရောက်ဗုံးကြဲခဲ့ပါတယ်။လာရောက်ဗုံးကြဲတဲ့ ဇီဖြူကုန်းရွာက ပြူစောထီးကျေးရွာဖြစ်ပြီး ဒေသခံ PDF ပကဖ တွေက လာရောက်တိုက်မယ်လို့ ထင်ပြီး လေယာဉ်အသုံးပြု ဗုံးကြဲခဲ့တာပါ"လို့ဆိုပါတယ်။


ကျေးရွာ၏ တောင်ဘက်နှင့်မြောက်ဘက်သို့ ဦးတည်ဗုံးကြဲခဲ့၍ ဗုံးအလုံးရေ ၁၀ လုံးရှိတယ်လို့ စုံစမ်းသိရပါတယ်။ အဆိုပါ ဗုံးကြဲမှုကြောင့် အနီးအနားရှိ ကျေးရွာပြည်သူများ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


========================


📌📌 ၆။ ဒါရိုက်တာ ကိုပေါက်ရဲ့ ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၁၀၀ဖြင့်ဝယ်ယူအားပေး


ဇွန်လ၃ရက်မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မီတီ(မြောက်ပိုင်းကယ်လီဖိုးယား)ရဲ့(၁၄)ကြိမ်မြောက် နွေဉီးတော်လှန်ရေးရံပုံငွေရှာဖွေပွဲမှာဒါရိုက်တာ ကိုပေါက်ရဲ့ ပန်းချီကားကို အမေရိကန်ဒေါ်လာ (,၁၀၀)ဖြင့် ဝယ်ယူအားပေးသွားခဲ့တယ်လို့ သိရပါတယ်။


 နွေဉီးတော်လှန်ရေးရံပုံငွေ အဖြစ် ရောင်နီလာရာလမ်းရုပ်ရှင်ပြသပွဲနဲ့စျေးပွဲတော်ကိုကျင်းပရာမှာ ဒါရိုက်တာ ကိုပေါက်ရဲ့ ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၁၀၀ဖြင့်ရဲဘော်ဂျိမ်းမြတ်နဲ့မမေသက်မိသားစုတို့ကဝယ်ယူအားပေးသွားခဲ့ပါတယ်။


ထို့အပြင် ရုပ်ရှင်လက်မှတ်များ ဝယ်ယူကြည့်ရှူအားပေးခဲ့ကြသော ဆန်ဖရန်စစ္စကိုဗေးဧရိယာဒေသနဲ့မြောက်ပိုင်းကယ်လီဖိုးနီးယားမှ မိသားစုများ၊ညီအကိုမောင်နုမများ၊ရဲဘော်ရဲဘက်များအားလုံးကိုလှိုက်လှဲစွာကျေးဇူးတင်ရှိတယ်လို့လည်းအသိပေးကြေညာခဲ့ပါတယ်။


========================


📌📌 ၇။ မြန်မာနွေဦးလက်ဘက်ရည်ဝိုင်း လစဉ်ဟင်းချက်ရန်ပုံငွေပွဲကနေ အမေရိကန်ဒေါ်လာ ၁သောင်း၃ထောင် ရရှိ


ဇွန် ၄၊ Radio NUG


လစဉ် မပျက်မကွက် မြန်မာဟင်းလျာများ ချက်ပြုတ်ပြီး နွေဦးတော်လှန်ရေးရန်ပုံငွေ ရှာဖွေနေတဲ့ မြန်မာနွေဦးလဘက်ရည်ဝိုင်း မိသားစုများ၏ ဒီလဆန်းအလှူငွေ ဒေါ်လာ ၁သောင်း ထောင် ကျော် ရရှိတယ်လို့ ဆိုပါတယ်။ မြန်မာအရေး နှိုးဆော်မှုများ ရန်ပုံငွေပွဲများ ဆက်တိုက်လှုံ့ဆော် ပွဲဆက်နေတဲ့ ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားများက နွေဦးလဘက်ရည်ဝိုင်းက ဟင်းလျာများကို မပျက်မကွက် အားပေးဝယ်ယူခဲ့ကြလို့ ကျေးဇူးတင်ကြောင်း၊ အားတက်ရကြောင်း စီစဉ်သူတဦးဖြစ်တဲ့ ကိုနိင်စိုးက Radio NUG  ကို ပြောပြပါတယ်။ 


နွေဦးလဘက်ရည်ဝိုင်းကနေ လစဉ် ဒေါ်လာ ၁သောင်းခွဲခန့် ရန်ပုံငွေ ရှာဖွေ ထောက်ပို့ခဲ့တာ ၁၈ တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဆန်ဖရန်ဘေးဧရိယာက မြန်မာဟင်းလျာချက်ပြုတ်သူ စေတနာရှင်များက အရင်းရော လုပ်အားပါစိုက်ထုတ်ပြီး ရန်ပုံငွေကို မတည်ကြကြောင်း၊ ထောက်ပို့သူများကလဲ နီးစပ်ရာ မြို့ မြို့မှာ ဆုံရပ်ထားပြီး သွားရောက် အားပေးဝယ်ယူကြကြောင်း ကိုနိုင်စိုးက ပြန်ပြောင်း ပြောပြပါတယ်။ 


အဓိက အညာဒေသက ကိုယ်ထူကိုယ်ထ လိုကယ်ပီဒီအက်ဖ်တွေ PDF တပ်ရင်းတွေကို တိုက်ရိုက်ချိတ်ဆက်ပြီး  မိမိတို့ တတ်နိုင်သလောက် မျှဝေထောက်ပို့ကြပါတယ်။ ကရင်နီဒေသကိုလည်း တိုက်ရိုက် ထောက်ပို့ကြပါတယ်။ အဖွဲ့တွေ ၄၀ ကျော်ကို ကူညီနိုင်အောင် ကြိုးစားပါတယ်။ မြေပြင်က တကယ်တိုက်ပွဲဝင်နေကြသူ အညာဒေသက တပ်ဖွဲ့ တပ်ရင်းတွေကလည်း လက်ခံရှိကြောင်း စာရွက်စာတမ်းတွေနဲ့အတူ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း အသိအမှတ်ပြုလက်မှတ်တွေကိုပါ ထုတ်ပြန်ပေးကြပါတယ်လို့ ကိုနိုင်စိုးက ရှင်းပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment