6th JUN 2023 - Morning Daily News by Radio NUG



၂၀၂၃ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြေပြင်မှာ အားနည်းချက်များကို အားသာချက်အဖြစ်ပြောင်းလဲပြီး စုစုစည်းစည်း ဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးပြောကြား

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၃။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်၂၀၀ခန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စိုက်ပျိုးခဲ့

📌 ၄။ မြောက်ဦးမြို့နယ်ရှိ ကျေးရွာ တချို့မှပြည်သူလူထုတို့၏ နေအိမ်တချို့အား ရက္ခိုင် အမျိုးသားအဖွဲ့ ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်များက တစ်အိမ်ပြီး တစ်အိမ် ဆက်လက် ပြုပြင် ဆောက်လုပ်ပေးလျက်ရှိ

📌 ၅။ စကစက လေကြောင်းမှ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ခြင်းအား စစ်ရာဇဝတ်မှုအဖြစ်ကန့်ကွက်ရှုံ့ချခြင်းအခမ်းအနားဂျပန်မှာကျင်းပ

📌 ၆။ ကရင်ပြည်နယ်တွင် ကော်ပရာစစ်ကြောင်း ကင်းယူထားသော နယ်မြေအား လက်နက်ကြီး လက်နက် ငယ်တို့ဖြင့် ပစ်ခတ်ကာ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသော စကစတပ်များအထိနာ

📌 ၇။ ပေါက်မြို့မှ ပခုက္ကူသို့ ရိက္ခာဝယ်ယူရန်လာသော စကစ၏ အစီးရေ ၃၀ ကျော် ယာဥ်တန်းမိုင်းထိ

📌 ၈။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို အင်အား ၁၀၀ ကျော်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးကာ ဒေသခံ တစ်ဦးကို  ဦးခေါင်းဖြတ် သတ်ဖြတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြေပြင်မှာ အားနည်းချက်များကို အားသာချက်အဖြစ်ပြောင်းလဲပြီး စုစုစည်းစည်း ဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးပြောကြား


ဇွန်လ၅


မြေပြင်မှာအားနည်းချက်များကို အားသာချက်အဖြစ်ပြောင်းလဲပြီး စုစုစည်းစည်း ဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြောပါတယ်။


ဇွန်လ ၅ရက်ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


"ကြားကာလအုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်မှုသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြို့နယ်တွေ၌ ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများသည် အင်မတန်မှ အရေးကြီးပါသဖြင့် အုပ်ချုပ်‌‌ရေးဖော်ဆောင်မှုအား အမြဲမပြတ် သုံးသပ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြေပြင်မှာ တာဝန်ယူဆောင်ရွက်သည့်အခါ လုံခြုံရေး၊ တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လက်တွေ့ကျကျ တာဝန်ယူနိုင်ရန်အတွက် စိန်ခေါ်မှုများစွာရှိနိုင်ပြီး စိန်ခေါ်မှုများကို ရှေ့ဆက်ဆောင်ရွက်ကာ ဟန်ချက်ညီညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းများ ဆောင်ရွက်မှုသည် တော်လှန်ရေးဆောင်ရွက်ခြင်းနှင့် တိုင်းပြည်တည်ဆောက်ရေး နှစ်ခုကို ဒွန်တွဲပြီး ဆောင်ရွက်နေရခြင်းဖြစ်ကာ ပြည်သူလူထုနှင့် အသီးသီးတာဝန်ယူဆောင်ရွက်‌နေသူများကြောင့် ယနေ့အချိန်အထိ လုပ်ငန်းများဆောင်ရွက်လာနိုင်ခြင်းဖြစ်ကြောင်း၊ မြေပြင်မှာ အားနည်းချက်များကို အားသာချက်အဖြစ်ပြောင်းလဲပြီး စုစုစည်းစည်း ဆောင်ရွက်ကြရန်"ဝန်ကြီးကပြောပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ဦးဆောင်ကာ ဒုဝန်ကြီး ခူးထဲဘူး၊ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်း ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


ဇွန် ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၂/၂၀၂၃)ကိုဇွန်လ၅ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ  ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး‌‌ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်၂၀၀ခန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စိုက်ပျိုးခဲ့


ဇွန်လ၅

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်၂၀၀ခန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စိုက်ပျိုးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန်လ၅ရက်မှာ အသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ () ရက်နေ့ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ်  စုစုပေါင်း အပင် (၂၀၀) ခန့် စုပေါင်းစိုက်ပျိုးခဲ့ကြပါတယ်"လို့ဆိုပါတယ်။


စိုက်ပျိုးခဲ့သောအပင်များမှာ ပျဥ်းကတိုး၊ သစ်ပိတောက်၊ သပြေဘူတ၊ မယ်ဇလီ၊ စိန်ပန်း၊ ချယ်ရီ၊ စွယ်တော်၊ ကံ့ကော်၊ မန်ဂျန်ရှား စသည့်သစ်မျိုးများပါဝင်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ မြောက်ဦးမြို့နယ်ရှိ ကျေးရွာ တချို့မှပြည်သူလူထုတို့၏ နေအိမ်တချို့အား ရက္ခိုင် အမျိုးသားအဖွဲ့ ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်များက တစ်အိမ်ပြီး တစ်အိမ် ဆက်လက် ပြုပြင် ဆောက်လုပ်ပေးလျက်ရှိ


ဇွန်လ၅ရက်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ကျေးရွာ တချို့မှပြည်သူလူထုတို့၏ နေအိမ်တချို့အား ရက္ခိုင် အမျိုးသားအဖွဲ့ ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်များက တစ်အိမ်ပြီး တစ်အိမ် ဆက်လက် ပြုပြင် ဆောက်လုပ်ပေးလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၅ရက် Twitterမှာ ရခိုင့်တပ်တော်မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အသိပေးရေးသားထားပါတယ်။


"ဖျက်အားပြင်း Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာ တချို့မှ အာရက္ခ ပြည်သူလူထုတို့၏ နေအိမ်တချို့အား ရက္ခိုင် အမျိုးသားအဖွဲ့ ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်များက တစ်အိမ်ပြီး တစ်အိမ် ဆက်လက် ပြုပြင် ဆောက်လုပ်ပေးလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


၂၀၂၃ ခုနှစ် မေလ၁၄ရက်နေ့တိုက်ခတ်ခဲ့သောမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၅ဦးရှိခဲ့ပြီး စိုက်ပျိုးမြေ၄၂၅၁၇ ပျက်စီးခဲ့ပါတယ်။


========================


📌📌 ၅။ စကစက လေကြောင်းမှ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ခြင်းအား စစ်ရာဇဝတ်မှုအဖြစ်ကန့်ကွက်ရှုံ့ချခြင်းအခမ်းအနားဂျပန်မှာကျင်းပ


ဇွန်လ၅ရက်


စကစက လေကြောင်းမှ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ခြင်းအား စစ်ရာဇဝတ်မှုအဖြစ် ကန့်ကွက်ရှုံ့ချခြင်း အခမ်းအနားဂျပန်မှာကျင်းပခဲ့ပါတယ်။


ဇွန်လ ၅ရက်မှာ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဆန်နာလှလှစိုးကအသိပေးပြောကြားထားပါတယ်။


"ဂျပန် လွှတ်တော်အမတ်များ၊ ဂျပန်ရောက်မြန်မာပြည်သူများ၊ ဂျပန်နိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရရုံးတို့မှ စကစလေကြောင်းမှ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ခြင်းအား စစ်ရာဇဝတ်မှုအဖြစ် ကန့်ကွက်ရှုံ့ချခြင်းအခမ်းအနားတွင် အမှာစကားပြောကြားခဲ့ပါတယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း မြို့နယ် ပေါင်း ၅၆ ခုထက်မနည်းမှာ စကစရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ 


ဒီကာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ အရပ်သား ၆၉၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒီအထဲမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာ ဖြစ်စဉ်က အထင်ရှားဆုံး ဖြစ်ပြီး၊ အဲဒီ ဖြစ်စဉ်တခုတည်းမှာတင် အရပ်သား ၁၅၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၆။ ကရင်ပြည်နယ်တွင် ကော်ပရာစစ်ကြောင်း ကင်းယူထားသော နယ်မြေအား လက်နက်ကြီး လက်နက် ငယ်တို့ဖြင့် ပစ်ခတ်ကာ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသော စကစတပ်များအထိနာ


ဇွန်လ၅

ကရင်ပြည်နယ်တွင် ကော်ပရာစစ်ကြောင်းကင်းယူထားသော နယ်မြေအား လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ပစ်ခတ်ကာ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသော စကစတပ်များ အထိနာခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းက စစ်ရေးသတင်းကို ဇွန်လ၅ရက်မှာ အတည်ပြုဆိုပါတယ်။


"ဇွန်လ၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီသည် မိမိတို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ကာကင်းယူထားသော နယ်မြေအား လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ပစ်ခတ်ကာ ‌‌ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ()နာရီခွဲ ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


ရန်သူဘက်မှ အထိနာသဖြင့် ပြန်လည်ဆုတ်ခွာသွားကြသော်လည်းတော်လှန်ရေး အင်အားစုဘက်မှ အထိအခိုက်တစုံတရာ မရှိခဲ့ဘူးလို့ဆိုပါတယ်။


========================


📌📌 ၇။ ပေါက်မြို့မှ ပခုက္ကူသို့ ရိက္ခာဝယ်ယူရန်လာသော စကစ၏ အစီးရေ ၃၀ ကျော် ယာဥ်တန်းမိုင်းထိ


ဇွန်လ၅


ပေါက်မြို့မှ ပခုက္ကူသို့ ရိက္ခာဝယ်ယူရန်လာသော စကစ၏ အစီးရေ ၃၀ ကျော် ယာဥ်တန်းမိုင်းထိမှန်ခဲ့တယ်လို့ စစ်ရေးသတင်းကို အနောက်လွင်ပြင် LDF မှ ဇွန်လ၅ရက်နေ့မှာ အတည်ပြုပါတယ်။


"ဇွန်လ၅ရက်နေ့ နံနက် ၁၁နာရီ အချိန်ခန့်တွင် ပခုက္ကူ-မင်းတပ် ကားလမ်းတနေရာ၌ ပေါက်မြို့မှ ပခုက္ကူမြို့သို့ ရိက္ခာဝယ်ယူရန်လာသောစကစ၏  အစီးရေ ၃၀ ကျော် ယာဥ်တန်းကိုတက်မ တောင်ကြော အရောက်တွင် အနောက်လွင်ပြင် LDF မှမိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။

အဆိုပါယာဥ်တန်း၏ ထိခိုက်ပျက်စီးမှုအခြေအနေကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို အင်အား ၁၀၀ ကျော်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးကာ ဒေသခံ တစ်ဦးကို  ဦးခေါင်းဖြတ် သတ်ဖြတ်


ဇွန်လ၅


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို အင်အား ၁၀၀ ကျော်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးကာ ဒေသခံ တစ်ဦးကို  ဦးခေါင်းဖြတ် သတ်ဖြတ်ခဲ့ပါတယ်။


ဇွန်လ၅ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။


 ဇွန်လ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို အင်အား ၁၀၀ ကျော်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ခဲ့ပါတယ်။


ထိုသို့ဝင်ရောက်စီးနင်းစဉ် ဒေသခံ ကိုလှစိုးအောင်ကို ဖမ်းဆီးခဲ့ပြီး ဦးခေါင်းကို ခုတ်ဖြတ်၍ သတ်ဖြတ်ခဲ့သည့်အပြင် ၎င်း၏ရုပ်အလောင်းကို မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၂၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment