၂၀၂၃ ဇူလိုင်လ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်နက်ကိုင်တော်လှန်ခုခံရေးကို ရွေးချယ်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အချိန်သိပ် ကြာနေလို့ မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ကနေဒါ ပြည်ထောင်စုလွှတ်တော် အတွင်းဝန် Robert Oliphantနှင့် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံဆွေးနွေး
📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အညာက ပြည်သူတွေကို ရဲဘော်ရဲဘက်နဲ့ ကိုယ့်မိသားစုဝင်တွေလို့သဘောထားကာ အားထည့်ကူညီဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း
📌 ၄။ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ We are the Seeds ပြပွဲကို NUG လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တက်ရောက်
📌 ၅။ ရိုဟင်ဂျာများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၇၄ သန်းကျော်ကို အမေရိကန်အစိုးရက ပံ့ပိုးပေးမယ်လို့ကြေညာ
📌 ၆။ မင်းတပ်မြို့ ခလရ (၂၇၄) ရှိမြို့ဝင်ဂိတ်ရှိ စကစ များ နှင့်စစ်ဆေးရေးဂိတ်တစ်ခုရှိ စကစ တို့ကို CDFမင်းတပ်တိုက်ခိုက်၍ စကစ ဖက်မှ ၂ဦးသေဆုံး
📌 ၇။ ဝမ်းတွင်းမြို့နယ် မြို့လယ်ခေါင်အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံးနှင့်မီးပွိုင်းအနီးတွင် သတင်းနှင့်စုံစမ်းရေး ရဲအုပ် သေနတ်နဲ့ပစ်ခံရ၍ သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်နက်ကိုင်တော်လှန်ခုခံရေးကို ရွေးချယ်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အချိန်သိပ် ကြာနေလို့ မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ဇူလိုင်၁၄ရက်
ဇူလိုင်၁၃ရက်တွင်ကျင်းပသော ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၃) အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောမှ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"မိမိတို့ တော်လှန်ရေး အောင်မြင်ရန်အတွက် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံတို့မှ သက်ဆိုင် ရာဝန်ကြီးဌာနအသီးသီးက ကျရာအခန်းကဏ္ဍမှနေ၍ စုပေါင်းပါဝင် အားဖြည့်နေကြတာ အားရစရာ ကောင်းပါကြောင်း၊ ထိုက်သင့်တဲ့ အောင်မြင်မှုတွေလည်း ရရှိလာနေတာ တွေ့ရပါကြောင်း၊ လက်နက်ကိုင်တော်လှန်ခုခံရေးကို ရွေးချယ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ အချိန်သိပ် ကြာနေလို့ မဖြစ်ပါကြောင်း၊ လုပ်စရာရှိတာတွေကို အချိန်ကန့်သတ်ချက်နဲ့ မြန်မြန်ပြီးအောင် လုပ်ဆောင်ကြဖို့ အရေးကြီးပါကြောင်း" ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် အားလုံးက တွန်းတွန်းတိုက်တိုက်ဖြင့် တက်ညီလက်ညီ အတူ ကြိုးစား လုပ်ဆောင်သွားမှသာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ပြီး နွေဦးတော်လှန်ရေး အမြန်အောင်မြင်မှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးသို့ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကနေဒါ ပြည်ထောင်စုလွှတ်တော် အတွင်းဝန် Robert Oliphantနှင့် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံဆွေးနွေး
ဇူလိုင်၁၄ရက်
ကနေဒါ ပြည်ထောင်စု လွှတ်တော် အတွင်းဝန် Robert Oliphantနှင့် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့
ဇူလိုင်၁၃ရက်မှာ ကနေဒါနိူင်ငံခြားရေးဌာနမှ တရားဝင်အသိပေး သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာရေးရာ ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး Mélanie Joly ကိုယ်စား ပြည်ထောင်စု လွှတ်တော် အတွင်းဝန် Robert Oliphant သည် (NUG)အစိုးရကိုယ်စားလှယ်နိူင်ငံခြားရေးဝန်ကြီးဒေါ် ဇင်မာအောင်နှင့် တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။
ထိုသို့တွေ့ဆုံရာတွင်ကနေဒါ ပြည်ထောင်စု လွှတ်တော် အတွင်းဝန် Oliphant က မြန်မာစစ်တပ်၏ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုအား ကနေဒါနိုင်ငံမှ ရှုတ်ချကြောင်း၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများ တိုးမြင့်လာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှု၊ ဒေသတွင်း လူ့အခွင့်အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့အတွက် ကျယ်ပြန့်သော အကျိုးဆက်များ ရှိခဲ့သည့်တို့ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံနှင့် ရိုဟင်ဂျာအကျပ်အတည်းများကို တုံ့ပြန်ရန် ကနေဒါနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသော ကတိကဝတ်များကို အလေးပေးပြောကြားခဲ့ပြီး NUG သည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသူ အစုအဝေးများ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီခြင်း အပါအဝင်၊ NUG ၏ မကြာသေးမီက လုပ်ဆောင်ချက်များကို ကြိုဆိုခဲ့ပြီး အားလုံးပါဝင်နိုင်သည့် မြန်မာနိုင်ငံအပေါ် ၎င်း၏အမြင်ကို စံနမူနာပြုကာ အရပ်သားများကို အကာအကွယ်ပေးရန်နှင့် နိုင်ငံတကာဥပဒေနှင့်အညီ လိုက်နာရန် လိုအပ်သည့် ခြေလှမ်းအားလုံးကို လုပ်ဆောင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် အရေးကြီးသော ကတိကဝတ်များကိုလည်း ကြိုဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုလည်း ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် တာဝန်ခံမှုဆိုင်ရာ ကနေဒါ၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုများနဲ့ လေကြောင်းလောင်စာဆီအပါအဝင် ကနေဒါ၏ ဒဏ်ခတ်အရေးယူမှုများ အပါအဝင် နိုင်ငံတကာနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည့် ကနေဒါ၏ ပိတ်ဆို့အရေးယူမှုများကိုပါရှင်းလင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အညာက ပြည်သူတွေကို ရဲဘော်ရဲဘက်နဲ့ ကိုယ့်မိသားစုဝင်တွေလို့သဘောထားကာ အားထည့်ကူညီဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း
ဇူလိုင်၁၄ရက်
ဇူလိုင်၁၃ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့ကမ်ပိန်းကို ရည်ညွှန်းပြီး အညာဒေသအတွက် အခုလိုပြောကြားခဲ့ပါတယ်။
"ရွာလယ်ပိုင်း၊ တချို့ ရွာအနောက်ပိုင်း၊ တချို့ အရှေ့ခြမ်း၊ တချို့ဆို ရွာလုံးကျွတ်အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတယ်။အထူးသဖြင့် အညာမှာ။ဒီကနေ့ သူတို့ဆီကို ရိက္ခာနဲ့ အမိုးအကာ လက်ဝယ်အရောက်ပို့ကူတဲ့ ပုံတွေ ကြည့်မြင်ရတယ်။သူတို့ဟာ ကျနော်တို့ရဲ့ ခေါင်းခါးခြေလက်တွေဖြစ်တယ်။သူတို့ဟာ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ဖြစ်တယ်..။သူတို့ဟာ ကျနော်တို့ရဲ့ မိသားစုဝင်တွေဖြစ်တယ်။အညာရဲ့ မဆုတ်တမ်း လက်နက်ကိုင် ခုခံတော်လှန်စစ်နောက်ကွယ်က အဓိကအင်အားဟာ သူတို့ပဲဆိုတာ စစ်မိစ္ဆာတွေ ကောင်းကောင်းသိပါတယ်။ဒါကြောင့်..သူတို့ကို ခွန်အားမျှရာမှာသနားလွန်းလို့..ကရုဏာသက်လွန်းလို့..မချိတင်ကဲဖြစ်လွန်းလို့..နိုင်သလောက် ထောက်ကူပါဝင်ပေးလိုက်တယ်ဆိုတာမျိုးထက်ကိုယ့်ရဲဘော်ရဲဘက်တွေ၊ ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်ခြေလက်အင်္ဂါတွေလို့ ရှုမြင်သဘောပေါက်ပြီး အားထည့်ဆောင်ရွက်ကြရမယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရား ရယူပိုင်ဆိုင်ထားတဲ့ ၆မိုင်ခွဲအင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့တာဟာ ဒေါ်လာ ၄ သန်းခန့် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။
လက်ကျန်အစုရှယ်ယာ ၃ သောင်း၊ တစုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ ၃ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီကို ပို့ပေးမှာပဲ ဖြစ်ပါတယ်။
========================
📌📌 ၄။ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ We are the Seeds ပြပွဲကို NUG လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တက်ရောက်
ဇူလိုင်၁၄ရက်
ဇူလိုင်၁၃ရက်မှာ ခရီးစဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အခုလိုသတင်းထုတ်ပြန်ထားပါတယ်။
ဂျာမနီနိုင်ငံဘာလင်အခြေစိုက် အဖွဲ့အစည်းဖြစ်သည့် German Solidarity with Myanmar Democracy အဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် We are the Seeds(The Art of Myanmar's Spring Revolution) ပြပွဲကို ဖိတ်ကြားမှုအရ အမျိုးသားညီညွတ်ရေးအစိုးရ၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တက်ရောက်မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ထိုခရီးစဉ်တွင် ဒုဝန်ကြီးသည်ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အရှေ့တောင်အာရှမူဝါဒရေးရာဆိုင်ရာ ဌာန အကြီးအကဲ၊ဂျာမနီနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်နှင့် ဝန်ကြီးဟောင်းများ၊ Hertie School of Governance Berlin ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းများလုပ်ဆောင်ခဲ့ပါတယ်။
ဒုဝန်ကြီးဦးမော်ထွန်းအောင်သည် NUG အစိုးရ၏ မြေပြင်တွင် ပြည်သူ့ဝန်ဆောင်မှုများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ တရားရေးနှင့် အုပ်ချုပ်ရေး အစီအစဉ်များလုပ်ဆောင်နိုင်မှုတို့ကို ဆွေးနွေးခဲ့ပါတယ်။
ထို့နောက် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် မူဝါဒတွေ့ဆုံဆွေးနွေးမှုများပုံမှန်လုပ်ဆောင်ရန်၊ လူသားချင်းစာနာကူညီမှုများအတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်ရန်၊NUG နှင့်မြန်မာနိုင်ငံကို တိုးတက်တည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံဖြစ်လာစေရန်နှင့် စစ်အာဏာရှင်အားတွန်းလှန်မှုများအတွက် အကူအညီပေးနိုင်မှုများအတွက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ရိုဟင်ဂျာများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၇၄ သန်းကျော်ကို အမေရိကန်အစိုးရက ပံ့ပိုးပေးမယ်လို့ကြေညာ
ဇူလိုင်၁၄ရက်
ရိုဟင်ဂျာများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၇၄ သန်းကျော်ကို အမေရိကန်အစိုးရက ပံ့ပိုးပေးမယ်လို့ဇူလိုင်၁၃ရက်မှာ အမေရိကန်အစိုးရ ဝက်ဘ်ဆိုက်မှာ တရားဝင်အသိပေးဖော်ပြပါတယ်။
အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Uzra Zeya သည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း အိုးအိမ်မဲ့ ရိုဟင်ဂျာများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများကို ပံ့ပိုးရန် ဒေါ်လာ ၇၄ သန်းကျော် ပံ့ပိုးပေးရန် ထပ်မံကြေငြာခဲ့တယ်လို့ဖော်ပြပါတယ်။
"ရိုဟင်ဂျာများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၇၄ သန်းကျော်ကို မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းများအတွက် အမေရိကန်ပြည်ထောင်စုမှ ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်"လို့ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားရသည့် ရိုဟင်ဂျာများနှင့် အခြားလူများအတွက် အမေရိကန်၏ လူသားချင်းစာနာထောက်ထားမှု စုစုပေါင်းသည် ၂၀၁၇ ခုနှစ် သြဂုတ်လမှစပြီး အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံကျော် ရောက်ရှိခဲ့ပါတယ်။
"အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ပါတယ်။ ရိုဟင်ဂျာများအတွက် တာရှည်ခံသော အဖြေကို ရှာဖွေရန်နှင့် မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်ကို အဆုံးသတ်ရန် သင်၏ ဆက်လက်ပံ့ပိုးကူညီမှုသည် အရေးကြီးပါတယ်"လို့ NUGလူ့အခွင့်ရေးရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း Twitterမှာ မှတ်ချက်ပြုရေးသားထားပါတယ်။
========================
📌📌 ၆။ မင်းတပ်မြို့ ခလရ (၂၇၄) ရှိမြို့ဝင်ဂိတ်ရှိ စကစ များ နှင့်စစ်ဆေးရေးဂိတ်တစ်ခုရှိ စကစ တို့ကို CDFမင်းတပ်တိုက်ခိုက်၍ စကစ ဖက်မှ ၂ဦးသေဆုံး
ဇူလိုင်၁၄ရက်
ဇူလိုင်၁၄ရက်မှာ စစ်ရေးသတင်းကို CDFမင်းတပ်ကအခုလိုအသိပေးဆိုပါတယ်။
"ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ဇူလိုင်၁၃ရက်နံနက် ၆:၀၀နာရီ အချိန်မှစတင်ကာ၇:၃၀ထိ မင်းတပ်မြို့ ခလရ (၂၇၄) ရှိမြို့ဝင်ဂိတ်ရှိ စကစ များ နှင့် နံနက် ၁၀း၄၇ မှ ၁၁း၂၀ ထိစစ်ဆေးရေးဂိတ်တစ်ခုရှိ စကစ တို့အားသွားရောက်.တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် စကစ ဖက်မှ ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကာ CDFမင်းတပ်ဘက်မှအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခံတယ်လို့သိရပါတယ်။
========================
📌📌 ၇။ ဝမ်းတွင်းမြို့နယ် မြို့လယ်ခေါင်အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံးနှင့်မီးပွိုင်းအနီးတွင် သတင်းနှင့်စုံစမ်းရေး ရဲအုပ် သေနတ်နဲ့ပစ်ခံရ၍ သေဆုံး
ဇူလိုင်၁၄ရက်
ဇူလိုင်၁၃ရက်မှာ"မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြို့လယ်ခေါင်အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံးနှင့်မီးပွိုင်းအနီးတွင် အထူးသတင်းနှင့် စုံစမ်းရေး ရဲအုပ်သိန်းဇော်မိုး (၂ပွင့်) ဝမ်းတွင်းမြို့နယ်တွင်အကြီးဆုံး SB (Special Bracch)ကို ကျည်၂တောင့်သွင်း၍ WTRF (Wundwin Township Revolution Force)အဖွဲ့မှပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် အထူးသတင်းနှင့်စုံစမ်းရေး ရဲအုပ်မှာသေဆုံးခဲ့ပါတယ်။
ပြည်သူများ အသွားအလာ အနေအထိုင် ဂရုစိုက်ကြဖို့လည်းWTRF အဖွဲ့မှ မေတ္တာရပ်ခံထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment