15th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။"တော်လှန်ရေး နှစ်နှစ်ကျော်ကာလအထိ နိုင်ငံတကာ၏ ယုံကြည်မှုကိုမရရှိတဲ့စစ်ကောင်စီဟာ အမှားမျိုးစုံ ကျူးလွန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အကြမ်းဖက်စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား စစ်ရေးနည်းဗျူဟာအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုမှုမှာ ဆက်လက်ရှိ

နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၃။ NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် စခန်းငါးခုကတော်လှန်ရေးရဲဘော်များကို အသားဟင်းနှင့်ကျွေးမွေးဒါနပြု

📌 ၄။ ကန်ပက်လက်မြို့တွင် တပ်ဆွဲထားသော စကစတပ်များအား ညောင်ဦးခရိုင်ရင်း၂(ညောင်ရမ်း)နှင့်တူမီးတပ်ရင်း CDF ကန်ပက်လက်တို့ အတူပူးပေါင်းတိုက်ခိုက်

📌 ၅။ တန်ဆည်မြို့နယ် တစ်နေရာသို့ ယနေ့နံနက်  Mi35 တစ်စီးဖြင့် စကစဘက်က လေကြောင်းတိုက်ခိုက်

📌 ၆။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒရုန်းနဲ့ဗုံးသီးများကြဲချတိုက်ခိုက်

📌 ၇။ ဝက်လက်မြို့နယ်ရှိမ်းမကားရွာထဲရှိ စည်ပင်သာယာဈေးထဲတွင်ရှိသော ဆိုင်ခန်းများနှင့် လူနေအိမ်များကို စကစတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "တော်လှန်ရေး နှစ်နှစ်ကျော်ကာလအထိ နိုင်ငံတကာ၏ ယုံကြည်မှုကိုမရရှိတဲ့စစ်ကောင်စီဟာ အမှားမျိုးစုံ ကျူးလွန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇူလိုင်၁၅ရက်


ဇူလိုင်လ ၁၃ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့သည့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၈/၂၀၂၃)မှာ "တော်လှန်ရေး နှစ်နှစ်ကျော်ကာလအထိ နိုင်ငံတကာ၏ ယုံကြည်မှုကိုမရရှိတဲ့စစ်ကောင်စီဟာ အမှားမျိုးစုံ ကျူးလွန်နေတယ်လို့

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။


"တော်လှန်ရေး နှစ်နှစ်ကျော်ကာလအထိ နိုင်ငံတကာ၏ ယုံကြည်မှုကိုမရရှိဘဲ ပြည်တွင်း၌  ဖိအားမျိုးစုံ ကြုံတွေ့နေရသော စစ်ကောင်စီသည် ထွက်ပေါက်အနေဖြင့် အမှားမျိုးစုံ ကျူးလွန်နေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊  တော်လှန်ရေးအင်အားစုများ မျှော်မှန်းထားသော နိုင်ငံ၊ လူ့အသိုက်အဝန်းနှင့် အနာဂါတ်ကို ပြန်လည်ပိုင်ဆိုင် တည်ဆောက်နိုင်ရန်အတွက် လူထုအားနဲ့မလျော့တမ်း တက်ညီလက်ညီ ရုန်းကန်ကြရန်လိုအပ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


နယ်မြို့များမှာ စစ်အုပ်စုဟာ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးလာခဲ့ရာ နေအိမ်စုစုပေါင်းခုနစ်သောင်းကျော်ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား စစ်ရေးနည်းဗျူဟာအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုမှုမှာ ဆက်လက်ရှိ

နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဇူလိုင်၁၅ရက်


ဇူလိုင်၁၄ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်၍ Open Debate ကျင်းပပြုလုပ်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားလိုက်ပါတယ်။


"မြန်မာနိုင်ငံအပါအဝင် ဖြစ်စဉ်အများစုတွင် တရားဥပဒေစိုးမိုးမှု လုံးဝဥဿုံ ဆိတ်သုဉ်းသွားရခြင်းနှင့် အခြေခံဥပဒေနှင့်ဆန့်ကျင်သည့် အစိုးရအပြောင်းအလဲများကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ပဋိပက္ခများ မြင့်တက်လာမှုအရ အရပ်သားပြည်သူများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သိသိသာသာ ရင်ဆိုင်ကြုံတွေ့လာရကြောင်း၊   ဤနေရာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သည့် ပုံစံများမှာ ပိုမိုနက်ရှိုင်းလာကြောင်း၊ သို့သော် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား စစ်ရေးနည်းဗျူဟာအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုမှုမှာ ဆက်လက်ရှိနေကြောင်း"ဆိုပါတယ်။


ထို့ပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား စစ်ရေးနည်းဗျူဟာကိုအတိုက်အခံများအား ခြိမ်းခြောက်ရန်နှင့် အပြစ်ပေးရန် သာမက နိုင်ငံရေးအကြမ်းဖက်မှုတစ်ခုသဖွယ် အသုံးပြုလျက်ရှိကြောင်း သံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် စခန်းငါးခုကတော်လှန်ရေးရဲဘော်များကို အသားဟင်းနှင့်ကျွေးမွေးဒါနပြု


ဇူလိုင်၁၅ရက်


"လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း အခုလ ၁၇ ရက်နေ့ဟာ သူ့မွေးနေ့ပါ။သူ့မွေးနေ့အထိမ်းအမှတ် အညာတကြောကတော်လှန်ရေးရဲဘော်တွေကို ဝက်သားနဲ ထမင်းကျွေး ကုသိုလ်ပြုပါတယ်။ စခန်း ခုကို ကျွေးတာပါ"လို့ ဇူလိုင်လအတွင်းမှာ တော်လှန်ရေးဘက်တော်သား အင်အားစုအချို့ကအသိပေးဆိုထားပါတယ်။


NUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ယခင် မြန်မာနိူင်ငံမှာ လူ့အခွင့်အရေးကို အထူးပြုလှုပ်ရှားသူတစ်ဦးဖြစ်ပြီး လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများကို အစိုးရအဖွဲ့အနေနဲ့အပြစ်ပေးအရေးယူနိူင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ ကန်ပက်လက်မြို့တွင် တပ်ဆွဲထားသော စကစတပ်များအား ညောင်ဦးခရိုင်ရင်း၂(ညောင်ရမ်း)နှင့်တူမီးတပ်ရင်း CDF ကန်ပက်လက်တို့ အတူပူးပေါင်းတိုက်ခိုက်


ဇူလိုင်၁၅ရက်


"ဇူလိုင်၁၃ရက်နေ့တွင် ကန်ပက်လက်မြို့တွင် တပ်ဆွဲထားသော စကစတပ်များအား ညောင်ဦးခရိုင်ရင်း၂(ညောင်ရမ်း)နှင့်တူမီးတပ်ရင်း CDF ကန်ပက်လက်တို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။မနက်၁၁နာရီမှနေ.လည်၁နာရီထိ လက်နက်ကြီး ရှော့တိုက်ဒုံး ဒရုန်းဗုံးသီးများနှင့် တိုက်ခိုက်ခဲ့ပြီး၊ညနေ၃နာရီ အချိန်တွင် လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ ဇူလိုင်၁၅ရက်မှာ စစ်ရေးသတင်းကို (ညောင်ဦးခရိုင်တပ်ရင်း၂)ကအသိပေးဆိုပါတယ်။


 နှစ်ဖက်အပြန်အလှန်ပစ်ခဲ့ပြီး၊ကျည်မလုံလောက်မှုကြောင့် ကာကွယ်ရေးတပ်များပြန်လည်ဆုတ်ခွာခဲ့ကာ အကြမ်းဖက်စကစဖက်မှ ထိခိုက်ကျဆုံးမှုရှိပြီးစကစနှစ်‌ဦး ထွက်ပြေးကာ ကာကွယ်ရေးဘက်က ဒရုန်းတစ်စီးပျက်ကျခဲ့ပါတယ်။


========================


📌📌 ၅။ တန်ဆည်မြို့နယ် တစ်နေရာသို့ ယနေ့နံနက်  Mi35 တစ်စီးဖြင့် စကစဘက်က လေကြောင်းတိုက်ခိုက်


ဇူလိုင်၁၅ရက်


စစ်ကိုင်းတိုင်း တန်ဆည်မြို့နယ် တစ်နေရာသို့ ယနေ့နံနက် ရှစ်နာရီကျော်ခန့်က Mi35 တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ဂျက်ဖိုက်တာတစ်စီးလည်း စစ်ကိုင်းကိုဖြတ်၍ မြောက်သို့ ဦးတည်လာကြောင်းသိရပါတယ်လို့ ဇူလိုင်၁၅ရက်မှာ ဒီပဲယင်းမြို့နယ်‌ညီနောင်များအဖွဲ့ကအတည်ပြုဆိုထားပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုရှိ မရှိကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၆။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒရုန်းနဲ့ဗုံးသီးများကြဲချတိုက်ခိုက်


ဇူလိုင်၁၅ရက်


"ဇူလိုင်လ ၁၂ရက်နေ့၊ ညနေ ၃နာရီခွဲအချိန်ခန့်မှစ၍ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDO တပ်ရင်း၆၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတို့နှင့်ပူးပေါင်းကာ  Saw Dragon Drone Force - SDDF မှ တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။။စစ်ဆင်ရေးတွင် ရန်သူများကင်းပုန်းဝပ်နေသည့်နေရာ အချို့နှင့် ချောင်းနှစ်ခွရဲစခန်းအား ဗုံးသီး လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးများအားလုံး ပစ်မှတ်များအနီး ကျရောက်ပေါက်ကွဲခဲ့တယ်"လို့ ဇူလိုင်၁၅ရက်မှာ စစ်ရေးသတင်းကိုအတည်ပြုထားပါတယ်။


စစ်ဆင်ရေးမှာ  ၇နာရီခန့်တွင်ပြီးဆုံးခဲ့ပြီးကာကွယ်ရေးရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူအထိအခိုက်ကျဆုံးစာရင်းအား ဆက်လက်စုံစမ်းလျက်ရှိပါတယ်။


========================


📌📌 ၇။ ဝက်လက်မြို့နယ်ရှိမ်းမကားရွာထဲရှိ စည်ပင်သာယာဈေးထဲတွင်ရှိသော ဆိုင်ခန်းများနှင့် လူနေအိမ်များကို စကစတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး


ဇူလိုင်၁၅ရက်


ဇူလိုင်၁၄ရက် ည၁၂နာရီအချိန်မှာ စကစတပ်ဖွဲ့ဝင်များဟာ အရက်များသောက်စားမူးယစ်၍ သေနတ်များဖောက်ကာ မီးရှို့ခဲ့တာလို့ wetlet information networkကအတည်ပြု‌ ပြောဆိုထားပါတယ်။


"ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာတွင် အထိုင်ရှိနေသော စကစစခန်း စကစများသည် အရက်များ သောက်စားမူးရူး၍ စက်သေနတ်များ ၊လက်နက်ကြီးများ ၊သေနတ်များ ရမ်းသန်း ပစ်ခတ်ခဲ့ပြီ  ည၁၂နာရီခန့်တွင် ရွာ အနောက်ဘက် သဲဘုတ်ကုန်းတွင် နေထိုင်သော ပြည် သူနေ အိမ် ၃လုံးနှင့် တဲ ၂လုံးကို ခွေးများမှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီး၍ ရှိမ်းမကားရွာထဲရှိ စည်ပင်သာယာဈေးထဲတွင် ရှိသော ဆိုင်ခန်းများနှင့် လူနေအိမ်များကို အကြောင်းမဲ့ ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ပါတယ်"လိူ့ဆိုပါတယ်။


စကစတပ်များ မီးရှို့ဖျက်ဆီး၍ဆိုင်ခန်းနှင့် အိမ် ၃၃လုံးခန့်  မီးလောင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment