16th JUL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တရားမရှိ ရက်စက်ကြမ်းကြုတ်သော ရန်သူကို ရင်ဆိုင်နေရသည်မှာ မှန်သော်လည်း ဥပဒေနှင့်အညီ လောကပါလတရားကို အမြဲနှလုံးမူ လက်ကိုင်ထား ကျင့်သုံးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းတင်ပြ 

📌 ၃။ အကြမ်းဖက်သမားတွေဟာ တော်လှန်ရေးအင်အားစုစိတ်ဓါတ်တွေ ပြိုလဲကျရှုံးတာကို လိုချင်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး 

ဦးတင်ထွန်းနိုင်အသိပေး

📌 ၄။ "မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှာ ပြည်သူများ ရှယ်ယာဝယ်ယူထားတဲ့ ရန်ပုံငွေများဖြင့် အညာဒေသ စစ်ရှောင် ပြည်သူများကို ဆန်ရိက္ခာ၊ အစားအသောက်များနှင့် ယာယီအမိုးအကာများပံ့ပိုးပေးအပ်

📌 ၅။ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ဆို

📌 ၆။ ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင်စခန်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Sniper ဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ စကစ()ဦးသေ၊ ()ဦး ဒဏ်ရာအပြင်းအထန် ရရှိ

📌 ၇။ တစ်လက်ကိုကုန်ကျစရိတ် ကျပ်သုံးသိန်းရှိ 9mm semi auto သေနတ်များ ယက္ခညီနောင် PDF Mandalay စတင်မိတ်ဆက်

📌 ၈။ ချင်းပြည်နယ်က စစ်ဘေးရှောင်များအတွက် ရံပုံငွေ တေးဂီတဖျော်ဖြေပွဲကို သြစတြေးလျနိုင်ငံ Melbourne မြို့တွင် ကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားမရှိ ရက်စက်ကြမ်းကြုတ်သော ရန်သူကို ရင်ဆိုင်နေရသည်မှာ မှန်သော်လည်း ဥပဒေနှင့်အညီ လောကပါလတရားကို အမြဲနှလုံးမူ လက်ကိုင်ထား ကျင့်သုံးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


ဇူလိုင်၁၅ရက်

တရားမရှိ ရက်စက်ကြမ်းကြုတ်သော ရန်သူကို ရင်ဆိုင်နေရသည်မှာ မှန်သော်လည်း ဥပဒေနှင့်အညီ လောကပါလတရားကို အမြဲနှလုံးမူ လက်ကိုင်ထား ကျင့်သုံးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (/၂၀၂၃)ကို ကျင်းပရာမှာ ပြောပါတယ်။


"ကြားကာလဒေသ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသည့် နယ်မြေများတွင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးသည် အရေးပါသည့်ကဏ္ဍကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့သည် တရားမရှိ ရက်စက်ကြမ်းကြုတ်သော ရန်သူကို ရင်ဆိုင်နေရသည်မှာ မှန်သော်လည်း ဥပဒေနှင့်အညီ လောကပါလတရားကို အမြဲနှလုံးမူ လက်ကိုင်ထား ကျင့်သုံးကြရမည် ဖြစ်ကြောင်း၊ တော်လှန်ရေးကာလဖြစ်သည့်အတွက် မြေပြင်အဆင့်ဆင့် လက်တွေ့ အကောင်အထည်ဖော်ကြရာတွင် အာဏာသက်ရောက်မှု၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး စသဖြင့် အခက်အခဲများရှိနိုင်ကြောင်း၊ အခက်အခဲကြားများမှ ပြည်သူများအတွက် မျှတသော တရားရေးစနစ်ကို ဖော်ဆောင်ပေးရမည်မှာ မိမိတို့အစိုးရ၏တာဝန်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။


ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တရားစီရင်ရေးလုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် တရားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ နွေဦးတော်လှန်ရေးဘက်တော်သားများအားလုံး အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေကြကြောင်း၊ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာကြသော အဖွဲ့အစည်းများဖြစ်သည့်အလျောက် အားနည်းချက်များအား ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြမည်ဆိုပါက မျှော်မှန်းထားသည့် အောင်ပွဲကို ရရှိမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ကော်မတီအတွင်းရေးမှူး၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းတင်ပြ 


ဇူလိုင်၁၅ရက်

ဇူလိုင် ၁၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ရှင်းလင်းတင်ပြခဲ့ပါတယ်။


အစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း က "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြင်ဆင်ခြင်းလုပ်ငန်း၊ ကြားကာလအတွင်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ ဖက်ဒရယ်ပညာပေးလုပ်ငန်းများ၊  ပုံမှန်ပါဝင်ဆောင်ရွက်နေသည့် ကော်မတီနှင့် ကော်မရှင်များ၏လုပ်ငန်းများ၊ ဝန်ကြီးဌာန၏ လုပ်ငန်းများ နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များအား "ရှင်းလင်း ပြောကြားရာ တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပခဲ့ပြီး အလုပ်သမားရေးရာကော်မတီနှင့် NUCC ရေးရာကော်မတီများက  လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်သမားတွေဟာ တော်လှန်ရေးအင်အားစုစိတ်ဓါတ်တွေ ပြိုလဲကျရှုံးတာကို လိုချင်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေး


ဇူလိုင်၁၅

အကြမ်းဖက်သမားတွေဟာ တော်လှန်ရေးအင်အားစုစိတ်ဓါတ်တွေ ပြိုလဲကျရှုံးတာကို လိုချင်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး 

ဦးတင်ထွန်းနိုင်က ဇူလိုင်၁၅ရက် လူမှုကွန်ရက်မှာ အသိပေးပြောပါတယ်။


"အကြမ်းဖက်သမားတွေ လိုချင်တာက ကျနော်တို့စိတ်ဓါတ်တွေ ပြိုလဲကျရှုံးသွားစေချင်တာ။ သူတို့ ဖြစ်စေချင်သလို ဘယ်တော့မှ ဖြစ်ခွင့်မပေးရင် ကျနော်တို့ သေချာပေါက်နိုင်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


တော်လှန်ရေးနယ်မြေ ရှေ့တန်းတစ်နေရာမှ ဆေးကုသသည့် နေရာနဲ့ ဆေးအဖွဲ့အား စကစတပ်က အကြိမ်ကြိမ်တိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း ဆေးအဖွဲ့က ပြန်လည်ထူထောင်နိုင်သည့် စိတ်ဓာတ်ကို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က ချီးကျူးဂုဏ်ပြုစကားဆိုထားပါတယ်။


========================


📌📌 ၄။ "မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှာ ပြည်သူများ ရှယ်ယာဝယ်ယူထားတဲ့ ရန်ပုံငွေများဖြင့် အညာဒေသ စစ်ရှောင် ပြည်သူများကို ဆန်ရိက္ခာ၊ အစားအသောက်များနှင့် ယာယီအမိုးအကာများပံ့ပိုးပေးအပ်


ဇူလိုင်၁၅ရက်

"မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှာ ပြည်သူများ ရှယ်ယာဝယ်ယူထားတဲ့ ရန်ပုံငွေများဖြင့် အညာဒေသ စစ်ရှောင်ပြည်သူများကို ဆန်ရိက္ခာ၊ အစားအသောက်များနှင့် ယာယီအမိုးအကာများပံ့ပိုးပေးအပ်နေပြီလို့ ဇူလိုင်လအတွင်းမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးငိုင်တမ်းမောင်က အသိပေးဖော်ပြထားပါတယ်။


The End of Dictatorship အဖွဲ့ရဲ့ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှာ ပြည်သူများ ရှယ်ယာဝယ်ယူထားတဲ့ ရန်ပုံငွေများဖြင့် အကြမ်းဖက်စစ်ကောင်စီကြောင့် အိုးအိမ်များမီးရှို့ဖျက်ဆီးခံရလျက် ဘေးဒုက္ခရောက်နေကြသော ပြည်သူများကို ဆန်ရိက္ခာ၊ အစားအသောက်များနှင့် ယာယီအမိုးအကာများပံ့ပိုးပေးသည့် မှတ်တမ်းပုံအချို့လို့ ဆိုထားပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရား ရယူပိုင်ဆိုင်ထားတဲ့ ၆မိုင်ခွဲအင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့တာ၊ ဒေါ်လာ သန်းခန့် ရောင်းချခဲ့ပြီးဖြစ်ကာ လက်ကျန်အစုရှယ်ယာ သောင်း၊ တစ်စုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချ၍  အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမှာဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ဆို


ဇူလိုင်၁၅ရက်

စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။


"အကြမ်းဖက် စစ်ကောင်စီအနေနဲ့ မြေပြင်တိုက်ပွဲတွေမှာ ထိခိုက်မှုနဲ့ ဆုံးရှုံးမှုများတိုင်း အပြစ်မရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို Target ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဒီလို စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးယူမှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ကျနော့်အနေနဲ့ ကျနော်တတ်နိုင်သည့်ဘက်က အတတ်နိုင်ဆုံး ဆက်လက် ကြိုးစားသွားပါ့မယ်လို့ ပြောလိုပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၆။ ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင်စခန်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Sniper ဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ စကစ()ဦးသေ၊ ()ဦး ဒဏ်ရာအပြင်းအထန် ရရှိ


ဇူလိုင် ၁၅ 

 ဇူလိုင်၁၅ရက်မှာ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ သစ်ပုတ်တာဝါတိုင်စခန်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၂၀)ပါစစ်ကြောင်းကို မြောက်လယ်ကြီးနားအရောက်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ) မှ  Sniper တပ်ဖွဲ့က ဇူလိုင်လ(၁၄) ရက်နေ့ နံနက်(၁၀း၅၀)အချိန်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင် ()ဦး နေရာ၌ပင် သေဆုံးသွားခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြပါတယ်။


ထို့နောက် ရွာစဉ်လှည့်ပြီး ကျေးရွာနေ ပြည်သူများကို ဖမ်းဆီးကာ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ခိုးယူဖျက်ဆီးလျက် နတ်ကန်ရွာမှ လူသားတံတိုင်း ပြုလုပ်၍ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) အဖွဲ့() Tiger စစ်ကြောင်း၊ အဖွဲ့() လင်းယုန်စစ်ကြောင်းနှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ အဖွဲ့() Sniper တပ်ဖွဲ့တို့က ပူးပေါင်း၍ ဇူလိုင်လ (၁၄)ရက်နေ့ နေလယ်(၁း၃၀)အချိန်တွင် လက်ပံခုံကျေးရွာထိပ်အနီး ယာတဲတိုက်၌ ထပ်မံ၍ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဘက်မှ နေရာမှာတင် ပွဲချင်းပြီး()ဦးသေဆုံးခဲ့ပြီး ()ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်ငယ်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ တစ်လက်ကိုကုန်ကျစရိတ် ကျပ်သုံးသိန်းရှိ 9mm semi auto သေနတ်များ ယက္ခညီနောင် PDF Mandalay စတင်မိတ်ဆက်


တစ်လက်ကို ကုန်ကျစရိတ် ကျပ်သုံးသိန်းရှိ 9mm semi auto သေနတ်များ ယက္ခညီနောင် PDF Mandalay စတင်မိတ်ဆက်လိုက်ပါတယ်လို့ ယက္ခညီနောင် PDF Mandalayမှ ရဲဘော်တစ်ဦးက ဇူလိုင်၁၅ရက်မှာ ပြောပါတယ်။


"လုံခြုံရေးနဲ့ ရှင်းလင်းရေးအတွက် ရည်ရွယ်ထုတ်လုပ်တာပါ။ ပြီးခဲ့တဲ့၆လပိုင်းက ထုတ်တာပေါ့။ အားလုံး၁၀လက်ပါ။ တစ်လက်ကို ကျပ်သုံးသိန်းကုန်ကျစရိတ်ရှိပါတယ်"လို့ဆိုပါတယ်။


PDF စိုးမိုးနယ်မြေ မဟုတ်သော ကျေးလက်များတွင် ဗိုလ်ကျနေသော အုပ်ချုပ်ရေးမှူးများ စကစ သတင်းပေးများ တရားမဝင် အခွန် ကောက်ခံနေသူများ နှိမ်နင်းရန်အတွက် ထုတ်လုပ်ထားသော 9mm semi auto gun ဖြစ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ ချင်းပြည်နယ်က စစ်ဘေးရှောင်များအတွက် ရံပုံငွေ တေးဂီတဖျော်ဖြေပွဲကို သြစတြေးလျနိုင်ငံ Melbourne မြို့တွင် ကျင်းပမယ်


 ဇူလိုင်လ ၁၅ ရက်

ချင်းပြည်နယ်က စစ်ဘေးရှောင်များအတွက် ရံပုံငွေ တေးဂီတဖျော်ဖြေပွဲကို သြစတြေးလျနိုင်ငံ Melbourne မြို့တွင် ကျင်းပမယ်လို့ဇူလိုင်၁၅ရက်မှာ CRPH / NUG Support Group - Australiaက အသိပေးဖော်ပြပါတယ်။


မြန်မာနိုင်ငံ၌ အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲ၊ မီးရှို့တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ တိမ်းရှောင် ခိုလှုံနေရသော ချင်းပြည်နယ်မှ ပြည်သူများအတွက် ရံပုံငွေတေးဂီတဖျော်ဖြေပွဲ တစ်ခုကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် မဲလ်ဘုန်းမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်လို့ ဖော်ပြပါတယ်။


တေးဂီတ ဖျော်ဖြေပွဲအား CRPH / NUG Support Group - Australia ၏ပံ့ပိုးမှုဖြင့် ဩစတြေးလျနိုင်ငံရှိ ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများက ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment