18th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်နယူးယောက်ရှိမြန်မာပြည်သူများ ရင်းနှီးစွာ တွေ့ဆုံပွဲမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ၂၉၀၀၀ ကျော် လက်ခံရရှိ

📌 ၂။ စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်း တွေဖြစ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်နိူင်ပြီလို့ NUGကာကွယ်ရေးဝန်ကြီးဌာနကအသိပေး

📌 ၃။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန် - ခလယ်လမ်းတွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက်စစ်ကောင်စီတပ်များမှ ခရီးသည် တင်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ၁၇ ဦး ကျည်ထိဒဏ်ရာများရရှိ

📌 ၄။ မြင်းမူမြို့နယ် ထီးဆောင်းစခန်းသို့ အင်အားဖြည့်ရန် လာသော စစ်ကောင်စီ စစ်ကား စီး ကိုပဒေသာမိုင်းများဖြင့်တိုက်ခိုက်

📌 ၅။ ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အမှတ်  ၂၆၆ ခြေလျင်တပ်ရင်းမှ တပ်သားတစ်ဦးMA 1 သေနတ် လက်နဲ့အတူအလင်းဝင်လာ၍ ငွေကျပ် သိန်း ၅၀ ချီးမြှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်နယူးယောက်ရှိမြန်မာပြည်သူများ ရင်းနှီးစွာ တွေ့ဆုံပွဲမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ၂၉၀၀၀ ကျော် လက်ခံရရှိ


ဇူလိုင်၁၈


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်နယူးယောက်ရှိမြန်မာပြည်သူများ ရင်းနှီးစွာ တွေ့ဆုံပွဲမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ၂၉၀၀၀ ကျော်အား လက်ခံရရှိ၍ ကျေးဇူးတင် ဂုဏ်ပြုလွှာပြန်လည်ပေးပို့ခဲ့ကြောင်းကို ဇူလိုင်၁၈ရက်မှာ အမေရိကန်အခြေစိုက် NYCBCကအသိပေးဖော်ပြပါတယ်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်နယူးယောက်ရှိ မြန်မာပြည်သူများ ရင်းနှီးစွာတွေ့ဆုံပွဲကို၊ ဇူလိုင်လ ရက်နေ့တွင် နယူးယောက် Queens အရပ်ရှိ ပီတိဂေဟာ ခမ်းမတွင် မနက် ၁၁နာရီမှ နေ့လည် နာရီထိ ဝန်ကြီး၏ လုပ်ဆောင်နေမှု့နဲ့လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် မြန်မာမိသားစုမျာ၏ မေးမြန်းချက်များကိုလည်း ဝန်ကြီးမှ အကျယ်တဝန့် ပြန်လည်ဖြေကြားခဲ့ပြီး ထိုပွဲမှ လူသားချင်းစာနာထောက်ထားရေးအတွက်၊ တက်ရောက်လာကြသော မြန်မာမိသားစုများမှ ထည့်ဝင်ငွေစုစုပေါင်းအမေရိကန်ဒေါ်လာ၂၉၂၀၀ရရှိခဲ့ပါတယ်။


 အဆိုပါလှူဒါန်းရရှိငွေအပေါ်ပြည်ထောင်စုဝန်ကြီး မှ နယူးယောက်မှ မြန်မာမိသားစုများအား၊ အထူးကျေးဇူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာအားပြန်လည်ပေးပို့ခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်း တွေဖြစ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်နိူင်ပြီလို့ NUGကာကွယ်ရေးဝန်ကြီးဌာနကအသိပေး


ဇူလိုင်၁၈ရက်


စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်း တွေဖြစ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်နိူင်ပြီလို့ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဦးမောင်မောင်ဆွေ ကပြောပါတယ်။


ဇူလိူင်၁၇ရက်ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကဆိုပါတယ်။


"အခုအချိန်မှာဆိုလို့ရှိရင် ပြည်သူလူထုရဲ့ စုပေါင်းညီညာမှုနဲ့အတူ ထိုးစစ်တွေကိုတစ်နိူင်ငံလုံးအနှံမှာ စတင်နေနိူင်ပြီ။တိုင်းရင်းသားဒေသတွေပါမက ပြည်မနေရာဒေသတော်တော်များများမှာ ကွက်ပြည့်နင်းတဲ့ဗျူဟာအရ ၂၀၂၃ခု နှစ်မှာထိုးစစ်တွေနဲ့အတူ ချေမှုန်းတိုက်ခိုက်နိူင်ပါတယ်။စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်း တွေဖြစ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်တာ၊စကစရဲ့ အထိုင်စခန်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့မဝါမိတ်တပ်ပေါင်းစုတွေကချေမှုန်းတိုက်ခိုက်တာတွေကို နိူင်ငံအနှံ့မှာ ခပ်စိပ်စိပ်အောင်ပွဲတွေ တွေ့လာနိူင်ပါပြီ"လို့ဆိုပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ

အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း တိုက်ပွဲပေါင်း (၄၃၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၆၁၂) ဦး သေဆုံး၍ (၇၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၇)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၃။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန် - ခလယ်လမ်းတွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက်စစ်ကောင်စီတပ်များမှ ခရီးသည် တင်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ၁၇ ဦး ကျည်ထိဒဏ်ရာများရရှိ


ဇူလိုင်လ (၁၈) ရက်


ဇူလိုင်၁၈ရက်မှာ သတင်းနှင့်ပြန်ကြားရေးဌာန_စစ်ဒေသခွဲအမှတ်၃ က အခုလို အသိပေးဖော်ပြပါတယ်။


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြစိမ်းရောင်လမ်းမ(ပုလိန် - ခလယ်လမ်း)ပေါ်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်း (၁၆)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် နာရီ ၅၄ မိနစ်အချိန်မှစ၍ ညနေ နာရီ ၃၇ မိနစ်အချိန်အထိ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံးကာ ၁၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်)ရရှိခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကားသမားအပါအဝင် ခရီးသည် ၁၉ ဦး ပါဝင်သော ခရီးသည်တင်ယာဉ်တစ်စီးသည် ကားလမ်းမ ဟိုဘက်၊ ဒီဘက်ပစ်ခတ်နေသည့် တိုက်ပွဲအကြား ဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အပစ်ရပ်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အဆိုပါကားအား ပစ်ခတ်ခဲ့ရာ အရပ် သားပြည်သူ ဦး သေဆုံးခဲ့ပြီး ကျန် ၁၇ ဦးမှာ ကျည်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ မြင်းမူမြို့နယ် ထီးဆောင်းစခန်းသို့ အင်အားဖြည့်ရန် လာသော စစ်ကောင်စီ စစ်ကား စီး ကိုပဒေသာမိုင်းများဖြင့်တိုက်ခိုက်


ဇူလိုင်၁၈ရက်


ဇူလိုင်၁၇ရက် :၄၅ နာရီအချိန် စစ်ကိုင်း - မုံရွာလမ်းပိုင်းပေါ်  ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Moe Nyo Revolution Force MNRFကဖော်ပြပါတယ်။


"စစ်ကိုင်း တပ်မ  (၃၃ ) ကနေ မြင်းမူမြို့နယ် ထီးဆောင်းစခန်းသို့ အင်အားဖြည့်ရန် လာသော စစ်ကောင်စီ စစ်ကား စီး ကို  ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ :၄၅ နာရီအချိန် စစ်ကိုင်း - မုံရွာလမ်းပိုင်းပေါ်  ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားမှာ Moe Nyo Revolution Force MNRF နှင့် PENTAGRAM မဟာမိတ်ညီနောင်များမှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


မြင်းမူမြို့နယ် ထီးဆောင်းရှိ ယာယီစခန်း အင်အားဖြည့်လာချိန်တွင် ကင်းပုန်းများ အခြေနေကြောင့် မိုင်းကွင်းနား မကပ်နိုင်ပဲ၊ အပြန် တွင်ရှေ့ဆုံးနှစ်စီးအား မိုင်း ၁ဝလုံး ဖြင့် တိုက်ခဲ့ရာ ရန်သူ့ဘက်က စစ်သားများ ထိခိုက်သေဆုံးမှုတွေရှိနိူင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အမှတ်  ၂၆၆ ခြေလျင်တပ်ရင်းမှ တပ်သားတစ်ဦးMA 1 သေနတ် လက်နဲ့အတူအလင်းဝင်လာ၍ ငွေကျပ် သိန်း ၅၀ ချီးမြှင့်


ဇူလိုင်၁၈ရက်


ဇူလိုင်လ ၁၇ ရက်နေ့တွင်  ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အမှတ်  ၂၆၆ ခြေလျင်တပ်ရင်းမှ တပ်သားတစ်ဦးသည်  MA 1 သေနတ် လက်၊ ကျည်အိမ် ခု ကျည်ဆန် ၁၂၆ တောင့်နှင့်အတူ အလင်းဝင်လာကြောင်းCDFဟားခါးကဆိုပါတယ်။


ချင်းပြည်နယ်မှာ ဖေဖော်ဝါရီ ()ရက်က စကစတပ်သားနှစ်ဦး၊ ဖေဖော်ဝါရီ(၂၆)ရက်က စကစတပ်သားတစ်ဦး၊ ဇန်နဝါရီ(၂၅)ရက်က စကစ တပ်သားတစ်ဦး လက်နက်နဲ့လာရောက် ခိုလုံခဲ့တယ်လို့ CDF -ဟားခါးက ဖော်ပြထားပါတယ်။


အလင်းဝင်လာတဲ့ ယင်းတပ်သားကို သိန်း ၅၀ ဆုချီးမြှင့်ကာ လုံခြုံရာနေရာသို့ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment