၂၀၂၃ ဇူလိုင်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီရဲ့ လေတပ်ဟာ တဖြည်းဖြည်းနဲ့ အင်အားချိနဲ့လာပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
📌 ၂။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ခွန်းစောဖူးအား ဂုဏ်ယူကြောင်း CRPHထုတ်ပြန်
📌 ၃။ PRA တပ်မတော်ဆီကလက်နက်များ ဝယ်ယူရန် ပြည်သူမှ လှူဒါန်းထားသော ထိုင်း-ဘတ်ငွေ (၆၈၅,၀၀၀)မြန်မာငွေ သိန်း ၇၀၀ ခန့် လိမ်လည်သွား
📌 ၄။ ၂၀၂၃ခုနှစ်ခြောက်လအတွင်း နေအိမ်အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရမှု အားလုံးရဲ့ ၇၂ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာများဖြစ်နေ
📌 ၅။ ဆက်လက်ပြီး မကြေးမုံ ပေးပို့လာတဲ့ ပြည်တွင်းစီးပွာရေးကျဆင်းမှုက ဆန်သိုလှောင်ကြိတ်ခွဲမှုလုပ်ငန်းကို တရားမဝင် လုပ်ငန်းဖြစ်လာစေတယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးချင်ပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီရဲ့ လေတပ်ဟာ တဖြည်းဖြည်းနဲ့ အင်အားချိနဲ့လာပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
ဇူလိုင်၂၉
ဇူလိုင်၂၈ရက်ကျင်းပတဲ့“ မြိုင်မြိုင်ဆိုင်ဆိုင် ၃ ခရိုင် “ ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလိုပြောကြားလိုက်ပါတယ်။
"စစ်ကောင်စီရဲ့ လေတပ်ကိုကြည့်မယ်ဆိုရင် တ
ဖြည်းဖြည်းနဲ့ အင်အားချိနဲ့လာတာတွေ့ရတယ်။အဲဒီလိုပြောလို့ မြေပြင်မှာ ဗုံးတွေကြဲနေပေမယ့် ဗုံးကြဲချတဲ့ ကြိမ်ရေအရေအတွက်နည်းလာတာကို ကျနော်တို့တွေ့ရတယ်။ကျနော်တို့မှာ အချက်အလက်တွေရှိတယ်။အဲဒီအချက်အလက်တွေအရပြောရချင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
ရုရှားမှ စစ်ကောင်စီ ဝယ်ယူထားသော လေယာဥ်များမှာ မွမ်းမံစစ်ဆေးခြင်းကို မပြုလုပ်နိူင်တော့ဘဲ လေယာဥ်ပျံသန်းမှုနာရီပြည့်၍ အချိန်မရွေးပျက်ကျနိူင်သည့်အခြေအနေတွင်ရှိနေပြီး စကစရဲ့လေယာဥ်မောင်းသူများပင် မမောင်းနှင်ရဲတော့ကြောင်း သိရပါတယ်။
"သူတို့ရဲ့ လေတပ်အင်အားချိနဲ့လာချိန်မှာ ကျနော်တို့ဘက်က ဒရုန်းတွေနေရာအနှံတပ်ဆင်လာနိူင်တယ်။ မြို့နယ်တစ်မြို့နယ်မှာ ဒရုန်းဆယ်စင်းလောက်တပ်ဆင်နိူင်မယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးက ရက်ပိုင်းအတွင်းတောက်နိူင်သွားနိူင်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။
========================
📌📌 ၂။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ခွန်းစောဖူးအား ဂုဏ်ယူကြောင်း CRPHထုတ်ပြန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ခွန်းစောဖူးအား ဂုဏ်ယူကြောင်း CRPH Twitter မှာ ရေးသားဖော်ပြအသိပေးထားပါတယ်။
"ဂုဏ်ယူပါတယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် မစ္စတာခွန်းစောဖူး"လို့ဆိုထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့်အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ခွန်းစောဖူးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်ဇူလိုင်၂၈ရက်က ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။
========================
📌📌 ၃။ PRA တပ်မတော်ဆီကလက်နက်များ ဝယ်ယူရန် ပြည်သူမှ လှူဒါန်းထားသော ထိုင်း-ဘတ်ငွေ (၆၈၅,၀၀၀)မြန်မာငွေ သိန်း ၇၀၀ ခန့် လိမ်လည်သွား
ဇူလိုင်၂၉
PRA တပ်မတော်ဆီကလက်နက်များ ဝယ်ယူရန် ပြည်သူမှ လှူဒါန်းထားသော ထိုင်း-ဘတ်ငွေ (၆၈၅,၀၀၀)မြန်မာငွေ သိန်း ၇၀၀ ခန့် လိမ်လည်သွားတယ်လို့ ဇူလိုင်၂၈ရက်မှာ ပြည်သူ့တော်လှန်ရေးတပ်မတော်မှ ဗိုလ်ဂျပန်က အသိပေးဖော်ပြထားပါတယ်။
အဆိုပါငွေကြေး လိမ်လည်သူမှာ တိုင်းရင်းသားတော်လှန်ရေးနယ်မြေတွင်နေထိုင်သူ ဒေးလေစိုး (ခ)ဖိုးချစ်ဆိုသူဖြစ်ကြောင်းဖော်ပြပါတယ်။
ထိုငွေများမှာ (မမများနဲ့ ပွဲကမယ် ပရောဂျက်)ကနေ ၆၀-မမ ဝယ်ယူရန်ရရှိထားတာဖြစ်ပါတယ်။ အခုလို ပြည်သူကနေ လှူဒါန်းထားတဲ့ ငွေတွေကို အလွဲသုံးစားလုပ်တာကို လုံးဝကို ခွင့်မပြုနိုင်ပါဘူး ။ အခုဖြစ်နေတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းကူညီပေးဖို့ KNU အဖွဲ့အစည်းကြီး နှင့် တော်လှန်ရေး အင်အားစု အသိုင်းဝိုင်းများကိုလဲ အကူညီတောင်းခံပါတယ်"လို့ PRAကဗိုလ်ဂျပန်ကဆိုပါတယ်။
========================
📌📌 ၄။ ၂၀၂၃ခုနှစ်ခြောက်လအတွင်း နေအိမ်အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရမှု အားလုံးရဲ့ ၇၂ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာများဖြစ်နေ
ဇူလိုင်၂၉
"စစ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ဒီပမာဏထဲက ၃၀ ရာခိုင်နှုန်းနီးပါး (၂၄,၁၃၈ လုံးထက်မနည်း) ဟာ ၂၀၂၃ ခုနှစ် ခြောက်လအတွင်း ဖြစ်ခဲ့တာပါ။ နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးခံခဲ့ရမှု အားလုံးရဲ့ ၇၂ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေ ဖြစ်ကြပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါစစ်ကိုင်းတိုင်းတွင်းက အရေအတွက်ဟာ ၅၉,၂၂၅ လုံးထက်မနည်း ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခံရမှု ဒုတိယအများဆုံးဒေသက မကွေးတိုင်းဖြစ်ပြီး နေအိမ်၊အဆောက်အအုံ ၁၂,၅၅၀ လုံးထက် မနည်း မီးရှို့ခံခဲ့ရပါတယ်။ တတိယအများဆုံးက ကရင်ပြည်နယ်အတွင်းဖြစ်ပြီး ၂,၁၆၁ လုံးထက်မနည်း ရှိခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
📌📌 ၅။ ဆက်လက်ပြီး မကြေးမုံ ပေးပို့လာတဲ့ ပြည်တွင်းစီးပွာရေးကျဆင်းမှုက ဆန်သိုလှောင်ကြိတ်ခွဲမှုလုပ်ငန်းကို တရားမဝင် လုပ်ငန်းဖြစ်လာစေတယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးချင်ပါတယ်။
၂၀၂၁ခုကနေ ဆုတ်ယုတ်လာတဲ့မြန်မာ့စီးပွားရေးလုပ်ငန်းတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်စပါးလုပ်ငန်းကိုအလုံးအရင်းနဲ့ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြပါတယ်။ စပါးပေါ်ချိန်မှာ ပေါက်ဈေးအတိုင်းပေးဝယ်ကြပြီး အလုံးအရင်းနဲ့သိုလှောင်ကြပြီးတဲ့နောက် ဆန်လိုအပ်ချိန်မှာ ကြိုက်ဈေးတင် ရောင်းလာကြ တဲ့အတွက် ဈေးကွက်အတွင်းမှာ ဆန်ပြတ်လပ်တာတွေဖြစ်လာပါတယ်။ ဒါကြောင့် ဆန်သိုလှောင်မှု လုပ်ငန်းမှာ မှတ်ပုံတင်ရတာတွေ၊ စစ်ဆေးခံရတာတွေဖြစ်လာပြီး အဲ့ဒီလိုမဆောင်ရွက်ပါက တရားမဝင်ဆန်သိုလှောင်တဲ့လုပ်ငန်းအဖြစ် သတ်မှတ်လာတယ်လို့ သိရပါတယ်။ လတ်တလောမှာ စပါးအထွက်နှုန်းကောင်းဖို့ တောင်သူ၊ ကုန်သည်နဲ့ စက်ပိုင်တွေပူးပေါင်းဆွေးနွေးနေတာတွေရှိပြီး ဆန်သိုလှောင်မှုလုပ်ငန်းကိုမှတ်ပုံတင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ရောက်သူ ဆန်ပြည်ပတင်ပို့သူ တစ်ဦးကပြောပါတယ်။
“ အဓိကပြည်တွင်းဆန်ဈေးမြင့်နေတာက စိုက်ပျိုးတဲ့နေရာကနေ စတာပေါ့။ စိုက်ဧက ဘယ်လောက်စိုက်ပြီးတော့မှ အထွက်နှုန်းဘယ်လောက်ထွက်ပြီး တော့မှ လူဦးရေက ဘယ်နှသန်းရှိရင်ဘယ်လောက်စားပြီးတော့ ပိုလျှံတာကို ပြည်ပပို့ တာပေါ့နော်။ အဲ့လို လုပ်တဲ့အခါမှာ အထွက်နှုန်းကလည်းလျော့တွက်ထားတယ်။ စိုက်ဧက ကလည်းပဲ လျှော့ တွက်ထားတဲ့ကြားထဲက ပြည်တွင်းဆန်ဈေးကမြင့်ပြီးတော့မှ ဆန်က ရှင်းရှင်းပြောရ ရင် ဆန်ကပျောက်လိုက်လာတာပေါ့။ အဲ့တော့ သူကဘယ်ကိုပြန်လှည့် လာလဲဆိုတော့ ဆန် ကိုတရားမဝင်သိုလှောင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ မနေ့က အဲ့ဒီ အလုပ်ရုံ ဆွေးနွေးပွဲလုပ်တဲ့ သဘောပဲ ”
ဇွန်လ ၃၀ရက်နေ့ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ၂၀၂၃ခုနှစ်အတွက် ခြောက်လတာ မြန်မာ့ စီးပွားရေးသုံးသပ်ချက်အစီရင်ခံစာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့အငြိမ်းစားအတိုင်ပင်ခံ ဖြစ်သူ ဒေါက်တာဇော်နိုင်ငံက လက်ရှိမြန်မာ့စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီး ဘီဘီ စီသတင်းဌာနကိုအခုလိုပြောကြားထားပါတယ်။
“ ကျွန်တော်တို့ပြန်ပြီးတော့ သုံးသပ်ကြည့်ရင် ၂၀၂၁ခုနှစ်တပ်က အာဏာယူပြီး တဲ့ နောက်ပိုင်းမှာ တိုင်းပြည်အခြေအနေက ကျီးလန့်စာစားနေရတဲ့အခြေအနေဖြစ်နေတော့ စီးပွားရေးတွေကလည်း ကမောက်ကမ ဖြစ်နေတာပါပဲ။ အဲ့ဒီတော့ စီးပွားရေးတွေ၊ လူမှုရေးတွေ ကမော်ကမဖြစ်နေပါတဲ့ တိုင်းပြည်ထဲမှာ နေရာတော်တော်များများမှာ မငြိမ်သက်မှုတွေ တိုက်ပွဲတွေဖြစ်နေသလို စီးပွားရေးကဏ္ဍမှာလည်း မျိုးစုံကမောက်ကမတွေတွေ့ကြုံနေရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လည်းတော်တော်များများပြန်ကြတယ်။ နောက်ကိုဗစ်အရှိန်နဲ့ အခုနိုင်ငံရေး အကြပ်အ တည်းအရှိန်တွေကြောင့် ကုန်ထုတ်လုပ် ငန်းတွေလည်းနှေးကွေးသွားပြီးတော့ ပို့ကုန်တွေ လည်းလျော့ကျတယ် ”
ဆန်စပါးလုပ်ငန်းမှာ ငွေလုံးငွေရင်းနဲ့ လတ်တလော အကျိုးအမြတ်ကြောင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံသူတွေကိုထိန်းချုပ်ဖို့အတွက် ဆန်သိုလှောင်ကြိတ်ခွဲမှုအပေါ်မှာ တင်းကြပ် လာတာကို မိရိုးဖလာဆန်စပါးလုပ်ငန်းလုပ်ကိုင်သူတွေက စိုးရိမ်နေကြပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment