2nd JUL 2023 - Evening Daily News by Radio NUG



၂၀၂၃ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မွန်ပြည်နယ်အတွင်းရှိ ခုခံရေးအင်အားစုများလည်း ထိုးစစ်ဆင်နွှဲ‌နေသည့်အတွက် စစ်အာဏာရှင်တို့၏ အာဏာချုပ်ကိုင်မှုကို တုန်လှုပ်စေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုများ တွေ့ဆုံ

📌 ၃။ ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း (၃၃၉) ကျင်းတူးဖော်ပေးခဲ့ပြီး စုစုပေါင်းဗုံးခိုကျင်း (,၁၇၅) ကျင်းဆောင်ရွက်ပေးခဲ့

📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် () စစ်ဒေသဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်ရဲဘော်များ၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့

📌 ၅။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် ဘုရားကုန်းတွင်စခန်းချ၍တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်ဗုံးကျဲချ

📌 ၆။ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် သရက်တန်းရွာရှိ စကစအဖွဲ့အား ဒရုန်းဗုံးသီး၂လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့၍ စကစလေးဦးထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မွန်ပြည်နယ်အတွင်းရှိ ခုခံရေးအင်အားစုများလည်း ထိုးစစ်ဆင်နွှဲ‌နေသည့်အတွက် စစ်အာဏာရှင်တို့၏ အာဏာချုပ်ကိုင်မှုကို တုန်လှုပ်စေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇူလိုင်၂


ဇူလိုင်လအတွင်းမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်း၏Twitter၌စစ်အာဏာရှင်တို့၏ အာဏာချုပ်ကိုင်မှုကို တုန်လှုပ်စေသည့်အကြောင်းနှင့်ပတ်သက်ပြီး အခုလို ရေးသားထားပါတယ်။


မွန်ပြည် နယ်တွင် ခုခံရေး အင်အားစုများ လည်း ထိုးစစ်ဆင်လျက် ရှိပါတယ်။ စိန်ခေါ်မှုများရှိနေသော်လည်း စစ်အာဏာရှင်တို့၏ အာဏာချုပ်ကိုင်မှုကို တုန်လှုပ်စေပါတယ်။ ရေးမြို့နှင့် အခြားမြို့နယ်များရှိ SAC ရုံးများအားလုံးနီးပါးကို ပိတ်လိုက်ခြင်းသည် ကျွန်ုပ်တို့၏ အောင်မြင်ပြီး တသမတ်တည်း တိုက်ခိုက်မှုများအတွက် သက်သေပြနေပါတယ်"လို့ဆိုပါတယ်။


 မွန်ပြည်နယ်ရေးမြို့တွင် ရေးဘီလူးအဖွဲ့၊ ရေးပြောက်ကျားတပ်ဖွဲ့ စတဲ့တော်လှန်ရေးအင်အားစုများဟာ အကြမ်းဖက်စစ်တပ်ကိုမကြာခဏအထိနာ ကျဆုံးစေလျက်ရှိပါတယ်။


========================


📌📌 ၂။ နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုများ တွေ့ဆုံ


ဇူလိုင်၂ရက်


ဇူလိုင် ၁ရက်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ တွေ့ဆုံ၍ သိရှိလိုသည့်အကြောင်းအရာများကိုဖြေကြားပေးခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ယူတီကာမြို့တော်ဝန် ကိုယ်စားလှယ် Marques Phillips မှ ဂုဏ်ပြုစကားပြောကြားပြီး သံအမတ်ကြီးအတွက် ယူတီကာမြို့တော်ဝန် ဂုဏ်ပြုမှတ်တမ်းကိုပေးအပ်ခဲ့ပါတယ်။


ထို့နောက်  Munson Museum မှ တာဝန်ခံ John Murphy, Redeemer International Church မှ Pastor Paul Schilling, UKC မှကိုယ်စားလှယ် Daniel, Senator Kirsten Gillibrand ကိုယ်စား ၎င်း Deputy Director Isabella Moo-Garcia တို့တက်ရောက်ပြီး သံအမတ်ကြီးနှင့် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုများကို ကြိုဆိုနှုတ်ခွန်းစကားများပြောကြားခဲ့ကြပါတယ်။


တက်ရောက်လာသော ဧည့်ပရိတ်သတ်များ၊ နွေဦးတော်လှန်ရေးထောက်ပို့ မိသားစုများကို သံအမတ်ကြီးမှ ကျေးဇူးတင်စကားနှင့်အတူ တော်လှန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့တယ်။


========================


📌📌 ၃။ ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း (၃၃၉) ကျင်းတူးဖော်ပေးခဲ့ပြီး စုစုပေါင်းဗုံးခိုကျင်း (,၁၇၅) ကျင်းဆောင်ရွက်ပေးခဲ့


ဇူလိုင်၂


ဇူလိုင်၁ရက်နေ့မှာ ဗုံးခိုကျင်းများတူးဖော်ပေးနေသည့်အကြောင်းနှင့်ပတ်သက်ပြီး  NUG လူသားစာနာဝန်ကြီးဌာနက အခုလို အသိပေးဖော်ပြပါတယ်။


ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း (၃၃၉) ကျင်းတူးဖော်ပေးရာ  စုစုပေါင်းဗုံးခိုကျင်း (,၁၇၅) ကျင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအချိန်အထိလည်း ဆက်လက်တူးဖေါ်ဆောင်ရွက်လျှက်ရှိပါတယ်။ ဗုံးခိုကျင်းများ တူးဖော်ပေးရာတွင် ပါဝင်ခဲ့ကြတဲ့ တစ်ဦးတယောက်ချင်းစီကို ကျေးဇူးတင်ဂုဏ်ပြုပါတယ်"လို့ဆိုထားပါတယ်။


ဒါ့အပြင်မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ကျောင်းများတည်ရှိရာဒေသများတွင် လေကြောင်းရန်နှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် "CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဥ်ဖြင့် ရန်ပုံငွေရှာဖွေပြီး ဗုံးခိုကျင်းများတူးဖော်ပေးရာ (၈၃၆) ကျင်းတူးဖော်ပေးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် () စစ်ဒေသဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်ရဲဘော်များ၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့


ဇူလိုင်၂ရက်


ဇူလိုင်လ () ရက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် () စစ်ဒေသဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်ရဲဘော်များ၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းမှအသိပေးဆိုပါတယ်။


နယ်မြေလုံခြုံရေးအရ နေရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်ရဲဘော်များ၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါတယ်လို့ဆိုပါတယ်။


 တပ်ဖွဲ့ဝင်ရဲဘော်များအနေဖြင့် အမှတ် () စစ်ဒေသ ဂန့်ဂေါခရိုင်၏ ခရိုင်ကွပ်ကဲမှုအောက်တွင် စနစ်တကျဖွဲ့စည်းပြီး စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။


"ပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် လူငယ်များ၏ ပြင်းပြသော တော်လှန်လိုစိတ်ကို ကြိုးစား၍ ဖြည့်ဆည်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းကဆိုထားပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် ဘုရားကုန်းတွင်စခန်းချ၍တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်ဗုံးကျဲချ


ဇူလိုင်၂ရက်


"ဇူလိုင်၁ရက်နေ့ည ၇နာရီ၁၅မိနစ်ခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် ဘုရားကုန်းတွင် စခန်းချ၍တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်ဗုံးကျဲချခဲ့ပါတယ်။၎င်းတိုက်ခိုက်မှုတွင် စကစဘက်က ၁၃ဦးနိဂုံးဆုံး၍အများအပြားဒဏ်ရာရရှိခဲ့ပါတယ်လို့ Eagle Guerrilla Forceကအတည်ပြုဆိုပါတယ်။


စကစများဘက်မှ  sniper ဖြင့်ပြန်လည်ပစ်ခတ်ခဲ့၍ ဒရုန်းအသုံးပြု၍ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


၎င်းစစ်ကောင်စီတပ်သားများသည် ဇွန်လ ၂၆ရက်နေ့၌ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာအား စစ်ကြောင်းထိုး၍ပြည်သူ့တော်လှန်ရေးရဲဘော်၁၄ယောက်အား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ပါတယ်။ 


၎င်းတိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ ကျောက်ဆည်ခရိုင်တပ်ရင်း- (နဂါးနီတပ်ရင်း) ၊ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့(လေသရဲဒရုန်းတပ်ဖွဲ့)  ဆားထောင်မိုးကြိုး နှင့် ရွှေဘိုခရိုင်တပ်ရင်း ၁၅ (တပ်ခွဲ ) Eagle- ပျောက်ကြားတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၆။ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် သရက်တန်းရွာရှိ စကစအဖွဲ့အား ဒရုန်းဗုံးသီး၂လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့၍ စကစလေးဦးထိခိုက်ဒဏ်ရာရ


ဇူလိုင်၂ရက်


ဇူလိုင်၂ရက်နေ့မှာ စစ်ရေးသတင်းကို အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်းက အခုလိုအသိပေးဆိုပါတယ်။


"ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မြို့နယ် သရက်တန်းရွာရှိ စကစ အဖွဲ့အား ဒရုန်းဗုံးသီး၂လုံး ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စကစလေးဦး ထိခိုက်ခဲ့ပြီး တဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း သိရှိရပါတယ်"လို့ဆိုပါတယ်။


ဇွန်လ၂၂ရက်နေ့ကလည်းဒရုန်းအဖွဲ့နှင့်ပူးပေါင်းအဖွဲ့ မှ ဒရုန်းအဖွဲ့များဖြင့် အုတ်ဖြတ်တံတားရှိ ရန်သူ့အစောင့်စခန်းများအား ဒရုန်းဖြင့်  သွားရောက်တိုက်ခိုက်ခဲ့ရာ စကစနှင့်ရဲ‌၂ဦးသေဆုံး၊၂ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး၊၅ဦးမှာ သာမန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment