28th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တီမောလက်စတေးသံရုံးမှ သံရုံးယာယီခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းမှာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ ပြုမူနေကျ မလျော်ကန်သည့် ဥပဒေမဲ့ပြုကျင့်မှုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၂။ NUGအစိုးရ၏ နိုင်ငံခြားရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပမည်

📌 ၃။ ရန်ကုန်-မော်လမြိုင် အမြန်လမ်းတွင် စကစကားတန်းကို တောကျီးကန်းနှင့် KNLA ပူးပေါင်းအဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ရာ စကစကားတစ်စီး ပျက်စီး

📌 ၄။ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ  ကားလမ်းမဘေးရှိ စကစစစ်ဆေးရေးဂိတ်အား ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ရဲတစ်ဦးသေဆုံးကာ G3သေနတ်တစ်လက်သိမ်းဆည်းရမိ

📌 ၅။ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကန်ပက်လက်မြို့နယ် ကျန်းမာရေးဝန်ထမ်းဝန်ထမ်းအယောက်၆၀ ကိုအမည်ပျက်စာရင်းကြေညာ

📌 ၆။ The Way ရဲ့ Sticker တွေကို Telegram နှင့် Signal တို့မှာ အခမဲ့အသုံးပြုနိုင်ပြီ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တီမောလက်စတေးသံရုံးမှ သံရုံးယာယီခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းမှာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ ပြုမူနေကျ မလျော်ကန်သည့် ဥပဒေမဲ့ပြုကျင့်မှုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်


သြဂုတ်လ၂၈ရက်


အကြမ်းဖက်စစ်အုပ်စုမှ တီမောလက်စတေး သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ နှင်းထုတ်ခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရမှ သြဂုတ်လ၂၈ ရက်တွင် အခုလိုထုတ်ပြန်ကြေညာခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားမပြုသည့် တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် တီမောလက်စတေးနိုင်ငံတော်နှင့် ပြည်သူများအား ကိုယ်စားပြုလျက် မြန်မာနိုင်ငံတွင် သံတမန်ရေးရာ တာဝန်များထမ်းဆောင်နေသည့် သံရုံးယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ရက်နေ့ မတိုင်မီ မြန်မာနိုင်ငံမှ အပြီးထွက်ခွာသွားရန် ဖိအားပေးခဲ့ကြောင်း သိရှိရပါတယ်လို့ဖော်ပြပါတယ်။


နိုင်ငံတော်၏ အာဏာကို ဥပဒေဘောင်ပြင်ပမှ လက်နက်အားကိုးဖြင့် အဓမ္မရယူထားသော တရားမဝင် အဖွဲ့အစည်းအနေဖြင့် နိုင်ငံတော်၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်များအပေါ်  ဆုံးဖြတ်ဆောင်ရွက်ခွင့် ရှိမည်မဟုတ်ပါကြောင်း သိစေအပ်ပါသည်။ နိုင်ငံတော်၏ နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ကိစ္စရပ်များအပေါ် ဆုံးဖြတ်ဆောင်ရွက်နိုင်သော အခွင့်အာဏာသည် မြန်မာပြည်သူလူထုနှင့် ၎င်းတို့မှ ရွေးကောက် တင်မြှောက်ထားသည့် တရားဝင်အစိုးရ၌သာ တည်ရှိပါတယ်လို့ဆိုပါတယ်။


 မြန်မာနိုင်ငံရှိ တီမောလက်စတေးသံရုံးမှ သံရုံးယာယီခံအား ယခုကဲ့သို့ မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းမှာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ ပြုမူနေကျဖြစ်သော မလျော်ကန်သည့် ဥပဒေမဲ့ပြုကျင့်မှုသာ ဖြစ်ပါတယ်လို့ဆိုပါတယ်။


ဒီမိုကရေစီ အခြေခံမူဝါဒများနှင့် စံနှုန်းများ၊  တရားဥပဒေစိုးမိုးမှုနှင့် လူသားဂုဏ်သိက္ခာတို့ကို တန်ဖိုးထားသည့် တီမောလက်စတေးနိုင်ငံ၏ ရပ်တည်ချက်အား အထူးလေးစား ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ၄င်းရပ်တည်ချက်သည် အများစံနမူနာထားသင့်သည့် ရပ်တည်ချက်ဖြစ်ကြောင်းလည်း ဖော်ပြအပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ NUGအစိုးရ၏ နိုင်ငံခြားရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပမည်


သြဂုတ်လ၂၈ရက်


နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က နိုင်ငံခြားရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ၂၉ ရက်( အင်္ဂါနေ့) မြန်မာစံတော်ချိန် ညနေ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း  သြဂုတ်လ၂၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရမှ အသိပေးဖော်ပြပါတယ်။


သတင်းစာရှင်းလင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာနှင့် သတင်းဌာနများမှတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၃။ ရန်ကုန်-မော်လမြိုင် အမြန်လမ်းတွင် စကစကားတန်းကို တောကျီးကန်းနှင့် KNLA ပူးပေါင်းအဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ရာ စကစကားတစ်စီး ပျက်စီး


သြဂုတ်လ၂၈ရက်


သြဂုတ်လ၂၇ရက် မွန်းလွဲ၁၂နာရီ၂၅အချိန်တွင် ရန်ကုန်-မော်လမြိုင် အမြန်လမ်းမတွင် စကစကား စီးနှင့်အင်အား ၁၀၀ နီးပါးကို တောကျီးကန်း စစ်ကြောင်းနှင့် KNLA ပူးပေါင်းအဖွဲ့ တို့မှပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်္ဂဘို ကျေးရွာ ဒေါင်းတောင်ကုန်းအနီး၊ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမတွင် စကစကား ၅စီး အင်အား ၁၀၀ နီးပါး ကို တောကျီးကန်း စစ်ကြောင်းနှင့် KNLA ပူးပေါင်းအဖွဲ့တို့မှ သတင်းအရ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးပြီး စကစ ဘက်က အထိနာ၍ အနီးနားရှိ အင်္ဂဘိုရွာထဲသို့ ပစ်ခတ်မှုများ ပြုလုပ်သဖြင့် ရွာအတွင်း ပျက်စီးမှုများဖြစ်ကာ ရွာသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် ပျက်စီးသွားသော စစ်ကားကို ပြန်လည် ဆွဲယူသွားပြီး စကစဘက်မှထိခိုက်သေဆုံးမှုများကြောင်း ကနဦးသတင်းအရသိရှိရသော်လည်း သေဆုံးမှုအရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၄။ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ  ကားလမ်းမဘေးရှိ စကစစစ်ဆေးရေးဂိတ်အား ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ရဲတစ်ဦးသေဆုံးကာ G3သေနတ်တစ်လက်သိမ်းဆည်းရမိ


သြဂုတ်လ ၂၆ရက် မွန်းလွဲပိုင်း၂ နာရီ ၄၅ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့နယ်၊  တွင်းငယ်ရွာ မိုးမိတ်တက် ကားလမ်းမဘေးရှိ စကစ စစ်ဆေးရေးဂိတ်အား  သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ ရဲဘော်များမှ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ဂိတ်စောင့် ရဲတစ်ဦးဒဏ်ရာရကာ တစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ G3 တစ်လက်အား သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကန်ပက်လက်မြို့နယ် ကျန်းမာရေးဝန်ထမ်းဝန်ထမ်းအယောက်၆၀ ကိုအမည်ပျက်စာရင်းကြေညာ


သြဂုတ်လ၂၈ရက်


သြဂုတ်လ ၂၈ရက်မှာ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အခုလိုအသိပေးဖော်ပြပါတယ်။


ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊CDM/ Non-CDM စုံစမ်းစစ်ဆေး‌ရေးကော်မတီ၏ တွေ့ရှိချက်အရကျန်းမာ‌ရေးဌာနမှ ဝန်ထမ်းများ သည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမည်ပျက်ဝန်ထမ်းများအဖြစ် ကြေညာလိုက်တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းသော ကန်ပက်လက်မြို့နယ်၊ ဌာနဆိုင်ရာအသီးသီးမှ Non-CDMများကို အမည်ပျက်စာရင်းတွင်ထည့်သွင်း၍ ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီးNon-CDM စာရင်းတွင် ပါဝင်သော CDM ဝန်ထမ်းများရှိပါက ခိုင်လုံသော အထောက်အထားဖြင့် CDM/ Non- CDM  စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ The Way ရဲ့ Sticker တွေကို Telegram နှင့် Signal တို့မှာ အခမဲ့အသုံးပြုနိုင်ပြီ


သြဂုတ်လ၂၈ရက်


"The Way ကို ဝန်းရံခဲ့သူများအတွက် The Way Team ထံမှ လက်ဆောင်လေးပါ။ The Way မှာ ပါဝင်ခဲ့တဲ့ အရေးပါတဲ့ Character တခုချင်းစီနဲ့အတူ Character တွေကို ပေါ်လွင်စေတဲ့ သီချင်းစာသားလေး တွေကိုပါ တွဲဖက်ပေးထားပါတယ်။ သက်ရှိ Character တွေအပြင် သက်မဲ့ Character တွေကိုပါ ထည့်သွင်းထားတာကလည်း ဒီ Sticker Pack လေးရဲ့ ထူးခြားမှုပါပဲ။Sticker Pack လေးတွေထဲက Character တွေအကြောင်းကို သိချင်ရင်တော့ ကမ္ဘာ့မြို့အသီးသီးမှာ ပြသမယ့် “The Way” Musical Film ကို ကြည့်ရှုဖို့ The Way Team မှ ဖိတ်ခေါ်ပါရစေ။The Way ရဲ့ ချစ်စရာ Sticker လေးတွေကို Telegram နှင့် Signal တို့မှာ အခမဲ့အသုံးပြုနိုင်ပါပြီ"လို့သြဂုတ်လ၂၈ရက်မှာ The Wayကအသိပေးဖော်ပြထားပါတယ်။


Sticker Pack ကို Install လုပ်နိုင်မယ့် Link တွေကို The way Face bookComment မှာ ချထားပေးပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment