30th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ လက်နက်ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေကို အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၃။ NUGအစိုးရတောင်းဆိုနေတဲ့ နယ်ပယ်တွေကို နိုင်ငံတကာက ဖိအားပေးဆောင်ရွက်ပါက နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးမြောက်အောင်မြင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော

📌 ၄။ စစ်ကောင်စီရဲ့ တစ်နှစ်ကို တစ်ဘီလီယံဝင်တဲ့ MOGE လုပ်ငန်းကို ဥရောပဘက်က ပိတ်ဆို့အရေးယူသော်လည်း အမေရိကန်ကျန်ရှိနေသေးပြီး ဆက်လက်ဆောင်ရွက်တိုက်တွန်းမယ်လို့ NUGနိုင်ငံခြားရေးဒုဝန်ကြီးဆို

📌 ၅။ ပြည်ပမွေးစာရင်းလက်မှတ်ထုတ်ပေးရာမှာ ဝန်ဆောင်စရိတ်အဖြစ် ကောက်ခံနေတဲ့ အမေရိကန်ဒေါ်လာ ၁၀ ဖြေလျော့ပေးနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ

📌 ၆။ လူသားချင်းစာနာမှုအကူအညီများအား လိုအပ်သူများထံရောက်ရှိဖို့ NUGအပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ယန္တရားတစ်ခုကိုတည်ဆောက်သွားဖို့လိုအပ်

📌 ၇။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF 2.0 အစီအစဥ်အသစ်အရ ထောက်ပို့သော ငွေများကို ပြည်သူ့ကာကွယ်ရေးတပ်များကို စားနပ်ရိက္ခာအတွက် အဓိထားပြီး ပိုလျှံလာသော ငွေကြေးများကို လက်နက်တပ်ဆင်မယ်လို့ဆို

📌 ၈။ ပုလဲမြို့နယ် အင်မထီးကျေးရွာ စစ်ဘေးရှောင် အိမ်ထောင်စု ( ၁၃၀ )အား The End of Dictatorship ( E O D ) အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်းရေး ပရောဂျက်မှ ရရှိသည့် ရန်ပုံငွေများနှင့် မိုးကာအချပ်ရေ ( ၁၃ဝ )ကို ထောက်ပံ့ကူညီ

📌 ၉။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၉ ရက်နေ့အထိ ကရင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် (၃၇) ဦး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား


သြဂုတ်လ၂၉ရက်

သြဂုတ်လ၂၉ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၉ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကအခုလိုပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ တော်လှန်ရေးဟာ စစ်မျက်နှာမျိုးစုံကို ဖွင့်လှစ်ပြီး တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ တော်လှန်ရေးစစ်မျက်နှာဆိုတာ စစ်ရေးတစ်ခုတည်းမဟုတ်ပါဘူး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍတွေဟာ တော်လှန်ရေးရဲ့ အရေးပါတဲ့ စစ်မျက်နှာတွေဖြစ်ကြပါတယ်။ စစ်မျက်နှာအားလုံးမှာ ကျွန်တော်တို့ဟာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ကျွန်တော်တို့ ပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင်နွေဦးတော်လှန်ရေးဟာ အရှိန်ရလာတာနဲ့အမျှ နိုင်ငံတကာရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ အခြေအနေကို ရောက်ရှိနေပြီ ဆိုတာ အလေးထားကြဖို့ကိုလည်း ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ လက်နက်ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေကို အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို


သြဂုတ်လ၂၉ရက်

လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေကို အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်တယ်လို့ သြဂုတ်လ၂၉ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၉/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တစ်ခါတရံ တော်လှန်ရေးအင်အားစုများဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာလည်း လက်ရှိ ဆင်နွှဲနေရတဲ့ တော်လှန်ရေးရဲ့ အရင်းအမြစ်ပြဿနာက ဘာလဲဆိုတာကို မေ့လျော့ပြီး လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ်မျိုးတွေ၊ အနိုင်အထက်ပြုကျင့်လိုသူ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတတ်ပါတယ်။ အဲဒီလို လူတချို့ရဲ့ ပြုမူဆောင်ရွက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်ရတာ စိုးရိမ်မှုများ ရှိနေတာမျိုးလည်း ကြားသိရပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဝန်ကြီးဌာနတွေအနေနဲ့ အဆင့်ဆင့် အမိန့်ပေးစနစ်၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကျစ်လစ်သောစုဖွဲ့မှုတွေ ရှိလာဖို့၊ ပြဿနာတွေ ရှိလာရင်လည်း လျင်မြန်စွာ ဖြေရှင်းဖို့ အင်မတန် အရေးကြီးမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်သူကို လုံခြုံနွေးထွေးအောင် ကာကွယ်ပေးရမယ့် တာဝန်ကို ယူထားကြသူများ ဖြစ်ပြီးတော့ ကာကွယ်ပေးရမယ့်သူတွေက လမ်းကြောင်းလွဲလာပါက တော်လှန်ရေးအတွက်ထိခိုက်မှုလည်းရှိနိုင်တယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ NUGအစိုးရတောင်းဆိုနေတဲ့ နယ်ပယ်တွေကို နိုင်ငံတကာက ဖိအားပေးဆောင်ရွက်ပါက နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးမြောက်အောင်မြင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော


သြဂုတ်လ၂၉ရက်

သြဂုတ်လ၂၉ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရှေ့လုပ်ငန်းစဉ်များနဲ့ပက်သက်သော  သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားပါတယ်။


"ဘယ်နိုင်ငံ ဘယ်သူ့ရဲ့အကူအညီမှ မရယူဘဲနဲ့ ကျွန်မတို့ပြည်သူလူထုဆီကရတဲ့ ထည့်ဝင်ငွေတွေနဲ့ပဲ ဒီတော်လှန်ရေးဟာ ဒီအထိရောက်ရှိလာတာဖြစ်ပါတယ်။ နိုင်ငံတကာကသာ ထပ်လောင်းပြီး ဒီထက့်ပိုပြီး ထိထိရောက်ရောက် ကျွန်မတို့တောင်းဆိုနေတဲ့ နယ်ပယ်၊ ဧရိယာတွေမှာသာ ထိထိရောက်ရောက်ဖိအားပေးလိုက်မယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးက စောစောပြီးမယ်။ စစ်အာဏာရှင်စနစ်ပြုတ်ကျပြီးတော့ လူထုခံစားနေရတဲ့ ဒုက္ခတွေ အမြန်ဆုံးသက်သာနိုင်မှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းများအားလုံး နေပြည်တော်သို့ စီမံချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာသိရှိအောင် မြေပြင်ဖြစ်ပေါ်တိုးတက်မှုများအား ရှင်းလင်းပြောကြားပေးလျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ တစ်နှစ်ကို တစ်ဘီလီယံဝင်တဲ့ MOGE လုပ်ငန်းကို ဥရောပဘက်က ပိတ်ဆို့အရေးယူသော်လည်း အမေရိကန်ကျန်ရှိနေသေးပြီး ဆက်လက်ဆောင်ရွက်တိုက်တွန်းမယ်လို့ NUGနိုင်ငံခြားရေးဒုဝန်ကြီးဆို


သြဂုတ်၂၉

သြဂုတ်လ၂၉ရက်မှာ ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရှေ့လုပ်ငန်းစဉ်များနဲ့ ပက်သက်သော  သတင်းစာရှင်းလင်းပွဲမှာ NUGနိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက အခုလိုပြောပါတယ်။


"နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုကို ပြောရမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုက အရေးကြီးတဲ့ အခန်းကဏ္ဍာမှာ ရှိပါတယ်။ ဒီလိုပိတ်ဆို့အရေးယူပေးတဲ့ နိုင်ငံတွေကိုလည်းကျေးဇူးတင်ပါတယ်။ အခုဆို စစ်ကောင်စီရဲ့ တစ်နှစ်ကို တစ်ဘီလီယံဝင်တဲ့ MOGEပေါ့။ဒါဆိုရင် ဥရောပဘက်က အရေးယူတာရှိတယ်။ ဒါပေမယ့်အမေရိကန်ကျန်ရှိသေးတယ်။ ဘဏ်တွေအရေးယူမှုတော့ အမေရိကန်ကရှိတယ်။ အဲဒီတော့ MOGEက ကျန်တယ်။ ဒါလည်း ဆက်လက်ဆောင်ရွက်တိုက်တွန်းရမှာပါ"လို့ ဆိုပါတယ်။


လက်ရှိမှာ အမေရိကန်အစိုးရဟာ စကစရဲ့ နိုင်ငံခြားဝင်ငွေအဓိက စီးဆင်းတဲ့ MFTBဘဏ်နှင့် MICBဘဏ်တို့ကိုပိတ်ဆို့အရေးယူခဲ့ပါတယ်။


========================


📌📌 ၅။ ပြည်ပမွေးစာရင်းလက်မှတ်ထုတ်ပေးရာမှာ ဝန်ဆောင်စရိတ်အဖြစ် ကောက်ခံနေတဲ့ အမေရိကန်ဒေါ်လာ ၁၀ ဖြေလျော့ပေးနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ


သြဂုတ်၂၉ရက်

သြဂုတ်လ၂၉ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ပမွေးစာရင်းလက်မှတ်ထုတ်ပေးရာ၌ ဝန်ဆောင်စရိတ်အဖြစ် ကောက်ခံနေတဲ့ အမေရိကန်ဒေါ်လာ ၁၀  ဖြေလျော့ပေးနိုင်ရေးအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခူထဲဘူးက တင်ပြခဲ့ပါတယ်။


အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခူထဲဘူးက ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဆောင်ရွက်နေတဲ့ ပြည်ပမွေးတိုးလက်မှတ်ထုတ်ပေးရာမှာ ဝန်ဆောင်စရိတ်အဖြစ် ကောက်ခံနေတဲ့ အမေရိကန်ဒေါ်လာ ၁၀ (သို့မဟုတ်) ယင်းငွေပမာဏနဲ့ ညီမျှတဲ့ ကျပ်ငွေပေးသွင်းစေခြင်းအား ဖြေလျော့ပေးနိုင်ရေးကိစ္စတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ Federal Democracy Charter Promotion တင်ပြခြင်း ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ လူသားချင်းစာနာမှုအကူအညီများအား လိုအပ်သူများထံရောက်ရှိဖို့ NUGအပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ယန္တရားတစ်ခုကိုတည်ဆောက်သွားဖို့လိုအပ်


သြဂုတ်လ၂၉ရက်

လူသားချင်းစာနာမှုအကူအညီများအားလိုအပ်သူများထံရောက်ရှိဖို့ NUGအပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ယန္တရားတစ်ခုကိုတည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


"လူသားချင်းစာနာမှုအကူအညီတွေ စစ်တပ်ကနေတဆင့် နိုင်ငံတကာက အကူအညီပေးနေတာဟာ တကယ်လိုအပ်တဲ့လူတွေဆီမရောက်ဘဲနဲ့အဆိပ်ပင်ရေလောင်းတဲ့သဘောကိုဖြစ်နေပါတယ်။ ဒါကြောင့် NUG တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ မြေပြင်မှာရှိတဲ့သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေ အားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ ယန္တရားတစ်ခုကိုတည်ဆောက်သွားဖို့လိုပါတယ်။ အဲဒီလိုအကူအညီပေးတဲ့အခါမှာလည်း နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးကို ထည့်သွင်းစဥ်းစားဖို့လိုပါတယ်"လို့ဆိုပါတယ်။


လက်ရှိတွင် ၁၅. သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်လျက်ရှိပြီး . သန်းခန့်သော ပြည်သူများမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်လာခဲ့ရပါတယ်။


မြန်မာနိုင်ငံအတွင်း ကလေးသူငယ်များမှာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရကြောင်းနှင့် WFP အချက်အလက်များအရ အသက် () နှစ်အောက် ကလေးငယ် () ဦးလျှင် () ဦးနှုန်းဖြင့် ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရပြီး () ရာခိုင်နှုန်းမှာ အာဟာရချို့တဲ့လာကြောင်းသိရပါတယ်။


========================


📌📌 ၇။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF 2.0 အစီအစဥ်အသစ်အရ ထောက်ပို့သော ငွေများကို ပြည်သူ့ကာကွယ်ရေးတပ်များကို စားနပ်ရိက္ခာအတွက် အဓိထားပြီး ပိုလျှံလာသော ငွေကြေးများကို လက်နက်တပ်ဆင်မယ်လို့ဆို


သြဂုတ်လ၂၉ရက်

သြဂုတ်လ၂၉ရက် PRF2.0 သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန စီမံ ဘဏ္ဍာမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကြားကပြောပါတယ်။


"အခုလက်ရှိကတော့ ထောက်ပို့တပ်သား ခန့်မှန်းနှစ်သောင်းပတ်ဝန်းကျင်လောက်ရှိပါမယ်။ PRFဆိုတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ PDFကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေကို စားနပ်ရိက္ခာဖူလုံအောင်ထောက်ပံ့မယ်။ စားနပ်ရိက္ခာဖူလုံလို့ ထောက်ပို့ငွေဟာ ပိုလျှံရင် လက်နက်ခဲယမ်းဖြည့်တင်းပါမယ်။ အခု PRF2.0အစီအစဥ်သစ်မှာဆိုရင် ထောက်ပို့တပ်သားတစ်ဦးတစ်ယောက်ချင်းစီကို ကာကွယ်ရေးဝန်ကြီးဌာနဘက်ကဆက်သွယ်ပါမယ်။ နောက်ပြီးPRFထောက်ပို့တပ်သားဟာ သူတစ်လပေးသွင်းရမယ့် ဒေါ်လာ၂၀၊ ထိုင်းဘတ်ငွေဆိုရင်၃၀၀ပေါ့။ ငွေကြေးထောက်ပို့တာနဲ့ပြီးသွားပြီလားဆိုရင် သူ့ကို စည်းရုံးရေးတာဝန်ကိုပါပေးမှာဖြစ်ပါတယ်။ စက်တင်ဘာလကနေ အစီအစဥ်သစ်ကိုစတင်ပါမယ်"လို့ဆိုပါတယ်။


ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဥ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဧပြီလ အထိ၊ (၁၇) လတာ ကာလအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း ရရှိခဲ့ပါတယ်။


ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု . (PRF 2.0) အစီအစဥ်အသစ်အတွက် ထောက်ပို့တပ်သားကတ်များ ထုတ်ပေးရာတွင်လည်း မည်သည့်ဒေသအတွက် ထောက်ပံ့ပို့ဆောင်နေသည့် တပ်သားဖြစ်ကြောင်းကိုလည်း ကတ်ပြားတွင် တစ်ပါတည်း ဖော်ပြပေးသွားမည်ဖြစ်ကာ ထောက်ပို့တပ်သားကတ်တွင် ပါဝင်သည့် QR Code ကို အသုံးပြုဖတ်ရှုသောအခါတွင် မိမိထောက်ပို့ခဲ့သည့် မှတ်တမ်းကိုလည်း ပြန်လည်ကြည့်ရှုနိုင်မည့် အပြင် လစဥ်မပြတ် ထောက်ပို့ခဲ့သော ထောက်ပို့တပ်သားများကိုလည်း ထူးချွန်သော ထောက်ပို့တပ်သားဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များကို ထောက်ပို့တပ်သားကဒ်တွင် ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ ပုလဲမြို့နယ် အင်မထီးကျေးရွာ စစ်ဘေးရှောင် အိမ်ထောင်စု ( ၁၃၀ )အား The End of Dictatorship ( E O D ) အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်းရေး ပရောဂျက်မှ ရရှိသည့် ရန်ပုံငွေများနှင့် မိုးကာအချပ်ရေ ( ၁၃ဝ )ကို ထောက်ပံ့ကူညီ


သြဂုတ်လ၂၉ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးကျေးရွာ စစ်ဘေးရှောင် အိမ်ထောင်စု ( ၁၃၀ )အား The End of  Dictatorship ( E O D ) အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်းရေး ပရောဂျက်မှ ရရှိသည့်ရန်ပုံငွေများနှင့် မိုးကာ အချပ်ရေ ( ၁၃ဝ )ကို ထောက်ပံ့ကူညီခဲ့တယ်လို့ သြဂုတ်လ၂၉ရက်မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။


"ပုလဲမြို့နယ် အင်မထီးကျေးရွာ စစ်ဘေးရှောင် အိမ်ထောင်စု ( ၁၃၀ )အား The End of  Dictatorship ( EOD ) အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်းရေး ပရောဂျက်နွေဦးအိမ်ယာရောင်းချမှုစီမံကိန်းက ရရှိသည့် ရန်ပုံငွေမှ ( ၁၅ ' × ၁၅ ' ) ပတ်လည် မိုးကာ အချပ်ရေ ( ၁၃ဝ ) ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့ပါတယ်"လို့ဆိုပါတယ်။


ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၉။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၉ ရက်နေ့အထိ ကရင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် (၃၇) ဦး သေဆုံးခဲ့


သြဂုတ်လ၂၉ရက်

သြဂုတ်လ၂၉ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို ဖော်ပြအသိပေးပါတယ်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၉ ရက်နေ့အထိ ကရင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၃၇) ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။


ထို့ပြင် ၎င်းကာလအတွင်း ကရင်ပြည်နယ်၌ စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ (၁၃) ဦးရှိပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ () ဦး ရှိပါတယ်။


ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းတံတားအနီး၌ အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်အုပ်စုက ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမနှင့် လက်နက်ငယ်များ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မန်းမြင့်ကျော်မှာ လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment