30th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီဟာ ၄င်းတို့အုပ်ချုပ်မှုအောက်မှာ လည်ပတ်နေတဲ့ ဘဏ်စနစ်ကိုပင် ယုံကြည်စိတ်ချမှု မရှိတော့ဘူးလို့ ယာယီသမ္မတပြောကြား

📌 ၂။ လက်နက်အကူအညီရရှိမှုမရှိသေးဘဲ လက်နက်များအနောက်နိူင်ငံမှတင်သွင်းနေတယ်လို့ NUGအစိုးရကို ပုံဖျက်သတင်းလွှင့်မှုများဟာ အိမ်နီးနားချင်းနိူင်ငံတွေကို စိုးရိမ်မှုကြီးစေတယ်လို့ နိူင်ငံခြားရေးဝန်ကြီးပြောကြား 

📌 ၃။ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ UN မှာမြန်မာပြည်ကိုယ်စားပြုအတွက် တရားဝင်ဆက်ခန့်ဖို့ စက်တင်ဘာ၁၆ရက်နေ့ အမေရိကန်ပြည်ထောင်စုရှိ UN ရုံးအရှေ့မှာ စုဝေးဆန္ဒထုတ်ဖော်မည်

📌 ၄။ မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲ()နေရာဖြစ်ပွားပြီး စကစမှ ဂျက်လေယာဉ်နှင့်ဗုံးကြဲမှုအပါအဝင်လက်နက်ကြီး အလုံး ၆၀ ကျော်ဖြင့်ပစ်ခတ်

📌 ၅။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများကို စကစတပ်များယနေ့မနက်ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူများမိုးထဲရေထဲစစ်ဘေးရှောင်နေရ

📌 ၆။ ရန်ကုန်တိုင်းအတွင်းစစ်ကောင်စီလက်အောက်ခံ ရဲစခန်းများကို အဝေးထိန်းမိုင်းများနဲ့ဖောက်ခွဲ

📌 ၇။ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အရပ်သား ၇၂ ဦးအထက် အဓမ္မ ပျောက်ဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်သည့် အစီရင်စာများကို လက်ခံရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ကထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီဟာ ၄င်းတို့အုပ်ချုပ်မှုအောက်မှာ လည်ပတ်နေတဲ့ ဘဏ်စနစ်ကိုပင် ယုံကြည်စိတ်ချမှု မရှိတော့ဘူးလို့ ယာယီသမ္မတပြောကြား


သြဂုတ်လ၃၀ရက်


ဩဂုတ် (၂၉) ရက်တွင်ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ကောင်စီဟာ ၄င်းတို့အုပ်ချုပ်မှုအောက်မှာ လည်ပတ်နေတဲ့ ဘဏ်စနစ်ကိုပင် ယုံကြည်စိတ်ချမှု မရှိတော့ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားပါတယ်။


"ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းကို ယုံကြည်စွာရပ်တည်ပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတခုဖြစ်တယ်ဆိုတာကို သက်သေပြရမှာဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဟာ သူတို့အုပ်ချုပ်မှုအောက်မှာ လည်ပတ်နေတဲ့ ဘဏ်စနစ်ကိုတောင် ယုံကြည်လုံခြုံ စိတ်ချမှု မရှိတော့ဘဲ ပုဂ္ဂလိက ဘဏ်တွေအပေါ် ဝေဖန်ပစ်တင်တာ အရေးယူဖို့ လုပ်ဆောင်နေတာ တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ နိူင်ငံခြားငွေများလက်ဝယ်ကိုင်ဆောင်ခွင့်ကို စကစဟာ အကန့်အသတ်နဲ့ပိတ်ပင်လိုက်ပြီး NUGရဲ့ မြန်မာ့နွေဦးဘဏ်မှာတော့ အမေရိကန်ဒေါ်လာနဲ့ထိုင်းဘတ်ငွေ၊ စင်ကာပူဒေါ်လာတို့ကို လိုသလောက်ဝယ်ယူသိမ်းဆည်းခွင့်တို့ကိုခွင့်ပြုပေးထားပါတယ်။


========================


📌📌 ၂။ လက်နက်အကူအညီရရှိမှုမရှိသေးဘဲ လက်နက်များအနောက်နိူင်ငံမှတင်သွင်းနေတယ်လို့ NUGအစိုးရကို ပုံဖျက်သတင်းလွှင့်မှုများဟာ အိမ်နီးနားချင်းနိူင်ငံတွေကို စိုးရိမ်မှုကြီးစေတယ်လို့ နိူင်ငံခြားရေးဝန်ကြီးပြောကြား 


သြဂုတ်လ၃၀ရက်


သြဂုတ်လ၂၉ရက်တွင်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရှေ့လုပ်ငန်းစဉ်များနှင့်ပက်သက်သော  သတင်းစာရှင်းလင်းပွဲမှာ NUGအစိုးရကို ပုံဖျက်သတင်းလွှင့်မှုများနှင့်ပတ်သက်၍ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ အခုလို‌ပြောကြားခဲ့ပါတယ်။


"အထူးသဖြင့်အိမ်နီးနားချင်းနိူင်ငံတွေက ကျမတို့ရဲ့တော်လှန်ရေးဟာ သူတို့ကိုချိန်းခြောက်မှု မဖြစ်ဘူးဆိုတာ သေချာစေဖို့လိုတယ်။ကျမတို့တို့ကို ပုံဖျက်နေတာရှိတယ်။အနောက်ကနေတင်သွင်းတာ။ ဟိုနိူင်ငံက တင်သွင်းတာ၊ ဒီနိူင်ငံကတင်သွင်းတာဆိုတာ အိမ်နီးနားချင်း နိူင်ငံတွေကို စိုးရိမ်မှုကြီးစေပါတယ်။ဒီလိုမျိုးမဖြစ်အောင်လည်း ကျမတို့လုပ်ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိူင်ငံတကာသို့ စစ်လက်နက်အကူအညီရရှိရေးအကူအညီများတောင်းထားပြီး လူသားချင်းစာနာမှု အကူအညီအချို့သာ ရရှိသေးကြောင်းသိရပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ UN မှာမြန်မာပြည်ကိုယ်စားပြုအတွက် တရားဝင်ဆက်ခန့်ဖို့ စက်တင်ဘာ၁၆ရက်နေ့ အမေရိကန်ပြည်ထောင်စုရှိ UN ရုံးအရှေ့မှာ စုဝေးဆန္ဒထုတ်ဖော်မည်


သြဂုတ်လ၃၀ရက်


မကြာမီ စက်တင်ဘာလကို ရောက်လာပြန်ပါဦးမယ်၊ United Nations ရဲ့မပြတ်သားမှုဟာ တစ်နှစ်လည်းမဟုတ်၊ နှစ်နှစ်လည်းမဟုတ်၊ သုံးနှစ်မြောက်ကိုရောက်လာပါပြီ။အပြစ်မဲ့တန်ဖိုးရှိတဲ့အသက်ပေါင်းများစွာလည်းမြန်မာပြည်တွင်းမှာဆက်ပေးဆပ်နေရဆဲပါ။ ဒါကြောင့်ဒီနှစ်မှာတော့ UN အနေနဲ့မဖြစ်မနေကိုအမှန်တရားဖက်ကပြတ်သားစွာရပ်တည်ပြီး၊ ပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ UN မှာမြန်မာပြည်ကိုယ်စားပြုအတွက်တရားဝင်ဆက်ခန့်ဖို့ဆုံးဖြတ်ချက်တိတိကျကျချကိုချဖြစ်ဖို့လုပ်သင့်ပါပြီ။ သူတို့ကိုဖိအားဝိုင်းပေးဖို့အတွက် အနယ်နယ်အရပ်ရပ်မှတက်ကြွတဲ့နွေဦးတော်လှန်ရေးမောင်နှမတို့ကို အထူးတလည်လှုံ့ဆော်နေဖို့မလိုဘူးဆိုတာသိပြီးသားပါ"လို့ သြဂုတ်လ၃၀ရက်နေ့မှာ NYCBCက အသိပေးဖော်ပြထားပါတယ်။ဆိုထားပါတယ်။


စက်တင်ဘာ၁၆ရက် အမေရိကန်ပြည်ထောင်စု  New York City စုရပ်တစ်နေရာတွင်ဆုံကြကာ UN ရုံးအရှေ့ကိုဆက်လက်ချီတက်ကြမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲ()နေရာဖြစ်ပွားပြီး စကစမှ ဂျက်လေယာဉ်နှင့်ဗုံးကြဲမှုအပါအဝင်လက်နက်ကြီး အလုံး ၆၀ ကျော်ဖြင့်ပစ်ခတ်


တအာင်းပြည်နယ် တပ်မဟာ()နှင့် တပ်မဟာ()စစ်ဒေသဖြစ်သည့် မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့ တနေ့အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA တို့ တိုက်ပွဲ()နေရာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးအလုံး(၆၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သြဂုတ်လ ၃၀ ရက်မှာ စစ်ရေးသတင်းကိုPSLF/TNLAမှ အတည်ပြုဆိုထားပါတယ်။


တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ စစ်ကောင်စီမှ နမ့်ဖက်ကာတပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီး အကြိမ်(၂၀) ၁၀၅ မိုင်တပ်စခန်းမှ (၁၅)ကြိမ်နှင့် လွယ်ကျလော့စခန်းမှ အကြိမ်(၃၀)ကျော် စယ်လန့်ရွာစေတီတောင်နှင့် စယ်လန့်ရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ(၅း၄၀)အချိန်တွင် တံတားဦးမှ ဂျက်ဖိုက်တာ စီးဖြင့် စယ်လန့်စေတီတောင်သို့ ဗုံး လုံး လာရောက်ကျဲချခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများကို စကစတပ်များယနေ့မနက်ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် 

ပြည်သူများမိုးထဲရေထဲစစ်ဘေးရှောင်နေရ


သြဂုတ်လ၃၀ရက်


သြဂုတ်လ၃၀ရက်  နံနက် ၂နာရီအချိန်ဝန်းကျင်ခန့်တွင်  အင်အား(၁၅၀)ဝန်းကျင်ရှိအကြမ်းဖက်စစ်ကောင်စီစစ် ကြောင်းဟာ ကန့်ဘလူနယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကအတည်ပြုဆိုပါတယ်။


စစ်ကောင်စီစစ်ကြောင်း အကြမ်းဖက်စီးနင်းဝင်ရောက်ခဲ့မှုကြောင့်ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းကျေးရွာအပါအ ဝင် ဖလံချိုင်၊တောင့်တည်းကုန်း၊ညောင်ဇင်ကြီး၊ကိုးမြို့၊

ဘိုတဲကုန်း၊မကုန်း၊ပေလည် ကျေးရွာများအပြင် ဇီးကုန်း တိုက်နယ်အတွင်းမှ သိုးဘိုး၊ငါးရာနဲ၊မင်းဘာ၊လက်ထုပ်ကုန်း၊ရေငတ်ကုန်း၊သရက်ကန်ကြီး စသည့်ကျေးရွာ ၁၄ ရွာထက်မနည်း မိုးထဲရေထဲမှာစစ်ဘေးရှောင်နေရတယ်လို့ ဒေသခံများကဆိုပါတယ်။


အဆိုပါစစ်ကြောင်းဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ခြေမြန်တပ်ရင်း(ခမရ) ၃၆၁ ဖြစ်ပြီးကန့်ဘလူမြို့နယ်အတွင်းမကြာခဏဆိုသလို စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများကို မီးရှို့ခြင်း၊ရွာထဲရှိအဖိုးတန်ပစ္စည်းယူဆောင်သွားခြင်း၊အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း စတဲ့အကြမ်းလုပ်ရပ်များ ကျူးလွန်လေ့ရှိကြောင်းလည်းသိရပါတယ်။


========================


📌📌 ၆။ ရန်ကုန်တိုင်းအတွင်းစစ်ကောင်စီလက်အောက်ခံ ရဲစခန်းများကို အဝေးထိန်းမိုင်းများနဲ့ဖောက်ခွဲ


သြဂုတ်လ၃၀ရက်


"သြဂုတ်လ၂၉ရက်နေ့ ၈နာရီ၅၆မိနစ်အချိန်တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ တောင်ဥက္ကလာပရဲစခန်း နှင့်ည ၈နာရီ၅၇မိနစ်အချိန်တွင် ရန်ကင်းမြို့နယ်ရှိ ရန်ကင်းရဲစခန်းတို့အား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲဘော်များမှ လည်းကောင်း၊ ၈နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ရှိ ရဲစခန်းအား KMD 18 Crow Squad မှလည်းကောင်း  အဝေးထိန်းမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်"လို့ သြဂုတ်လ၃၀ရက်မှာ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာမှ မဟာမိတ်များနှင့်လက်တွဲ၍စစ်ရေးလှုပ်ရှားခဲ့မှုကို အသိပေးဆိုပါတယ်။


သြဂုတ်လ၂၈ ရက်နေ့ကလည်း နာရီ ၁၄ မိနစ်အချိန်တွင် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ည နာရီ ၁၉ မိနစ် အချိန်တွင် ရန်ကုန်တိုင်း ရွှေပေါက္ကံမြို့နယ်ရှိ ရွှေပေါက္ကံ ရဲစခန်း တို့အား Guardians UG အဖွဲ့မှ လည်းကောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


📌📌 ၇။ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အရပ်သား ၇၂ ဦးအထက် အဓမ္မ ပျောက်ဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်သည့် အစီရင်စာများကို လက်ခံရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ကထုတ်ပြန်


သြဂုတ်လ၃၀ရက်


KHRG အနေဖြင့် ကရင်ပြည် နယ်အတွင်း အတင်းအဓမ္မပျောက်ဆုံးမှုဒဏ်ခံရသူ ပျောက်ဆုံးသူများ၏ မိသားစုဝင်များ ပိုမိုများပြားလာသည် ကို တွေ့ရှိပြီးနောက်ပိုင်း အဓမ္မပျောက်ဆုံးမှုဖြစ်စဉ် ဆိုးရွားများပြားလာကြောင်းကို စတင်နားလည်လာပါတယ်။ KHRG မှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အရပ်သား ၇၂ ဦးအထက် အဓမ္မ ပျောက်ဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်သည့် အစီရင်စာများကို လက်ခံရရှိခဲ့ပါတယ်။ ရရှိသည့် အစီရင်ခံစာများအရ အသိ ပေးအကြောင်းကြားခြင်းမရှိဘဲ ဒေသခံရွာသားများဖမ်းဆီးခံရခြင်း၊ စစ်တပ်စခန်းသို့ခေါ်ဆောင်ခံရခြင်းနှင့် ထောင် သို့ပို့‌ဆောင်ခံရခြင်းဖြစ်စဥ်များကြောင့် ပျောက်ဆုံးရခြင်းဖြစ်ကြောင်းသိရှိရပါတယ်လို့ သြဂုတ်လ၃၀ရက်အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မပျေက်ဆုံးမှုဒဏ်ခံရသူများနေ့မှာ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ အသိပေးဖော်ပြပါတယ်။ဆိုပါတယ်။


 မိသားစုဝင်များအနေဖြင့် လည်း ဖမ်းဆီးခံရသည့်အကြောင်းနှင့်ပတ်သက်ပြီး သိရှိရခြင်းမရှိသကဲ့သို့ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ခြင်းခံရသည်ကိုလည်းမသိရှိရဘူးလို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment