6th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း NUCC နဲ့ NUG တို့ပူးတွဲထုတ်ပြန်

📌 ၂။ မြန်မာပြည်သူတွေအတွက် ဒေသတွင်း မိတ်ဆွေစစ်တွေ ဖြစ်တဲ့တီမောသမ္မတကြီးနဲ့ ဝန်ကြီးချုပ် တို့ကို အထူးကျေးဇူးတင်ရှိကြောင်း NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

📌 ၃။ ကျောက်မဲဆရာတော်တရား NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးထောက်ခံ

📌 ၄။ နိုင်ငံရေးလုပ်ဆောင်မှုဟာ ဘုံအကျိုးစီးပွါး ဦးထိပ်ထားမှ ပန်းတိုင်ရောက်မယ်လို့‌ပြောကြား

📌 ၅။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဖွဲ့စည်း

📌 ၆။ ရှစ်လေးလုံး ၃၅ နှစ်ပြည့် နှစ်ပါတ်လည် ဆန္ဒပြပွဲနှင့် ၂၆ မိုင် လမ်းလျှောက်ပွဲကို လန်ဒန်မြို့တွင် လူဦးရေ ၄၀၀နီးပါးတက်ရောက်

📌 ၇။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ၈၈၈၈ (၃၅)နှစ်ပြည့်အကြို အခမ်းအနား မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ (၃၀၀)ခန့်တက်ရောက်ခဲ့ပြီး ကြွေးကြော်သံများဟစ်ကြွေးခဲ့


ဤသတင်းကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း NUCC နဲ့ NUG တို့ပူးတွဲထုတ်ပြန်


သြဂုတ်လ၆


သြဂုတ်လ၆ရက်မှာ ပူးတွဲသဘောထားကြေညာချက်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကအသိပေးထုတ်ပြန်ခဲ့ပါတယ်။


ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ် ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter) အစိတ်အပိုင်း () ပါ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများနှင့် နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံ၍ နိုင်ငံရေး ရည်မှန်းချက်များနှင့် နိုင်ငံရေးရပ်တည်ချက်များကို ထုတ်ပြန်လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


ကျွန်ုပ်တို့ မျှော်ရည်ပိုင်းဖြတ်ထားသော မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်ပြီး အသွင်သဏ္ဍာန် သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ပါလို့ဆိုပါတယ်။


အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် လက်ရှိ တရားမဝင် စစ်အာဏာ သိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့်အပြင် စစ်အာဏာသိမ်းသည့် အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာ လက်ခံယုံကြည် တယ်လို့ဆိုပါတယ်။


ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာ၍  ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင်သည့်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တည်ထောင်သွားမည်ဟု ကျွန်ုပ်တို့ ခိုင်မာစွာ ကတိပြုတယ်လို့ဖော်ပြပါတယ်။


ကျွန်ုပ်တို့အနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ အတွင်း သာမက လူထုလူတန်းစား အလွှာ အသီးသီးအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ် ခေတ်အဆက် ဆက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့် စပ်လျဉ်း၍ အမှန်တရားပေါ်ပေါက်စေရန်၊ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်၊ တရားမျှတမှုရရှိစေရန်၊ ထပ်မံကျူးလွန်ခံရမှုများမရှိစေရန် အသွင်ကူးပြောင်း ရေးကာလတရား မျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေးချမှတ် အကောင်အထည်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။


ကျွန်ုပ်တို့သည် အထက်ပါ ရည်မှန်းချက်ပန်းတိုင်များအား လက်ခံယုံကြည်သဘောတူပြီး မိမိတို့ မျှော်ရည်ပိုင်းဖြတ်ထားသော ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ မြန်မာပြည်သူတွေအတွက် ဒေသတွင်း မိတ်ဆွေစစ်တွေ ဖြစ်တဲ့တီမောသမ္မတကြီးနဲ့ ဝန်ကြီးချုပ် တို့ကို အထူးကျေးဇူးတင်ရှိကြောင်း NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား


သြဂုတ်လ၆ရက်


"မြန်မာပြည်သူတွေအတွက် ဒေသတွင်း မိတ်ဆွေစစ်တွေဖြစ်ကြောင်း - နိုင်ငံရေးသတ္တိနဲ့ ရဲရင့်တဲ့ တီမောသမ္မတကြီးနဲ့ ဝန်ကြီးချုပ်တို့ကို မြန်မာပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရပါတယ်။ တော်လှန်ရေးအောင်တဲ့အခါ အခက်အခဲကြားက တီမောခရီးစဉ်ရဲ့ ဖြစ်ကြောင်းကုန်စင် စာရေးနိုင်ဖို့ အားခဲထားမိတယ်"လို့ သြဂုတ်လ၆ရက်‌နေ့တွင်  NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က၎င်း၏လူမှုကွန်ရက်မှာ ရေးသားပြောဆိုထားပါတယ်။


တီမောလက်စတေးနိူင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို သမ္မတ Jos Ramos-Horta ကိုယ်တိုင်ဖိတ်ကြားခဲ့၍ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်နိူင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်တို့တက်ရောက်ခဲ့ပါတယ်။


သြဂုတ်လ၄ရက်နေ့ကလည်း တီမောလက်စတေး ( အရှေ့တီမော )အစိုးရ ဝန်ကြီးချုပ် မစ္စတာ Xanana Gusmaoက ၄င်းသက်တမ်းအတွင်း အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းမပါဝင်ဘူးလို့ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ ကျောက်မဲဆရာတော်တရား NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးထောက်ခံ


သြဂုတ်လ၆ရက်


သြဂုတ်လ၆ရက်တွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ကျောက်မဲဆရာတော် တရားကို ထောက်ခံကြောင်း အသိပေး ရေးသားထားပါတယ်။


"မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ သာဓု ပါဘုရား"လို့ဆိုထားပါတယ်။


သြဂုတ်လအတွင်း  အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘုရားအလှူ ရေစက်ချပွဲတွင် ကျောက်မဲဆရာတော်မှ ဘုရားအဆူဆူဟောကြားခဲ့သောတရားတော်ကို ဗုဒ္ဓဘာသာဝင်များသာမက ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သား အများစုမှ ထောက်ခံနှစ်သက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ နိုင်ငံရေးလုပ်ဆောင်မှုဟာ ဘုံအကျိုးစီးပွါး ဦးထိပ်ထားမှ ပန်းတိုင်ရောက်မယ်လို့‌ပြောကြား


သြဂုတ်လ၆


နိုင်ငံရေးလုပ်ဆောင်မှုဟာ ဘုံအကျိုးစီးပွါး ဦးထိပ်ထားမှ ပန်းတိုင်ရောက်မယ်လို့ သြဂုတ်လအတွင်းမှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကသုံးသပ်ဆိုထားပါတယ်။


"နိုင်ငံရေးလုပ်တယ်ဆိုတာ အဲ့နိုင်ငံထဲမှာရှိတဲ့ ဝေနေယျသတ္တဝါအပေါင်းက တိုတောင်းရခဲလှတဲ့ လူ့ဘဝလေး ခဏနေရတုန်း၊ ရနိုင်သမျှရင်းမြစ်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် စနစ်ကောင်းတွေဖန်တီးတာပါပဲ။အဲ့ရလာဒ်ရအောင် ဦးတည်ပြီး၊ တသီးပုဂ္ဂလ ခံစားချက်မပါအောင် လုပ်ရတာ မလွယ်ပေမယ့် ရလာဒ်ကိုဦးတည်လှုပ်ရှားပြီး၊ ဘုံ အကျိုးစီးပွါး ဦးထိပ်ထားမှ ပန်းတိုင်ရောက်မယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ကစတင်ပြီး နိူင်ငံတော်အာဏာကိုလုယူခဲ့သော အကြမ်းဖက်စစ်တပ်ဟာ လူထုကို ယခုအချိန်အထိ အုပ်ချုပ်ခွင့်မရသေးဘဲရှိနေပါတယ်။


========================


📌📌 ၅။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဖွဲ့စည်း


သြဂုတ်လ၆ရက်


ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဖွဲ့စည်းကြောင်းကိုသြဂုတ်လ၆ရက်မှာ ချင်းအမျိုးသားကောင်စီ (မင်းတပ်)ကတရားဝင်အသိပေးကြေညာခဲ့ပါတယ်။


ကြေညာချက်အရ အနာဂတ် ချင်းလူမျိုးများအတွက် နိူင်ငံရေးလမ်းစဥ်များ ချမှတ်နိူင်ရေး၊ ဖက်ဒရယ်ဒီကရေစီအရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊တန်းတူရေး တို့ကိုအခြေ ခံအာမခံချက်ပေးမည် မူဝါဒလုပ်ငန်းများရေးဆွဲချမှတ်အကောင်အထည်ဖော်မည့် နိူင်ငံရေး ဦးဆောင်အဖွဲ့အရေးတကြီးလိုအပ်လာတယ်လို့ဆိုပါတယ်။


မူဝါဒလုပ်ငန်းစဥ်များကိုရေးဆွဲချမှတ်အကောင်အထည်ဖော်နိူင်ရန်အတွက် ချင်းအမျိုးသားကောင်စီ မင်းတပ်ကိုဖွဲ့စည်းလိုက်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၆။ ရှစ်လေးလုံး ၃၅ နှစ်ပြည့် နှစ်ပါတ်လည် ဆန္ဒပြပွဲနှင့် ၂၆ မိုင် လမ်းလျှောက်ပွဲကို လန်ဒန်မြို့တွင် လူဦးရေ ၄၀၀နီးပါးတက်ရောက်


သြဂုတ်လ၆


သြဂုတ်လ၅ရက်မှာ ရှစ်လေးလုံး ၃၅ နှစ်ပြည့် နှစ်ပါတ်လည်ဆန္ဒပြပွဲကို လန်ဒန်မြို့တွင်ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


ရှစ်လေးလုံး ၃၅ နှစ်ပြည့် နှစ်ပါတ်လည် ဆန္ဒပြပွဲနှင့် ၂၆ မိုင် လမ်းလျှောက်ပွဲကို ဩဂုတ်လ ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပရာ ယူကေရောက် တော်လှန်ရေးညီအကိုမောင်နှမများ ၃၀၀ ကျော် ၄၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ 


အခမ်းအနားသို့ ယူကေ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ၈၈ တော်လှန်ရေးမျိုးဆက်များ၊ မျိုးဆက်သစ်လူငယ်များ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် စကားပြောခဲ့ကြပါတယ်။


ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းမှလည်း ၂၆ မိုင်လမ်းလျှောက်သူများအား ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးပြီး တက်ရောက်လာကြသူများအားလုံးအား ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ၈၈၈၈ (၃၅)နှစ်ပြည့်အကြို အခမ်းအနား မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ (၃၀၀)ခန့်တက်ရောက်ခဲ့ပြီး ကြွေးကြော်သံများဟစ်ကြွေးခဲ့


ဩဂုတ်


သြဂုတ်လ၆ရက်မှာ 


"သြဂုတ်လ၅ရက်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Time Square ရင်ပြင်တွင် ၈၈၈၈ (၃၅) နှစ်ပြည့်အကြို အခမ်းအနားကို ဒေသစံတော်ချိန် ညနေ၄နာရီ မှ ၆နာရီထိ ကျင်းပခဲ့ပါတယ်။အလေးပြုခြင်း ၃ရပ်နှင့်အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ၈၈၈၈ နှင့်ပတ်သက်သည့် တော်လှန်ရေးအမှတ်တရစကားများကို အစီအစဉ်အလိုက်ပြောကြားခဲ့ကြတယ်လို"အမေရိကန်ရှိ NYCBCက အသိပေးဖော်ပြပါတယ်။


ထို့နောက် တော်လှန်ရေး ကဗျာသရုပ်ပြအစီစဉ်ကို အဆိုတော် ကျော်သီဟမှရွတ်ဆိုပြီး NYCBC အဖွဲ့ဝင်များမှ သရုပ်ဆောင်ကာ တင်ဆက်ပြသခဲ့ပါတယ်။


ထို့နောက်ကြွေးကြော်သံများ တော်လှန်ရေးသီချင်းများသီဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပါတယ်။


၈၈၈၈ (၃၅)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ နယူးယောက်နှင့်အနီးတဝိုက်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ (၃၀၀)ခန့်တက်ရောက်ခဲ့ကြပါတယ်။


အခု တင်ပြ‌ပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolutionများ

Share:

No comments:

Post a Comment