15th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိူင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို အလျင်အမြန်ပြန်ရောက်ဖို့လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ မျိုးဆက်သစ်လူထုဟာ ဘယ်တော့မှ အာဏာရှင်ကိုဒူးထောက်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါး

📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူတွေမှ တခဲနက်ထောက်ခံပြပါက မည်သူမှ တားဆီး၍ မရကြောင်း လူထုခေါင်းဆောင် ဦးမင်းကိုနိုင်ပြောကြား

📌 ၄။ ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်၊ ဆူဖန်ဘူရီမြို့နယ်ရှိ ဆာလာအိတ်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော MOU မြန်မာအလုပ်သမား (၃၀၀) အခက် အခဲများကို ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်

📌 ၅။ ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) မွန်းမံသင်တန်းအပတ်စဥ် () အောင်မြင်စွာကျင်းပ

📌 ၆။ ဂန့်ဂေါမြို့ ခလရ (၅၀)မှ အင်အား (၁၂၀)ဝန်းကျင်ပါအကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေ၍  ပြည်သူများအနေဖြင့် သတိပြုရန် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိပေးထုတ်ပြန်

📌 ၇။ “Spring Pyin Oo Lwin Investment” မကြာခင်ထုတ်ရောင်းမယ်လို့ EODအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိူင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို အလျင်အမြန်ပြန်ရောက်ဖို့လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားအစီအစဉ်မှာ ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားခဲ့ပါတယ်။


"ကျနော်တို့ နိူင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို အလျင်အမြန်ပြန်ရောက်ဖို့လိုပါတယ်။ဒီအခါနွေဦးတော်လှန်ရေးမှာတွေ့ရတဲ့ လူထုဒီမိုကရေစီကြိုးပမ်းမှုကြတော့ ဒီမိုကရေစီသက်သက်တင်မဟုတ်တော့ပါဘူး။ဖက်ဒရယ်စနစ်ပါဝင်လာတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်နွေဦးတော်လှန်ရေးရဲ့လူထုကြွေးကြော်သံဟာ ဖက်ဒရယ်ဒီမိုကရေစီပြန်လည်တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင် ဖက်ဒရယ်စနစ်မှာ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပါဝင်ပြီး အာဏာခွဲဝေရေးဟာအရေးကြီးကြောင်း နဲ့ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ထိုက်တန်သူများဖြစ်ကြောင်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ မျိုးဆက်သစ်လူထုဟာ ဘယ်တော့မှ အာဏာရှင်ကိုဒူးထောက်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါး


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားအစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အခုလိုပြောကြားလိုက်ပါတယ်။


"ကျနော်တို့ မျိုးဆက်သစ်လူထုကြီးဟာ ဘယ်တော့မှ အာဏာရှင်ကိုဒူးထောက်မှာ မဟုတ်ပါဘူး။ဒီလိုပဲ ကျနော်တို့ ဒီမိုကရက်တစ်ပြည်သူ့ခေါင်းဆောက်များဟာလည်း အာဏာရှင်စနစ်မြန်မာ့မြေပေါ်ကအပြီးတိုင်ချုပ်ငြိမ်းသည့်အထိတိုက်ပွဲဝင်ကြဖို့ စိတ်ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်လည်း ကျနော်တို့တော်လှန်ရေးဟာ အားနည်းချက်များအစစအရာရာမပြည့်စုံမှုများရှိပြီး အကြမ်းဖပ်စစ်တပ်သတ်ဖြတ်နေတဲ့ကြားကထုထည်ကြီးမားစွာနဲ့ခုခံတိုက်ခိုက်နေနိူင်ခဲ့တာဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကနိူင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူတွေမှ တခဲနက်ထောက်ခံပြပါက မည်သူမှ တားဆီး၍ မရကြောင်း လူထုခေါင်းဆောင် ဦးမင်းကိုနိုင်ပြောကြား


စက်တင်ဘာ၁၅ရက်


သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူတွေမှ တခဲနက်ထောက်ခံပြပါက မည်သူမှ တားဆီး၍ မရကြောင်း လူထုခေါင်းဆောင် ဦးမင်းကိုနိုင်မှ စက်တင်ဘာလအတွင်း မြေပြင်သပိတ်အင်အားစုများနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


"သံအမတ်ကြီးသည် အထွေထွေညီလာခံမှာ လူထု စိတ်လှုပ်ရှားဖွယ် ကောင်းသည့် လက်သုံးချောင်းထောင် ဆောင်ရွက်ခဲ့ခြင်းသည် တကမ္ဘာလုံး အံ့ဩသွားရသည်အထိဖြစ်ခဲ့ကြောင်း၊ ပြည်သူတွေရဲ့ ဇွဲ၊ သတ္တိ၊ ပေးဆပ်မှုကြောင့်အသိအမှတ်ပြု ဦးညွတ်ခဲ့ပြီး ပြည်သူနဲ့အတူ ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူတွေသည် နိုင်သည့်အားနဲ့ ထောက်ခံမှုတစ်ခုကို ပြသကြရမည်ဖြစ်ကြောင်း၊ ပြည်သူတွေမှ တခဲနက်ထောက်ခံပြပါက မည်သူမှ တားဆီး၍ မရကြောင်း၊ ပြည်သူ့အားနဲ့အောင်ပွဲရစေရန် အတွက်ဖြစ်ကြောင်း၊ သံတမန်ရေးရာမျက်နှာစာတိုက်ပွဲတွင်လည်း အနိုင်တိုက်ထုတ် ဆောင်ရွက်ကြပါရန်"ပြောကြားခဲ့ပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်းတွင်း ဆားလင်းကြီး၊ ကနီ၊ ချောင်းဦး အစရှိသောမြို့နယ်များတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသောလူထုလှုပ်ရှားမှုများ ဆက်တိုက်ကျင်းပလျက်ရှိနေပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်၊ ဆူဖန်ဘူရီမြို့နယ်ရှိ ဆာလာအိတ်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော MOU မြန်မာအလုပ်သမား (၃၀၀) အခက် အခဲများကို ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်မှာ NUGအလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေး ယန္တရားမှ အခုလိုအသိပေးဆိုပါတယ်။


ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်၊ ဆူဖန်ဘူရီမြို့နယ်ရှိ ဆာလာအိတ်ချုပ်စက်ရုံတွင် အလုပ် လုပ်ကိုင်နေသော MOU မြန်မာအလုပ်သမား (၃၀၀) Passport စာအုပ်များ သိမ်းထားခြင်း၊ ပကန်စခွန်(လူမှုဖူလုံရေး)ခံစားခွင့်  ရရှိရေးနှင့် မြန်မာအလုပ်သမား အမျိုးသမီးများကို စက်ရုံရှိ စကားပြန်မှ မဖွယ်မရာထိပါးပြုမှုဆောင်ရွက်နေမှုများ တားဆီးပေးရန်အတွက် ကိုရဲမင်း ဦးဆောင်သော(MHAC) မဟာမိတ်အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါကိစ္စရပ်အား အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် (MHAC) မဟာမိတ်အဖွဲ့ဝင်များမှ ဆူဖန်ဘူရီခရိုင် အလုပ်အကိုင်ဦးစီးဌာန (ကျငန်ရုံး)သို့ သွားရောက်တိုင်ကြားခဲ့ပြီး အလုပ်သမား (၃၀၀) Passport စာအုပ်များ၊ ပကန်စခွန် (လူမှုဖူလုံရေး)ခံစားခွင့် အပါအဝင် အလုပ်သမားဥပဒေပါခံစားခွင့်များ ရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး စက်ရုံရှိ စကားပြန်ကိုလည်း အမျိုးသားများသာ လုပ်ကိုင်ရသည့် လုပ်ငန်းသို့ ပြောင်းရွေ့ပေးခြင်း စသည့်ဖြင့် အလုပ်သမား(၃၀၀) အခက်အခဲများကို ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) မွန်းမံသင်တန်းအပတ်စဥ် () အောင်မြင်စွာကျင်းပ


 စက်တင်ဘာလ ၁၅ရက်


"ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) မွန်းမံသင်တန်းအပတ်စဥ် () ကိုစက်တင်ဘာ ၁၃ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်"လို့စက်တင်ဘာ၁၄ရက်မှာ ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)မှ အသိပေးဆိုပါတယ်။


ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ကိုကူညီထောက်ပံ့ပေးကြပါသော ထောက်ပို့မဏ္ဍိုင် မှ တော်လှန်ရေးသမားများအား ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) မှအထူးပင်ကျေးဇူးတင်ရှိကြောင်းဖော်ပြအပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ဂန့်ဂေါမြို့ ခလရ (၅၀)မှ အင်အား (၁၂၀)ဝန်းကျင်ပါအကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေ၍  ပြည်သူများအနေဖြင့် သတိပြုရန် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိပေးထုတ်ပြန်


စက်တင်ဘာ၁၅ရက်


စက်တင်ဘာ၁၅ရက်မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အခုလိုအသိပေးဆိုထားပါတယ်။


ဂန့်ဂေါမြို့ ခလရ (၅၀)မှ အင်အား (၁၂၀)ဝန်းကျင်ပါစစ်ကြောင်းသည်  ပုံညာတောင်တန်းအတိုင်း‌ မြောက်ဘက်သို့ဦးတည် စစ်ကြောင်းထိုးလျက်ရှိပါတယ်။ ၎င်းစစ်ကြောင်းသည် ကန်ရွာနယ်မြေစခန်းသို့ ဦးတည်နိုင်ပြီး လက်ရှိတွင်ယောဒါးတောင် မြောက်ဘက် ဒေသအခေါ် ကွမ်းမွှေးချောက်တွင် ညအိပ်စခန်းချကြောင်းသိရပါတယ်လို့ဆိုပါတယ်။


ထို့အပြင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ပျူစောထီးကျေးရွာ ()ရွာမှ အင်အား(၁၁၀)ဝန်းကျင်ပါစကစ၊ပျူ ပူးပေါင်းစစ်ကြောင်းသည် နံနက်(:၃၀)အချိန်တွင်   သင်တောရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။


လက်ရှိတွင် ၎င်းစစ်ကြောင်းမှ လက်နက်ကြီး/ငယ် များဖြင့်ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများအား အစဉ်မပြတ် နားစွင့်ကာ ၎င်းစစ်ကြောင်းများနှင့် ဘေးလွတ်ရာသို့ မဖြစ်မနေရှောင်တိမ်းကြပါရန် သတိပေးတိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ “Spring Pyin Oo Lwin Investment” မကြာခင်ထုတ်ရောင်းမယ်လို့ EODအသိပေး


စက်တင်ဘာ၁၅ရက်


"တမူထူးခြားတဲ့ အခင်းအကျင်းများ၊နွေဦးတော်လှန်ရေးရဲ့ အထူးအရေးပါတဲ့ ပေါင်းစည်းမှုများနဲ့ “Spring Pyin Oo Lwin Investment”မကြာမီ"ထုတ်ရောင်းမယ်လို့စက်တင်ဘာ၁၅ရက်မှာ endofdictatorshipကအသိပေးဆိုထားပါတယ်။


Spring Yangon Investment ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များအား ထုတ်ဖေါ်ရောင်းချပေးခဲ့ရာတွင် ၆၀ x ၈၀ ပေ မြေကွက်ပေါင်း ၂၅၀ နှင့်၄၀ x ၆၀ ပေ မြေကွက်ပေါင်း ၇၀၀ အားလုံးကုန်စင်အောင်ရောင်းချနိူင်ခဲ့တယ်လို့သိရပါတယ်။


ဒါ့အပြင်အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaign ဟာ  စုစုပေါင်း EOD ရှယ်ယာ ,၅၃၂ စောင်တိတိ ရောင်းချပေးခဲ့ရပြီး အညာကို ခွန်အားဖြည့်ဖို့ ဒေါ်လာ သိန်း သောင်းကျော် ရရှိခဲ့ပါသေးတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment