29th SEP 2023 - Evening Daily News by Radio NUG

 

၂၀၂၃ စက်တင်ဘာလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များတွေ့ဆုံဆွေးနွေးပွဲ NUG ဝန်ကြီးများတက်ရောက်

📌 ၂။ ဝန်းသိုမြို့နယ်မှာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးနှင့်ပစ်ခတ်၍ ကလေးငယ်အများအပြား ထိခိုက်သည့်ဖြစ်စဥ်တွင် ကျူးလွန်သူ

စစ်ရာဇဝတ်ကောင်များကို အပြစ်ပေးအရေးယူမယ်

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ မြင်းမူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်စခန်းချရာ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား Federal Wings နှင့် မဟာမိတ် ဒရုန်းတပ်ဖွဲ့များပူးပေါင်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့

📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Kim Aris ကို အီတလီမြောက်ပိုင်းနေ မြန်မာ ညီအကို မောင်နှမများမှ ပါးမားမြို့တွင် တွေ့ဆုံခဲ့

📌 ၆။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ စစ်ကောင်စီသံရုံးကို မြန်မာအင်အားစုများဆန္ဒပြ

📌 ၇။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုက ပြန်လည်ဖမ်းဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များတွေ့ဆုံဆွေးနွေးပွဲ NUG ဝန်ကြီးများတက်ရောက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ နှင့်  ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များတွေ့ဆုံပွဲအစည်းအဝေး (/၂၀၂၃) ကို စက်တင်ဘာ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး NUG ဝန်ကြီးများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ() ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်မှ မူဝါဒလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့နောက် တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု‌ကော်မတီဝင်များမှ မူဝါဒဆိုင်ရာဆွေးနွေးမှု၊ အခွန်ဘဏ္ဍာဆိုင်ရာဆွေးနွေးမှု၊ ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှုများနှင့် မြေပြင် အခြေအနေများအား ဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ဝန်းသိုမြို့နယ်မှာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးနှင့်ပစ်ခတ်၍ ကလေးငယ်အများအပြား ထိခိုက်သည့်ဖြစ်စဥ်တွင် ကျူးလွန်သူ

စစ်ရာဇဝတ်ကောင်များကို အပြစ်ပေးအရေးယူမယ်


ဝန်းသိုမြို့နယ်မှာ ဘုန်းတော်ကြီးကျောင်းကိုလက်နက်ကြီးနှင့်ပစ်ခတ်၍ ကလေးငယ်အများအပြားထိခိုက်သည့်ဖြစ်စဥ်တွင် ကျူးလွန်သူ

စစ်ရာဇဝတ်ကောင်များကို အပြစ်ပေးအရေးယူမယ်လို့ စက်တင်ဘာ၂၉ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောကြားထားပါတယ်။

"စစ်ရာဇဝတ်ကောင်များအတွက် လုံလောက်သည့် ပြစ်ဒါဏ် ကျခံစေရမယ်" လို့ ဆိုထားပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ၀န်းသိုမြို့နယ်၊ ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာ ရာမကျောင်းတိုက်ကို ၀န်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ (ခမရ-၁၀၂) မှ ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးဖြင့် ပစ်ခတ်၍ လက်နက်ကြီးကျည် () လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

လက်နက်ကြီးကျည် ကျရောက်ချိန်သည် ဂျိုးထောင်ကျေးရွာမှ ကလေးငယ်များ ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ယူနေချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက်၊ စစ်ဘက် ခွဲခြားမှုမရှိ၊ ကျိုးကြောင်းမဲ့ ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ပညာသင်ယူနေသော ကလေးငယ် (၁၈) ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ () ဦးမှာ  ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (/၂၀၂၃) ကို စက်တင်ဘာ၂၈ ရက်က ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။

အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက် (/၂၀၂၃) အစည်းအဝေးတွင် ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြပါတယ်။

အစည်းအဝေးသို့  ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ မြင်းမူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်စခန်းချရာ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား Federal Wings နှင့် မဟာမိတ် ဒရုန်းတပ်ဖွဲ့များပူးပေါင်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့


"စက်တင်ဘာ၂၈ ရက်နေ့ ညပိုင်းတွင် မြင်းမူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်စခန်းချရာ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား Federal Wings နှင့် မဟာမိတ် ဒရုန်းတပ်ဖွဲ့များပူးပေါင်းပြီး စုစုပေါင်း ဒရုန်း () စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုများအတွင်း ပစ်မှတ်များအား တိုက်ရိုက်ထိမှန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေများအား စုံစမ်းဆဲဖြစ်တယ်" လို့ Federal Wings ဒရုန်းတပ်ဖွဲ့က အတည်ပြုပါတယ်။

အဆိုပါ ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့များမှာ -

၁။ (၁၈၀၁) တပ်ရင်း၊ တပ်ခွဲ(3) စစ်ကိုင်းဒေသ Federal wings 

၂။ စစ်ကိုင်းခရိုင်ပကဖ 

၃။ GTR မြင်းမူ 

၄။ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့ 

၅။ SAF‌ ကျောင်းသားလက်ရုံးတပ် 

၆။ ကျောက်ဆည်ခရိုင်တပ်ရင်း () နဂါးနီ

 ၇။ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ 

 ၈။ Lightning Drone Force အဖွဲ့တို့ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Kim Aris ကို အီတလီမြောက်ပိုင်းနေ မြန်မာ ညီအကို မောင်နှမများမှ ပါးမားမြို့တွင် တွေ့ဆုံခဲ့


ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Kim Aris ကို အီတလီမြောက်ပိုင်းနေ မြန်မာ ညီအကို မောင်နှမများမှ  ပါးမားမြို့တွင် တွေ့ဆုံခဲ့တယ်လို့ စက်တင်ဘာလနောက်ဆုံးပတ်မှာ Myanmar Community In Italy က အသိပေးဆိုထားပါတယ်။

"ဘယ်မှာနေနေ ဘယ်ပဲရောက်ရောက် မြန်မာ့အရေးကို မေ့ထားလို့မရပါဘူး။ စစ်အာဏာရှင်မှ မတရားဖမ်းဆီး၍ ထောင်ချခံထားရသော  နိုဘယ်ဆုရှင်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Kim Aris ကို အီတလီမြောက်ပိုင်းနေ မြန်မာ ညီအကို မောင်နှမများမှ  ပါးမားမြို့တွင် တွေ့ဆုံခဲ့ပါတယ်" လို့ ဆိုပါတယ်။

Myanmar Community In Italy ဟာ မြန်မာအရေးကို ထိရောက်မှုရှိစေရန် ဆန္ဒပြတောင်းဆိုမှုများအပြင် တာဝန်ရှိသူထံ တင်ပြတောင်းဆိုမှုတို့လည်း လှုပ်ရှားခဲ့တဲ့အဖွဲ့အစည်း ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၆။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ စစ်ကောင်စီသံရုံးကို မြန်မာအင်အားစုများဆန္ဒပြ


စက်တင်ဘာ၂၈ ရက်မှာ အမေရိကန်နိူင်ငံ၊ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးသို့ သွားရောက်ပြီး စစ်သံမှူးကို ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါဆန္ဒပြမှုကို မြန်မာအင်အားစုများက မကြာခဏ ဆင်နွှဲလေ့ရှိပြီး စစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုနှင့် တိုက်ခိုက်မှုများအပေါ် ရပ်တန့်ရန်နှင့်ရှုတ်ချခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လူပေါင်းလေးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း နှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၇။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုက ပြန်လည်ဖမ်းဆီး


လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုက ပြန်လည်ဖမ်းဆီးမှုတွေရှိလာတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၃ ခုနှစ်၊ မေလ ရက်နေ့တွင် သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာသော  နိုင်ငံရေးအကျဉ်းသူဟောင်း မခင်စုစုလှိုင် () မားစု အပါအဝင် ကိုမော်ချေမင်း၊ မအိရွှေစင်၊ မနီလာစိန်နှင့် ကိုဒေဝတို့ကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မခင်စုစုလှိုင်၏နေအိမ်၌ ဖမ်းဆီးခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။

မခင်စုစုလှိုင်သည် ၂၀၂၁ ခုနှစ်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် နှစ် ချမှတ်ခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၈၅၆) ဦးရှိပြီး ထိုအထဲမှ (၁၉၂၈၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၃၈၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment