2nd SEP 2023 - Evening Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အားလုံးရဲ့တူညီတဲ့ စိတ်အားထက်သန်မှုဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံညီလာခံ ကျင်းပနိုင်မှုအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုအပ်ကြောင်း သဝဏ်လွှာပေးပို့

📌 ၃။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လရောင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ MOU လုပ်သား (၄၁)ဦး၏ လုပ်ငန်းခွင် အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့

📌 ၄။ "AK 47 MADE IN SAGAING"လက်နက်ထုတ်တဲ့ပညာရှင်ရှိနေပြီး AK47အစစ်အတိုင်း ထုတ်လုပ်ပစ်ခတ်နိူင်

📌 ၅။ အကြမ်းဖက်စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှု ကာလအတွင်းအကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူအမျိုးသမီးစုစုပေါင်း ၆၀၂ ဦး ထိ ရှိခဲ့

📌 ၆။ ဒေါင်းစစ်သည်တွေချီလာပြီ သိန်းတစ်ထောင် ကမ်ပိန်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ .. အောက်တိုဘာလ ရက်နေ့အထိ ပြုလုပ်သွားမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အားလုံးရဲ့တူညီတဲ့ စိတ်အားထက်သန်မှုဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား


စက်တင်ဘာ၂ရက်


နွေဦးတော်လှန်ရေးမှာ ကိုးကွယ်မှုပေါင်းစုံ၊လူမျိုးပေါင်းစုံ ယဥ်ကျေးမှုပေါင်းစုံပါဝင်ကြပြီးအားလုံးရဲ့တူညီတဲ့ စိတ်အားထက်သန်မှုဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဖြစ်တယ်လို့

စက်တင်ဘာ၂ရက်ကျင်းပတဲ့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံညီလာခံမှာ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားလိုက်ပါတယ်။


"ကျနော်တို့နွေဦးတော်လှန်ရေးမှာ အင်မတန်ထူးခြားတဲ့ကွဲပြားစုံလင်မှုတွေ ညီညွတ်တဲ့အင်အားဖြစ်စေဖို့၊ စစ်အာဏာရှင်စနစ်ကိုအတူတကွ လက်တွဲတိုက်ထုတ်နေကြတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကိုးကွယ်မှုပေါင်းစုံ၊လူမျိုးပေါင်းစုံ ယဥ်ကျေးမှုပေါင်းစုံပါဝင်ကြပြီးအားလုံးရဲ့တူညီတဲ့ စိတ်အားထက်သန်မှုဟာ စစ်အာဏာရှင် စနစ် ပြုတ်ကျရေးဖြစ်တယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။


စစ်အာဏာရှင်တွေဟာ သူတို့ရဲ့အာဏာတည်မြဲရေးအတွက် ခေတ်အဆက်ဆက် လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေဖန်တီးပြီး လူမျိုးကြီးဝါဒတည်ဆောက်ကာ လူနည်းစုတွေအပေါ်ဖိနှိပ်တာ၊လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေတည်ဆောက်တာ ဒါတွေကိုစနစ်တကျလုပ်ဆောင်ခဲ့ပါတယ်။ဒီလိုလုပ်ဆောင်တဲ့နေရာမှာလည်း ဘာသာရေး၊ဖျော်ဖြေရေး၊အနုပညာ၊မီဒီယာ၊စာပေ ဝါဒဖြန့်ချီရေးနည်းပေါင်းစုံကို အသုံးပြုပြီးနေ့စဥ်လူမှုဘဝ၊ အတွေးအခေါ်အားလုံးကို ချုပ်ကိုင်နိူင်ဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ထိုင်းနိူင်ငံ မဲဆောက်မြို့မှာကျင်းပတဲ့နွေဦးတော်လှန်ရေးဘာသာပေါင်းစုံညီလာခံကို ဆရာတော် ဦးဝါယမ၊ ဆရာတော်မင်းသုညအပါအဝင် ဘာသာပေါင်းစုံမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံညီလာခံ ကျင်းပနိုင်မှုအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုအပ်ကြောင်း သဝဏ်လွှာပေးပို့


စက်တင်ဘာလ () ရက်


နွေဦးတော်လှန်ရေးဘာသာပေါင်းစုံညီလာခံ ကျင်းပနိုင်မှုအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုအပ်ကြောင်းကိုစက်တင်ဘာ၂ရက်‌နေ့တွင် အသိပေးဖော်ပြထားပါတယ်။


 နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်သာမကဘဲ မြန်မာပြည်၏ သမိုင်းတလျှောက်တွင် အထူးခြားဆုံးသော လက္ခဏာရပ်များကို ဖော်ထုတ်သယ်ဆောင်လာသော လူမှုအပြောင်းအလဲ လှုပ်ရှားမှုကြီးလည်းဖြစ်ပြီး ပြည်သူလူထုနှင့် မျိုးဆက်သစ်များ၏ လမ်းမများထက်မှ ကြွေးကြော်သံများမှာ စစ်အာဏာရှင်တို့၏ နိုင်ငံရေးဆိုင်ရာ ဖိနှိပ်မှုကိုသာမက လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်မှု၊ အဆောက်အအုံဆိုင်ရာ ဖိနှိပ်မှု၊ သင်းပင်းစုဖွဲ့မှုဆိုင်ရာ ဖိနှိပ်မှုများကိုပါ တော်လှန်ပြောင်းလဲပစ်ရန် ရည်ရွယ်ခဲ့ကြသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်တယ်လို့ဖော်ပြပါတယ်။


မြန်မာပြည်၏ အဓိကပြဿနာကြီး နှစ်ရပ်ဖြစ်သော ရာစုနှစ်နီးပါး ပြည်တွင်းစစ်နှင့် ဒီမိုကရေစီ ဆိတ်သုဉ်းမှုတို့၏ မြစ်ဖျားခံရာ ဇာစ်မြစ်များကို လေ့လာကြည့်လျှင် အာဏာရှင်တို့သည် လူမျိုးရေး အပြင် ဘာသာရေးကိုပါ အသုံးချကာ ပဋိပက္ခများ ဖန်တီး၍ မတရားမှုများ ဖြစ်ပေါ်စေပြီး စုံလင်ကွဲပြား သည့် အမှတ်လက္ခဏာများအကြား စိတ်ဝမ်းကွဲပြားမှုများ၊ ခွဲခြားဆက်ဆံမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ယင်းကြောင့်ပင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ များစွာ ပေါ်ပေါက်ခဲ့ရပြီး ရိုဟင်ဂျာလူမျိုး များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဟု ကမ္ဘာက သတ်မှတ်ခြင်းခံရသည့် ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီး ကိုပင် ကျူးလွန်မိခဲ့ကြသည်ကို တွေ့ရတယ်လို့ဆိုပါတယ်။


နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် ညီလာခံသည် အနာဂတ် လူ့အဖွဲ့အစည်းသစ်အ တွက် ဘာသာရေးနှင့် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်များ၊ ဘာသာရေးအချင်းချင်းအကြား ချစ်ကြည် ရင်းနှီးမှုများကို တည်ဆောက်ရန်နှင့် ဘာသာရေး လူမျိုးရေးပဋိပက္ခများနှင့် အာဏာရှင်တို့၏ သွေးခွဲ မှုများကို တားဆီးကာကွယ်ရန်အတွက် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နိုင်လိမ့်မည်ဟုလည်း အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဆန္ဒပြုမျှော်လင့်ကြောင်း  သတင်းစကား ပေးပို့အပ်ပါတယ်လို့သဝဏ်လွှာမှာဆိုထားပါတယ်။


========================


📌📌 ၃။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လရောင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ MOU လုပ်သား (၄၁)ဦး၏ လုပ်ငန်းခွင် အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့


စက်တင်ဘာ၂ရက်


စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားမှ အခုလိုအသိပေးဖော်ပြထားပါတယ်။


ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လရောင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ MOU လုပ်သား (၄၁)ယောက်သည်  အလုပ်ပုံမှန် မဆင်းရ၍  လုပ်ခလစာ အပြည့်မရခြင်း၊ Passport နှင့် WorkParmit များသိမ်းထားခြင်း၊ သြဂုတ်လ၁ရက်နေ့ လပြည့်နေ့တွင် အလုပ်တစ်ရက်နားလိုကြောင်းပြောပြီး အလုပ်မဆင်းခဲ့သည်ကို အလုပ်ရှင်မှ  အလုပ်သမားများကို လုပ်ခလစာများရှင်းမပေးဘဲ နောက်တနေ့မှစ၍ အလုပ်မဆင်းတော့ရန် ပြောဆိုခြင်း စသည့် စာချုပ်ပါ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိပါသဖြင့် ကူညီဆောင်ရွက်ပေးပါရန် အကူညီတောင်းခံလာခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါကိစ္စရပ်အားအမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရဲမင်း ဦးဆောင်သော MHAC အဖွဲ့မှ သက်ဆိုင်ရာအေဂျင်စီ သို့ ဆက်သွယ် အကြောင်းကြားပြီး အလုပ်သမား (၄၁) ဦး၏ အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ "AK 47 MADE IN SAGAING"လက်နက်ထုတ်တဲ့ပညာရှင်ရှိနေပြီး AK47အစစ်အတိုင်း ထုတ်လုပ်ပစ်ခတ်နိူင်


ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂) ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ () Infinite Revolution Force -I.R.Fမှ လက်နက်ထုတ်လုပ်အောင်မြင်ကြောင်း သတင်းရရှိပါတယ်။


"အရင်ကမိဘပြည်သူတွေ တစ်လထောက်ပံ့ငွေနဲ့ ကျနော်တို့ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးနိူင်ပါတယ်။အခုဆို နှစ်လသုံးလလောက်မှ တပ်ဆင်နိူင်ပါတယ်။ ဒါကြောင့် လက်နက်အစစ်တပ်ဆင်ဖို့ဆိုတာ မဖြစ်နိူင်တော့ "AK 47 MADE IN SAGAING ကိုထုတ်လုပ်တာအောင်မြင်ပါတယ်။ပညာရှင်လည်းရှိနေပါပြီ။ တိုက်ပွဲဝင်တဲ့နေရာမှာလည်း တကယ့် စက်သေနတ်အတိုင်းပစ်ခတ်နိူင်ပါပြီ"လို့ Infinite Revolution Force -I.R.F က တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။


"AK 47 MADE IN SAGAING"(သို့မဟုတ်) "SAGAING MADE AK47" ကို တစ်ဆင့်ပြီးတစ်ဆင့် ချေမှုန်းရေး၊တိုက်ပွဲဝင်ချေမှုန်းရေး သေနတ်တစ်လက်ဖြစ်အောင် အရည်အသွေးမြှင့်တင်သွားမည်ဖြစ်ပြီးအားသာချက် မှာတစ်တောင့်ချင်း(single)(သို့မဟုတ်)အတွဲလိုက်(autoပစ်ခက်နိုင်မှာ ဖြစ်ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှု ကာလအတွင်းအကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူအမျိုးသမီးစုစုပေါင်း ၆၀၂ ဦး ထိ ရှိခဲ့


စက်တင်ဘာ၂ရက်


"အကြမ်းဖက်စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှု ကာလအတွင်း အမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံထားရသူနှင့် သေဆုံးသူတို့မှာ ဆက်တိုက်ရှိနေပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့အထိ သေဆုံးသူအမျိုးသမီးစုစုပေါင်း ၆၀၂ ဦးအထိရှိခဲ့ပြီဖြစ်တယ်"လို့စက်တင်ဘာ၂ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂကအသိပေးဖော်ပြပါတယ်။ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး ၃၄၄၀ ဦးရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသည့်အမျိုးသမီး ၅၇၅ဦးရှိခဲ့ပါတယ်။


လက်ရှိမှာ စစ်အုပ်စုဟာ တစ်နိူင်ငံလုံးမှာလူပေါင်းနှစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်းလေးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၆။ ဒေါင်းစစ်သည်တွေချီလာပြီ သိန်းတစ်ထောင် ကမ်ပိန်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ .. အောက်တိုဘာလ ရက်နေ့အထိ ပြုလုပ်သွားမည်


စက်တင်ဘာ၂ရက်


ဒေါင်းစစ်သည်တွေ ချီလာပြီးသိန်းတစ်ထောင် ကမ်ပိန်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ .. အောက်တိုဘာလ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။


ဒေါင်းစစ်သည်တွေချီလာပြီ ကမ်ပိန်းဟာ တောင်ပိုင်းတိုင်း တပ်ထောက်တပ်ဖွဲ့၏ လိုအပ်သည့် မရှိမဖြစ်လိုအပ်သော မော်တော်ကားနှင့်အခြားသော လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ပြုလုပ်သော ကမ်ပိန်းလည်းဖြစ်ပါတယ်။ကမ်ပိန်း ရည်မှန်းချက်ကို မြန်မာငွေ သိန်း ၁၀၀၀ (အမေရိကန် ဒေါ်လာ သောင်းခွဲ) ဟု သတ်မှတ်ထားပြီး ကံစမ်းမဲ  တစ်စုအား မြန်မာကျပ်ငွေ သောင်း သတ်မှတ်ထားပါတယ်။


ထိုသို့ကမ်ပိန်း လုပ်ဆောင်ရာတွင် ထည့်ဝင် ကူညီသူများအား ကျေးဇူးတင် ဂုဏ်ပြုသော အားဖြင့် 


- ကိုမင်းကိုနိုင်၏ ဒေါင်းစစ်သည် ပန်းချီကား

- ‌တပ်ထောက် ရဲဘော်တစ်ဦး၏ တိုက်ပွဲဝင် ဘောင်းဘီ 

- တပ်ထောက် ရဲဘော်တစ်ဦး၏ တိုက်ပွဲဝင် တောစီးဖိနပ် 

- ကိုမင်းကိုနိုင်၏ ဒေါင်းစစ်သည် ပန်းချီကား (ဒီဂျစ်တယ် ကော်ပီ ၁၀ ခု) 

တို့ကို ပြန်လည်၍ ကံစမ်းမဲ ဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment