3rd SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး သက်သက်တင်မဟုတ်ပါဘဲ ဖက်ဆစ် စစ်အာဏာရှင်တွေ တည်ဆောက်ထားတဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေကိုပါ ဖြိုချချေဖျက်ပစ်ရမယ့် တော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတဆို

📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ်နှင့် ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး၏ လက်မှတ်များကို ခွင့်ပြုချက်မရှိပဲ မည့်သည့်နေရာတွင်မျှ အသုံးပြုခွင့် မပြုကြောင်းအသိပေးကြေညာ

📌 ၃။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များအား အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးသင်တန်းကျင်းပ

📌 ၄။ စစ်မက်ရေးရာမှာ တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းသွားလို့မရဘူးလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို

📌 ၅။ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မကွေးတိုင်းအတွင်းက လူထုတိုက်ပွဲ/သပိတ် ကော်မတီများ တော်လှန်ရေးနှင့် ဒေသအကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခင်းအကျင်းများကိုတွေ့ဆုံဆွေးနွေး

📌 ၆။ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင်တပ်ရင်းများမှ အမျိူးသမီးရဲဘော် ( ၃၀ ) ဦးကို တစ်ဦးလျှင် ငွေကျပ်ငါးသောင်း ကူညီထောက်ပံ့ခဲ့

📌 ၇။ ရေလမ်းမှ ရေးမြို့နယ် ခလရ(၆၁) သို့ အင်အား (၁၀၀)ခန့် ပြန်လည်ဖြည့်တင်းသည့် သတင်း အတိအကျရရှိ၍ စစ်ကောင်စီတပ်စခန်းနေရာများအား စစ်ဆင်ရေးများလုပ်ဆောင်

📌 ၈။ မူး(မုန်း)မြို့နယ်အတွင်းရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ () လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး သက်သက်တင်မဟုတ်ပါဘဲ ဖက်ဆစ် စစ်အာဏာရှင်တွေ တည်ဆောက်ထားတဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေကိုပါ ဖြိုချချေဖျက်ပစ်ရမယ့် တော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတဆို


စက်တင်ဘာ၂ရက်

စက်တင်ဘာလ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလမှ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံတွင် အခုလိုပြောကြားခဲ့ပါတယ်။


နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး သက်သက်တင်မဟုတ်ပါဘူး။ ဖက်ဆစ် စစ်အာဏာရှင်တွေ တည်ဆောက်ထားတဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေကိုပါ ဖြိုချချေဖျက်ပစ်ရမယ့် တော်လှန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကွဲပြားစုံလင်မှုကို ညီညွတ်တဲ့အင်အား ဖြစ်စေပြီး လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။


ဒါ့အပြင် မတူကွဲပြားမှုတွေအပေါ် အသိအမှတ်ပြုလက်ခံပြီး ခွဲခြားဆက်ဆံမှုကင်းတဲ့၊ တန်းတူညီမျှမှုကို လက်ခံတဲ့ ယဉ်ကျေးသော လူ့ဘောင်တစ်ရပ်ဖြစ်လာအောင် အားလုံး အတူလက်တွဲပြီး ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ်နှင့် ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး၏ လက်မှတ်များကို ခွင့်ပြုချက်မရှိပဲ မည့်သည့်နေရာတွင်မျှ အသုံးပြုခွင့် မပြုကြောင်းအသိပေးကြေညာ


စက်တင်ဘာ၂ရက်

ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ်နှင့် ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး၏ လက်မှတ်များကို ခွင့်ပြုချက်မရှိပဲ မည့်သည့်နေရာတွင်မျှ အသုံးပြုခွင့် မပြုကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ၂ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ် (Logo) နှင့် ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး၏ လက်မှတ်များကို ဝန်ကြီးဌာနနှင့် သက်ဆိုင်သောစာများ၊ သဝဏ်လွှာများနှင့် အခြားခွင့်ပြုချက် ရရှိသည့် လုပ်ငန်းများတွင်သာ အသုံးပြုရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။

 

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေဖြင့် မလိုလားအပ်သော ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန်အတွက် အထက်ဖော်ပြပါ အမှတ်တံဆိပ် (Logo) နှင့် ပြည်ထောင်စုဝန်ကြီး လက်မှတ်များကို ဝန်ကြီးဌာန၏ တရားဝင်(စာဖြင့်) ခွင့်ပြုချက်မရှိပဲ မည့်သည့်နေရာတွင်မျှ အသုံးပြုခွင့် မပြုကြောင်း ကြေညာလိုက်ပါတယ်။


အကယ်၍ ခွင့်ပြုချက်မရှိဘဲအသုံးပြုနေကြောင်းတွေ့ရှိပါက တိုင်ကြားမှုများဆိုင်ရာကော်မတီ (Email : cc@mod.nugmyanmar.org) သို့ အကြောင်းကြားနိုင်ကြောင်းဖော်ပြထားပါတယ်။


========================


📌📌 ၃။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များအား အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးသင်တန်းကျင်းပ


စက်တင်ဘာ   ရက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များအား အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးသင်တန်းကို စက်တင်ဘာ၂ရက်က ကျင်းပခဲ့ပါတယ်။


အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး အခြေခံသဘောတရားများကို ရှင်းလင်းပို့ချခဲ့ပြီး တက်ရောက်လာကြသော  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါသင်တန်းအား စက်တင်ဘာ၂ရက်နေ့မှ ၃ရက်နေ့ထိ သင်တန်းကာလ()ရက်ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 


သင်တန်းသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ ဦးဆောင်၍ ဝန်ကြီးဌာနတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအသီးသီးမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ စစ်မက်ရေးရာမှာ တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းသွားလို့မရဘူးလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို


စက်တင်ဘာ၂ရက်

စစ်မက်ရေးရာမှာ တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းသွားလို့မရဘူးလို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်မှ စက်တင်ဘာ၂ရက်မှာ ပြောပါတယ်။


"စစ်မက်ရေးရာဆိုတာ တကယ်သေနတ်ပစ်တဲ့အချိန်က ၂၀ ရာခိုင်နှုန်း နီးပါးပဲ ရှိပါတယ်တဲ့။ ဒါဆို ကျန်တဲ့အချိန်တွေက ဘာတွေလုပ်ရတာလဲ။ လေ့ကျင့်ရတယ်။ ထောက်ပို့ရတယ်။ သတင်းစုဆောင်းရတယ်။ ဗျူဟာချရတယ်။ ပြည်သူကိုစည်းရုံးရတယ်။ ရန်သူကို စိတ်ဓာတ်ပျက်ပြား အောင်လုပ်ရတယ်။ မဟာမိတ်ဖွဲ့ရတယ်။ ဆိုတော့ ဒါက တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းသွားလို့ မရပါဘူး။ ရန်သူက စိတ်ဓာတ် မရှိဘူး။ ဖျင်းတယ်ဆိုပေမယ့် ရန်သူလက်ထဲမှာ သူ့အမိန့်ကို အကောင်အထည်ဖော်မယ့် စစ်ဘက်၊ အရပ်ဘက် အဖွဲ့အစည်းတွေက နိုင်ငံ့ရဲ့ ရင်းမြစ်စားသုံးပြီး အသင့်ရှိနေတာ ဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း သုံးရာကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း နှစ်ရာ့ငါးဆယ်ကျော်နှင့် တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သိန်းနှင့်ချီရှိနေပြီ ဖြစ်ပါတယ်။


"စစ်တိုက်တယ်ဆိုရာမှာ ပထမဆုံးကအတွေးအခေါ် ဦးဆောင်မှုပါပဲ။ ဒီ အတွေးအခေါ် ပိုင်းမှာပြတ်မှ ကျန်တာတွေက လိုက်ပါလာတာပါ။ ဘာကြောင့်မို့ ဒီစစ်ကို တိုက်ရတာလဲဆိုတဲ့ အတွေးအခေါ် ဟာ အမှန်တရားအပေါ် ရပ်မယ်၊ အများကောင်းကျိုးအတွက် ရှေ့ရှုမယ်ဆိုရင် ကျန်တဲ့ လိုအပ်ချက်တွေက သံလိုက်ဓာတ်လိုပဲ လာလာကပ်မှာပါပဲ"လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကပြောပါတယ်။


========================


📌📌 ၅။ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မကွေးတိုင်းအတွင်းက လူထုတိုက်ပွဲ/သပိတ် ကော်မတီများ တော်လှန်ရေးနှင့် ဒေသအကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခင်းအကျင်းများကိုတွေ့ဆုံဆွေးနွေး


စက်တင်ဘာ၂ရက်

စက်တင်ဘာလ ()ရက်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH)နှင့် မကွေးတိုင်းအတွင်းက လူထုတိုက်ပွဲ/သပိတ်ကော်မတီများဖြစ်သော မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီ (YPRC) ပခုက္ကူလူထုတိုက်ပွဲ‌ကော်မတီ (PPRC) နှင့် မကွေးလူထုတိုက်ပွဲကော်မတီ (MPRC)တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တော်လှန်ရေးကာလအတွင်း ကြိုးစားဆောင်ရွက်ခဲ့မှုများ၊ လက်ရှိ လှုပ်ရှားဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိသည့် ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တော်လှန်ရေးနှင့် ဒေသအကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခင်းအကျင်းများကိုလည်း နွေးထွေး လှိုက်လှဲစွာ ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH)မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မကွေးတိုင်း အတွင်းက လူထုတိုက်ပွဲ/သပိတ် ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင်တပ်ရင်းများမှ အမျိူးသမီးရဲဘော် ( ၃၀ ) ဦးကို တစ်ဦးလျှင် ငွေကျပ်ငါးသောင်း ကူညီထောက်ပံ့ခဲ့


စက်တင်ဘာ ၂ရက်

အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင် တပ်ရင်းများမှ အမျိူးသမီးရဲဘော် ( ၃၀ ) ဦးကို တစ်ဦးလျှင် ငွေကျပ်ငါးသောင်း ကူညီထောက်ပံ့ခဲ့တယ်လို့ စက်တင်ဘာ၂ရက်နေ့မှာ ပုလဲ ပအဖကအသိပေးဆိုထားပါတယ်။


အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း၇ ၁၀ ၁၁ ၁၂ ၁၃ ၁၉ ၂၀ တပ်ရင်းတို့မှ အမျိူးသမီးရဲဘော် ( ၃၀ ) ဦးကို တစ်ဦးလျှင် ကျပ်ငွေ ( ၅၀၀၀၀)  ကူညီထောက်ပံ့ခဲ့ပါတယ်လို့ဆိုပါတယ်။


 အဆိုပါကူညီထောက်ပံ့မှုကို ပုလဲမြို့နယ် အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ တာဝန်ခံနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ရေလမ်းမှ ရေးမြို့နယ် ခလရ(၆၁) သို့ အင်အား (၁၀၀)ခန့် ပြန်လည်ဖြည့်တင်းသည့် သတင်း အတိအကျရရှိ၍ စစ်ကောင်စီတပ်စခန်းနေရာများအား စစ်ဆင်ရေးများလုပ်ဆောင်


စက်တင်ဘာ၂ရက်

ရေလမ်းမှ ရေးမြို့နယ် ခလရ(၆၁) သို့ အင်အား (၁၀၀)ခန့် ပြန်လည်ဖြည့်တင်းသည့်သတင်း အတိအကျရရှိ၍ စစ်ကောင်စီတပ်စခန်းနေရာများအား စစ်ဆင်ရေးများလုပ်ဆောင်ခဲ့ပါတယ်။


စက်တင်ဘာ၂ရက် ရေးမြို့နယ် ပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲခဲ့တယ်လို့ ဒေါနစစ်ကြောင်းက အတည်ပြုထားပါတယ်။


ဒေါနစစ်ကြောင်းအနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ () ရက်၊ တွင်  ရေးပြောက်ကျားတပ်ဖွဲ့(YGF) မွန်ပြည်တော်လှန်ရေးတပ်(MSRF) ABSDF တပ်ရင်း() KNLA တပ်ရင်း (၂၇)တို့နှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းနေရာများအား စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်လို့ ဆိုပါတယ်။


ရန်သူသည် ရေလမ်းမှ ရေးမြို့နယ် ခလရ(၆၁) သို့ အင်အား (၁၀၀)ခန့် ပြန်လည်ဖြည့်တင်းသည့်သတင်း အတိအကျရရှိသဖြင့် ဒေါနစစ်ကြောင်းချေမှုန်းရေးတပ်ခွဲနှင့် ဒေါနစစ်ကြောင်းလက်နက်ကြီးတပ်စု၊  ပူးပေါင်းတပ်ဖွဲ့များက  ရန်သူအားလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


တိုက်ပွဲကြာချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ရန်သူ့ဘက်မှ လူနာတင်ယာဉ် ()စီးဖြင့် ထိခိုက်ဒဏ်ရာရသူများ သယ်ထုတ်သွားရပြီး ရန်သူထိခိုက်သေဆုံးမှုစာရင်းအတိအကျအား အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။


========================


📌📌 ၈။ မူး(မုန်း)မြို့နယ်အတွင်းရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ () လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်


မူး(မုန်း)မြို့နယ်အတွင်း ရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ () လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စက်တင်ဘာ၂ရက်နေ့မှာ စစ်ရေးသတင်းကို  ကေအဲန်ယူဗဝိုကအတည်ပြုပါတယ်။


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း ရှိအကြမ်းဖက် စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း () တပ်ရင်း () ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တပ်ရင်း () တို့ ပူးပေါင်းထားသော တပ်မဟာ ဌာနချုပ် စစ်ကြောင်းနှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့ မနက် () နာရီ တွင် စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ () ရက်နေ့ ညနေ (၅း၃၀) မိနစ်အချိန်ခန့်တွင် ထိုစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


သစ်ချဆိပ်စခန်းအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်သော ခလရ၄၃၉၊ ခလရ၆၀၊ ခမရ၃၅၀ နှင့် ခမရ၃၅၁ တို့တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များဘက်မှ (၁၅) ဦးသေဆုံးခဲ့ကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များထံမှ ကွန်မန်ဒိုပြောင်း () လက်၊ စက်လတ် () လက် နှင့် လက်နက်ငယ် စုစုပေါင်း (၁၉) လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။


ထိုစခန်းအား တိုက်ခိုက် သိမ်းပိုက်စဉ်အတွင်း ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် (K.L.N.A) ပူးပေါင်းတပ်ဖွဲ့များဘက်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် () ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment