8th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာပြည်ထောင်စုဝန်ကြီးအပါအဝင် ဒုတိယဝန်ကြီးတို့ စစ်ကိုင်းတိုင်း အမျိုးသမီးတာဝန်ခံများနှင့်တွေ့ဆုံ

📌 ၂။ အကြမ်းဖက် စစ်ကောင်စီမှ သတ်မှတ်ထားသောငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ရန် အတင်းအကျပ်ဖိအားပေးသူမှန်သမျှကို NUGကပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်

📌 ၃။ (၇၅)နှစ်မြောက်ကရင်နီအမျိုးသား အာဇာနည်နေ့အခမ်းအနား ကရင်နီတပ်မတော်ဌာနချုပ်မှာကျင်းပ

📌 ၄။ ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် တပ်စွဲ ထား စစ်ကောင်စီ တပ်စခန်းအား  ဝင်ရောက်တိုက်ခိုက်၍ စကစတပ်များထွက်ပြေးဆုတ်ခွာကာ ပစ္စည်းအချို့သိမ်းဆည်းရမိ

📌 ၅။ မြန်မာစစ်တပ်ဟာ ကျင့်ဝတ်ပျက်ယွင်းကာ .   လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းတခုသာ ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိမြင်နေကြပြီလို့ ဦးလင်းသန့်ပြောကြား

📌 ၆။ ကန့်ဘလူခရိုင်တွင်  ဩဂုတ်လအတွင်း ပြည်သူ (၁၁) ဦးမြွေကိုက်ခံရပြီး နှစ်ဦးအသက်ဆုံးရှုံးခဲ့ရ

📌 ၇။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်အစည်းအဝေးကိုတက်ရောက်မည်မဟုတ်

📌 ၈။ Spring Yangon Investment ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များအားလုံးရောင်းကုန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာပြည်ထောင်စုဝန်ကြီးအပါအဝင် ဒုတိယဝန်ကြီးတို့ စစ်ကိုင်းတိုင်း အမျိုးသမီးတာဝန်ခံများနှင့်တွေ့ဆုံ


စက်တင်ဘာ၈ရက်


စက်တာဘာ ၇ရက်တွင် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့သည် စစ်ကိုင်းတိုင်းအတွင်းရှိအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ မြို့နယ်တာဝန်ခံများကို  zoom meeting ပြုလုပ်၍ တွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောက်စုဝန်ကြီးက "တာဝန်ခံများအနေဖြင့် မြေပြင်ရှိစစ်ဘေးရှောင်ပြည်သူများနှင့်အမျိုးသမီးများအတွက် တာဝန်ယူဆောင်ရွက်ပေးမည့် ပအဖတာဝန်ခံများကိုစနစ်တကျ ဖွဲ့စည်းပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူရပါကြောင်း၊ မြေပြင်အခက်အခဲများစွာကိုရင်ဆိုင်ကျော်ဖြတ်ကာ အန္တရယ်ကြားမှဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်ပြီး အမြဲတမ်းအတွင်းဝန်မှစဉ်ဆက်မပြတ်တင်ပြခဲ့တဲ့အပေါ်မိမိသိရှိခဲ့ရပြီး ယခုလိုတွေ့ဆုံကြခြင်းသည် တာဝန်ခံများ၏အခက်အခဲ လိုအပ်ချက်များကိုပံ့ပိုးပေးရန်ဖြစ်တဲ့အတွက် တက်ရောက်လာသူများအနေဖြင့် ပွင့်လင်းစွာဆွေးနွေးတင်ပြကြရန်လိုကြောင်း၊ တာဝန်ခံများအနေဖြင့် တော်လှန်ရေးလိုအပ်ချက်အရ မိမိတို့ဝန်ကြီးဌာနနှင့်အတူ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်ကြမည်ကိုလည်းယုံကြည်ပါကြောင်း "ပြောကြားခဲ့ပါတယ်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က "သက်ငယ်မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးခံရမှုနှင့် အမျိုးသမီးများအပေါ်နည်းလမ်းအမျိုးမျိုးဖြင့်အကြမ်းဖက်ခံရမှုများပြားလာသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသအသီးသမီးမှအမျိုးသမီးတာဝန်ခံများနှင့်ပူးပေါင်းကာ ထိရောက်စွာအရေးယူဖို့လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနနှင့် မြေပြင်တာဝန်ခံများထိထိမိမိချိတ်မှုကအရေးကြီးကြောင်း၊ ပြစ်မှူကျူးလွန်သူများထဲတွင် မြေပြင်ကအာဏါရှင်ကိုတော်လှန်နေသူများပါ ပါဝင်နေတဲ့အတွက် ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးယန္တရားပိုင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး ညှိနှိင်းကာ အဖြေရှာရန်လိုအပ်ကြောင်း၊ မိမိကိုယ်တိုင်ကြားကာလဗဟိုကော်မတီအစည်းအဝေးများတွင် သက်ဆိုင်ဝန်ကြီးဌာနမှတာဝန်ရှိသူများကို မေးခွန်းများမေးမြန်းခဲ့ရသည်အထိ အမျိုးသမီးရေးရာကို အလေးထားဆောင်ရွက်နေပါကြောင်း" ဖြည့်စွက်ပြောကြားခဲ့ပါတယ်။


 ယင်းနောက်တက်ရောက်လာသူများက သက်ငယ်မုဒိန်းနှင့် အမျိုးသမီးများအကြမ်းဖက်မှုလျော့နည်းသွားရေးအတွက် သင်တန်းပေးရန်လိုအပ်မှု၊ victim အမျိုးသမီးများနှင့် PDF အမျိုးသမိးများထောက်ပံ့နေမှု၊ တာဝန်ခံများ၏ခရီးစရိတ်၊ လိင်ပိုင်းဆိုင်ရာကာကွယ်မှုအသိပညာပေးခြင်းနှင့် စစ်ဘေးရှောင်များနှင့် CDM ဝန်ထမ်းများထောက်ပံ့နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီမှ သတ်မှတ်ထားသောငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ရန် အတင်းအကျပ်ဖိအားပေးသူမှန်သမျှကို NUGကပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်


စက်တင်ဘာ၈ရက်


ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများကို အတင်းအကျပ်ဖိအားပေး‌ နေသည့်ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ အလုပ်သမားဝန်ကြီးဌာနမှ စက်တင်ဘာလ ၈ရက်မှာ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။


ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လှုပ်ရှားမှုများတွင် ပြည်ပရောက်မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုသည် ထိရောက်အရေးပါကြောင်း သိရှိထားသော အကြမ်းဖက် စစ်ကောင်စီသည်  အလုပ်သမားများအား မတရားအာဏာပြဖိနှိပ်ရန်နှင့် အလုပ်သမားများ၏ သမ္မာအာဇီဝချွေးနည်းစာကို အဓမ္မခေါင်းပုံဖြတ်ပြီး ပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ် နေသည့် အကြမ်းဖက်လုပ်ရပ်များအတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်သည့် စစ်လေယာဉ်ဆီဝယ်ယူရာတွင် အသုံးပြုရန် အဓိကရည်ရွယ်၍ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ လုပ်ဆောင်မှုသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် ဥပဒေကို ကျော်လွန်ကာ အေဂျင်စီများနှင့် အလုပ် သမားများအပေါ် ဥပဒေမဲ့ ဖိနှိပ်အကျပ်ကိုင်ခြင်းဖြစ်သည့်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန် လုံးဝမလိုအပ်ပါကြောင်းနှင့် အလုပ်သမားများကို အတင်းအကျပ်ဖိအားပေး လိုက်နာစေခြင်း၊ လုပ်ခလစာမှ ဖြတ်တောက်ခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ရန် သတိပေးလိုက်တယ်လို့ဆိုထားပါတယ်။


ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်၍သော် လည်းကောင်း၊ အခြားတနည်းနည်းဖြင့်သော်လည်းကောင်း ဖိအားပေးလွှဲပို့ရန် လုပ်ဆောင်သည့် မည်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားပါတယ်။


အကြဖမ်းစကစဟာ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ ငွေအဖြစ် အခြေခံလစာ၏ အနည်းဆုံး ၂၅ % ကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများထံ ဖိအားပေးညွှန်ကြားခဲ့ပါတယ်။


========================


📌📌 ၃။ (၇၅)နှစ်မြောက်ကရင်နီအမျိုးသား အာဇာနည်နေ့အခမ်းအနား ကရင်နီတပ်မတော်ဌာနချုပ်မှာကျင်းပ


စက်တင်ဘာ၈ရက်


(၇၅)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့အခမ်းအနားကို ( ကရင်နီတပ်မတော်ဌာနချုပ်တွင် ယနေ့ စက်တင်ဘာ၈ရက်မနက်ပိုင်းမှာ အကျဥ်းချုံးကျင်းပခဲ့ပါတယ်။


အခမ်းနားတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပါတီဗဟိုဌာနချုပ်မှ ပါတီအတွင်းရေးမှူး()၊ကရင်နီတပ်မတော် စစ်ဦးစီးချုပ်၊ ကရင်နီတပ်မတော် စစ်ရေးချုပ်၊ ကရင်နီအစိုးရဌာနဆိုင်ရာများ၊ ကရင်နီတပ်မတော် တပ်ရင်း - ၂၊တပ်ရင်း - ၃၊ ကရင်နီအမြဲတမ်းပြောက်ကျားတပ်၊ အရေးပေါ်ကယ်ဆယ်ရေးဆက်စပ်ဆောင်ရွှက်မှုအဖွဲ့ (ကရင်နီ - CTER) တပ်ရင်းရဲဘော်များ၊ KNDF ရဲဘော်များနှင့် ပြည်သူအချို့တက်ရောက်ခဲ့ကြပါတယ်။


ထို့နောက် ပေးပို့လာသော သဝဏ်လွှာများဖတ်ကြားခြင်း ကရင်နီတပ်မတော် စစ်ဦးချုပ်မှ အမှာစကားပြောကြားခြင်း၊ ကျဆုံးလေပြီးသောအာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေများချခြင်းများကျင်းပခဲ့ကြပါတယ်။


========================


📌📌 ၄။ ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် တပ်စွဲ ထား စစ်ကောင်စီ တပ်စခန်းအား  ဝင်ရောက်တိုက်ခိုက်၍ စကစတပ်များထွက်ပြေးဆုတ်ခွာကာ ပစ္စည်းအချို့သိမ်းဆည်းရမိ


စက်တင်ဘာ၈ရက်


စက်တင်ဘာ၈ရက်နေ့တွင် စစ်ရေးသတင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)မှ အခုလိုအသိပေးဆိုထားပါတယ်။


"စက်တင်ဘာလ၂ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) သည် ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် တပ်စွဲ ထား စစ်ကောင်စီ တပ်စခန်း အား သွားရောက်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တစ်ခြားတစ်ဖက်တွင်လည်း သေးဆူလဲ ပူးဖား ကျေးရွာ များတွင် ကရင်နီတပ်ပေါင်းစု အဖွဲ့ များက ဝင်ရောက်စခန်း များ သိမ်းပိုက်ခဲ့စဉ် အချိန် နှင့် တစ်ပြိုင်နက် KRU သည်လည်းကုန်းသာ ကျေးရွာသို့ တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ နှင့် အပြန်အလှန် ပစ်ခတ် မူများဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်တို့ တပ်နောက်ဆုတ်သွားခဲ့ပြီး ကုန်းသာ ကျေးရွာ အတွင်းသို့ ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်"လို့ဆိုပါတယ်။


ကျေးရွာ အတွင်း စစ်ကောင်စီတပ်တို့ ထိခိုက်သေဆုံးမူများရှိခဲ့ပြီး တပ်နောက်ဆုတ်ချိန်တွင် ၎င်းတို့၏ မိုင်းများ အလွန်များပြားတပ်ဆင်ထောင်ထားခဲ့သော ကြောင့် နယ်မြေ ရှင်းရာ တွင် အခက်ခဲ များ ရှိနေခဲ့ပြီး ပစ္စည်း အချို့သာ သိမ်းပိုက် ရရှိခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲတွင်း အကြမ်းဖက်တပ်တို့ ကျဆုံးမူ ရှိခဲ့ပြီး ပူး‌ပေါင်းတပ်များဖြစ်ကြသော ကယာ(ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) DMO PDF တပ်ရင်း() KNDF BO (01) တို့ ဘက် မှ တစ်ဦးမျှ ထိခိုက်မူ မရှိခဲ့ ဘဲ တိုက်ခိုက်နိုင်ခဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာစစ်တပ်ဟာ ကျင့်ဝတ်ပျက်ယွင်းကာ .   လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းတခုသာ ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိမြင်နေကြပြီလို့ ဦးလင်းသန့်ပြောကြား


စက်တင်ဘာ၈ရက်


စက်တင်ဘာ၇ရက်တွင် ချက်နိူင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်မှ ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အခုလိုအသိပေးဆိုထားပါတယ်။


"တချိန်က မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါပဲ ဘာကိုမျှ ပြုပြင်ပြောင်းလဲလို့ မရဘူးဆိုတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်တွင်းက နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ခံစားမှု၊ သန္ဓိဌာန်ချထားမှုနဲ့  အတူ ပြည်သူ့ခုခံစစ်ကို အခုတော့ တအံ့တသြဖြစ်နေကြရပြီ။ မြန်မာစစ်တပ်ဟာ ကျင့်ဝတ်ပျက်ယွင်းကာ ကိုယ့်ပြည်သူကိုအကာအကွယ်ပေးရမည့်အစား  ပြန်သတ်နေတဲ့၊ ကိုယ့်ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေကို ရန်မူ ဖျက်ဆီးနေတဲ့     လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းတခုသာ ဖြစ်တယ်ဆိုတာ အခုတော့ အားလုံးလည်း သိကြမြင်နေကြပြီ ဖြစ်တယ်"လို့ဆိုပါတယ်။ 


လက်ရှိမှာအမေရိကန်နှင့်ဥရောပသမဂ္ဂအပါအဝင်နိူင်ငံတကာက စစ်အုပ်စုအပါအဝင် ဆက်စပ်ပတ်သက်သူများကို အရေးယူပိတ်ဆို့ထားလျက်ရှိနေပါတယ်။


========================


📌📌 ၆။ ကန့်ဘလူခရိုင်တွင်  ဩဂုတ်လအတွင်း ပြည်သူ (၁၁) ဦးမြွေကိုက်ခံရပြီး နှစ်ဦးအသက်ဆုံးရှုံးခဲ့ရ


စက်တင်ဘာ၈ရက်


"ဩဂုတ်လ ရက်နေ့မှ ၃၁ ရက်နေ့အထိ  စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူ (၁၁)ဦးထိ မြွေဆိုးကိုက်ခံရပြီး နှစ်ဦးအသက်ဆုံးရှုံးထားပါတယ်။မြွေဆိုးကိုက်ခံရသည့် (၁၁)ဦးတွင် အမျိုးသား()ဦး နှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ထဲတွင် အသက်မပြည့်သေးသည့် (၁၄) နှစ်အရွယ် ကလေးသုံးဦးပါဝင်ကာ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်"လို့ စက်တင်ဘာ၈ရက်နေ့မှာ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကအသိပေးဆိုပါတယ်။


မြွေဆိုးကိုက်ခံရသည့် ပြည်သူများမှာ ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့တိုက်နယ်မှ ()ဦး၊ချပ်သင်းတိုက်နယ်မှ ()ဦးနှင့် ကျွန်းလှမြို့နယ်မှ ()ဦးတို့ဖြစ်ကြပါတယ်။


၎င်းတို့ထဲတွင် ချပ်သင်းတိုက်နယ်၊ပင့်သာကြီးကျေးရွာမှ မောင်ရန်လှိုင်ဝင်း(၂၆)နှစ် သည် ထယ်ထိုးရင်း မြွေပွေးကိုက်ခံရပြီး မြန်မာနိုင်ငံထုတ် BPIမြွေဆိပ်ဖြေဆေး ၁၀ လုံးနှင့် အိန္ဒိယမြွေဆိပ်ဖြေဆေး ၁၂ လုံးထိ ထိုးပေးခဲ့သော်လည်း အသက်သေဆုံးခဲ့ရပြီးပုဏ္ဏားကြီးကျေးရွာမှ မောင်ပိုင်ဘုန်းခန့်(၁၄)နှစ်သည် နွားကျောင်းသွားရင်း မြွေကိုက်ခံရပြီး၊အချိန်မှီဆေးကုသခွင့်ပင်မရရှိဘဲ တောထဲတွင်သာ သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။


ကန့်ဘလူခရိုင်သည် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းကို အမြဲလိုလိုခံရပြီး တိုက်နယ် ()ခုအနက် တိုက်နယ် ခုမှ ကျေးရွာအတော်များများမှာစစ်ဘေးအမြဲရှောင်နေရကာ နီးစပ်ရာတောထဲတဲတိုက်များတွင်သာ စစ်ရှောင်တဲထိုး၍ နေထိုင်ကြရပါတယ်။


========================


📌📌 ၇။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်အစည်းအဝေးကိုတက်ရောက်မည်မဟုတ်


စက်တင်ဘာ၈ရက်


စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်အစည်းအဝေးအား အင်ဒိုနီးရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့နည်းတူ တက်ရောက်မည်မဟုတ်ဟု ငြင်းဆိုရန် ကျန်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို Justice For Myanmar က အခုလို တောင်းဆိုလိုက်ပါတယ်။


"အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမဝင်စစ်အုပ်စုကို အာဆီယံကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးမှ ကန့်သတ်ပိတ်ပင်ရန်နှင့် မလိုက်နာပါက စစ်အုပ်စုပါဝင်သည့် မည်သည့် လုပ်ဆောင်ချက်ကိုမျှ တက်ရောက်ခြင်းမပြုပဲ ငြင်းဆိုကြရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်။မြန်မာစစ်အုပ်စု၏ လေတပ်ဦးစီးချုပ်ထွန်းအောင်သည် AACC ဥက္ကဋ္ဌဖြစ်ပြီး လက်ရှိတွင် လေကြောင်း စစ်ဆင်ရေးကို အသုံးပြု၍ အကြမ်းဖက်မှုများကျူးလွန်ခြင်း၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် များအား သတ်ဖြတ်ခြင်း၊ နေအိမ်၊ စာသင်ကျောင်း၊ ဝတ်ပြုရာနေရာများနှင့် ကျေးရွာများ ဖျက်ဆီးခြင်း တို့ကို အမိန့်ပေး ညွှန်ကြားလျက်ရှိပါတယ်"လို့Justice For Myanmar ကဆိုထားပါတယ်။


AFP သတင်းဖော်ပြချက်အရ ထိုင်းလေတပ်ဦးစီးချုပ် တစ်ဦးတည်းသာ ၂၀၂၃ AACC အစည်းအဝေးသို့ တက်ရောက်ရန် အတည်ပြုထားပြီး စင်ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်လေတပ်တို့က မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းမရှိဟု သိရပါတယ်။


Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “AACC ကို တက်ရောက်ဖို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ ငြင်းဆိုလိုက်တာက စစ်အုပ်စုအပေါ် ထောက်ခံမှု ကျရှုံးနေပြီဆိုတဲ့ ရှင်းလင်း ခိုင်မာတဲ့ သတင်းစကား ပေးပို့လိုက်တာဖြစ်ပါတယ်။အရေးယူခံရခြင်း လုံး၀မရှိဘဲ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ ဒေသတွင်းညီလာခံတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ လုံးဝမဖြစ်သင့်ပါဘူး။အခြားအာဆီယံလေတပ်အကြီးအကဲတွေအနေနဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ စံနမူနာကို အတုယူပြီး တရားမ၀င်စစ်အုပ်စုနဲ့ အတူ AACC ကို တက်ရောက်ဖို့ ငြင်းဆန်သင့်ပါတယ်"လို့ဆိုထားပါတယ်။


========================


📌📌 ၈။ Spring Yangon Investment ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များအားလုံးရောင်းကုန်


စက်တင်ဘာ၈ရက်


စက်တင်ဘာ၈ရက်မှာ endofdictatorshipကအခုလို အသိပေးဖော်ပြပါတယ်။


"နွေဦးတော်လှန်ရေးမှာ အရေးကြီးလိုအပ်နေတဲ့ ဘဏ္ဍာရံပုံငွေ ရရှိဖို့ Spring Yangon Investment ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များအား ထုတ်ဖေါ်ရောင်းချပေးခဲ့ရာတွင်၆၀ x ၈၀ ပေ မြေကွက်ပေါင်း ၂၅၀ နှင့် ၄၀ x ၆၀ ပေ မြေကွက်ပေါင်း ၇၀၀ အား ကုန်စင်အောင် ရောင်းချပေးခဲ့ကြသော EOD ကိုယ်စားလှယ်ကြီးများ၊ပန်းတိုင်အရောက် ချီတက်နိုင်ဖို့ မဆုတ်မနစ်သော စိတ်ဓါတ်တို့ဖြင့် လိုက်ပါအားပေးနေကြသော တော်လှန်ပြည်သူအပေါင်းအား….EOD အဖွဲ့သားများ က လေးစားဂုဏ်ပြု ဦးညွှတ်အပ်ပါတယ်"လို့ဆိုပါတယ်။


endofdictatorshipဟာလက်ရှိမှာ ကျန်ရှိနေသေးတဲ့ EODအရောင်းစီမံကိန်းများကို ဆက်လက်ရောင်းချပေးလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment