9th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယခုနွေဦးတော်လှန်ရေးတွင် ကရင်နီတိုင်းရင်းသားတို့ အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများသည် နိုင်ငံရေးနှင့်တော်လှန်ရေး အသိ၊ သတိတို့ ပိုမိုရှင်သန်လာတယ်လို့ (၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ CRPHသဝဏ်လွှာပေးပို့

📌 ၂။ ပြည်သူ့ခုခံတွန်းလှန်စစ် () နှစ်ပြည့် အထိမ်းအမှတ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများအား ဂုဏ်ပြုပွဲအခမ်းအနား ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့ ဒုဝန်ကြီး နိုင်ကောင်းရွက်တို့တက်ရောက်

📌 ၃။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDMနဲ့ပတ်သက်လို့ အင်အားပြုန်းတီးမှု ငါးသောင်းပတ်ချာလည်လောက်ရှိတယ်လို့ ကာကွယ်ရေး ဒုအတွင်းဝန်ဆို

📌 ၄။ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိသော ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်

📌 ၅။ မြန်မာနိုင်ငံမှ လူဦးရေ ဒသမ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိ

📌 ၆။ ရွှေဘိုနဲ့ဝက်လက်နယ်မှာ စစ်ကောင်စီတပ်များထောင်ထားသော မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးခြေထောက်ဆုံးရှုံး၍ အမျိုးသားတစ်ဦးသေဆုံး

📌 ၇။ ပုသိမ်-မုံရွာလမ်းတွင်  ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စကစဘက်က ၈ယောက် သေဆုံးပြီး ၁၃ယောက်ခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့

📌 ၈။ ဖရူဆို- ဘောလခဲ ပြည်ထောင်စု လမ်းမကြီးအား ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန် ပြည်သူလူထုသို့ လမ်းပိုင်းဆိုင်ရာအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယခုနွေဦးတော်လှန်ရေးတွင် ကရင်နီတိုင်းရင်းသားတို့ အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများသည် နိုင်ငံရေးနှင့်တော်လှန်ရေး အသိ၊ သတိတို့ ပိုမိုရှင်သန်လာတယ်လို့ (၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ CRPHသဝဏ်လွှာပေးပို့


စက်တင်ဘာလ ရက်

ယခုနွေဦးတော်လှန်ရေးတွင် ကရင်နီတိုင်းရင်းသားတို့အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများသည် နိုင်ငံရေးနှင့် တော်လှန်ရေး အသိ၊ သတိတို့ ပိုမိုရှင်သန်လာတယ်လို့ (၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ CRPHသဝဏ်လွှာပေးပို့ရာမှာ ဖော်ပြထားပါတယ်။


၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့တွင် နယ်ချဲ့ဖဆပလအစိုးရ၏ လုပ်ကြံမှုကြောင့် ကရင်နီအမျိုးသားအစည်းအရုံးဥက္ကဋ္ဌ၊ ခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီ ကျဆုံးခဲ့သောနေ့အထိမ်းအမှတ်အဖြစ် ကရင်နီအမျိုးသားအာဇာနည်နေ့အားနှစ်စဥ် ကျင်းပဂုဏ်ပြုခဲ့သည်မှာ စိန်ရတု (၇၅) နှစ်တိုင်ခဲ့ပြီ ဖြစ်တယ်လို့ဆိုပါတယ်။


ကရင်နီတိုင်းရင်းသားများအားလုံးနှင့်အတူ မိမိတို့အနေဖြင့် ခေတ်အဆက်ဆက် အသက် ခန္ဓာ ရင်းနှီးပေးဆပ်ခဲ့ကြသော ကရင်နီအာဇာနည်သူရဲကောင်းအပေါင်းတို့အား အစဥ်ထာ၀ရလေးစားလျက် အောက်မေ့သတိရပါကြောင်း ဖော်ပြလိုပါတယ်လို့ဆိုပါတယ်။


ယနေ့သည် နယ်ချဲ့ဖဆပလအစိုးရ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ကြရသော ကရင်နီပြည်၏ သီးခြားလွတ်လပ်ခွင့် ပြန်လည်ရရှိရေးအတွက် ခုခံတိုက်ပွဲဝင်ခဲ့ကြသည့်အချိန်မှစ၍ ယခုနွေဦးတော်လှန်ရေးကာလအထိ အသက်၊ သွေး၊ ချွေး၊ ကာယအား၊ ဉာဏအားတို့ ရင်းနှီးပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်အပေါင်းတို့အား ကရင်နီပြည်သူတစ်ရပ်လုံးက အောက်မေ့သတိရလျက် လေးစားဦးညွှတ်ဂါရဝပြု၍ ဂုဏ်ယူစွာကျင်းပပြုလုပ်သည့် နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်လို့ဆိုပါတယ်။


 မိမိတို့နိုင်ငံ၌ သမိုင်းတလျှောက်လုံးတွင် အာဏာရှင်အဆက်ဆက်တို့သည် တိုင်းရင်းသားပြည်သူအားလုံးတို့၏ လွတ်လပ်မှုနှင့်တန်းတူမှု စံနှုန်းတန်ဖိုးများအား လက်နက်အားကိုး၍ သွေးခွဲဖျက်ဆီးကာ ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှုလုပ်ဆောင်ခဲ့ကြသည့်အတွက် တိုင်းရင်းသားအားလုံးတို့၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနစ်နာခဲ့ကြရပြီး ဖိနှိပ်မှုများစွာဖြင့် ရှင်သန်နေထိုင်ခဲ့ကြရပါတယ်။


ယခုနွေဦးတော်လှန်ရေးတွင် ကရင်နီတိုင်းရင်းသားတို့အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများသည် နိုင်ငံရေးနှင့်တော်လှန်ရေး အသိ၊ သတိတို့ ပိုမိုရှင်သန်လာကြကာ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အရှိန်အဟုန်ကောင်းစွာ စုစည်းကျစ်လစ်မှု ခိုင်မာစွာဖြင့် ခုခံတော်လှန်နေသည်သာမက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဥ်များကိုလည်း လက်တွေ့ကျကျ ဖော်ဆောင်နေသည့်အတွက် လွန်စွာ ဂုဏ်ယူအားတက်ရသည်ကို ဖော်ပြလိုပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၂။ ပြည်သူ့ခုခံတွန်းလှန်စစ် () နှစ်ပြည့် အထိမ်းအမှတ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများအား ဂုဏ်ပြုပွဲအခမ်းအနား ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့ ဒုဝန်ကြီး နိုင်ကောင်းရွက်တို့တက်ရောက်


စက်တင်ဘာလ () ရက်

ပြည်သူ့ခုခံတွန်းလှန်စစ် () နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ အတွင်းဝန်၊ ဒုအတွင်းဝန် အပါအဝင် အရပ်ဘက်/စစ်ဘက် တာဝန်ရှိသူများနှင့် ပြည်သူ့သားကောင်းများလည်း တက်ရောက်ခဲ့ကြပါတယ်။

 

အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်နှင့် နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေးများတွင် ကျဆုံးသွားခဲ့ရသော ရဟန်းရှင်လူ၊ မိဘပြည်သူ၊ ကျောင်းသားများနှင့် သူရဲကောင်းများကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးမှ ဂုဏ်ပြုချီးမြှင့်စကား ပြောကြားခြင်းနှင့် တော်လှန်ရေးအနုပညာရှင်များမှ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများ ကိုယ်စား ယခင်(ဗိုလ်မှူး) ယခုတပ်ရင်းမှူး ရဲဘော်စံလင်း (အထူးကွန်မန်ဒိုတပ်ရင်း) က ကျေးဇူးတင် ခွန်အားဖြည့်စကား ပြောကြားခဲ့ပါတယ်။


ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ပြည်သူ့သားကောင်း (၄၅၀) ကျော်သည် ယခုအခါ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရဲဘော်များအဖြစ် ခံယူလျက် စစ်ရုံးချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDMနဲ့ပတ်သက်လို့ အင်အားပြုန်းတီးမှု ငါးသောင်းပတ်ချာလည်လောက်ရှိတယ်လို့ ကာကွယ်ရေး ဒုအတွင်းဝန်ဆို


စက်တင်ဘာ၈ရက်

စက်တင်ဘာ၈ရက်မှာ ကျင်းပတဲ့ "စစ်ကောင်စီအက်ကွဲကြောင်းမှသည် ပျက်သုဉ်းခြင်းဆီသို့"ဆွေးနွေးမှုစကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက အခုလိုပြောကြားပါတယ်။


"CDMနဲ့ပတ်သက်လို့ အင်အားပြုန်းတီးမှုက ငါးသောင်းပတ်ချာလည်လောက်ရှိပါတယ်။ တပ်ရင်းတစ်ရင်းကို တစ်သောင်းနဲ့ တွက်မယ်ဆိုရင် တပ်ရင်းငါးရင်းစာကို ပြုန်းတီးတဲ့သဘောဆိုတော့ CDMနဲ့ပတ်သက်လို့ နှိပ်ကွပ်ဆောင်ရွက်နေတဲ့သဘောကိုတွေ့ရပါတယ်။ အဲဒီလို နှိပ်ကွပ်လို့ရအောင် သူတို့တပ်ထဲမှာ ဝါဒဖြန့်တာတွေလုပ်တယ်။ CDMလုပ်တဲ့သူကို ဒီဘက်ကရှင်းလင်းလိုက်တယ်တို့ ဘာလုပ်ပစ်လိုက်တယ်တို့ နည်းမျိုးစုံနဲ့ဝါဒဖြန့်နေတာကို ကျွန်တော်တို့သိရှိရပါတယ်။ ကျွန်တော်တို့ဆီကို လောလောလတ်လတ်CDMဝင်ချင်တဲ့လူ အမြောက်အများရှိတယ်။ သူတို့ဆီမှာအကြောက်တရားဝင်နေတာတွေလည်းရှိတယ်။ စစ်ကောင်စီက ခြိမ်းခြောက်ထားတဲ့ကြားထဲကို ကျွန်တော်တို့ဆီကို အခုထက်ထိ ဆက်သွယ်လာတဲ့သူ အမြောက်အများရှိနေပါတယ်"လို့ဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား သုံးသောင်းခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိသော ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်


စက်တင်ဘာ၈ရက်

ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိသော ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားတစ်ထောင်ကျော်ကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စက်တင်ဘာ၈ရက်မှာ WSTVက အဆိုပါသတင်းကို ဖော်ပြထားပါတယ်။


၂၀၂၃ခုနှစ် စက်တင်ဘာလ ၆ရက်နေ့ - ၇ရက်နေ့ တွင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိသော ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများ(၁၂၀၇ဦး)အား တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုထားပါတယ်။


အဆိုပါ ပြန်လည်လွှဲပြောင်းပေးတဲ့ တရုတ်နိုင်ငံသားတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့လည်း UWSAဆက်ဆံရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံမှ လူဦးရေ ဒသမ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိ


စက်တင်ဘာ၈ရက်

မြန်မာနိုင်ငံမှ လူဦးရေ ဒသမ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိတယ်လို့ UN OCHA Myanmarက စက်တင်ဘာ၈ရက်မှာ အသိပေးဖော်ပြပါတယ်။


"ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကာ မြန်မာနိုင်ငံ၏ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေပါတယ်။ ယခုအခါ လူဦးရေ ဒသမ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ရေကြီးရေလျှံခဲ့ကာ သြဂုတ်လဆန်းပိုင်းမှ စတင်၍ လူပေါင်း ၈၀,၀၀၀ ကျော် ရေဘေးဒုက္ခရင်ဆိုင်ခဲ့ရပါတယ်။


လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များသည် အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တိုးမြင့်လာသောကြောင့် နေရပ်စွန့်ခွာရသူများနှင့် ဘေးဒဏ်သင့်ရပ်ရွာဒေသခံများအား အချိန်နှင့်တစ်ပြေးညီ အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေးကို အဟန့်အတားဖြစ်စေတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ ရွှေဘိုနဲ့ဝက်လက်နယ်မှာ စစ်ကောင်စီတပ်များထောင်ထားသော မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးခြေထောက်ဆုံးရှုံး၍ အမျိုးသားတစ်ဦးသေဆုံး


စက်တင်ဘာ၈ရက်

ရွှေဘိုနဲ့ဝက်လက်နယ်မှာ စစ်ကောင်စီတပ်များ ထောင်ထားသောမိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးခြေထောက်ဆုံးရှုံး၍ အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ စက်တင်ဘာ၈ရက်မှာ wetlet informational networkက အသိပေးဆိုပါတယ်။


"ရွှေဘိုမြို့နယ် ဂွေကုန်းရွာမှ ထွက်သွားသော စကစတပ်များသည် ပြည်သူများ နေထိုင်သော ရွာထဲတွင် ခြေနင်း မြေမြှပ်မိုင်း ၁လုံးထောင်ထားခဲ့ရာ အမျိုးသမီး ပြည်သူတစ်ဦး ထိမှန်၍ ခြေဖြတ်လိုက်ရကြောင်း သတင်းရရှိထားတယ်"လို့ဆိုပါတယ်။


အလားတူဝက်လက်လက်မြို့နယ် အရှေ့ခြမ်းစခန်းသာရွာမှ ထွက်သွားသော စကစတပ်များသည် လူငယ်များ ဆော့ကစားရာ ခြင်းဝိုင်းတွင်  ခြေနင်း မြေမြှပ်မိုင်း ၁လုံး ထောင်ထားခဲ့ရာ အသက် ၂၀အရွယ်ခန့် အမျိုးသား ၁ဦး  မိုင်းထိမှန်၍ ခြေပြတ်ကာ သေဆုံးသွားကြောင်း သတင်းရရှိထားတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ပုသိမ်-မုံရွာလမ်းတွင်  ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စကစဘက်က ၈ယောက် သေဆုံးပြီး ၁၃ယောက်ခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့


စက်တင်ဘာ၈ရက်

ပုသိမ်-မုံရွာလမ်းတွင်  ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စကစဘက်က ၈ယောက် သေဆုံးပြီး ၁၃ယောက်ခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ်(၁၉)က စက်တင်ဘာ၈ရက်မှာ အသိပေးဆိုပါတယ်။


"စက်တင်ဘာ၂ရက်နေ့ ဆိပ်ဖြူမြို့နယ် ကျစ်ပြင်ကျေးရွာနှင့် ရွာသာကုန်းကျေးရွာကြား ( ကျေးရွာချင်း ဆက်လမ်း) အား ဖျက်ဆီးပြီး ပြန်လာသော စစ်ကား စီး အား ပုသိမ်-မုံရွာလမ်းပိုင်း ကျွန်းချောင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ကာကွယ်ရေးဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး  ရန်သူ့ဘက်မှ ၈ယောက် သေဆုံးပြီး ၁၃ယောက်ခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။


စစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ်(၁၉) တပ်ရင်း ဆိပ်ဖြူဘာမထီတပ်ခွဲ()+() ၊တပ်ခွဲ() ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့ တို့ ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၈။ ဖရူဆို- ဘောလခဲ ပြည်ထောင်စု လမ်းမကြီးအား ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန် ပြည်သူလူထုသို့ လမ်းပိုင်းဆိုင်ရာအသိပေး


စက်တင်ဘာလ () ရက်

ဖရူဆို- ဘောလခဲ ပြည်ထောင်စု လမ်းမကြီးအား ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက စက်တင်ဘာ၈ရက်မှာ အသိပေးဆိုပါတယ်။


ကရင်နီပြည်နယ် ဖရူဆို - ဘောလခဲ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်လာပြီဖြစ်သောကြောင့် အထက်ပါ လမ်းမကြီးပေါ်တွင် စက်တင်ဘာ () ရက်နေ့မှစ၍ ဖြတ်သန်းသွားခြင်း မပြုလုပ်ကြပါရန် ပြည်သူလူထုအား အသိပေးမေတ္တာရပ်ခံအပ်ပါတယ်လို့ဖော်ပြပါတယ်။


ဖရူဆို- ဘောလခဲ လမ်းမကြီးဘေးတစ်လျှောက်ရှိ မာခရော့ရှည် လောကျေခူ ထားလဲ နန်းဖဲ ကျေးရွာများတစ်လျှောက် လမ်းသွယ်များကိုပါ အသုံးပြု၍ သွားလာကြခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များမှ လမ်းမကြီးတစ်ကျောသို့ စစ်ကြောင်းထိုးလှုပ်ရှားလာနေသည့် အခြေနေများကြောင့် အထက်ဖော်ပြပါ လမ်းများအား ယနေ့မှစ၍ မြေပြင်စစ်ရေးအခြေနေအရ ရက်အကန့်သက်မရှိ ပိတ်ထားမည်ဖြစ်၍ ဖြတ်သန်း သွားလာကြခြင်း မပြုလုပ်ကြပါရန် အများပြည်သူလူထုအား အသိပေးလိုပါတယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment