အကြမ်းဖက်စစ်တပ်ရဲ့အဓမ္မနယ်မြေစိုးမိုးလိုတာကြောင့် ရှောက်ကောသီးနှံသယ်ယူ ရေးလုပ်ငန်းများအခက်တွေ့… သတင်း၊ မကြေးမုံ၊ Radio NUG, စက်တင်ဘာ ၂၈၊ ၂၀၂၃



အကြမ်းဖက်စစ်တပ်ရဲ့အဓမ္မနယ်မြေစိုးမိုးလိုတာကြောင့် ရှောက်ကောသီးနှံသယ်ယူ ရေးလုပ်ငန်းများအခက်တွေ့…

သတင်း၊ မကြေးမုံ၊ Radio NUG, စက်တင်ဘာ ၂၈၊ ၂၀၂၃

ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသရဲ့ တစ်ခုထဲသော ဝင်ငွေရသီးနှံဖြစ်တဲ့ ရှောက်ကော တွေရဲ့ ရာသီချိန်ကိုရောက်ရှိလာပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မနယ်မြေစိုးမိုးမှု တွေကြောင့် တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီး သီးနှံသယ်ယူပိုဆောင်ရေးလုပ်ငန်းကို ထိခိုက်နေပါတယ်။ အခုလရှောက်ကောရာသီအစမှာ ဈေးအထိုက်အလျောက်တက်လာ ပြီး ရှောက်ကောဝယ်ယူလိုသူ ကုန်သည်တွေလည်းရှိပေမယ့် စစ်တပ်က အင်အား ဖြည့်တင်းနေပြီး စစ်ရေးတင်းမာနေလို ရှောက်ကောဝယ်လိုမရ တဲ့အခြေအ နေမှာရှိ နေတယ်လို ပူတာအို အခြေစိုက်ရှောက်ကောကုန်သည်တစ်ဦးကအခုလိုပြောပါတယ်။

“ ဈေးကကျတော့မနှစ်ကထက်ဈေးက တက်သွားတယ်။ မနှစ်ကလောက် ဝယ် ချင်တိုင်းဝယ်လိုမရဘူး။ ပစ္စည်းကမထွက်။ နောက်တစ်ခုက ရှောက်ကောက နီးနီးနားနား မရနိုင်ဘူး။ တော်တော်ကိုဝေးတဲ့နေရာဖြစ်သွားတာပေါ့။ သယ်ယူစရိတ်နဲ့ ဝယ်တဲ့သူက များပေမယ့်လည်း ဝယ်နိုင်တဲ့အင်အားက အဲ့လောက်မရှိဘူး။ အခုက။ လမ်းအခက် အခဲ က လည်းရှိတယ်။ နံပါတ်တစ်က ဟိုမှာ မြေပြိုတာရှိတယ်။ ဒီ ပူတာအို -  မြစ်ကြီးနားလမ်း အခြေအနေက ဒီနိုင်ငံရေးအခြေအနေကြောင့်လည်းပါတယ်။ တိုက်ပွဲအခြေအနေ ကြောင့် တစ်ချိုကလည်း ဝယ်ပြီးလှောင်ထားကြတယ် ” 


တရုတ် - မြန်မာနယ်စပ်အနီးရှိ ရေခဲဖုံးလွှမ်းရာ ရှိန်းခေါင်ကျေးရွာကစလို လော်ဝူးချီလာ၊ ချလာဝါဒီ၊ ချီထုဖန်၊ ဇန်ယော့ရွာတွေကနေ ဆာရန်ဖာ၊ ထလားလော်ကျေးရွာအထိ ရွာပေါင်း နှစ်ဆယ်ကျော်က လူဦးရေ ငါးသောင်းကျော်မှာ ရှောက်ကောသီးနှံကိုမှီခိုနေကြ တာဖြစ် ပါတယ်။ ရှောက်ကောသီးနှံက တရုတ်နိုင်ငံကအဓိကအသုံးပြုတဲ့ ဟင်းခတ်အ မွှေးကြိုင် အမယ် တစ်မျိုးဖြစ်ပြီး အဲ့ဒီသီးနှံမျိုးစေ့ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရဝမ်ပြည် သူ့စစ်အ ဖွဲနဲ့  တရုတ်ကုမ္ပဏီတိုပူးပေါင်းတင်သွင်းလာကြတာဖြစ်ပါတယ်။ အဲ့ဒီလိုတင် သွင်းလာကြပြီး စိုက်ပျိုး ထွက်ရှိလာတဲ့အခါမှာတော့ တရုတ် ကုမ္ပဏီ ကပြန်လည်ဝယ် ယူခဲ့တာဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကပ်ရော ဂါဖြစ်ပွား ပြီးနောက် ရှိန်းခေါင် ကျေးရွာအနီးက တရုတ် - မြန်မာ နယ်စပ် ထွက်ပေါက်ကို ပိတ်လိုက် တဲ့အခါမှာတော့ ရှောက်ကောတွေမရောင်းရတဲ့အတွက် အ ဟောင်းအသစ်စု ပုံလာပါ တယ်။ ဒါကြောင့် ဒေသခံတွေမှာ စားဝတ်နေရေး အခက်အ ခဲတွေကြောင့် ပူတာ အို၊ မြစ်ကြီး နားစတဲ့ မြေပြန့်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ကာလကစလို တောက်လျှောက် ထွက်ပြေး လာ ကြပါတယ်။  

 ဒေသရဲ့လမ်းပန်းဆက် သွယ်ရေး အနေအထားမှာ မြန်မာပိုင် ဇန်ယော့ကျေးရွာကနေ အထက်ပိုင်း တရုတ်နယ်စပ်၊ ရှိန်းခေါင်ကျေးရွာအထိ တရုတ်နိုင်ငံ ကသစ်ခိုးထုတ်တဲ့ ကားလမ်းကိုအသုံးပြုနေကြပြီး ဇန်ယော့ကျေးရွာ အောက်ဘက် ညီဝါးနဲ့ ဖန်းလ ကျေးရွာ တွေကိုတော့ မြန်မာဘက်က ကားလမ်းဆက် ဖောက်ထားပေမယ့် ဖန်းလကျေးရွာကနေ ခေါင်လန်ဖူးမြိုဘက်ဆင်းရာ အောက်ဖက်မှာတော့ လမ်းဖောက်ထားတာမရှိပဲ ခေါင် လန်ဖူးမြိုအရောက် ၃ရက်ခရီးကို ခြေကျင်ခရီးလာကြရတာဖြစ်ပါတယ်။ ဒါကြောင့် ပိသာ နှစ်ဆယ်ပါ ရှောက်ကောအိတ်တွေကို တောင်ပေါ်ကနေလူနဲ့ထမ်းချရတဲ့အပြင် အချိုက လည်း ပိသာ ၄၀ သယ်ဆောင်နိုင်တဲ့ လားတွေနဲ့ သယ်ဆောင်ကြပါတယ်။ ဒါကြောင့် ဒေသတွင်း ရေ၊ မြေ အနေထားအရလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် အကြမ်း ဖက်စစ်တပ်ရဲ့ အဓမ္မ နယ်မြေစိုးမိုးမှုတွေကြောင့်လည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ရှောက် ကောတောင် သူတွေ အပါအဝင်ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြရ တာဖြစ်ပါတယ်။ လက်ရှိ ရှောက်ကော ဈေးကွက်အခြေအနေနဲ့ပတ်သက်ပြီး တရုတ် ကုန်သည် အဝယ်တော် အမျိုးသမီးတစ်ဦးကအခုလိုပြောပါတယ်။ 

“ ဒီလောပန်းတွေ ဆက်ပြီးဝယ်မယ်ဆိုရင်တော့ မန်းလေး၊ ရန်ကုန်က လောပန်း တွေပဲ၊ ကိုယ်စားလှယ်တွေအများကြီးဖြတ်တာဆိုတော့ ဒေသခံအတွက် ဝယ်တဲ့သူရှိရင် တော့ အရမ်းကောင်းတာပေါ့။ လမ်းကြောင်းက လမ်းမကောင်းတာနဲ့ပဲ အချိန်ကြန့်ကြာ လို ရှောက်ကောက အသစ်နဲ့ အဟောင်းထပ်နေတယ်လေ။ လမ်းကြောင်းကြောင့်ပဲ အ ဓိက။ အဲ့ဒီလမ်းကြောင်းကြောင့်ပဲ။ ဘယ်လိုပြောမလဲ အဟောင်းနဲ့ အသစ်နဲ့ လည် ပတ်နေတာပေါ့။ ဝယ်မယ်ဆိုရင်တော့ တစ်နှစ်ဟာတစ်နှစ် ဖြတ်လိုရတယ်လေ။ ဒါမယ့် အဲ့လိုမျိုးမဝယ်နိုင်တာပေါ့။ ဟိုမှာ ဝယ်တဲ့အချိန်ကြာသွားပြီဆိုတော့ မှိတက်ဘာညာနဲ့ တစ်ခါ မြစ်ကြီးနားရောက်ရင်ပြန်ပြုစုရအဲ့လိုမျိုးတွေနဲ့လေ ” 

မနှစ်ကရှောက်ကောဈေးကွက်မှာ ခေါင်လန်ဖူးဈေးက တစ်ပိသာကို ၁၃၀၀၀ လောက်ပဲ ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ၁၅၅၀၀ အထိဈေးတက်လာပြီး ပူတာအိုဈေးကတော့ တစ် ပိသာ ၁၈၀၀၀ အထိရှိနေပါတယ်။ ရှောက်ကောဈေးပိုရလာပေမယ့် ပြီးခဲ့တဲ့ စက်တင် ဘာလ ၂၀ ရက်နေ့မှာ မြစ်ကြီးနား - ပူတာအိုလမ်းဖြတ်သန်းရာ ဒရူးခကျေးရွာမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်နဲ့ ခါကာဘိုပြည်သူ့ကာကွယ် ရေးတပ်တိုက ဝင်ရောက်တိုက်ခိုက်ထားပြီး စစ်ရေးတင်းမာလျှက်ရှိပါတယ်။ လတ်တ လောမှာတော့ ခေါင်လန်ဖူး -  မချမ်းဘော့ - ပူတာအိုလမ်းမှာ ရာသီမရွေးသွားလာဖိုအ ခက်အခဲရှိသလို ပူတာအို - မြစ်ကြီးနားလမ်းမှာလေး စစ်ရေးတင်းမာတဲ့အခြေအနေတွေ ကြောင့် ယာဉ်အများစုမှာ ရပ်နားထားပြီး ရှောက်ကောသယ်ယူပိုဆောင်ရေးလုပ်ငန်းကို ထိခိုက်နေတာဖြစ်ပါတယ်။







Share:

No comments:

Post a Comment