10th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းများရှိ မြို့နယ် ပအဖ အဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၂။ ဘဏ္ဍာရေးစစ်မျက်နှာတိုက်ပွဲ ဒုတိယခြေလှမ်း စတင်နေပြီဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ပြော

📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ တော်လှန်ရေးမှာ ကတိသစ္စာခိုင်မာမှုဟာ အလွန်အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော 

📌 ၅။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနားနဲ့ စကားဝိုင်းအစီအစဉ် ပြုလုပ်မည်

📌 ၆။ ဆောမြို့နယ်ရှိ စစ်ဘေးရှောင်ကျောင်းသား/သူ ၁၂၂ ဦးအား ကျန်းမာရေး စစ်ဆေးပေးပြီး၊ သံချဆေး တိုက်ကျွေး

📌 ၇။ ဘဏ္ဍာငွေများကို တစုတစည်းတည်းရှာဖွေနိုင်ရေးအတွက် မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီဖွဲ့စည်း 

📌 ၈။ ကရင်နီပြည်နယ်အတွင်း အမျိုးသမီးစစ်သည်တော်တပ်ခွဲ ပါဝင်လှုပ်ရှားနေသည်မှာ တစ်နှစ်ကျော်လာပြီဟု KNDF တပ်ရင်း ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းများရှိ မြို့နယ် ပအဖ အဖွဲ့များ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၉။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၂၀/၂၀၂၃) ကို အောက်တိုဘာ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


 အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လုပ်ငန်း‌ဆောင်ရွက်ချက်များကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက် အမြဲတမ်းအတွင်းဝန်မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ပြီး တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ဘဏ္ဍာရေးစစ်မျက်နှာတိုက်ပွဲ ဒုတိယခြေလှမ်း စတင်နေပြီဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ပြော


အောက်တိုဘာ ၉။ 

ဖက်ဆစ်စစ်တပ်ရဲ့ဝင်ငွေတွေကိုဖြတ်တောက်နိုင်ရေးအတွက် ဘဏ္ဍာရေးစစ်မျက်နှာတိုက်ပွဲ ဒုတိယခြေလှမ်းကို စတင်လိုက်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။

ဒီဒုတိယခြေလှမ်းမှာ လူထုအနေနဲ့ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြဖို့ ထပ်တိုးရွေးချယ်ထားတဲ့ ဖက်ဆစ်စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးမပြုဘဲ သပိတ်မှောက်ကြဖို့ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းလိုက်တာပါ။

ဝန်ကြီးပြောတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဆိုတာဟာ အောင်ဘာလေထီ၊ နန်းမြိုင်တံဆိပ် ကော်ဖီ မျိုးစုံ၊ ရွှေဖီဦးတံဆိပ် အသင့်ဖျာ်လက်ဘက်ရည်နဲ့ လီမွန်တီး၊ ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ပုသိမ်သူ၊ သန်မြန်သူ၊ ရှမ်းမလေးစတဲ့ အမြန်ယာဉ်လိုင်းတွေပဲဖြစ်ပါတယ်။

ဘဏ္ဍာရေးစစ်မျက်နှာတိုက်ပွဲ ပထမခြေလှမ်းမှာ ပြည်သူလူထုတရပ်လုံး ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ မြန်မာဘီယာ၊ Adman Gold အမှတ်တံဆိပ် အရက်၊ဘီယာ၊အချိုရည်၊ ဒဂုံတံဆိပ် အရက်၊ဘီယာ၊အချိုရည်၊ Mandalay ရမ်နဲ့ ဘီယာ၊ ဘလက်ရှီး စတောက်ဘီယာ၊ အာမီရမ်၊ Red Rubyနဲ့ Premiun Gold အမှတ်တံဆိပ် စီးကရက်တွေကိုလည်း စဉ်ဆက်မပြတ် ဆက်လက်သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။  

မြန်မာတနိုင်ငံလုံးမှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာကို ပြည်သူလူထု တရပ်လုံး ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့အတွက် စစ်ကောင်စီဟာ သေနတ်ထောက်ပြီး စစ်တပ်ထုတ်ကုန် တွေ ရောင်းချဖို့ ဖိအားပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတာပါ။ 

လက်ရှိတော်လှန်ရေးကာလမှာ တော်လှန်ရေးအတွက်လိုအပ်နေတဲ့ ငွေကြေးရန်ပုံငွေဖြည့်ဆည်းနိုင်ရေးနဲ့ ပြည်သူ့ဘဏ္ဍာစနစ်ကိုပါ တည်ဆောက်နေတာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေအားလုံး NUG အစိုးရကဖွင့်ထားတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် Spring Development Bank- SDB ဘဏ်မှာ အကောင့်ဖွင့် ကြဖို့နဲ့ အသုံးပြုကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး


အောက်တိုဘာလ ၉။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၀/၂၀၂၃) ကို အောက်တိုဘာလ ၉ရက်နေ့ နေ့လယ် နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်၊


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်မျာ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ နာရီအချိန်တွင်‌ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးမှာ ကတိသစ္စာခိုင်မာမှုဟာ အလွန်အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော 


အောက်တိုဘာ ၉။

တော်လှန်ရေးမှာ ကတိသစ္စာခိုင်မာမှုဟာ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောကြားလိုက်ပါတယ်။ 

လတ်တလော အွန်လိုင်းတွင်ပျံ့နှံ့နေတဲ့ မအိုင်ရင်းထုတ်ပြလာသည့် အသံဖိုင်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်တာပါ။

လက်ရှိတော်လှန်ရေးဟာ ပြည်သူ့ယုံကြည်မှုနဲ့ ရပ်တည်နေရတာလဲ အမှန်တရားပါ။ နိုင်ငံတကာအကူအညီ ဆိုတာရှိလာရင်လဲ ရှိလာနိုင်ပေမယ့် မသေချာတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။ အရင် NCGUB လက်ထက်က နိုင်ငံတကာအကူအညီရခဲ့တာ ကြားဖူးပါတယ်။ တကယ်တမ်းမှာ သူတို့လိုချင်တဲ့ပုံစံထဲ ဆွဲခေါ်သွားတာက ပိုများပါတယ်လို့ ဆိုပါတယ်။

လက်ရှိတော်လှန်ရေးကာလမှာတော့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ ကိုယ်လိုချင်တဲ့အစိုးရပုံစံသစ်တစ်ရပ်ကို ဖန်တီးနေတဲ့ကာလမှာ ပြည်သူသာလျှင် အဓိက၊ ပြည်သူသာလျှင်ထာဝရဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ရပ်တန့်သွားရင် ငွေရှိလဲအလုပ်မဖြစ်ပါဘူး။ ငွေကတော့ရှိလာအောင် လုပ်လို့ရပါတယ်။ ရှိအောင်လဲလုပ်နေပါတယ်။ တော်လှန်ရေးက အောင်မြင်မှာပါ။ နေက်ဆုတ်သွားတယ်မရှိဘူး တိုးတက်လာတာပဲရှိပါတယ်လို့  ဒေါက်တာတူးခေါင်က ပြောပါတယ်။


========================


📌📌 ၅။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနားနဲ့ စကားဝိုင်းအစီအစဉ် ပြုလုပ်မည်


အောက်တိုဘာ ၉။

နှစ်စဉ် အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်မြဲဖြစ်သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနားကို နာရီကနေ နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊၊ စိတ်ကျန်းမာရေး အခမဲ့ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပညာရှင်တွေက စိတ်ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများကို မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံး လက်လှမ်းမီစေရေးအတွက် အလေးအနက်ထား၊ ဆွေးနွေးကြမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


ဒီနှစ်အတွက် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ်က “Mental Health is a Universal Human Right” “စိတ်ကျန်းမာရေးသည် လူသားအားလုံး ရသင့်သည့် အခြေခံလူအ‌ခွင့်အရေး ဖြစ်သည်ဟု သတ်မှတ်ထားပါတယ်။


၎င်းဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်အမှာစကား ပြောမှာဖြစ်ပြီး ပါဝင်ဆွေးနွေးကြမယ့်သူတွေအဖြစ် Dr. Oakar (MOH) Ko Nge (AAPP) Dr. Spring Libra (တယ်လီကျန်းမာ) Thahesree (MOWYCA) Dr. Aeron (MOHADM) တို့ဖြစ်ပြီး Moderator အဖြစ် Dr Phio Thia က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ AAPP စိတ်ကျန်းမာရေး အခမဲ့ ဝန်ဆောင်မှု လုပ်ငန်းများ ( တယ်လီကျန်းမာ၊ တိုင်ပင်ဖော်၊ Mind Healers - စိတ်ခွန်အားပေးသူများ၊ AAPP Counseling program ) CDM Medical Network PVTV D-Day Channel နဲ့ အခြားမီဒီယာတွေကနေ တင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ဆောမြို့နယ်ရှိ စစ်ဘေးရှောင်ကျောင်းသား/သူ ၁၂၂ ဦးအား ကျန်းမာရေး စစ်ဆေးပေးပြီး၊ သံချဆေး တိုက်ကျွေး


အောက်တိုဘာ ၉။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပံ့ပိုးမှုဖြင့် ဆောမြို့နယ်ရှိ စစ်ဘေးရှောင် ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးပြီး၊ သံချဆေး တိုက်ကျွေးပေးခဲ့တယ်လို့ သိရပါတယ်။


မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် အောက်တိုဘာလ ရက်နေ့က စစ်ဘေးရှောင် ကျောင်းသား/သူ ၁၂၂ ဦးကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ သံချဆေး တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို MOWYCA က ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် ဆောမြို့နယ် အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ တာဝန်ခံများ၊ ရပ်ကျေး တာဝန်ခံများက ကျောင်းသား/သူများကို အာဟာရ တိုက်ကျွေးခဲ့ကြတယ်လို့လည်း  MOWYCA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


========================


📌📌 ၇။ ဘဏ္ဍာငွေများကို တစုတစည်းတည်းရှာဖွေနိုင်ရေးအတွက် မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီဖွဲ့စည်း 


အောက်တိုဘာ ၉။

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ဘဏ္ဍာငွေများကို တစုတစည်းတည်းရှာဖွေနိုင်ရေးအတွက် ကြားကာလ မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီကိုဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီကို မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ မတူပီမြို့နယ် ကျန်းမာရေးတို့ ပူးပေါင်းပြီး ကြားကာလ မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီကို အောက်တိုဘာလ ရက် နေ့မှာ ဖွဲ့စည်းလိုက်တာလို့ ကော်မတီမှာပါတဲ့အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံးဖြင့် ဟန်ချက်ညီညီလည်ပတ်နိုင်ရေးနဲ့ ဘဏ္ဍာငွေများ တစုတစည်းတည်း စီးဆင်းလာစေရေးနဲ့ တော်လှန်ရေးလုပ်ငန်းတွေ အားကောင်စွာလည်ပတ်နိုင်ရေးအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

အခုလိုဖွဲ့စည်းလိုက်ပြီဖြစ်တဲ့အတွက် ရန်ပုံငွေရှာဖွေရာမှာ ဌာနအလိုက်သီးခြားစီရှာဖွေခြင်းမပြုတော့ဘဲ မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီခေါင်းစဉ်အောက်ကသာ ရှာဖွေရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီလိုသတ်မှတ်ထားပေးမယ့် အောက်တိုဘာလ ရက်နေ့မတိုင်ခင်က ရရှိထားတဲ့ဘဏ္ဍာငွေတွေကိုတော့ သက်ဆိုင်ရာဌာနတွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အသင်းတော်တွေနဲ့ထားရှိခဲ့တဲ့ ကတိကဝတ် အတိုင်း စီမံသုံးစွဲနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

မတူပီမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အာဏာရှင်စနစ်အမြစ်ပြတ်ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတွေမှာ ကျရာကဏ္ဍကနေ အားသွန်ခွန်စိုက် ပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၈။ ကရင်နီပြည်နယ်အတွင်း အမျိုးသမီးစစ်သည်တော်တပ်ခွဲ ပါဝင်လှုပ်ရှားနေသည်မှာ တစ်နှစ်ကျော်လာပြီဟု KNDF တပ်ရင်း ထုတ်ပြန်


အောက်တိုဘာ ၉။

ကရင်နီ ကယားပြည်နယ်အတွင်း၌ အမျိုးသမီးများသည်လည်း အမျိုးသားများနှင့်တန်းတူ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားနေသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ကြောင်း KNDF တပ်ရင်း ၅က အသိပေးထုတ်ပြန် လိုက်ပါတယ်။

KNDF တပ်ရင်း လက်အောက်ရှိ တပ်ခွဲ သည် အမျိုးသမီးစစ်သည်တော်များဖြင့်ဖွဲ့စည်းထားသည့် ပထမဆုံးသောတပ်ခွဲဖြစ်ကြောင်းလည်း သိရပါတယ်။

ယခုကဲ့သို့ အမျိုးသမီးများပါဝင်လာတဲ့ နိုင်ငံရေး၊ တော်လှန်ရေးကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးယဉ်ကျေးမှု  အဆင့်အတန်းမြင့်လာတာကိုပြသနေခြင်းနဲ့အတူ နွေဦးတော်လှန်ရေးသည်လည်း ယခင်ကကဲ့သို့ တောခိုတော်လှန်ရေးမဟုတ်တော့ဘဲ နည်းပညာများနှင့်အတူ လူထုတစ်ရပ်လုံးအင်တိုက်အားတိုက် ပါဝင်လာသော တော်လှန်ရေးတစ်ရပ်လည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေခံစားခဲ့ရတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေအတွက် နောင်တချိန် ဖက်ဒရယ်စနစ်ထူထောင်သွားတဲ့အခါမှာလည်း နိုင်ငံရေးစကားဝိုင်းတွေ၊ ညှိနှိုင်းမှုတွေ၊ မူဒါဒ ရေးဆွဲတဲ့အခါမှာလည်း အမျိုးသမီးတွေပါဝင်နိုင်ဖို့ ဆက်လက်ကြိုးစားရမှာဖြစ်တယ်လို့လည်း အသိပေး ထားပါတယ်။ 

အမျိုးသမီးများရဲအခွင့်အရေးနဲ့ခံစားပိုင်ခွင့်တွေရရှိဖို့ အမျိုးသမီးများတွေမှာတင် တာဝန်ရှိတာမဟုတ်ဘဲ အမျိုးသားများကလည်း ကြိုးစားပေးရမယ်တာဝန်ရှိတယ်လို့ KNDF တပ်ရင်း က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment