6th OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူတွေ နောက်ကျောလုံလုံ နေထိုင်နိုင်ဖို့ NUG အစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ ဖက်ဒရယ်စမ်းရေစီမံကိန်း မြေကွက်များကိုရင်းနှီးမြုပ်နှံဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း

📌 ၃။ စစ်အာဏာရှင်တို့၏ ဆိုးရွားရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်  လူပေါင်း သန်း နီးပါး အိုးအိမ်မဲ့ဖြစ်နေကြရပြီး လူပေါင်း ၁၈ သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေ

📌 ၄။ KNU တပ်မဟာ () နယ်မြေအတွင်းရှိ ညောင်ကုန်း BGF စခန်းအား  ဒရုန်းဗုံးသီး (၂၈) လုံး ကြဲချတိုက်ခိုက်ရာ နှစ်ဦးသေ၊ ခြောက်ဦးပြင်းထန်ဒဏ်ရာရရှိ

📌 ၅။ ဆားလင်းကြီးမြို့နယ် လည်ငေါက်နှင့်လက်တောင်းငယ်ကြားတွင် အကြမ်းဖက်စကစစစ်ကြောင်း မိုင်းထိ၍ ထိခိုက်ဒဏ်ရာရ

📌 ၆။ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စကစတပ်သားများနှင့်ယာဉ် ၁၈စီးပါ ယာဉ်တန်းတို့ ပုလဲမြို့အတွင်းသို့ စစ်ကြောင်းထိုး၍ကျေးရွာ အများအပြားရှိ ပြည်သူနှစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရ

📌 ၇။ ဒုတိယအကြိမ်မြောက် နွေဦးတော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲတော်ကို အောက်တိုဘာ၁၄ရက် ကျင်းပမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူတွေ နောက်ကျောလုံလုံ နေထိုင်နိုင်ဖို့ NUG အစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ ဝန်ကြီးချုပ်ပြောကြား


အောက်တိုဘာ၆ရက်


ပြည်သူတွေ နောက်ကျောလုံလုံ နေထိုင်နိုင်ဖို့ NUG အစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက

အောက်တိုဘာ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ဆိုလိုက်ပါတယ်။


"မြေပြင်မှာ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအပြင် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြည်သူအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ထိန်းသိမ်း အရေးယူနိုင်ဖို့ လိုအပ်တဲ့ အဖွဲ့တွေ ဖွဲ့စည်းနိုင်မှု၊ သင်တန်းတွေ ပို့ချနိုင်မှု စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အားကောင်းအောင် ဆောင်ရွက်ပေးကြဖို့ လိုမှာဖြစ်ပါတယ်။ ပြည်သူတွေ နောက်ကျောလုံလုံ နေထိုင်နိုင်ဖို့ဆိုတာ တာဝန်ယူထားတဲ့ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ အကြမ်းဖက်စစ်တပ်ဟာ နယ်မြို့များမှာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်၍ သတ်ဖြတ်မှုများကျူးလွန်လျက်ရှိကာ ပြစ်ဒဏ်မှကင်းလွတ်နေကြဆဲ ဖြစ်ပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်စမ်းရေစီမံကိန်း မြေကွက်များကိုရင်းနှီးမြုပ်နှံဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း


အောက်တိုဘာ၆ရက်


ဖက်ဒရယ်စမ်းရေစီမံကိန်း မြေကွက်များကိုရင်းနှီးမြုပ်နှံဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အောက်တိုဘာလအတွင်းမှာ တိုက်တွန်းလိုက်ပါတယ်။


"တော်လှန်ရေး တခုအောင်မြင်ဖို့ ရံပုံငွေလိုအပ်ချက်ဟာ အဓိက ကျပါတယ်။ စီမံဘဏ္ဌာဝန်ကြီးဌာန မှ အဖွဲ့ဝင်များကတော့ နည်းမျိုးစုံနဲ့ ပြည်သူနဲ့ အတူတိုက်ပွဲဝင်နိုင်ရေးနည်းလမ်းများကိုရှာကြံကြပါတယ်။ လက်တွေ့လုပ်နေသူများကို စိတ်ဓါတ်မကျအောင် လက်တွေ့အားဖြင့် အားပေးကူညီဖို့ အင်မတန်အရေးကြီးတာပါ။ ပြင်ဦးလွင်မြို့မှာ စစ်အုပ်ချုပ်ရေး ခေတ်မှာ ပြည်သူ့မြေယာများ ကို အမိန့်အာဏာသုံးပြီး သိမ်းယူထားခဲ့တဲ့ တပ်ပိုင်မြေ များကို တော်လှန်ရေး ရံပုံငွေအဖြင့်လည်းကောင်း၊ ပြည်သူ့ဘဏ္ဌာပြည်သူများထံ ပြန်အပ်နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံလိုသူများကို ရောင်းချပေးနေပါပြီ။နောင်တချိန်မှာ အဖိုးတန်မြေဖြစ်လာမည့် စီမံကိန်းမှာ ရင်းနှီးမြုပ်နှံခြင်းဟာ တချက်ခုပ် ချက်ပြတ်တဲ့ အလုပ်ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်းဟာပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမကြီး မြောက်ဘက် တပ်မတော်နည်းပညာတက္ကသိုလ်အနီးရှိ အကြမ်းဖက်စစ်တပ်ပိုင် မြေကို  ဥပဒေနှင့်အညီ သိမ်းယူပြီး ဧက ၃၀၀ ခန့်အား စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်ရာမြေများ ဖော်ထုတ်မည့် စီမံကိန်းဖြစ်ပါတယ်။


ဖက်ဒရယ်စမ်းရေစီမံကိန်း မြေကွက်များ၏ မြေပိုင်ဆိုင်မှု အမျိုးအစားမှာ ဂရန်မြေဖြစ်ပြီး အောက်တိုဘာလ ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်တို့၏ ဆိုးရွားရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်  လူပေါင်း သန်း နီးပါး အိုးအိမ်မဲ့ဖြစ်နေကြရပြီး လူပေါင်း ၁၈ သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေ


အောက်တိုဘာ၆ရက်


အောက်တိုဘာ၅ရက်(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၁၇) အောက်ရှိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလို ပြောကြားလိုက်ပါတယ်။


"မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ရွေးကောက်ခံ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုကာလအတွင်း တိုင်းပြည်အတွက် ခိုင်မာသော စီးပွားရေးအခြေခံ အုတ်မြစ်ကို ထူထောင်ရာတွင် သိသိသာသာ တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊သို့သော်လည်း တရားမဝင်စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်တို့၏ ဆိုးရွားရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြီးခဲ့သည့် ၃၁ ကျော် ကာလအတွင်း တိုးတက်မှုများ လုံးဝပျက်သုဉ်းသွားခဲ့ကြောင်း၊ ယင်းကြောင့် လူပေါင်း သန်း နီးပါးသည် အိုးအိမ်မဲ့ဖြစ်နေကြရပြီး လူပေါင်း ၁၈ သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်လျက်ရှိကြောင်း"သံအမတ်ကြီးကပြောပါတယ်။


 လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ပေးအပ်မည့် အကူအညီအားလုံးသည် လိုအပ်နေသော ပြည်သူများအားလုံးထံသို့ ရောက်ရှိရေး သေခြာမှုရှိစေရန် အရေးကြီး ကြောင်း၊  ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မိတ်ဖက်များအားလုံးသည် မြန်မာနိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အဓိကသက်ဆိုင်သူများအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် အရေးကြီးကြောင်းကိုလည်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ KNU တပ်မဟာ () နယ်မြေအတွင်းရှိ ညောင်ကုန်း BGF စခန်းအား  ဒရုန်းဗုံးသီး (၂၈) လုံး ကြဲချတိုက်ခိုက်ရာ နှစ်ဦးသေ၊ ခြောက်ဦးပြင်းထန်ဒဏ်ရာရရှိ


အောက်တိုဘာ၆ရက်


အောက်တိုဘာ၅ရက်မှာ စစ်ရေးသတင်းကို Federal wings ဒရုန်းတပ်ဖွဲ့မှ အခုလို အတည်ပြုဆိုပါတယ်။


"သထုံခရိုင်၊ တပ်မဟာ () ဖားအံမြို့နယ် တပ်ရင်း () နယ်မြေ ညောင်ကုန်းရွာအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၀၁၄) BGF ညောင်ကုန်းစခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် အမှတ်() မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းတပ်ဖွဲ့ဝင် UNITED DEMOCRATIC FORCE - UDF တပ်ဖွဲ့ မှဦးဆောင်သည့် တပ်မဟာ () Fedreal Wings ဒရုန်းတပ်ဖွဲ့တို့မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ () ရက်နေ့အထိ ဒရုန်းစစ်ဆင်ရေး () ကြိမ်ဖြင့် ဒရုန်းဗုံးသီး (၂၈) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ 


၎င်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင် () ဦး နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်မြင့်ဦး တို့ သေဆုံးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ အမှတ် (၁၀၁၄) BGF ညောင်ကုန်းစခန်းသည် ခရီးသွားပြည်သူများအား ခြိမ်းခြောက်၍ငွေကြေးကောက်ခံခြင်းနှင့် ဘားအံမြိို့နယ်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကို ပြုလုပ်နေသည့် စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၅။ ဆားလင်းကြီးမြို့နယ် လည်ငေါက်နှင့်လက်တောင်းငယ်ကြားတွင် အကြမ်းဖက်စကစစစ်ကြောင်း မိုင်းထိ၍ ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ၆ရက်


ဆားလင်းကြီးမြို့နယ် လည်ငေါက်နှင့်လက်တောင်းငယ်ကြားတွင် အကြမ်းဖက်စကစစစ်ကြောင်း မိုင်းထိ၍ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


အောက်တိုဘာ၆ရက်မှာ စစ်ရေးသတင်းကို ဒေါင်းမင်းPDFကအတည်ပြုဆိုပါတယ်။


"အောက်တိုဘာ၅ရက်နေ့တွင်လည်ငေါက်မှစတင်ထွက်ခွါလာသော စကစ ယာဥ်တန်းနှင့်ခြေလျင်စစ်ကြောင်းအား လည်ငေါက်နှင့်လက်တောင်းငယ်ကြားတွင် ပဒေသာမိုင်း၅လုံးဖြင့်တိုက်ခိုက်ခဲ့ရာ ကားမိုင်းမိ ခြေလျင်စစ်ကြောင်းမှ စကစတပ်များထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစတပ်များထိခိုက်မှုအရေအတွက်စုံစမ်းနေဆဲဖြစ်ကာကားမှာ အင်ဂျင်ဝိုင်ကန်ပေါက်သွားကြောင်းသိရပါတယ်။


========================


📌📌 ၆။ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စကစတပ်သားများနှင့်ယာဉ် ၁၈စီးပါ ယာဉ်တန်းတို့ ပုလဲမြို့အတွင်းသို့ စစ်ကြောင်းထိုး၍ကျေးရွာ အများအပြားရှိ ပြည်သူနှစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရ


အောက်တိုဘာ၆ရက်


အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စကစတပ်သားများနှင့်ယာဉ် ၁၈စီးပါ ယာဉ်တန်းတို့ ပုလဲမြို့အတွင်းသို့ စစ်ကြောင်းထိုး၍ကျေးရွာ အများအပြားရှိ ပြည်သူနှစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အောက်တိုဘာ၅ရက်မှာ ပုလဲမြိူ့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုထားပါတယ်။


"ယင်းမာပင်မြိုနယ် လည်ငေါက်ကျေးရွာကို ညအိပ်ရပ်နားခဲ့သည့် အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စကစတပ်သားများနှင့်ယာဉ် ၁၈စီးပါ ယာဉ်တန်းတို့သည် ပုလဲမြို့အတွင်းသို့ အောက်တိုဘာ၅ရက်နေ့လည် :၀၀နာရီခန့်တွင် ရောက်ရှိလာခဲ့ကြပါတယ်။၎င်းတို့ လာရာလမ်းတလျောက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူပြီး ကားများပေါ်တင်ယူခဲ့ကြပြီး တွေ့ရှိသမျှပြည်သူများလည်း ဖမ်းဆီး နှိပ်စက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖက်မှလည်း စကစများလာရာလမ်းတလျောက်မှာ မိုင်းများဖြင့်ဖေါက်ခွဲတိုက်ခိုက်ခဲ့ကြခြင်၊ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြခြင်းတို့ကြောင့်  စကစများဖက်မှအများအပြားလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကြောင်းဟာ လမ်းကြောင်းတလျောက်တွင် လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ခြင်း၊ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊လုယက်ခြင်း၊ ပြည်သူများဖမ်းဆီးနှိပ်စက်ခြင်းတို့ကြောင့် ၎င်းတို့ဆက်လက်ထွက်ခွါနိုင်သည့် လမ်းများမှ ကျေးရွာ အများအပြားရှိ ပြည်သူ ၂၀၀၀၀ (၂သောင်းကျော်) ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ဒုတိယအကြိမ်မြောက် နွေဦးတော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲတော်ကို အောက်တိုဘာ၁၄ရက် ကျင်းပမည်


အောက်တိုဘာ၆ရက်


ဒုတိယအကြိမ်မြောက် နွေဦးတော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲတော်ကို အောက်တိုဘာ၁၄ရက်  မြန်မာအင်အားစုများကျင်းပမယ်လို့

အောက်တိုဘာလအတွင်းမှာ ပွဲအစီအစဥ်နှင့်ပတ်သက်လို့ NYCBCမှ အသိပေးဆိုထားပါတယ်။


အောက်တိုဘာလ ၁၄ ရက်၊ စနေနေ့ ၁၁ နာရီကနေ နာရီအတွင်း Elmhurst က St. James Church မှာကျင်းပမှာဖြစ်ပါတယ်။


 "NYCBC ရဲ့ဒီနှစ်၂၀၂၃ခုနှစ်မှာကျင်းပမယ့် ဒုတိယအကြိမ်မြောက် နွေဦးတော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲတော် မကြာမီလာပါတော့မယ်။မြန်မာအစားအစာတွေ၊ အဝတ်အထည်တွေ၊ လက်ဝတ်ရတနာတွေနဲ့ အခြား accessories ပစ္စည်းလေးတွေကိုရောင်းချပေးမှာမို့ ကိုယ်တိုင်လာရောက်အားပေးနိုင်တဲ့အပြင် လူမျိုးခြားမိတ်ဆွေတွေကိုပါခေါ်လာပြီး မြန်မာအစားအစာတွေနဲ့ မိတ်ဆက်ပေးဖို့ဖိတ်ခေါ်ပါတယ်။ ဒီရန်ပုံငွေစျေးရောင်းပွဲတော်ကရရှိတဲ့အကျိုးအမြတ်တွေကို မြန်မာပြည်ကြီးအကြမ်းဖက်သမားတွေလက်အောက်ကလွတ်မြောက်ရေးအတွက် လိုအပ်တဲ့နေရာတွေကိုပေးပို့မှာဖြစ်လို့ အစားကောင်းလေးတွေစားရင်းအလှူဒါနပြုကြရအောင်"လို့ဆိုပါတယ်။


ပွဲအခမ်းအနားအတွက် Volunteer များကိုလည်း ဖိတ်ခေါ်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment