7th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နေပြည်တော်စစ်ဒေသခွဲ ပြည်သူလူထုလုံခြုံရေးဌာနမှ ဦးစီးပြုလုပ်၍ စစ်သည်တော်ကျင့်ဝတ်များကို သင်တန်းပို့ချ

📌 ၂။ မြန်မာလွှတ်တော်အမျိုးသမီးအမတ်ကွန်ရက် ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ဆို

📌 ၃။ ဝန်းသိုမြို့နယ်က ဂျိုးတောင်ရွာက စာသင်ကျောင်းကို စကစတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့ဖြစ်စဥ်ကို သံတမန်များအား ရှင်းလင်းပွဲထပ်မံကျင်းပ

📌 ၄။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်အစည်းအဝေးမှာ ဖက်ဒရယ်ယူနစ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများလုပ်ဆောင်

📌 ၅။ PRF ထောက်ပို့တပ်တွင်ပါဝင်ရန် ချက်နိုင်ငံNUGကိုယ်စားလှယ်တိုက်တွန်း

📌 ၆။ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာတွင်အထိုင်ချတပ်ဆွဲထားသော ပျူစကစအထိုင်စခန်းအားကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်နှင့်ပျူ၂၀ ခန့်သေဆုံး

📌 ၇။ ပခုက္ကူမြို့နယ်ရှိ ပျူစောထီးများအုပ်ချုပ်ထားသော ရွာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး(၁၁)ဦးသေဆုံး

📌 ၈။ မြိုင်မြို့နယ်မှာ ထိခိုက်ဒဏ်ရာရသူများကိုလာရောက်ခေါ်ဆောင်တဲ့ စကစတပ်ဖွဲ့ကားမိုင်းထိ၍ ထိခိုက်သေဆုံးသူများရှိနိူင်

📌 ၉။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကလူပေါင်း၁၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းမှာအများဆုံးပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နေပြည်တော်စစ်ဒေသခွဲ ပြည်သူလူထုလုံခြုံရေးဌာနမှ ဦးစီးပြုလုပ်၍ စစ်သည်တော်ကျင့်ဝတ်များကို သင်တန်းပို့ချ


အောက်တိုဘာ() ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်စစ်ဒေသခွဲ တပ်ရင်းအမှတ်  ၈၀၅ မှ ရဲဘော်များအား နေပြည်တော်စစ်ဒေသခွဲ ပြည်သူလူထုလုံခြုံရေးဌာနမှ ဦးစီးပြုလုပ်၍ အောက်တိုဘာလ () ရက်နေ့၊ မနက်()နာရီမှ ညနေ() နာရီထိ စစ်သည်တော်ကျင့်ဝတ်များကို သင်တန်းပို့ချခဲ့တယ်လို့ သိရှိရပါတယ်။


 ရဲဘော်များ၊ စစ်သည်တော်များ၊ စစ်မှုထမ်းများလိုက်နာကျင့်ကြံရမည့် COC - Code of Conduct / Soldier's rules စစ်သည်တော်ကျင့်ဝတ်များ၊ စစ်မှုထမ်းများ ယေဘူယျ လိုက်နာရမည့် စစ်စည်းကမ်းများ၊ စစ်သည်တော်များ သိရှိလိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေများဖြစ်သည့် IHL - International Humanitarian Law ( အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ) Geneva Conventions ( ဂျနီဗာကွန်ဗန်းရှင်း) တို့ကို သင်ကြားပို့ချခဲ့ပါတယ်။


သင်တန်းသား ရဲဘော်ဦးရေ ၂၁ ယောက် တက်ရောက်သင်ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ မြန်မာလွှတ်တော်အမျိုးသမီးအမတ်ကွန်ရက် ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ဆို


အောက်တိုဘာ၆ရက်

မြန်မာလွှတ်တော်အမျိုးသမီးအမတ်ကွန်ရက်ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကပြောပါတယ်။


 "အိန္ဒိယ အောက်လွှတ်တော်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ လွှတ်တော်တွင်း အမျိုးသမီးကိုယ်စားပြုမှုကို ၃၃% ထားရှိဖို့ အတည်ပြုခဲ့တာနဲ့ပတ်သက်ပြီး အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ လောလောဆယ်  အိန္ဒိယလွှတ်တော်မှာ အမျိုးသမီးပါဝင်မှု ၁၅% ရှိပါတယ် အခုလို အတည်ပြုမှုဟာ သမိုင်းဝင် တိုးတက်မှုကြီးဖြစ်ပါတယ်လို့ ကမ္ဘာအဝှမ်း ကြိုဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ မှာ လွှတ်တော်တွင်းအမျိုးသမီးကိုယ်စားပြုမှုကို ၁၃% ရှိခဲ့ပြီး ၂၀၂၀ မှာ ၁၇% အထိတက်လာခဲ့ပါတယ်။ သို့သော် အမျိုးသမီး  လွှတ်တော်အမတ်တွေ လွှတ်တော်တက်ခွင့်မရခဲ့ပါဘူး။ အများစုကတော့ ကိုယ့်မဲဆန္ဒနယ်မြေအတွင်း အကောင်းဆုံးပြည်သူအတွက်လုပ်ဆောင်နေကြပါတယ်။ 

မြန်မာလွှတ်တော်အမျိုးသမီးအမတ်ကွန်ရက်ကိုလည်း ဖွဲ့ထားပြီးဖြစ်ပါတယ်။ များမကြာခင် ဖက်ဒရယ် ပြည်သစ်ကြီးမှာ အမျိုးသမီးတွေကိုယ်စားပြုမှုပိုရလာမယ်လို့ ယုံကြည်ပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များဟာ ရေးရာတာဝန်များအပြင် တော်လှန်ရေးတာဝန်များကိုပါထမ်းဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ ဝန်းသိုမြို့နယ်က ဂျိုးတောင်ရွာက စာသင်ကျောင်းကို စကစတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့ဖြစ်စဥ်ကို သံတမန်များအား ရှင်းလင်းပွဲထပ်မံကျင်းပ


အောက်တိုဘာ၆ရက်

ဝန်းသိုမြို့နယ်က ဂျိုးတောင်ရွာက စာသင်ကျောင်းကို စကစတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့ဖြစ်စဥ်ကို သံတမန်များအား ရှင်းလင်းပွဲထပ်မံကျင်းပခဲ့တယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းမှ အောက်တိုဘာ ၆ရက်မှာ ပြောကြားထားပါတယ်။


"ဝန်းသိုမြို့နယ်က ဂျိုးတောင်ရွာ စာသင်ကျောင်းကို ဆယ်မိုင်အကွာမှာ အခြေချတဲ့ ခမရ ၁၂၀ က ဟောင်ဝပ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်လိူ့ ကလေးငယ် ၂၁ဦး နဲ့ ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရတဲ့အဖြစ်အပျက်ကို သံတမန်များအား ရှင်းလင်းပွဲ ထပ်မံကျင်းပခဲ့ပါတယ်။

မျက်မြင်သက်သေ ကျောင်းဆရာမကြီးနဲ့ သူနာပြုဆရာမကြီးတို့ရဲ့ ကိုယ်တိုင်မြင်တွေ့ခံစားရတဲ့အကြောင်း ပြောကြားမှုတွေက ရင်ကို ထိခိုက်စေပါတယ်။ နှလုံးသားနဲ့ပြောကြားမှုကို ရင်ဘတ်နဲ့နားထောင်မိတိုင်း ကြေကွဲရပါတယ်။ စာသင်ခန်းထဲက သွေးကွက်တွေကို ကြည့်ပြီး အကြမ်းဖက်သူတွေကိုနာကျည်းမိတယ်။ ကြေကွဲမှုကနေ နာကျည်းမှု..နာကြည်းမှုမှသည် တရားမျှတမှုအတွက် ပိုမို ခိုင်မာမှု..ဖြစ်စေပြီး ပိုကြိုးစားရမယ်ဆိုပြီး ကိုယ့်ကိုကိုယ် သတိပေးနေမိတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန်က စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု တမခ-၃၃ လက်အောက်ခံ ခမရ-၁၂၀ အထိုင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ပါတယ်။ 


ဒီလိုပစ်ခတ်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းနဲ့ ကပ်လျက်ရှိ ကျေးရွာအခြေပြုပြည်သူ့ပညာရေး စာသင်ကျောင်းဆောင်မှာ စာသင်ကြားနေသော ဆရာမ()ဦးနဲ့ ကလေးငယ်(၂၀)ဦး စုစုပေါင်း (၂၁)ဦး လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 


ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေးငယ် (၂၀)ဦးဟာ အသက် () နှစ်အရွယ် () ဦး၊ အသက် () နှစ်အရွယ် () ဦး၊ အသက် (၁၀) နှစ်အရွယ် () ဦးပါဝင်ပြီး ကျား (၁၀) ဦး နှင့် (၁၀) ဦး ဖြစ်ပါတယ်။


========================


📌📌 ၄။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်အစည်းအဝေးမှာ ဖက်ဒရယ်ယူနစ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများလုပ်ဆောင်


အောက်တိုဘာ၆

မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်အစည်းအဝေးကို အောက်တိုဘာလ  ရက်မှာ ကျင်းပခဲ့ပြီး ဖက်ဒရယ်ယူနစ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်အစည်း အဝေး (/၂၀၂၃)ကို  နေ့လည် (၀၁:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးတွင် ဖက်ဒရယ်ယူနစ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


ထို့နောက်  CRMH ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ကာ အစည်းအဝေးအား ညနေ (၀၃:၃၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၅။ PRF ထောက်ပို့တပ်တွင်ပါဝင်ရန် ချက်နိုင်ငံNUGကိုယ်စားလှယ်တိုက်တွန်း


အောက်တိုဘာ၆ရက်

PRF ထောက်ပို့တပ်တွင် ပါဝင်ရန် ချက်နိုင်ငံNUGကိုယ်စားလှယ် ဦးလင်းသန့်ကတိုက်တွန်းဆိုထားပါတယ်။

"ပြည်သူ့နွေဦးတော်လှန်ရေး . . . ခုခံတွန်းလှန်စစ်နဲ့ထောက်ပို့တာဝန်။ ပြောရရင် ဒီအကြောင်းအရာ () ခုလုံးဟာ တစ်ဆက်တစ်စပ်တည်းပါ။ အထူးသဖြင့် ခုခံတွန်းလှန်စစ်မှာ ထောက်/ပို့ကဏ္ဍက ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ အားလုံး အသိပါ။ ပြည်တွင်းပြည်ပ ပြည်သူများအဖို့ ခုခံစစ် လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) မှာဖြစ်စေ၊ လူထုတိုက်ပွဲ (Civil Resistance) မှာဖြစ်စေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ဖို့ဆိုတာက အခက်အခဲတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ထောက်/ပို့တာဝန် ထမ်းဆောင်ဖို့ကတော့ အများစုအတွက် အဆင်ပြေကြမှာပါ။ PDF တပ်မတော်အတွက် ထောက်/ပို့ကို PRF က ဆောင်ရွက်ပါတယ်။ ပြည်တွင်းမှာ ပြည်သူ (၅၆) သန်းကျော် ရှိပါတယ်။ မြန်မာပြည်ကို ချက်ကြိုးမပြတ်သေးတဲ့ ပြည်ပရောက် မြန်မာ အနည်းဆုံး () သန်းကျော်တော့ ရှိမှာပါ။ စုစုပေါင်း သန်း (၆၀) လောက်ရှိရာမှာ PRF ထောက်ပို့တပ်က ဘာ့ကြောင့် တပ်ဖွဲ့ဝင် (/) သိန်းလောက် မရနိုင်ရမှာလဲ"လို့ဖော်ပြထားပါတယ်။


ယခု ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု . (PRF 2.0) အစီအစဥ်အသစ်တွင် ထောက်ပို့မိသားစုဝင်များ ထောက်ပို့လိုသော တိုင်းနှင့်ပြည်နယ်များကို ရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး ထောက်ပို့မိသားစုဝင် ရွေးချယ်ထားသည့် ဒေသများတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများ (သို့) မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ခွဲဝေပေးပို့သွားမှာဖြစ်ပါတယ်။


ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဥ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဧပြီလ အထိ၊ (၁၇) လတာ ကာလအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း ရရှိခဲ့ပြီး ရရှိလာသော ပြည်သူ့ ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများ ထောက်ပံ့စရိတ်အဖြစ် ခန့်မှန်းအမေရိကန်ဒေါ်လာ (.၀၃) သန်း အသုံးပြုခဲ့ပြီး PRF အစီအစဥ်၏ ထောက်ခံမှုဖြင့် ခန့်မှန်းအမေရိကန်ဒေါ်လာ (.) သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.)များ၊ ဒေသကာကွယ်ရေးအဖွဲ့ (LDFs)များနှင့် စစ်လက်နက်ထုတ်လုပ်ရေးစခန်းများထံသို့ တိုက်ရိုက်ပေးပို့ခဲ့ပါတယ်။


========================


📌📌 ၆။ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာတွင်အထိုင်ချတပ်ဆွဲထားသော ပျူစကစအထိုင်စခန်းအားကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်နှင့်ပျူ၂၀ ခန့်သေဆုံး


အောက်တိုဘာ၆ရက်

မတ္တရာမြို့နယ် သုံးဆယ်ပေးရွာတွင် အထိုင်ချတပ်ဆွဲထားသော ပျူစကစအထိုင်စခန်းအားကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်နှင့်ပျူ ၂၀ ခန့်သေဆုံးခဲ့တယ်လို့ အောက်တိုဘာ၆ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မတ္တရာမြို့နယ်က အတည်ပြုဆိုထားပါတယ်။


"အောက်တိုဘာ ၅ရက် မနက်ပိုင်း ၉နာရီ ၄၅အချိန် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကောင်းကင်တော်လှန်ရေးအင်အားစုနှင့် ရွှေဘိုခရိုင်ရင်း (၁၅)Eagle Guerilla Force မဟာမိတ်အဖွဲ့များစုပေါင်း၍ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာတွင် အထိုင်ချတပ်ဆွဲထားသော ပျူစကစအထိုင်စခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ပြီး အထိုင်ချစခန်းအနားမီတာတစ်ရာအထိ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိတွေ့တိုက်ခိုက်မှုကြောင့်(စကစ+ပျူ ) (၂၀)ခန့်သေဆုံးပြီး ၁၁ဦးခန့် ဒဏ်ရာရရှိတယ်လို့ဆိုပါတယ်။


၎င်းတိုက်ပွဲအပြီးအတွင်မဟာမိတ်အဖွဲ့မှ ဒရုန်းတစ်စီးဆုံးရှုံးသွားပြီး ပြည်သူ့ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ ပခုက္ကူမြို့နယ်ရှိ ပျူစောထီးများအုပ်ချုပ်ထားသော ရွာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး(၁၁)ဦးသေဆုံး


အောက်တိုဘာ၆

ပခုက္ကူမြို့နယ်ရှိ ပျူစောထီးများအုပ်ချုပ်ထားသော ရွာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး(၁၁)ဦးသေဆုံးခဲ့တယ်လို့ အောက်တိုဘာ၆ရက်မှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့"ကအသိပေးဖော်ပြပါတယ်။


 ပခုက္ကူမြို့နယ်ရှိ ပျူစောထီးများ အုပ်ချုပ်ထားသော ရွာသစ်ရွာ.တောင်ယာရွာ.မြောက်ယာရွာ.ရေနံချက်.အုပ်ကျောင်းရွာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး

(၁၁)ဦးသေဆုံးပြီး ဂျန်ဘာစက်တစ်လုံးနှင့် တပ်မ ၈၈ လက်အောက်ခံ စစ်သားယူနီးဖောင်းများ အီကွန့်မက်များနှင့် စစ်အသုံးဆောင်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။


 ထိုသို့ဝင်ရောက်တိုက်ခိုက်မှုတွင် ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူ တပ်ရင်း ၈၊ မြိုင်-ပြည်သူကာကွယ်ရေးတပ်ဖွဲ့(.က.)တပ်ရင်း ၂တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ ကျေးလပ်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်)MRGF Salingyi Special Task Force SSTF (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄၊တပ်ရင်း ၁၅)နှင့် Earthquake people Defense forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၈။ မြိုင်မြို့နယ်မှာ ထိခိုက်ဒဏ်ရာရသူများကိုလာရောက်ခေါ်ဆောင်တဲ့ စကစတပ်ဖွဲ့ကားမိုင်းထိ၍ ထိခိုက်သေဆုံးသူများရှိနိူင်


အောက်တိုဘာ၆ရက်

မြိုင်မြို့နယ်မှာ ထိခိုက်ဒဏ်ရာရသူများကိုလာရောက်ခေါ်ဆောင်တဲ့ စကစတပ်ဖွဲ့ကားမိုင်းထိ၍ ထိခိုက်သေဆုံးသူများရှိနိူင်တယ်လို့ အောက်တိုဘာ၆ရက်မှာ Myaing Underground Defence Force-MUGDFက အတည်ပြုပါတယ်။


အောက်တိုဘာ၃ရက် ကိုင်းတော့မ စက်ရေတွင်းစောင့် စကစများအပြင်သို့လာစဥ် တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ပွဲတွင် စကစလေးယောက် သေဆုံးပြီး စကစသုံးယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါသေဆုံးစကစများအား မြိုင် ကပစစက်ရုံတွင် တပ်စွဲထားသော စကစများမှ လာ‌ရောက်ကောက်ယူသွားခဲ့ပါတယ်။


အောက်တိုဘာ၄ရက် မနက်ပိုင်း သေဆုံး ဒဏ်ရာရရှိထားသော စကစများအား မြိုင် ကပစက်ရုံ စကစ များမှ ကားဖြင့်ခေါ်ဆောင်သွားပြီး ထိုကားအား  Myaing Underground Defence Force-MUGDF နှင့် မြိုင်ပကဖ တပ်ရင်း တပ်ခွဲ မှ ပေပါ မိုင်း အပါဝင် ပဒေသာ မိုင်း လုံးဖြင့်  ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထိုတိုက်ခိုက်မှုအပြီး မိုင်းထပ်ချ၍၊ နယ်မြေရှင်းလင်းရေးသွားစဥ် စကစ၏သေနတ် MA-3 ကျန်ခဲ့ပြီး စကစကားမှာ သစ်ပင်နဲ့ ပွတ်တိုက်မှုဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများလည်းရှိနိူင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကလူပေါင်း၁၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းမှာအများဆုံးပါဝင်


အောက်တိုဘာ၆ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကလူပေါင်း၁၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး

စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းမှာ အများဆုံးပါဝင်ခဲ့တယ်လို့သိရပါတယ်။


အောက်တိုဘာ၆ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှအသိပေးဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၅၀၀) ဦး၊ အမျိုးသား (၁၃၆၃) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ () ဦး စုစုပေါင်း (၁၈၆၄) ဦးကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။


ဖမ်းဆီးခံရမှုအနေဖြင့် စစ်ကိုင်းတိုင်းမှာ (၃၆၅) ဦး ဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ (၃၁၆) ဦးဖြင့် ဒုတိယ အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


စက်တင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ဇနီးမောင်နှံဖြစ်သည့် ကိုအောင်ဆန်းဝင်းနှင့် မမျိုးစုသက်တို့ကို အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ရက်နေ့တွင် ၎င်းတို့၏ နေအိမ်ကို ချိပ်ပိတ်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment