အကြမ်းဖက်စစ်တပ်ရဲ့အခြေခံရည်ညွှန်းစပါးဈေးသတ်မှတ်ချက်က စပါးကောင်းကိုဈေး နှိမ်ထားသလို ဒီဈေးနဲ့ရေမြှုပ်စပါးဝယ်ယူပေးဖို့တောင်သူမျှော်လင့်… မကြေးမုံ Radio NUG



အကြမ်းဖက်စစ်တပ်ရဲ့အခြေခံရည်ညွှန်းစပါးဈေးသတ်မှတ်ချက်က စပါးကောင်းကိုဈေး နှိမ်ထားသလို ဒီဈေးနဲ့ရေမြှုပ်စပါးဝယ်ယူပေးဖို့တောင်သူမျှော်လင့်…

အကြမ်းဖက်စစ်တပ်က လက်ရှိမိုးပါးနဲ့ လာမယ့်နွေစပါးရာသီအတွက် အခြေခံရည်ညွှန်း စပါးဈေးကိုထုတ်ပြန်လိုက်ပြီး အစိုဓာတ်၁၄ရာခိုင်နှုန်းရှိတဲ့ ခြောက်သွေ့ပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်တဲ့ စပါးတစ်ရာကို ကျပ်ခုနှစ်သိန်းခွဲသတ်မှတ်လိုက်တာဖြစ်ပါ တယ်။ တောင်သူတွေရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ လတ်တလော စပါးအဝယ်ဒိုင်တွေ ကနေ စပါးဈေးသတ်မှတ်တဲ့အခြေအနေတွေအရ စစ်တပ်ရဲ့ထုတ်ပြန်ချက်က တောင်သူ တွေကိုနစ်နာစေတယ်လို့ သာယာဝတီခရိင်အတွင်းက စပါးစိုက်ပျိုးသူတောင်သူကအခု လိုပြောပါတယ်။

“တောင်သူအတွက်ကတော့ နစ်နာတာပေါ့။ သဘာဝမှမကျတာ။ အစိုအမှတ် ဆယ့်လေးနဲ့ လေးဆယ့်ခြောက်ပေါင်ကိုခုနှစ်သိန်းခွဲဆိုတော့ ရယ်စရာကြီးဖြစ်နေတယ်။ ညကကြေငြာချက်မှာတော့အနိမ့်ဆုံးထားဝယ်ပါ။ အဲ့ထက်မြင့်ရင်တော့ ဝယ်ဝယ်သ ဘောမျိုးဖြစ်နေတယ်။ အဲ့ဈေးက မဖြစ်နိုင်တာချည်းကိုအစ်မကလည်း လယ်သမားအ တွက်ဘာမှ အကျိုးမရှိဘူး။ ဝယ်ယူတဲ့ဆန်စက်ပိုင်တွေကုန်သည်တွေဖိနှိမ်ဖို့အတွက်ကို  အားဖြစ်သွားတယ။် ကျွန်တေ်ာတို့ လယ်သမားအတွက်ကတော့ စိတ်ဓာတ်ကျစရာပဲ ဒီ ကြေငြာချက်က”

ဈေးကွက်မှာ စပါးပေါက်ဈေးက ကျပ်ခုနှစ်သိန်းခွဲအောက်ရောက်လာလို့ ရောင်းချဖို့ အ ခက်ခဲရှိလာရင် တောင်သူတွေက ဆန်စပါးအသင်းချုပ်နဲ့ အသင်းခွဲများကို ဆက်သွယ် နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ လတ်တလော ပဲခူးရေကြီးနစ်မြှုပ်မှု မှာ ရိတ်ခါနီးစပါးတွေရေမြှုပ်သွားတဲ့ ဝေါမြို့နယ်ကတောင်သူတစ်ဦးကတော့ အခုထုတ် ပြန်လိုက်တဲ့ အခြေခံရည်ညွှန်းစပါးဈေးနဲ့ ရေမြှုပ်စပါးတွေကို ဝယ်ယူပေးဖို့ မျှော်လင့်နေ ပါတယ်။ 

“ခုနှစ်သိန်းခွဲသတ်မှတ်ရင်တော့ ဘယ်လိုမှ အဆင်မပြေလောက်ဘူး။ ကျွန် တော်တို့ စပါးတစ်ရာ ခုနှစ်သိန်းခွဲဆိုတာ တစ်ဧကစိုက်လို့ မိုးစပါးဆိုရင် ၄၀၊ ၅၀၊ ၆၀ လောက်ပဲသီးတာလေ။ ပြန်ရမှာက လေးငါးသိန်းပဲ ပြန်ရမယ့်သဘောဖြစ်နေတာကိုး။ ကျ တာကလည်း လေးငါးသိန်းပဲဖြစ်နေတာကိုး။ အဲ့လိုဖြစ်နေတော့ဒါတွေက ဘယ်လိုမှကို ထုတ်လုပ်သူအတွက်အဆင်မပြေဘူးလေ။ အရမ်းစုတ်ပြတ်သပ်သွား တဲ့စပါးကိုထိန်း ဝယ် ဖို့ဖြစ်လိမ့်မယ်။ စပါးအကောင်းတောင်ကျွန်တော်တို့ဆီမှာအစိုတောင် ဆယ့်လေး သိန်းနဲ့ ဆယ့်ငါး သိန်းကြားဝယ်နေရတာ” 

စပါးတစ်ဧကကုန်ကျစရိတ်က ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတာထက်ပိုပြီး ကုန် ကျနေပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေအတွက် ထိုက်သင့်တဲ့ အကျိုးအ မြတ်ရရှိဖို့က စပါးတင်းတစ်ရာရဲ့ အခြေခံရည်ညွှန်းစပါးဈေးက အနည်းဆုံး ကျပ်တစ် ဆယ့်ငါးသိန်းသတ်မှတ်သင့်တယ်လို့ စိုက်ပျိုးရေးစာရင်းအင်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။ 

“မိုးစပါးရဲ့အထွက်က နွေစပါးကိုမမှီပါဘူး။ နွေစပါးမှာ ၈၀ဆိုရင်မိုးစပါးက အနိမ့်ဆုံး ၃၀၊ ၄၀ပဲရှိတာပါ။ မိုးစပါးဈေးနှုန်းကကျွန်တေ်ာ့အမြင်က ဆယ့်ငါးသိန်း တစ်ပါတ်လည် လောက်သတ်မှတ်မှ ဖြစ်မှာပါ။ ၅၀ထွက်ရင်တောင်မှ လက်ရှိသူ တို့တွက် ထားတဲ့စပါးဈေး ဆိုရင်တောင်မှ ၆သိန်းကျော်ဖြစ်နေတော့ ပေါင်းသတ်ဆေးနဲ့ ဘာနဲ့ဆို တော့ဈေးကတော့ ဆယ့်ငါးသိန်းတစ်ပါတ်လည်လောက်ဖြစ်မှ အဆင်ပြေမှာပါ။ ၁၉.၂၂.၅၅ အခုသူတို့ တွက်တာက ၆၅၈၅၀၀ ဗျာ။ ဧည့်မထအုပ်စုပါ။ အဲ့ဒါက ၆၅၀၀၀၀ဆိုရင်ဗျာ၊ ကျွန်တေ်ာဆို လိုတဲ့သဘောက စပါးတင်းလေးဆယ်ထွက်ရင် ဆယ့်ငါးသိန်းနဲ့တွက်မှ ခြောက်သိန်းပဲ ရမှာလေ။ ဆယ့်ငါးသိန်းအောက်ထစ် အောက်ကို လျော့လို့မရပါဘူး။ ကျွန်တော့်အမြင်ကတော့လေ အဲ့လို” 

အခြေခံရည်ညွှန်းစပါးဈေးကို ၂၀၁၈ခုနှစ်၊ မတ်လ ၆ရက်နေ့မှာ NLD ပြည်သူ့အစိုးရက  သမိုင်းဝင်စတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းက ရည်ညွှန်းဈေးအောက်စပါး ဈေးတွေကျလာရင် အစိုးရကဝယ်ယူပေးဖို့ အရန်ငွေကြေးတွေပြင်ဆင်ထားခဲ့ပြီး တောင် သူကိုစိတ်ဓာတ်မကျအောင် ကူညီပေးဖို့ ရည်ရွယ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အကြမ်း ဖက်စစ်တပ်ကတော့ လိုအပ်နေတဲ့ဒေါ်လာငွေကြေးရရှိဖို့ တောင်သူ့မျက်နှာကိုမ ထောက်ထားပဲ ဆန်ကုန်သည်တွေရဲ့အလိုကျ စပါးဈေးတွေကို သတ်မှတ်ပြဌာန်းနေတာ ဖြစ်တယ်လို့ တောင်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ 

မကြေးမုံ Radio NUG

Share:

No comments:

Post a Comment