15th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မှန်ကန်တဲ့အမြင်နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို အချိန်မီချပြီး အလင်းဝင်ဖို့ ရှေ့တန်းမှ စကစရဲဘော်တွေကို ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း

📌 ၂။ ကောလင်းမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်နေပြီ ဖြစ်တာကြောင့် ပြည်သူများ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်တယ်လို့ NUG အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

📌 ၃။ လွိုင်ကော်တက္ကသိုလ်မှ non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့်မိသားစုများကို တော်လှန်ရေးအင်အားစုများကယ်ထုတ်

📌 ၄။ ဖလမ်းမြို့ရှိ သီးဘွာလ်စစ်ကောင်စီစခန်းကို CNDF သိမ်းပိုက် 

📌 ၅။ ပင်လည်ဘူးမြို့နယ်၌ ကိုယ်ထူကိုယ်ထ တံတားတည်ဆောက်မည့်နေရာသို့ မြို့နယ်ပအဖနဲ့အင်ဂျင်နီယာအဖွဲ့ သွားရောက်

📌 ၆။ မြောင်မြို့နယ် တိုက်ပွဲများတွင် ကျဆုံးသွားသော ရဲဘော်များနှင့် ထိခိုက်ဒါဏ်ရာရ ပြည်သူများအတွက် ထောက်ပံငွေများ ပေးအပ်

📌 ၇။ မင်းကွန်းရဲစခန်းအနီးတဝိုက်တွင် နေထိုင်သူများ နိုဝင်ဘာ ၁၉ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းပေးကြရန် PDF သတိပေး

📌 ၈။ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာ သင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို အချိန်အားဖြင့် () ပိုင်းခေါ်ယူသွားမည် ဖြစ်ပြီး တက္ကသိုလ် (၁၆) ခုမှ ဖွင့်လှစ် သင်ကြားပေးသွားမည်

📌 ၉။ ဆန်ဖရန်စစ္စကိုမြို့ Harry Bridges Plaza တွင်  မြန်မာစစ်တပ် (စကစ) ကို လက်နက်နှင့်လေယာဉ်ဆီရောင်းချနေကြသော APEC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် ရုရှား၊တရုပ်၊ စင်္ကာပူ၊ ထိုင်းနှင့်အန္ဒိယ နိုင်ငံခေါင်းဆောင်များအား  မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများက စုဝေးပြီး ကန့်ကွက်ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မှန်ကန်တဲ့အမြင်နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို အချိန်မီချပြီး အလင်းဝင်ဖို့ ရှေ့တန်းမှ စကစရဲဘော်တွေကို ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း


နိူဝင်ဘာ၁၅ရက်


နိူဝင်ဘာ၁၄ရက်တွင် ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ဆိုရှယ်မီဒီယာမှတစ်ဆင့် အခြလိုတိုက်တွန်း‌ ပြောကြားလိုက်ပါတယ်။


"အလင်းဝင်ပါ အလံဖြူထောင်ပါ။ရှေ့တန်းက စကစရဲဘော်တွေကို မေးချင်တာ ပြောချင်တာ။ ဘာကြောင့်တိုက်နေတာလဲ။ ဘယ်သူ့အတွက် တိုက်နေတာလဲ။ လူတစု စစ်ဗိုလ်တစုက ခေတ်အဆက်ဆက်ကောင်းစား ကျိကျိတက် ချမ်းသာပြီး ဘုရင်လိုနေနိုင်ဖို့ အောက်ခြေစစ်သားတွေက ကိုယ်လက်အဂ်ါကစလို့ အသက်ပါပေးနေရတာ မမှန်ဘူး မတန်ဘူးဆိုတာ သိကြဖို့လိုတယ်။ဖက်ဒရယ် ဒီမိုကရေစီဆိုတာ လူထုအပါအဝင် စစ်သားနဲ့ ဝန်ထမ်းအားလုံးအတွက် သာမက အနာဂါတ်မျိုးဆက်တွေအတွက်ပါ တောက်ပတဲ့ အနာဂါတ်ကိုဖန်တီးဖို့ဖြစ်တယ်။ ခုဆို အချို့သောနေရာတွေမှာ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်ပြီး လူထုနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ နွေဦးမဟာမိတ်တပ်ပေါင်းစုတွေကတော့ ဆက်လက်ချီတက်တိုက်ပွဲဝင်နေကြပြီ။ မှန်ကန်တဲ့အမြင်နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို အချိန်မီချနိုင်ပြီး မိမိကိုယ်တိုင်နဲ့ မိမိရဲ့ မိသားစုအနာဂါတ်အတွက် လက်နက်ချ အလင်းဝင်ကြဖို့  ပြောလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ () နာရီ (၃၀) မိနစ်အချိန်တွင် ကိုးကန့် အထူး () ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ  ညီနောင်မဟာမိတ် () ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပါတယ်။


========================


📌📌 ၂။ ကောလင်းမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်နေပြီ ဖြစ်တာကြောင့် ပြည်သူများ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်တယ်လို့ NUG အုပ်ချုပ်ရေးအဖွဲ့ ကြေညာ


နိုဝင်ဘာ ၁၅။


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ စီမံဆောင်ရွက် နေပြီးဖြစ်တာကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကောလင်းခရိုင် အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 


ကောလင်းမြို့ကို နိုဝင်ဘာလ ရက်နေ့မှာ အမှတ် () စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။


ကောလင်းခရိုင် အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိုဝင်ဘာ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါတယ်။


KIA, PDF နဲ့ ပကဖတို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို နိုဝင်ဘာ ရက် ညနေ နာရီအချိန်မှာ အဆိုပါ ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ထံ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရပါတယ်။


ယခုအခါ ကောလင်းမြို့မှာ  ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစဥ်များ  စီမံဆောင်ရွက်နေပြီ ဖြစ်တာကြောင့် မြို့သိမ်းတိုက်ပွဲ အရေးပေါ်ကာလအတွင်း တိမ်းရှောင်နေရတဲ့ ပြည်သူများ အနေဖြင့် ကောလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက်‌ နေထိုင်နိုင်ပြီ ဖြစ်တယ်လို့ ကောလင်းခရိုင် အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

လက်တလောတွင် ကောလင်းမြို့ပေါ်နှင့် ကျေးရွာများမှာ စစ်ရေး ငြိမ်သက်နေပြီး ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှု အချို့ရှိနေပေမယ့် စစ်ကောင်စီက ဖုန်းလိုင်းများကို ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ လွိုင်ကော်တက္ကသိုလ်မှ non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့်မိသားစုများကို တော်လှန်ရေးအင်အားစုများကယ်ထုတ်


လွိုင်ကော်တက္ကသိုလ်က non-CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ ၎င်းတို့ရဲ့မိသားစုဝင် ၆၄ ဦးကို ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်စုံက ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီ non-CDM ဝန်ထမ်းတွေနဲ့သူတို့မိသားစုတွေဟာ ကရင်နည်ပြည်နယ်မှာ ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်က စပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိမှာ လွိုင်ကော်တက္ကသိုလ်က non-CDM ဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့မိသားစုတွေကို လူသာချင်းစာနာထောက် ထားရေး၊ လူအခွင့်အရေးတွေနဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံကြီးကြပ်မှုအောက်မှာ ဘေးကင်းလုံခြုံစွာ စောင်ရှောက်ထားတယ်လို့ ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီက IEC က နိုဝင်ဘာလ ၁၄ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

နောက်ဆက်တွဲလုပ်ငန်းဖြစ်စဉ်တွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ NUCC ကပြုစု ထားတဲ့ CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒစာတမ်းပါ non-CDM ဆိုင်ရာ ပြဌာန်းချက်ကို ကိုးကားပြီးသော်လည်း ကောင်း၊ လူ့အခွင့်အရေးကို အခြေခံ၍သော်လည်းကောင်း စီမံဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကရင်နီပြည်နယ်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးလှုပ်ရှားမှုအစိတ်အပိုင်းအဖြစ် ၁၁၁၁ တစ်လေးလုံး စစ်ဆင် ရေးကို ကရင်နီပြည်နယ်မှာရှိတဲ့ တပ်ပေါင်းစုတွေနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့အတွက် လွိုင်ကော်အပါအဝင် လွိုက်ကော်မြို့အနီးတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။


========================


📌📌 ၄။ ဖလမ်းမြို့ရှိ သီးဘွာလ်စစ်ကောင်စီစခန်းကို CNDF သိမ်းပိုက် 


ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာရှိတဲ့ သီးဘွာလ်စစ်ကောင်စီစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ 

ဖလမ်းမြို့နယ် သီးဘွာလ်ရွာတောင်ထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ CNDF ရဲ့ သတင်း ပြန်ကြားရေး The Rilih Voice က ဖော်ပြထားပါတယ်။ 

သီးဘွာလ်စစ်ကောင်စီတပ်စခန်းဟာ ဖလမ်း-ရိဒ်ခေါဒါရ်ကားလမ်းပိုင်းက သီးဘွာလ်ကျေးရွာတောင်ထိပ်မှာရှိပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ညပိုင်းကစတင်တိုက်ခိုက်ခဲ့တာမှာ ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် နာရီဝန်းကျင် မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်းသတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။

သီးဘွာလ်ကျေးရွာကစစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံရွာသားတွေဟာ စစ်တပ်ဘက်ကနေ လေယာဉ်နဲ့လာပစ်မှာစိုးရိမ်တာကြောင့် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ Chin World က အသိပေးထားပါတယ်။ 

CAN/CNF ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ဖလမ်းမြို့နယ်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ကလေး-ဖလမ်းလမ်းပေါ်မှာရှိတဲ့ ဗာရ်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။


========================


📌📌 ၅။ ပင်လည်ဘူးမြို့နယ်၌ ကိုယ်ထူကိုယ်ထ တံတားတည်ဆောက်မည့်နေရာသို့ မြို့နယ်ပအဖနဲ့အင်ဂျင်နီယာအဖွဲ့ သွားရောက်


နိုဝင်ဘာလ  ၁၅ ရက်


ပင်လည်ဘူးမြို့နယ်၌ ကိုယ်ထူကိုယ်ထ တံတားတည်ဆောက်မည့်နေရာသို့ မြို့နယ်ပအဖနဲ့အင်ဂျင်နီယာအဖွဲ့ သွားရောက်ခဲ့တယ်လို့

နိူဝင်ဘာ၁၅ရက်မှာ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၌ ကိုယ်ထူကိုယ်ထ တံတားတည်ဆောက်မည့်နေရာအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ်လမ်းတံတားအင်ဂျင်နီယာအဖွဲ့တို့မှ နိူဝင်ဘာ၁၄ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ရေးအရှိန်ကို NUGအစိုးရဟာမြှင့်တင်နေသလို ကြားကာလစီမံအုပ်ချုပ်ရေးလုပ်ငန်းများကိူလည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ မြောင်မြို့နယ် တိုက်ပွဲများတွင် ကျဆုံးသွားသော ရဲဘော်များနှင့် ထိခိုက်ဒါဏ်ရာရ ပြည်သူများအတွက် ထောက်ပံငွေများ ပေးအပ်


နိုဝင်ဘာလ ၁၅။


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် မြောင်တိုက်ပွဲများအတွင်း ကျဆုံးသွားသော ရဲဘော် () ဦးအတွက် မြို့နယ်အခွန်ရရှိငွေမှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ စုစုပေါင်း () သိန်း ထောက်ပံပေးအပ် ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် အဆိုပါ တိုက်ပွဲများအတွင်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့တဲ့ ဒေသခံ ပြည်သူ (၁၂) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီ စုစုပေါင်း () သိန်း ထောက်ပံပေးအပ်ခဲ့တယ်လို့ မြောင်(ပအဖ) က ဆိုပါတယ်။


အဆိုပါ ထောက်ပံငွေများကို မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထောက်ပံပေးအပ်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၇။ မင်းကွန်းရဲစခန်းအနီးတဝိုက်တွင် နေထိုင်သူများ နိုဝင်ဘာ ၁၉ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းပေးကြရန် PDF သတိပေး


စစ်ကိုင်းမြို့နယ် မင်းကွန်းရဲစခန်းအနီးမှာနေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းနေထိုင်ကြဖို့ Mingun People Defence Force က အသိပေးကြေညာလိုက်ပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ကမ်းဘေးက မင်းကွန်းရွာမှာရှိတဲ့ ရဲစခန်းပတ်ပတ် လည်မှာနေထိုင်ကြတဲ့သူတွေ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြဖို့ မင်းကွန်း PDF က အသိပေးလိုက်တာဖြစ် ပါတယ်။

အသိပေးကာလပြီးဆုံးတဲ့အထိ ရွှေ့ပြောင်းနေထိုင်ခြင်းမရှိဘဲ ဆက်လက်နေထိုင်တာမျိုးကြောင့် ဖြစ်လာတဲ့ ထိခိုက်မှုတွေအတွက် တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။ 

မင်းကွန်းရဲစခန်းမှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ စုစုပေါင်းအင်အား ၃ဝ ခန့်ရှိနိုင်ပြီး တိုက်ပွဲများဖြစ်လာပါက ထိခိုက်မှု နည်းပါးစေရန် ကြိုတင်ရွှေ့ ပြောင်းထားစေခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းကွန်း ကို ဖွဲ့စည်းတည်ထောင်ထားတာမကြာသေးမယ့် non-CDM တွေနဲ့ ရဲစခန်း ကို ဆပ်ကြေးပေးပြီးလုပ်ဆောင်နေတဲ့ လောင်းကစားဝိုင်းတွေကိုလည်း အရေးယူသွားမယ်လို့ အောက်တိုဘာလ ရက်နေ့ကလည်း သတိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာ သင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို အချိန်အားဖြင့် () ပိုင်းခေါ်ယူသွားမည် ဖြစ်ပြီး တက္ကသိုလ် (၁၆) ခုမှ ဖွင့်လှစ် သင်ကြားပေးသွားမည်


နိူဝင်ဘာ၁၅ရက်


 ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများမှ စုစည်း၍ ကျောင်းသားအသစ်များ ခေါ်ယူနေပြီလို့သိရပါတယ်။


 ကြားကာလတက္ကသိုလ်ကောင်စီများ၏ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာ သင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို အချိန်အားဖြင့် () ပိုင်းခေါ်ယူသွားမည် ဖြစ်ပြီး တက္ကသိုလ် (၁၆) ခုမှ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။


၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ပထမအကြိမ် အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၂၉) ရက်နေ့ကြားအတွင်း လျှောက်ထားရမည့် တက္ကသိုလ်များမှာ ) မြန်မာ့နွေဦး တက္ကသိုလ်၊ ) ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ ) နွေဦးဆရာအတတ်ပညာတက္ကသိုလ်၊ ) သင်ကြားရေး အတတ် ပညာတက္ကသိုလ်၊ ) ထားဝယ်နည်းပညာတက္ကသိုလ်၊ ) ကွန်ပျူတာတက္ကသိုလ်များ၊ ) တိုင်းရင်းဆေး တက္ကသိုလ်၊ ) ဆေးတက္ကသိုလ် (မကွေး) ) သူနာပြုတက္ကသိုလ် (မန္တလေး) - စုစုပေါင်း () ကျောင်းတို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် သက်ဆိုင်ရာတက္ကသိုလ်များတွင် စတင်သင်ယူနိုင်မည် ဖြစ်ကြောင်းသိရပါတယ်။


ဒုတိယအကြိမ် အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် ဝင်ခွင့်ခေါ်ယူမည့် တက္ကသိုလ်များမှာ ပထမအကြိမ်ခေါ်ယူချိန်တွင် ခေါ်ယူခဲ့သည့် တက္ကသိုလ် () ခုအပြင် ) ဆေးတက္ကသိုလ် () ရန်ကုန်၊ ) ဆေးတက္ကသိုလ် () ရန်ကုန်၊  ) ဆေးတက္ကသိုလ် (မန္တလေး) ) ဆေးတက္ကသိုလ် (တောင်ကြီး) ) သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များ၊ ) သူနာပြုတက္ကသိုလ်၊ ရန်ကုန် နှင့် ) သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္က သိုလ် (ရေဆင်း)* (*၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်လျှောက်ထားနိုင်) - စုစုပေါင်း (၁၆) ကျောင်းမှ ဝင်ခွင့် ခေါ်ယူ သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သက်ဆိုင်ရာတက္ကသိုလ်များတွင် စတင်သင်ယူနိုင်မည် ဖြစ်ပါတယ်။


ပထမအကြိမ်ခေါ်ယူမှုတွင် ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တိုင်းရင်းသား ပညာရေး အဖွဲ့အစည်းများ၏ အထက်တန်းပညာရေးအောင်မြင်ပြီးမြောက်သူများ၊ GED/IGCSE/SAT စာမေးပွဲအောင်မြင် ပြီးသူများကို လက်ခံမည်ဖြစ်ပြီး ဒုတိယအကြိမ်ခေါ်ယူမှုတွင် ရှေ့ကခေါ်ယူခဲ့သော ကျောင်းသားအမျိုးအစား များအပြင် ၂၀၂၃ ခုနှစ်  BECA ပြီးမြောက်ခြင်း အသိအမှတ်ပြုလက်မှတ်ရရှိထားသူ ကျောင်းသားကျောင်းသူ များကိုပါ ခေါ်ယူသွားမည် ဖြစ်ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၉။ ဆန်ဖရန်စစ္စကိုမြို့ Harry Bridges Plaza တွင်  မြန်မာစစ်တပ် (စကစ) ကို လက်နက်နှင့်လေယာဉ်ဆီရောင်းချနေကြသော APEC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် ရုရှား၊တရုပ်၊ စင်္ကာပူ၊ ထိုင်းနှင့်အန္ဒိယ နိုင်ငံခေါင်းဆောင်များအား  မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများက စုဝေးပြီး ကန့်ကွက်ဆန္ဒပြ


ဆန်ဖရန်စစ္စကိုမြို့ Harry Bridges Plaza တွင်  မြန်မာစစ်တပ် (စကစ) ကို လက်နက်နှင့်လေယာဉ်ဆီရောင်းချနေကြသော APEC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် ရုရှား၊တရုပ်၊ စင်္ကာပူ၊ ထိုင်းနှင့်အန္ဒိယ နိုင်ငံခေါင်းဆောင်များအား  မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများက စုဝေးပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲသည်အကြောင်းကို ဒေသခံ တက်ကြွလှုပ်ရှားသူ ဒေါ်ခင်သီရိနန္ဒာစိုးက အခုလို သတင်းပေးပို့ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment