19th NOV 2023 - Morning Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကရင်နီပြည်တွင်UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များအား ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့သူအားလုံးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ကအထူးပင်ကျေးဇူးတင်ရှိကြောင်းထုတ်ပြန်

📌 ၂။ ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိ 

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ရှင်းလင်းတင်ပြခဲ့

📌 ၄။ ကလေးသူငယ်အခွင့်အရေးတွေကို တစ်ကမ္ဘာလုံးက ကြိုးပမ်းလုပ်ဆောင်နေတဲ့ကာလမှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုမျိုးစုံကို ရင်ဆိုင်နေရ

📌 ၅။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီအကြောက်ဆုံးက ပြည်တွင်းဖြစ် ဒရုန်းတွေပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြော

📌 ၆။ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့ ၂နှစ်ပြည့်အခမ်းအနားကျင်းပ

📌 ၇။ ကောလင်းခရိုင်၊ မြို့နယ်အတွင်းမှ (Civil Disobedience Movement)တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဖိတ်ခေါ်

📌 ၈။ လောက်ကိုင်အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို့ အမြန်ဆုံးပြန်ကြရန် ကိုးကန့်တပ်မတော် (MNDAA)ကအသိပေး

📌 ၉။ နမ့်ခမ်းမြို့  စခန်းသစ် လုံခြုံရေးကုန်းအား TNLA တိုက်ခိုက်သိမ်းပိုက်ရမိပြီး စကစ ဘက်မှ အဆိပ်ငွေ့ဗုံး စတင်အသုံးပြုတိုက်ခိုက်နေတယ်လို့အသိပေး

📌 ၁၀။ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ရာ ()ဦးသေဆုံး၍ ()ဦးနှင့်အထက် ဒဏ်ရာရ

📌 ၁၁။ Spring Pyin Oo Lwin Investment က ဖေါ်ဆောင်နေတဲ့ Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း မြေကွက်များစုစုပေါင်းအမေရိကန် ဒေါ်လာ သန်းကျော်ရောင်းချပြီးဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကရင်နီပြည်တွင်UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များအား ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့သူအားလုံးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ကအထူးပင်ကျေးဇူးတင်ရှိကြောင်းထုတ်ပြန်


နိုဝင်ဘာလ (၁၈) ရက်

ကရင်နီပြည်တွင်UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များအား ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့သူအားလုံးကို အထူးပသ်ကျေးဇူးတင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တို့က နိုဝင်ဘာ၁၈ရက်မှာ ပူးတွဲထုတ်ပြန်ကြေညာပါတယ်။


ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ (United Nations-UN) နှင့်  အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) ဝန်ထမ်းများနှင့် မိသားစုဝင်ပေါင်း (၂၂၈) ဦးအား ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းနိုင်ရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံမှ စစ်ဆင်ရေးမှူးများ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့အကြား ညှိနှိုင်း၍ ပစ်ခတ်တိုက်ခိုက်မှုကို လျော့ချကာ စီစဉ်ပေးခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ထိုသို့ စီစဉ်ပေးမှုကြောင့် အထက်ပါ UN နှင့် INGO  ဝန်ထမ်းများနှင့် မိသားစုဝင်များလိုက်ပါသော မော်တော်ယာဉ် (၃၃) စီးပါ ယာဉ်တန်းသည် လွိုင်ကော်မြို့မှ ထွက်ခွာ၍ တောင်ကြီးမြို့သို့ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ 


ထိုကဲ့သို့ UN နှင့် INGO များ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ခဲ့သော်လည်း လွိုင်ကော်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေဆဲဖြစ်ပြီး အန္တရာယ်ဇုန်အတွင်း ရှိနေကြဆဲ ဖြစ်ပါတယ်။ 


ထို့အပြင် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည့် ပြည်သူဦးရေ (၃၅,၀၀၀) ကျော်အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာများလည်း အရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။


ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGO များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် လွိုင်ကော်မြို့တွင်း ပိတ်မိနေသော ပြည်သူများကို ဘေးလွတ်ရာသို့  ထွက်ခွာခွင့်ပေးရန်လိုအပ်တယ်လို့ဆိုပါတယ်။ 


မြေပြင်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အားလုံးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)    တို့က အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၂။ ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိ 


နိုဝင်ဘာလ ၁၈ ရက်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ အရပ်သားပြည်သူများ ထိခိုက်ခံစားရမှုအနည်းဆုံး ဖြစ်စေရန်အတွက် လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများနှင့် ကျဆုံး/ ထိခိုက်ဒဏ်ရာရသူများကို လူသားချင်းစာနာမှု အကူအညီများကို ပံ့ပိုးပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လူသားစာနာအကူအညီထောက်ပံ့မှုအဖြစ် စုစုပေါင်းငွေကျပ် (၃၀,၉၅၀,၀၀ဝိ/-) ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့ပြီး ဆက်လက်၍လည်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး ညီနောင်မဟာမိတ် ()ကစတင်သည့်၁၀၂၇ စစ်ဆင်ရေးနှင့်အတူ PDF ပူးပေါင်းတပ်များကပါ စစ်ဆင်ရေးတွင် နေရာအနှံ့က ပါဝင်တိုက်ပွဲဝင်လျက်ရှိရာ မြန်မာနိုင်ငံတဝှမ်းတွင် အချိန်ကိုက် ပူးပေါင်း စစ်ဆင်ရေးများမှသည် အောင်မြင်မှုများဆက်လက် ရရှိလျက်ရှိပါတယ်။


ထို့အပြင် လတ်တလော စစ်ရှိန်မြင့်နေသည့် မြန်မာနိုင်ငံအဝှမ်း နေရာအနှံ့အပြားရှိ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း အရေးပေါ်လူသားချင်းစာနာမှု အကူအညီများထောက်ပံ့ပေးလျက်ရှိပြီး တော်လှန်ရေးကာလအတွင်း ပြည်သူများလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည့်နွေဦးတော်လှန်ရေး ပြည်သူ့လက်စွဲ" ပါအချက်အလက်များကို တိုက်တွန်းမှုများ ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ရှင်းလင်းတင်ပြခဲ့


နိုဝင်ဘာလ ၁၈ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် မြေပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မြေပြင်စိုးမိုးမှု များလာသည်နှင့်အမျှ ဆောင်ရွက်ရန် လုပ်ငန်းများလည်း များပြားလာပါကြောင်း၊ ဝန်ကြီးအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းရှိ မျက်မှောက်အခြေအနေများအတွက် ဆောင်ရွက်ထားရှိမှုများကို ကိုယ်စားလှယ်များသိရှိစေရန် မည်သို့စီစဥ်ဆောင်ရွက်နေသည်ကို မျှဝေပေးရန်ဖြစ်ပြီး ထိုသို့သိရှိခြင်းအားဖြင့် မိမိတို့အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ NUG အနေဖြင့် နိုင်ငံတကာကို မည်သို့ သတင်းစကား ပေးနေသည်နှင့် လွှတ်တော်အနေဖြင့်လည်း မည်သို့ ပူးပေါင်း၍ သတင်းစကားပါးရမည်ကို ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။


ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအနေဖြင့် Federal Health Policy ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေမှုများ၊ တိုင်းနှင့်ပြည်နယ်များတွင် ကျန်းမာရေးဝန်ထမ်း (,၂၃၁) ဦးဖြင့် ဆေးရုံပေါင်း (၇၂) ရုံ၊ အရေးပေါ်ယူနစ် (၃၇၇) ခု၊ Mobile Clinic (၂၅၀) ကျော်တို့အား အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ကာ ပြည်နယ်အများစုတွင် အတိုင်ပင်ခံကောင်စီ၊ ကျန်းမာရေးအဖွဲ့များအား လွှဲပေးပြီး တိုင်းများကိုသာ တိုက်ရိုက်ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးအသုံးစရိတ် အခြေအနေများ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး အသိပညာပေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထံကသတင်းရရှိပါတယ်။


========================


📌📌 ၄။ ကလေးသူငယ်အခွင့်အရေးတွေကို တစ်ကမ္ဘာလုံးက ကြိုးပမ်းလုပ်ဆောင်နေတဲ့ကာလမှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုမျိုးစုံကို ရင်ဆိုင်နေရ


နိုဝင်ဘာလ ၁၈ရက်။

ကလေးသူငယ်အခွင့်အရေးတွေကို တစ်ကမ္ဘာလုံးက ကြိုးပမ်းလုပ်ဆောင်နေတဲ့ကာလမှာမြန်မာနိုင်ငံကကလေးသူငယ်တွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက က်ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။


"နိုဝင်ဘာလ(၂၀)ရက်နေ့ဟာ ကမ္ဘာ့ကလေးသူငယ်များနေ့ဖြစ်ပါတယ်။ ကလေးသူငယ်တို့ရဲ့အခွင့်အရေးတွေကို လေးစားကြဖို့အတွက် တစ်ကမ္ဘာလုံးက ကြိုးပမ်းလုပ်ဆောင်နေတဲ့ ဒီကာလအတွင်းမှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုမျိုးစုံကို ရင်ဆိုင်နေရပါတယ်။ အသက်အန္တရာယ်ကို ထိခိုက်ခံစားနေရသလို စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုလည်း ရင်ဆိုင်ခံစားနေရလျက်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေရဲ့လက်ရှိအခြေအနေတွေ၊ သူတို့မြင်ချင်တဲ့အနာဂတ်အိမ်မက်တွေကို ဖော်ပြနိုင် တဲ့ပန်းချီပြပွဲတစ်ခုကို ကျင်းပလျက်ရှိကာ  ဒုက္ခသည်စခန်းတွေ၊ ပဋိပက္ခဒေသတွေ၊ ရွှေ့ပြောင်းကျောင်းတွေက ကလေးများပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီအကြောက်ဆုံးက ပြည်တွင်းဖြစ် ဒရုန်းတွေပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြော


နိုဝင်ဘာလ ၁၈ရက်။

နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီအကြောက်ဆုံးက ပြည်တွင်းဖြစ် ဒရုန်းတွေပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကမေးမြန်းခန်းတစ်ခုမှာဆိုပါတယ်။


"တော်လှန်ရေးမှာတော့ အခုလက်ရှိ စကစ အကြောက်ဆုံးက ကျွန်တော်တို့ရဲ့ ပြည်တွင်းဖြစ် ဒရုန်းတွေပါပဲလို့ဝန်ကြီးကပြောပါတယ်။


လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း စကစတပ်ဖွဲ့ဝင်သုံးသောင်းကျော်သေဆုံးခဲ့ပြီး ၄င်းတို့ထဲတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများလည်းပါဝင်ပါတယ်။


"ကျွန်တော်တို့ Federal Wings ပဲ ပြောပြော၊ တခြားသော ‘Drone’ အဖွဲ့တွေပဲ ပြောပြော၊ အစိတ်အပိုင်းတွေကို ကျနော်တို့ ကိုယ်တိုင် တီထွင်ထားတာတွေ ပါတယ်။ ပြန်ပြီး Modified လုပ်ထားတာတွေ ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ Jammer တွေကို ကျော်နိုင်အောင် ပြန်ပြီး reverse engineering လုပ်ထားတဲ့ကိစ္စတွေ ရှိတယ်။ ဒီလိုမျိုး နည်းပညာအသာနဲ့ ကျွန်တော်တို့က တိုက်နေနိုင်တဲ့အတွက် စကစက ကျွန်တော်တို့ရဲ့ Federal Wings ဆိုရင် ဖင်တုန်အောင် ကြောက်နေတာပေါ့။ သူတို့ရဲ့ Jammer တွေက ကျနော်တို့ရဲ့ Federal Wings တွေကို တားဆီးနိုင်တဲ့ အနေအထား မရှိဘူး။ ဖြိုဖျက်နိုင်တဲ့ အနေအထားလည်း မရှိဘူး"လို့ ဝန်ကြီး ဦးထင်လင်းအောင်ကထပ်လောင်းပြောပါတယ်။


Federal Wings ​ ၂၀၂၃ ခုနှစ် ပထမ () လတာအတွက် ပြည်သူလူထုအား အစီရင်ခံစာအရ၂၀၂၃ ခုနှစ် ပထမ () လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိမှုအမြောက်အများရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ သိရှိရပါတယ်။


========================


📌📌 ၆။ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့ ၂နှစ်ပြည့်အခမ်းအနားကျင်းပ


နိုဝင်ဘာလ ၁၈ရက်။

စိတ်လူမှုထောက်ပံ့ရေးအဖွဲ့ ၂နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်မှာ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝက်းမြတ်အေး၊ ဦးမင်းကိုနိုင်တို့တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောကြားရာတွင် စိတ်ပိုင်းဆိုင်ရာနှင့် ဆိုရှယ်လူမှုရေးပိုင်းတွင် အကျိုးသက်ရောက်မှုနှင့်လိုအပ်ချက်များကြောင့် PSSTFပေါ်ပေါက်လာခဲ့ရကြောင်း၊ PSSTFအနေဖြင့် ၂နှစ်တာကာလအတွင်း တစ်တိုင်းတစ်ပြည်လုံးအထိသာမက နယ်စပ်အထိပါပေါက်ရောက်အောင်ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူရကြောင်း ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားရာတွင် တော်လှန်ရေးအင်အားစုများရဲ့ စစ်အင်အားသည် စိတ်အင်အားဖြစ်ပြီး ယခုအချိန်တွင် စိတ်အင်အားချိနှဲ့သွားသူမှာ အကြမ်းဖက်စစ်တပ်ဘက်ကဖြစ်ကြောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၇။ ကောလင်းခရိုင်၊ မြို့နယ်အတွင်းမှ (Civil Disobedience Movement)တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဖိတ်ခေါ်


နိုဝင်ဘာလ ၁၈ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာချက်အမှတ်(/၂၀၂၃)ဖြင့် ကောလင်းခရိုင်၊ မြို့နယ်အတွင်းမှ (Civil Disobedience Movement)တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဖိတ်ခေါ်ခြင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်လို့ဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင်စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ်()စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ်(/၂၀၂၃)ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်။


 အဆိုပါ ကောလင်းခရိုင်၊ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ကောလင်းခရိုင်၊ မြို့နယ်အတွင်းရှိ ဌာနအသီးသီးမှ CDM  ဝန်ထမ်းများအနေဖြင့် ခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံသို့ ဆက်သွယ် သတင်းပေးပို့ တာဝန်ထမ်းဆောင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ် ကြေညာအပ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ လောက်ကိုင်အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို့ အမြန်ဆုံးပြန်ကြရန် ကိုးကန့်တပ်မတော် (MNDAA)ကအသိပေး


နိုဝင်ဘာလ ၁၈ရက်။

နိုဝင်ဘာ၁၈ရက်မှာ ညီနောင်မဟာမိတ် () ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ကိုးကန့်တပ်မတော် (MNDAA) က လောက်ကိုင်မြို့နေ အရပ်သားပြည်သူများအား အသိပေးထုတ်ပြန်ပါတယ်။


လောက်ကိုင်အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို့ အမြန်ဆုံးပြန်ကြရန်နှင့် လောက်ကိုင်အတွင်း မှီတင်းနေထိုင်ကြသော အရပ်သားများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးတွင် နေကြရန်တို့ပါဝင်ပါတယ်။


ထို့အပြင်လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးသည် စစ်မြေပြင်များဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီ၏ ပစ်ခတ် တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် အရပ်သားများအနေဖြင့် မိမိသဘောဖြင့် နေရာပြောင်းရွှေ့သည်များ မပြုလုပ်ကြရန်တို့ကို သတိပေးထားပြီးအသိပေးချက်များကို အလေးထားလိုက်နာပေးရန်ဆိုထားပါတယ်။


========================


📌📌 ၉။ နမ့်ခမ်းမြို့  စခန်းသစ် လုံခြုံရေးကုန်းအား TNLA တိုက်ခိုက်သိမ်းပိုက်ရမိပြီး စကစ ဘက်မှ အဆိပ်ငွေ့ဗုံး စတင်အသုံးပြုတိုက်ခိုက်နေတယ်လို့အသိပေး


နိုဝင်ဘာ ၁၈ရက်။

နမ့်ခမ်းမြို့  စခန်းသစ် လုံခြုံရေးကုန်းအား TNLA တိုက်ခိုက်သိမ်းပိုက်ရမိပြီး စကစ ဘက်မှ အဆိပ်ငွေ့ဗုံး စတင်အသုံးပြုတိုက်ခိုက်နေတယ်လို့ TNLAကစစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။


"တပ်မဟာ ()စစ်ဒေသ၊ နမ့်ခမ်းမြို့ စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းကို နိုဝင်ဘာလ ၁၇ရက်နေ့ နံနက် (၆း၀၀)နာရီမှ ညနက် သန်းခေါင်ယံထိ တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပါတယ်။ ညနက် သန်းခေါင်ယံချိန်တွင် စစ်ကောင်စီ၏ စခန်းသစ်တပ် လုံခြုံရေးကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စခန်းသစ်လုံခြုံရေးကုန်းတွင် ရန်သူ့အလောင်းနှင့် လက်နက်ကြီး/ငယ် မျိုးစုံ (၁၃) လက်သိမ်းဆည်းရခဲ့မိကာ TNLA မှ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည့် စခန်းသစ် လုံခြုံရေးကုန်းနေရာတွင် နိုဝင်ဘာ၁၈ရက် နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


အဆိပ်ဗုံးမှ အဆိပ်ငွေ့ကြောင့် တအာင်းတပ်မတော် TNLA ရဲဘော်အချို့သည် အဆိပ်ငွေ့သင့်ပြီး ဆေးကုသခံယူနေရတယ်လို့သတင်းရရှိပါတယ်။


 အလားတူ နိုဝင်ဘာလ ၄ရက်နေ့တွင်လည်း လားရှိုးမြို့နယ်၊ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား တိုက်ခိုက်စဥ်တွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


📌📌 ၁၀။ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ရာ ()ဦးသေဆုံး၍ ()ဦးနှင့်အထက် ဒဏ်ရာရ


နိုဝင်ဘာ ၁၈ရက်

နိုဝင်ဘာလ ၁၈ရက်မှာ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲကအတည်ပြုပါတယ်။


"ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်‌ ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာကြားတွင် နိုဝင်ဘာ (၁၇)ရက်နေ့၊ နေ့လယ် (:၂၀)နာရီခန့်တွင် ပဲခူးရိုးမပေါ်သို့ အင်အား(၅၅)ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲအသီးသီးမှ ရဲဘော်များနှင့် Sniper အဖွဲ့၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ နှင့် တပ်ခွဲ တို့ ပူးပေါင်းပြီး (၆၀)မမဖြင့် တစ်ချက်၊ (၄၀)မမဖြင့် တစ်ချက်၊ Sinper ဖြင့် တစ်ချက်၊ အခြားလက်နက် ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့်စကစ ()ဦးသေဆုံး၍ ()ဦးနှင့်အထက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။


အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၁။ Spring Pyin Oo Lwin Investment က ဖေါ်ဆောင်နေတဲ့ Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း မြေကွက်များစုစုပေါင်းအမေရိကန် ဒေါ်လာ သန်းကျော်ရောင်းချပြီးဖြစ်


နိုဝင်ဘာလ ၁၈ရက်။

Spring Pyin Oo Lwin Investment က ဖေါ်ဆောင်နေတဲ့ Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း မြေကွက်များစုစုပေါင်းအမေရိကန် ဒေါ်လာ သန်းကျော်ရောင်းချပြီးဖြစ်တယ်လို့ နိုဝင်ဘာ၁၈ရက်မှာ End of dictatorshipက တရားဝင်အသိပေးဆိုပါတယ်။


"Spring Pyin Oo Lwin Investment က ဖေါ်ဆောင်နေတဲ့ Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း မြေကွက်များ၏ စုစုပေါင်းရောင်းချပြီးခဲ့သော ပမာဏမှာ ဒေါ်လာ သန်းကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


ဖက်ဒရယ်စမ်းရေစီမံကိန်း မြေကွက်များ၏ မြေပိုင်ဆိုင်မှု အမျိုးအစားမှာ ဂရန်မြေဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ပေးသွင်းရန်သတ်မှတ်ထားသော ငွေပမာဏ (ရောင်းချတန်ဖိုး၏ ၄၀%) ပေးသွင်းပြီးလျှင်  ကနဦးပိုင်ဆိုင်မှုအထောက်အထားအဖြစ် အာမခံစာချုပ် ထုတ်ပေးမှာလည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment