22nd NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသော စစ်ရေး၊ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုများ မျှခြေညီနေရရန်လိုကြောင်း ယာယီသမ္မတပြော

📌 ၂။ အကြမ်းဖက်စစ်တပ်၏ ပြိုလဲနေမှုကို အသုံးချကာ အားကောင်းသည့် စစ်ရေး နိုင်ငံရေးဖြင့် ရှေ့ဆက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

📌 ၃။ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂတို့ တွေ့ဆုံ

📌 ၄။ ကောလင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို NUG မှ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့

📌 ၅။ ကြားကာလ တက္ကသိုလ် ဝင်ခွင့်လမ်းညွန်နှင့် စပ်လျဉ်းတဲ့ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၆။ ရှမ်းမြောက်ဒေသ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ NUG ထောက်ပံ့

📌 ၇။ ဖမ်းဆီးရမိထားသည့် လေယာဉ်မှူးကို ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု IEC အသိပေး

📌 ၈။ ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသူများအနက် ဗိုလ်မှူး တစ်ဦးအပါအဝင် (၁၂) ဦးကို အရှင်ဖမ်းမိ

📌 ၉။ (၁၀၂၇) စစ်ဆင်ရေး စတင်ချိန်မှ လက်ရှိအချိန်ထိ စစ်တပ်လက်အောက်ခံ ဗိုလ်ကြီး () ဦး အပါအဝင် (၃၄) ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီး တပ်တွင်းဖရဲသီး () ဦး ထပ်တိုး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသော စစ်ရေး၊ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုများ မျှခြေညီနေရရန်လိုကြောင်း ယာယီသမ္မတပြော


နိုဝင်ဘာလ (၂၁) ရက်နေ့က ကျင်းပတဲ့ (၃၆) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားခဲ့ပါတယ်။

စစ်ရေးတိုးတက်ပြောင်းလဲမှုနဲ့အတူ ဘက်ညီညီ လိုက်ပါဆောင်ရွက်နေရတဲ့ နိုင်ငံရေးစုဖွဲ့မှုပုံစံတွေမှာလည်း လူထုနိုင်ငံရေး အသွင်အပြင်ကို ပီပီပြင်ပြင်ဖော်ဆောင်ဖို့လိုတယ်လို့ ၎င်းက ဆိုပါတယ်။ 

"နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရေးဖြစ်ထွန်းမှုပုံစံသစ်အားလုံး ဖက်ဒရယ်ဒီမိုစီပဋိညာဉ်ရဲ့ အခြေခံမူတွေနဲ့ မသွေဖယ်စေဖို့ အထူးလိုအပ်ပါတယ်။ အရေးအကြီးဆုံးက နိုင်ငံရေးအင်အားစုဖွဲ့မှုပုံစံတွေဟာ လူထုရဲ့ သဘောထားဆန္ဒနဲ့ တထပ်တည်းကျဖို့ လိုအပ်မှာဖြစ်ပြီး စုပေါင်းအင်အားအခြေခံနဲ့ အကျယ်ပြန့်ဆုံး တိုးတက်ဖြစ်ထွန်းဖို့ အလေးအနက်ထားပြောလိုပါတယ်" လို့ ယာယီသမ္မတက သတိပေး ပြောကြားလိုက်တာပါ။ 

"ကျွန်တော်တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ဗဟိုပြု အခြေခံထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ဆောက်နေကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ တိုးတက်ပြောင်းလဲမှုတိုင်းကို နိုင်ငံရေးအရ လိုက်ပါ တည်ဆောက်ကြရတဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေအတိုင်း မသွေဖယ်စေဘဲ နိုင်ငံရေးကိုယ်ကျင့် ပြည့်ပြည့်ဝဝနဲ့ ဝိုင်းဝန်း တည်ဆောက်ကြရမှာဖြစ်ပါတယ်" လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုတွေတည်ဆောက်တဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေနဲ့ အကျယ်ပြန့်ဆုံး ပေါင်းစပ်လုပ်ဆောင်ကြဖို့ အထူးအရေးကြီးပါတယ်။ နမူနာအနေနဲ့ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာ တိုးတက် ပြောင်းလဲခဲ့တဲ့ ကရင်နီပြည်နယ်က အုပ်ချုပ်စီမံမှုပုံစံဟာ ရှေ့သွားအနေနဲ့ အတုယူဖွယ်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်၏ ပြိုလဲနေမှုကို အသုံးချကာ အားကောင်းသည့် စစ်ရေး နိုင်ငံရေးဖြင့် ရှေ့ဆက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း


မြန်မာ့သမိုင်းတွင် မကြုံဖူးသေးတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပြိုကျပျက်စီးနေမှုကို အကောင်းဆုံးအသုံးချကာ စစ်ရေး နိုင်ငံရေးကဏ္ဍများကို စုစည်းမှုအားကောင်းစွာဖြင့် ရှေ့ဆက်လှမ်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ (၂၁) ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ (၃၆) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို တိုက်တွန်းပြောကြားခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ () နှစ်ကျော် () နှစ်နီးပါး ကြိုးစားခဲ့မှုတွေကြောင့် အခုဆိုရင် အခွင့်အရေးကောင်းတွေ ရောက်လာနေပြီဖြစ်တဲ့အတွက် အခွင့်အရေးကောင်းတွေကို အချိန်ကိုက် ဖမ်းဆုပ်နိုင်မှသာ အောင်မြင်မှုပန်းတိုင်ဆီ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ 

ဒါကြောင့် အခုရရှိနေတဲ့ တော်လှန်ရေးရဲ့အရှိန်အဟုန်ကို ကောင်းမွန်စွာဆက်ထိန်းနိုင်ဖို့နဲ့ အမြင့်ဆုံးအရှိန် အဟုန်ထိရောက်အောင် ဝိုင်းကြိုးစားကြဖို့ အင်မတန်အရေးကြီးပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

"အခုဆိုရင် တော်လှန်ရေးဟာ ဘယ်လိုအဆုံးသတ်မလဲဆိုတာ နိုင်ငံတကာတာဝန်ရှိသူတွေလည်း ကောင်းစွာ သဘောပေါက်နိုင်ပြီဖြစ်တဲ့ အခြေအနေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ နောက်ထပ်အစီအမံတွေက ဘာတွေဖြစ်မလဲဆိုတာကို ပိုမိုစိတ်ဝင်စားလာကြပြီဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအားလုံး သေချာပြင်ဆင်ဆောင်ရွက်ကြဖို့ အချိန်ဖြစ်ပါတယ်" လို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။  

"ယခုရက်ပိုင်းအတွင်း အားတက်စရာသတင်းတွေ နေ့စဉ်ကြားသိရသလို စစ်ရဲ့သဘောအရ ထိခိုက်နစ်နာမှုတွေလည်းရှိနေတာမို့ တစ်ဘက်က တော်လှန်ရေးအတွက် အားတက်ရတဲ့အခြေအနေဖြစ်ပေမယ့် တစ်ဘက်က လည်း အပြစ်မဲ့ အသက်သေဆုံးရတဲ့ ပြည်သူတွေအတွက်ရော၊ တိုင်းပြည်အတွက် တရားမျှတမှုအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရင်းကျဆုံးသွားရတဲ့ ရဲဘော်တွေအတွက်ရော အလွန်ပဲစိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးကြီးကို မြန်မြန်ဆန်ဆန်နဲ့ ထိခိုက်မှုနဲနိုင်သမျှနဲအောင် ကြိုးပမ်းသွားမယ်လို့ သံဓိဌာန်ချထားကြောင်း" ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ 

ဒီအစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ စုံစမ်းရေးကော်မရှင်လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးတင်ပြခဲ့တာကိုလည်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၃။ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂတို့ တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျပန်နိုင်ငံမှ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ Mr. Nakagawa Masaharu နှင့် အတွင်းရေးမှူး Mr. Ishibashi Michihiro တို့ကို တွေ့ဆုံဆွေးနွေး နှုတ်ဆက်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း နိုဝင်ဘာလ (၂၁) ရက် မနက်ပိုင်းမှာ Mr. Nakagawa Masaharu ရဲ့ ရုံးခန်းမှာ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲကာ ကူညီဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကောလင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို NUG မှ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့


ကောလင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သိရပါတယ်။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာလ () ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

သိမ်းဆည်းရရှိတဲ့ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ၊ အမိုးအကာ၊ မီးဖိုချောင်သုံးပစ္စည်းများနဲ့ အခြားပစ္စည်းတွေဟာ အရေးပေါ် အခြေအနေမှာ ကယ်ဆယ်ရေး အသင့်ပြုလုပ်နိုင်ဖို့ ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဝယ်ယူသိုလှောင်ထားတာဖြစ်ပေမယ့် စစ်ကောင်စီလက်အောက်ခံ လူ/ကယ်/ပြန်ဝန်ကြီးဌာနက ဒီပစ္စည်းတွေကို အကြမ်းဖက်စစ်တပ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ခြင်းမရှိခဲ့ဘဲ သိမ်းဆည်းထားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လူ/ကယ်/ပြန်ဌာနကနေပြီး စစ်ကောင်စီထောက်တိုင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့ထားတဲ့ အထောက်အထားတွေကိုလည်း သက်သေနဲ့တကွ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ကောလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိမ်းဆည်းရရှိထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လတ်တလော စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ဖြန့်ဝေထောက်ပံ့ပေးလျက်ရှိပြီး လူသားစာနာလုပ်ငန်းများတွေ မြေပြင်မှာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက်လည်း စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်နေတယ်လို့  ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ကြားကာလ တက္ကသိုလ် ဝင်ခွင့်လမ်းညွန်နှင့် စပ်လျဉ်းတဲ့ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက မြန်မာ့ပညာရေးစနစ် နှင့် သက်ဆိုင်ရာ တက္ကသိုလ် Platform များမှတဆင့် ကြားကာလ တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားရာမှာ လိုအပ်တဲ့ လုပ်ဆောင်ရမယ့် အချက်များကို ပြည်ထောင်စုလွတ်တော် ကိုယ်စားပြု ကော်မတီအား ရှင်းလင်းတင်ပြတဲ့ အစီအစဉ်ကို နိုဝင်ဘာလ (၂၀) ရက်နေ့မှာ ဗီဒီယို ကွန်းဖရန့်မှတဆင့် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်များ၊ လျှောက်ထားနိုင်တဲ့ လိပ်စာများ၊ ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်များ နဲ့ အထူးပြုဘာသာရပ် ရွေးချယ်မှုများနှင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွန်ကို‌ လေ့လာသိရှိနိုင်မယ့် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက မသန်စွမ်းများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်များ၊ အင်တာနက် မရတဲ့ ဒေသများအတွက် ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ထားရှိမှုများ၊ တက္ကသိုလ် တက်လက်စ ကျောင်းသား/ကျောင်းသူများအနေနဲ့ တက္ကသိုလ်များကို ပြန်လည်ချိတ်ဆက်နိုင်မှု အခြေအနေ၊ တိုင်းရင်းသားဒေသ ပညာရေးအစီအစဥ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်မှု အနေအထားများအား သိရှိလိုကြောင်း မေးမြန်းခဲ့ရာ တက္ကသိုလ်တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပါတယ်။

ယခုဆွေးနွေးပွဲကို CDM ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြားကာလ တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်များကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ရေးရာကော်မတီအသီးသီးမှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ ကြားကာလ တက္ကသိုလ်များ ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအလုပ်အဖွဲ့နှင့် အဆင့်မြင့်ပညာကဏ္ဍမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၆။ ရှမ်းမြောက်ဒေသ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ NUG ထောက်ပံ့


ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများကို ထောက်ပံကူညီပေးခဲ့တယ်လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ထောက်ပံ့မှုကို နိုဝင်ဘာလ (၂၀) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ရဲ့ လမ်းညွန်စီစဉ်မှုဖြင့် သက်ဆိုင်ရာအလှူရှင်များရဲ့ ထောက်ပံ့ကူညီမှုကို TPCC အဖွဲ့မှတဆင့် ငွေကျပ် ၆၅ သိန်းကျော် တန်ဖိုးရှိ အရေးပေါ် စားသောက်ကုန်များကို ပြည်နယ် MOWYCA တာဝန်ခံက ထောက်ပံပေးခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၇။ ဖမ်းဆီးရမိထားသည့် လေယာဉ်မှူးကို ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု IEC အသိပေး


ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုများကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိထားပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က နိုဝင်ဘာလ (၂၁) ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဖမ်းဆီးရမိထားတဲ့ လေယာဉ်မှူး - ဗိုလ်မှူး ခိုင်သန့်မိုး (လေ-၂၈၅၃) ဟာ တောင်ငူ လေတပ်စခန်းကဖြစ်ပြီး (၁၉၈၁) ခုနှစ် မွေးဖွားခဲ့သူလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဗိုလ်မှူး ခိုင်သန့်မိုး မောင်းနှင်တဲ့ K - 8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်ဖွဲ့ဝင်တွေ တန်ပြန်ပစ်ခတ်ခဲ့တာကြောင့် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ ပျက်ကျသွားခဲ့တာပါ။ 

လေယာဉ်ပျက်ကျချိန်မှာ လေယာဉ်မှူး () ဦးစလုံးထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် လေယာဉ်မှူးတဦးဖြစ်တဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၄၄) ကျောင်းဆင်းဗိုလ်မှူး ခိုင်သန့်မိုးကို နိုဝင်ဘာလ (၁၉) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နဲ့ KA တပ်ဖွဲ့ဝင်တွေက ရှာဖွေဖမ်းဆီးနိုင်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖမ်းဆီးရမိတဲ့ တိုက်လေယာဉ်မှူးကို "ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇာဝတ်သား" လို့ အသုံးပြုထားတာပါ။ 

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ တွဲဘက်လေယာဉ်မှူး ဗိုလ် ဇာနည်မောင်ကို ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ရှာဖွေနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသူများအနက် ဗိုလ်မှူး တစ်ဦးအပါအဝင် (၁၂) ဦးကို အရှင်ဖမ်းမိ


တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်ချရာ ကနေဒီတောင်ပေါ် ရှိ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ထွက်ပြေးသွားသူတွေထဲက ဗိုလ်မှူး တစ်ဦးအပါအဝင် (၁၂) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ PDF-Zoland က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ကနေဒီတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို PDF-Zoland က နိုဝင်ဘာလ (၂၁) ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးသေဆုံးပြီး လက်နက်မျိုးစုံ (၂၄) လက်နဲ့ (၆ဝ) မမ တစ်လက်အပြင် Jummer တခုကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF-Zoland က ပိတ်ဆို့ရှာဖွေခဲ့ရာမှာ စစ်သား (၁၂) ဦးကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှာ PDF-Zoland က ရဲဘော်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ် လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ (၁၀၂၇) စစ်ဆင်ရေး စတင်ချိန်မှ လက်ရှိအချိန်ထိ စစ်တပ်လက်အောက်ခံ ဗိုလ်ကြီး () ဦး အပါအဝင် (၃၄) ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီး တပ်တွင်းဖရဲသီး () ဦး ထပ်တိုး


ရှမ်းမြောက်ဒေသမှာ (၁၀၂၇) စစ်ဆင်ရေး စတင်ချိန်ကနေ လက်ရှိအချိန်အထိ ပြည်သူ့ရင်ခွင်ခုံလှုံလာတဲ့သူ (၃၄) ဦးရှိခဲ့ရာမှာ ဗိုလ်ကြီး () ဦး ပါဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီက ထုတ်ပြန်ပါတယ်။ 

(၁၀၂၇) စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ကာ ယနေ့အထိပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ဆက်သွယ်ပြီး ခိုလှုံလာတဲ့ တပ်နှင့်ရဲ (၃၄) ဦးရှိတဲ့ အနက် (၂၂) ဦးကို လုံခြုံရာနေရာကို ပို့ဆောင်ထားပြီး (၁၂) ဦးကိုတော့ လုံခြုံတဲ့နေရာပို့နိုင်ဖို့ စီစဉ်နေဆဲလို့ သိရပါတယ်။

ဒီ (၃၄) ဦးမှာ ဗိုလ်ကြီး () ဦး၊ အရာရှိ တစ်ဦး၊ တပ်ကြပ်ကြီး () ဦး၊ တပ်ကြပ် () ဦး၊ ဒုတပ်ကြပ် () ဦးနဲ့ ရဲဘော် (၁၉) ဦး၊ မီးရထားရဲ () ဦး ပါဝင်ပြီး MA-1 () လက်၊ မမပစ္စတို () လက်၊ MA-4 တစ်လက်၊ (၄ဝ) မမ ဗုံးသီး () လုံး၊ လက်ပစ်ဗုံး () လုံး၊ () ပွိုင့်ကျည်  (၅၆) တောင့်နဲ့ () ပွိုင့်ကျည်  (၆၂) တောင့် စုစုပေါင်း အရေအတွက် တစ်ထောင်နီးပါး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   

တပ်ထဲကနေ ထွက်မလာနိုင်သေးပေမယ့် Pre -CDM (ဖရဲသီး) အဖြစ် တပ်တွင်းကနေ သတင်းအချက်အလက်တွေ ပေးပို့ပြီး ပူးပေါင်းပါဝင်လာသူ () ဦး ထပ်တိုးလာတယ်လို့လည်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ ရည်မှန်းရာပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ထောင်နိုင်ရေး တိုင်းရင်းသားတော်လှန်ရေးအင်အားစု များ အားလုံးနှင့်ပူးပေါင်းကာ ပြည်သူ့နွေဦးတော်လှန်ရေးကို ဖြစ်နိုင်သမျှ နည်းအစုံကျင့်သုံးပြီး ဖော်ဆောင်ဆင်နွှဲနေတာ ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment