22nd NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကမ္ဘာကလေးများနေ့ အထိန်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဂုဏ်ပြု

📌 ၂။ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်

📌 ၃။ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် non-CDM ဆရာ ဆရာမများနှင့်မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေဟု KNDF ကြေညာ

📌 ၄။ နမ့်ခမ်းနှင့် နမ့်ဆန့်မြို့သစ်ရှိကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးကာ ဦး ဒဏ်ရာရ

📌 ၅။ လွိုင်ကော်တွင် စစ်ကောင်စီတပ်က လေထီးနဲ့ ချပေးတဲ့ လက်နက်သေတ္တာ အချို့ကို PDF အဖွဲ့တွေ ရရှိခဲ့

📌 ၆။ နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ခုကိုတိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

📌 ၇။ ထားဝယ်တွင် ရက်ဆက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၁ဝ ဦး သေဆုံး

📌 ၈။ ကျဆုံးရဲဘော် ဦးရဲ့ မိသားစုတွေကို YRPA က ဂုဏ်ပြုငွေ ထောက်ပံ့

📌 ၉။ ကျောက်တော်မြို့မှာ ရဲတပ်ဖွဲ့ဝင် ဦး လက်နက် ခဲယမ်း အပြည့်အစုံနဲ့ AA ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


နိုဝင်ဘာလ ၂၁ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲ တပ်ဖွဲ့နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အတွင်းရှိ ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ် (၄၆/၂၀၂၃) ကို နိုဝင်ဘာလ ၂၁ ရက်၊ နေ့လည် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။


ထို့နောက် ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ သိရှိလိုတဲ့ အချက်များ၊ မြေပြင်အခြေအနေ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြကာ တွဲဖက်အမြဲတမ်း အတွင်းဝန်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များကို ရှင်းလင်းပြောကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြပါတယ်။


အစည်းအဝေးကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်း အတွင်းဝန်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ အရာရှိကြီးများနဲ့ စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ၁၂ နာရီ အချိန်မှာ အစည်းအဝေးကို ရပ်နားခဲ့ကြပါတယ်။


========================


📌📌 ၂။ ခင်ဦးမြို့နယ်တွင် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်


နိုဝင်ဘာလ ၂၁ရက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ခုရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ခုတွင် နိုဝင်ဘာလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန‌ရဲ့ ညွှန်ကြားချက်များနဲ့အညီ အမျိုးသမီးများ၊ ကလေးသူငယ်များ အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး ကလေးများရဲ့ ပန်းချီကား ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


အခမ်းအနားကို ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ တာဝန်ခံ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ခံ၊ တရားရေး အဖွဲ့ဝင်များ၊ အခွန်တော်အရာရှိ၊ ဘဏ္ဍာရေးတာဝန်ခံ၊ သတင်းပြန်ကြားရေး တာဝန်ခံနဲ့ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြ ပါတယ်။


========================


📌📌 ၃။ ဂန့်ဂေါမြို့နယ် ပအဖ၊ ပကဖ အဖွဲ့များမှ တိုက်နယ်၊ ရပ်ကျေး အဖွဲ့ဝင်များနဲ့ ကွင်းဆင်းတွေ့ဆုံ


နိုဝင်ဘာလ ၂၁ရက်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များမှ တိုက်နယ်တစ်ခုအတွင်းကို ကွင်းဆင်းပြီး တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေး ပြည်သူ့ကာကွယ်ရေး အဖွဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ ကွင်းဆင်းတွေ့ဆုံမှုမှာ ကဏ္ဍအလိုက် မူဝါဒများ ရှင်းလင်းခြင်း၊  အခွန်ကောက်ခံခြင်းနဲ့ ပတ်သက်တဲ့ မူဝါဒများအား အသေးစိတ် ရှင်းလင်းခြင်း၊ ရှေ့ဆက်လုပ် ဆောင်မယ့် လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့  ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး စစ်‌ရှောင် ပြည်သူများနဲ့ တွေ့ဆုံကာ  အားပေးစကား ပြောဆိုခဲ့ကာ ထောက်ပံ့ငွေ ပေးအပ်ခြင်းများကို ဆောင်ရွက် ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဆိုပါတယ်။


========================


📌📌 ၄။ မြောင်မြို့နယ် အတွင်းရှိ ရက်ရှည်စစ်ရှောင် ပြည်သူများကို စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့


နိုဝင်ဘာလ ၂၁ရက်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် ရက်ရှည် စစ်ဘေးရှောင်နေရတဲ့ ပြည်သူ (၅၉၇) ဦးအတွက် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံက သိရပါတယ်။


နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ခံနှင့်အဖွဲ့တို့မှ NGO အဖွဲ့တစ်ခုမှ ထောက်ပံ့တဲ့  ဆန်(၁၉) အိတ်၊  ဆီ ပိဿာ (၃၀) ကုလားပဲဆန် (၃၆) ပြည် အစရှိတဲ့ စားနပ်ရိက္ခာများကို စစ်ရှောင် ပြည်သူများထံ သွားရောက်ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အတွင်းရှိ ကျေးရွာများမှ မသန်စွမ်း ပြည်သူ (၁၀၂) ဦး အတွက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။


နိုဝင်ဘာလ ၂၁ ရက်နေ့က မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ခံနှင့်အဖွဲ့ တို့က မသန်စွမ်း ပြည်သူ (၁၀၂) ဦး အတွက်  NGO အဖွဲတစ်ခုမှ ဒုတိယအကြိမ် ထောက်ပံ့တဲ့ တစ်ဦးလျှင် (၉၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (,၁၈၀,၀၀၀) ကျပ်ကို လက်ရောက်ပေးအပ် ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၅။ လွိုင်ကော်မြို့နယ်ရှိ နွားလဝိုးစခန်းကို PNDF ပူးပေါင်းအဖွဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


နိုဝင်ဘာလ ၂၁ ရက်။

ကရင်နီပြည် လွိုင်ကော်မြို့မှာရှိတဲ့ နွားလဝိုးစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာမှာ စစ်ကောင်စီအဖွဲ့တွေ ထွက်ပြေးသွားတဲ့အတွက် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- PNDF က ထုတ်ပြန်ပါတယ်။

လွိုင်လင်လေးမှာအခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီ ခမရ-၅၃၀ တပ်ရဲ့ ရှေ့တန်းတပ်ရင်းစခန်းဖြစ်တဲ့ နွားလဝိုး စစ်ဆင်ရေးတပ်စခန်းကို PNDF နဲ့ ပူးပေါင်းအဖွဲ့တွေ ရက်တာတိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်းပစ်ကူတွေကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းနဲ့လက်နက်တွေကို စွန့်ခွာထွက်ပြေးသွားခဲ့ကြ 

တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- PNDF ရဲ့ အမှတ် -၁ဝ၁၁ တပ်ရင်းက KA KNDF KNPLF DMO Local PDF Loikaw PDF မြို့ပြပြောက်ကျားတပ်ဦး- URFနဲ့ ရှမ်းတောင် ဗျူဟာ-၂က က တပ်ရင်းတွေဖြစ်တဲ့ အမှတ် - ၁၀၀၃ တပ်ရင်း၊ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင် SSPDF အမှတ် ၁ဝဝ၈ တပ်ရင်း-SSRY အမှတ် ၁၀၀၉ တပ်ရင်း IPDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရခဲ့သူတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

မိမိတို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေ တည်ရှိရာနေရာတွေမှာ တော်လှန်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအင်အးစုတွေက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး ပူးပေါင်းပါဝင်ကြဖို့ PNDF က အသိပေး ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ကနေဒီတောင်ရှိ စစ်ကောင်စီစခန်းကို PDF – Zoland တိုက်ခိုက်သိမ်းပိုက်


နိုဝင်ဘာလ ၂၁ ရက်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် ကနေဒီတောင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့ PDF – Zoland က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့မနက် နာရီလောက်မှာ ကနေဒီတောင်ထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် စီးနင်း တိုက်ခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃ဝ ခန့်ရှိတဲ့ အဲဒီစစ်ကောင်စီစခန်းကို သိမ်းပိုက်ရာမှာ အချိန် နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး မနက် နာရီမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့ PDF – Zoland ကထုတ်ပြန် ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ဦးသေဆုံးခဲ့ပြီး ဗိုလ်အဆင့်ရှိသူတစ်ဦး အပါ အ၀င် စစ်ကောင်စီတပ်သား ၁၂ ဦးကို အရှင်ဖမ်းမိသည်ဟု PDF-Zoland တာ၀န်ရှိသူတစ်ဦးက အသိပေးထားပါတယ်။ 

ကနေဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ၄ဝ မမ အပါအဝင် လက်နက်ကြီးအချို့နဲ့ကျည် အမြောက်အများ သိမ်းဆည်းရရှိ ခဲ့ပေမယ့် PDF – Zoland ဘက်က ရဲဘော်တဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း PDF – Zoland ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပြီးတဲ့နောက် မွန်းတည့် ၁၂ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်က Mi-35 လေယာဉ်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ပြည်သူ့ဘက်တော်သား တော်လှန်ရေးသမားတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတယ်လို့ လည်း သိရပါတယ်။ 

ချင်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ကနေဒီတောင်ဟာ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်ကြာမှားရှိပြီး စစ်ရေးအရအချက်အခြာကျတဲ့တပ်စခန်းတခုဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ နမ့်ဆန်မြို့နယ်အတွင်းသို့ စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ၆တန်းကျောင်းသူတဦး သေဆုံးပြီး ဦး ဒဏ်ရာရ


နိုဝင်ဘာလ ၂၁ရက်။

အကြမ်းဖက်စစ်တပ်ဟာ ညသန်းခေါင်းယံအချိန်မှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် နမ့်ဆန်မြို့နယ် အုမ်းစွမ်းကျေးရွာက အသက် ၁၄ နှစ်အရွယ် ၆တန်းကျောင်းသူတဦးသေဆုံးခဲ့ပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

နမ့်ဆန်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၂ဝ ရက်နေ့ ၁၂ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာမှာ အုမ်းစွမ်းကျေးရွာအတွင်း လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခြောက်တန်းကျောင်းသူရင်ဘတ်ကို ကျည်စတွေ ထိမှန်သေဆုံးခဲ့တာလို့ အသိပေးထားပါတယ်။

ဒါ့အပြင် လက်နက်ကြီးစထိမှန်တာကြောင့် အသက် ၁၄ နှစ်၊ ၁၈ နှစ်၊ ၄၈ နှစ်နဲ့ အသက် ၅ဝ အရွယ် အရပ်သား ၄ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

နမ့်ဆန်၊ မိုင်းငေါ့နဲ့ ကျောက်မဲတို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မြို့သစ်ကျေးရွာ ဘက်က လက်နက်ကြီးနဲ့ ၃၂ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခဲ့တာရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေကို လက်နက်ကြီးတွေအသုံးပြု ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ မုံရွာမြို့နယ် ပုရစ်ကုန်းမြောက်ရွာမှာ အရပ်သား ဦးကို စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်ကာ ကြာဇံစက် လုံးနှင့် အိမ်တလုံးကို မီးရှို့ဖျက်ဆီး


နိုဝင်ဘာလ ၂၁ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပုရစ်ကုန်းမြောက်ရွာက အပြစ်မဲ့အရပ်သား ဦးကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ကာ ပြည်သူပိုင်နေအိမ်တလုံးနဲ့ ကြာဇံစက် လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ မုံရွာမြို့နယ်သတင်းမှန် ပြန်ကြားရေး (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် နာရီခန့်အချိန်မှာ မုံရွာမြို့မှာရှိတဲ့ စွမ်းရည်ထက်စက်သုံးဆီဆိုင် စစ်ဆေးရေးဂိတ်နဲ့ တောပု ပျူရွာကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး စုစုပေါင်း အင်အား ၇ဝ ခန့်က လုပ်ဆောင်သွားတာလို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်အုပ်စုဟာ မနက် ၁ဝ ခန်အချိန်မှာ ပုရစ်ကုန်းမြောက်ရွာက ပြည်သူပိုင်နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ နာရီခန့်မှာ ကြာဇံစက် ခုကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် မွန်းလွဲ နာရီ ခန့်မှာ ပုရစ်ကုန်းမြောက်ရွာက ကြာဇံစက်ရုံပိုင်ရှင် ကိုပေါက်စီနဲ့ တောင်ငူဘက်ကနေ လာရောက် အလုပ်လုပ်ကိုင်တဲ့ ကြာဇံစက်အလုပ်သမား ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ပုရစ်ကုန်းတောင်ရွာထိပ်မှာ လူမဆန်စွာ သတ်ဖြတ်သွားခဲ့ကြတာလို့လည်း အသိပေးထားပါတယ်။   

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ၎င်းတို့နောက်လိုက်ပျူစောထီးတွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေပြုလုပ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးရာမှာ နေထိုင်ကြဖို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပကဖ) က တိုက်တွန်းထားပါတယ်။


========================


📌📌 ၉။ တမူး ပန်းသာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ဦး လက်နက်နှင့်အတူ တမူး PDF ထံအလင်းဝင်


နိုဝင်ဘာလ ၂၁ ရက်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်က ပန်းသာရွာက စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တမူးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း - က ထုတ်ပြန်ပါတယ်။

ပန်းသာရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပျူစောထီးတွေအထိုင်ချနေတဲ့စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးထွက်ပြေးလာပြီး အလင်းဝင်လာတာလို့ နိုဝင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

အလင်းဝင်လာသူတွေဟာ အသက် ၃၁ နှစ်အရွယ် ကိုကျော်လင်းထိုက်နဲ့ အသက် ၂၅ နှစ်အရွယ် ကိုကောင်းထက်အောင် ဆိုသူတို့ဖြစ်ပြီး MA-2 တလက်နဲ့ MA-4 တလက်အပါအဝင် ခဲယမ်းအချို့ ယူဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက အခိုင်အမာတပ်စွဲထားတဲ့ ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၄၊ အမျိုးသား လွတ်မြောက်ရေးတပ်တော် NLA နဲ့ Fighter Police CDM တို့ ပူးပေါင်းတိုက်ခိုက်နေချိန်မှာ အခုလို အလင်းဝင်လာတဲ့သူတွေ ကို ပြည်သူ့ရင်ခွင်က လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်လို့လည်း အသိပေးထားပါတယ်။   

မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးကိုကြိုဆိုတဲ့အနေနဲ့ ပန်းသာရွာတိုက်ပွဲကို ပြည်တော်ဝင် စစ်ဆင်ရေးလို့ တမူးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း - ပါဝင်တိုက်ခဲ့နေတဲ့ ပူးပေါင်းအဖွဲ့က အမည်ပေးထားပါတယ်။


========================


📌📌 ၁၀။ စစ်ကောင်စီစခန်းများကို တိုက်ခိုက်မှု အရှိန်မြှင့်မှာဖြစ်လို့ ပြည်သူများ သတိပြု ပူးပေါင်းပါဝင်ကြရန် ပအိုဝ်းတပ် PNDF ထုတ်ပြန်


နိုဝင်ဘာလ ၂၁ရက်။

စစ်ကောင်စီ တပ်စခန်းများ တည်ရှိရာ နေရာများကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် ပြည်သူများ အနေဖြင့် တော်လှန်ရေး အင်အားစုများမှ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်များကို အစဉ်တစိုက် သတိပြု ပါဝင်ပေးကြဖို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) က ထုတ်ပြန်လိုက်ပါတယ်။


PNDF ဟာ ရှမ်းတောင်နဲ့ ကရင်နီ နယ်စပ်ဒေသများမှာ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် များနဲ့ ပူးပေါင်းတိုက်ပွဲ ဝင်နေတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။


PNDF အမှတ် (၁၀၁၁) တပ်ရင်းက KA KNDF KNPLF DMO Local PDF Loikaw PDF မြို့ပြပြောက်ကြားတပ်ဦး (URF) နဲ့ ရှမ်းတောင် PDF ဗျူဟာ () တပ်ရင်းများ ဖြစ်တဲ့ (၁၀၀၃) တပ်ရင်း (၁၀၀၅) တပ်ရင်း ရှမ်းတောင် (SSPDF) အမှတ် ၁၀၀၈ တပ်ရင်း (SSRY) အမှတ် ၁၀၀၉ တပ်ရင်း (IPDF) တို့နဲ့ လက်တွဲပြီး လွိုင်ကော်မြို့၊ လွိုင်လင်လေး ခရိုင်၊ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၃၀ နွားလဝိုး စစ်စခန်းအား တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ပါတယ်။

 

နိုဝင်ဘာ ဒုတိယပတ် အတွင်းက အဆိုပါ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ တပ်သားများက () ရက်ကြာ ခုခံကာကွယ်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်နက်ခဲယမ်းများကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်မှုများကြောင့် အဆိုပါ စခန်းအနီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment