30th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ  ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးပို့ခဲ့

📌 ၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့်NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံဆွေးနွေး

📌 ၃။ "Federal Net Campaign" မှ ပထမဦးဆုံး အင်တာနက်ဝန်ဆောင်မှုပေးခဲ့သည့် မြို့နယ်တစ်မြို့နယ်မှ ပြည်သူစကားသံကို MOCITထုတ်ပြန်

📌 ၄။ မုံရွာခရိုင်တပ်ရင်း၂၂သို့ တော်လှန်ရေးရန်ပုံငွေအတွက် အဘွားအိုတစ်ဦး ကျောက်နားကပ်ချွတ်လှူဒါန်းခဲ့

📌 ၅။ ရက္ခိုင် နှင့် ပလက်ဝဒေသရှိ စစ်ဆင်ရေးပစ်မှတ်များကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ 

ရက္ခိုင့်တပ်တော်AAအသိပေး

📌 ၆။ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိတောင်ကြာအင်းရဲစခန်းနှင့်တပ်စခန်းအားတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ရရှိပြီးရဲတပ်ဖွဲ့ဝင်(၁၀)ဦး ကိုဖမ်းဆီးရမိ

📌 ၇။ Federal Wings ရဲ့ တာဝေးပျံသန်းဒရုန်း ထုတ်လုပ်ရေးလုပ်ဆောင်နေပြီးFiber Composite နည်းပညာနဲ့ကျည်ကာဦးထုပ်များပါ စမ်းသပ်ထုတ်လုပ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ  ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးပို့ခဲ့


ဒီဇင်ဘာ၃၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ  ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးပို့ခဲ့တယ်လို့ ဒီဇင်ဘာ၂၉ရက်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က အသိပေးဆိုပါတယ်။


 စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၃ခုနှစ် ဒီဇင်ဘာဘာလ ၂၈ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ .၂သန်းအား ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ၂၂ကြိမ်မြောက်  ပေးပို့ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရNUGသည် ONE DAY CHALLENGE မင်ဘာဝင်များ၏ လစဉ် ထည့်ဝင်ငွေအား အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ခါ အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ခါ ယာယီသမ္မတကြီး၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း စသည်ဖြင့် ONE DAY CHALLENGE မင်ဘာဝင်များအား ဂုဏ်ပြုလျှက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့်NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာ၃၀ရက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့်NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံဆွေးနွေးတယ်လို့

ဒီဇင်ဘာ၂၈ရက် Twitterမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Cholletက အသိပေးရေးသားဆိုပါတယ်။


"ဒေါ်ဇင်မာအောင် NUG နှင့် ဆွေးနွေးခွင့်ရခဲ့ပြီး NUG ၏အရေးပါသော ပါဝင်ပတ်သက်သူများစွာနှင့် ညှိနှိုင်းဆောင်ရွက်မှုအကြောင်း ကြားနာခွင့်ရသည့်အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာပြည်သူပြည်သားများအပေါ် အကြမ်းဖက်မှုများကို တန်ပြန်ရန် ၎င်းတို့၏လုပ်ငန်းမှာ အရေးကြီးပါတယ်"လို့ဆိုပါတယ်။


မတ်လအတွင်းကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့သို့ အလုပ်သဘောခရီးစဉ် သွားရောက်နေစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။


========================


📌📌 ၃။ "Federal Net Campaign" မှ ပထမဦးဆုံး အင်တာနက်ဝန်ဆောင်မှုပေးခဲ့သည့် မြို့နယ်တစ်မြို့နယ်မှ ပြည်သူစကားသံကို MOCITထုတ်ပြန်


ဒီဇင်ဘာ၃၀ရက်


"Federal Net Campaign" မှ ပထမဦးဆုံး အင်တာနက်ဝန်ဆောင်မှုပေးခဲ့သည့် မြို့နယ်တစ်မြို့နယ်မှ ပြည်သူစကားသံကို MOCITထုတ်ပြန်လိုက်ပါတယ်။


ဒီဇင်ဘာ၃၀ရက်မနက်ပိုင်းမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနက ပြည်သူ့စကားသံကိုဖော်ပြပါတယ်။


"MOCIT မှ ကြီးမှူးပြုလုပ်တဲ့ ဖက်ဒရယ်အင်တာနက်ကို လာရောက်အသုံးပြုတာ ဖြစ်ပါတယ်။ လာရောက်အသုံးပြုရတဲ့အခါမှာ ကျွန်တော်တို့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒီလိုမျိုး အင်တာနက်သုံးဖို့ဆိုတာ လုံးဝမျှော်လင့်မထားတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဖက်ဒရယ်အင်တာနက်ကို လက်ရှိ အသုံးပြုရတဲ့အခါမှာ အရမ်းကို လိုင်းကောင်းပါတယ်။ အဲ့ဒီအတွက် MOCIT ကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဒေသခံတစ်ဦးကဆိုပါတယ်။


"Federal Net Campaign"ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီးကမ်ပိန်းသတ်မှတ်ချက်လိုအပ်နေပါသေးတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


ကျွန်တော်တို့ ဒေသတွေမှာဆိုရင် အင်တာနက်အသုံးမပြုရတဲ့အတွက်ကြောင့် ဘာသတင်းအချက်အလက်မှ မသိရပဲ မျက်စိပိတ်၊ နားပိတ် ဖြစ်နေခဲ့ရပါတယ်။ အခု စစ်ရေးသတင်း၊ နိုင်ငံရေးသတင်းများ သိရှိရတဲ့အတွက် အားတက်ရပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ အင်တာနက်ရရှိသလို ကျန်တဲ့မြို့နယ်က ပြည်သူလူထုတွေလည်း အသုံးပြုခွင့်ရရှိအောင် MOCIT ရဲ့  Federal Net Campaign မှာ ပြည်သူများ ဝိုင်းဝန်းပြီး ပါဝင်ကူညီပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်"လို့ အင်တာနက်ရရှိတဲ့ဒေသခံတစ်ဦးကထပ်မံဆိုပါတယ်။


========================


📌📌 ၄။ မုံရွာခရိုင်တပ်ရင်း၂၂သို့ တော်လှန်ရေးရန်ပုံငွေအတွက် အဘွားအိုတစ်ဦး ကျောက်နားကပ်ချွတ်လှူဒါန်းခဲ့


ဒီဇင်ဘာ၃၀ရက်


မုံရွာခရိုင်တပ်ရင်း၂၂သို့ တော်လှန်ရေးရန်ပုံငွေအတွက် အဘွားအိုတစ်ဦး ကျောက်နားကပ်ချွတ်လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။


ဒီဇင်ဘာ၃၀ရက် မုံရွာခရိုင်တပ်ရင်း၂၂ နတ်ဆိုးအဖွဲ့ကအသိပေးဆိုပါတယ်။


"စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အမေကြီးတယောက်မှ ဝတ်ဆင်ထားတဲ့ နားကပ်လေးကို ကျနော်တို့တပ်ရင်းအတွက် လိုအပ်တာသုံးစွဲဖို့လှူဒါန်းခဲ့ပါတယ်ဗျ။ အဲဒီနားကပ်လေးကိုရောင်းချရာတွင် (၂၁၀၀၀၀)ရရှိပါတယ်။ အဲဒီငွေကိုလဲတော်လှန်ရေးအတွက် အလေအလွင့်မရှိ သုံးစွဲသွားပါမည်ဟု ကတိသစ္စာပြုပါတယ်"လို့ဆိုပါတယ်။


  လက်ရှိမှာ စကစတပ်များဟာ အညာဒေသရှိ အရပ်သားနေအိမ်များကို ဖျက်ဆီးမီးရှို့ကာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


========================

                               

📌📌 ၅။ ရက္ခိုင် နှင့် ပလက်ဝဒေသရှိ စစ်ဆင်ရေးပစ်မှတ်များကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ 

ရက္ခိုင့်တပ်တော်AAအသိပေး


ဒီဇင်ဘာ၃၀ရက်


ရက္ခိုင် နှင့် ပလက်ဝဒေသရှိ စစ်ဆင်ရေးပစ်မှတ်များကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ 

ရက္ခိုင့်တပ်တော်AAအသိပေးဆိုပါတယ်။


ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲ့အစည်းများနှင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အတူတကွ ဆင်နွှဲနေသကဲ့သို့ ရက္ခိုင်၊ ပလက်ဝဒေသ နှင့် အခြားသော ဒေသများ၌လည်း တစ်ဖွဲ့တည်း ဆင်နွှဲလျက်ရှိတယ်လို့ဆိုပါတယ်။


ရက္ခိုင့်တပ်တော်အနေဖြင့် စစ်ဆင်ရေး စတင်သည့်နေ့မှစ၍ ရက္ခိုင် နှင့် ပလက်ဝဒေသရှိ မိမိတို့ပစ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက် ရယူထားပြီးဖြစ်သလို တချို့ပစ်မှတ်များမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားလျက်ရှိတယ်လို့ဆိုပါတယ်။


 ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆၊ ၂၇၊ ၂၈) ရက်နေ့များတွင်လည်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များထဲမှ တချို့ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။


၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ () နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းအား လည်းကောင်း၊ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် () နာရီ (၁၀) မိနစ်အချိန်တွင် ပလက်ဝမြို့  ခဝဲဗျူဟာကုန်းအား လည်းကောင်း၊ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် () နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအားလည်းကောင်းရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့ပါတယ်။


 သိမ်းပိုက်ရယူထားသော ရန်သူ့စခန်းကုန်းများမှ ရန်သူ့အလောင်း အမြောက်အမြား၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိကာပုပ်ပွပြီး အနံ့အသက်မကောင်းစွာဖြင့် နေရာအနှံ့ ပြန့်ကြဲသေဆုံးနေသော ရန်သူ့အလောင်းများစွာတို့အား ကောင်းစွာမြေမြှုပ်သင်္ဂြိုဟ်ထားပြီးဖြစ်တယ်လို့အသိပေးဆိုပါတယ်။


========================

                                         

📌📌 ၆။ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိတောင်ကြာအင်းရဲစခန်းနှင့်တပ်စခန်းအားတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ရရှိပြီးရဲတပ်ဖွဲ့ဝင်(၁၀)ဦး ကိုဖမ်းဆီးရမိ


ဒီဇင်ဘာ၃၀ရက်


ကြာအင်းဆိပ်ကြီးမြို့နယ်ရှိတောင်ကြာအင်းရဲစခန်းနှင့်တပ်စခန်းအားတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ရရှိပြီးရဲတပ်ဖွဲ့ဝင်(၁၀)ဦး ကိုဖမ်းဆီးရမိပါတယ်။


ဒီဇင်ဘာ ၃၀ရက် KNLA HQကစစ်ရေးသတင်းကိုအသိပေးပါတယ်။


" KNU-ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေဒူးပလာယာခရိုင်၊တပ်မဟာ()ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်ကောင်စီတပ်၏(တောင်ကြာအင်း)ရဲစခန်းနှင့်တပ်စခန်းအားကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်(KNDO)ဦးစီးသောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှဒီဇင်ဘာ၂၈ရက်နေ့ နံနက်အစောပိုင်းအချိန်ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာ စခန်းအားသိမ်းပိုက်ရရှိခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ပွဲတွင်းရဲတပ်ဖွဲ့ဝင်(၁၀)ဦး ကိုဖမ်းဆီးရမိပြီး စုစုပေါင်းလက်နက်(၂၅)လက်နှင့်ဆက်စပ်ခဲယမ်းကျည် စစ်ပစ္စည်းများတို့ကိုပါသိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၇။ Federal Wings ရဲ့ တာဝေးပျံသန်းဒရုန်း ထုတ်လုပ်ရေးလုပ်ဆောင်နေပြီးFiber Composite နည်းပညာနဲ့ကျည်ကာဦးထုပ်များပါ စမ်းသပ်ထုတ်လုပ်နေ


ဒီဇင်ဘာ၃၀ရက်


Federal Wings ရဲ့ တာဝေးပျံသန်းဒရုန်း ထုတ်လုပ်ရေးလုပ်နေပြီးFiber Composite နည်းပညာနဲ့ကျည်ကာဦးထုပ်များပါ စမ်းသပ်ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။


ဒီဇင်ဘာ၃၀ရက် Federal Wingsဒရုန်းတပ်ဖွဲ့ကတရားဝင်အသိပေးဆိုပါတယ်။


"Federal Wings ရဲ့ တာဝေးပျံသန်းဒရုန်း ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာရိုက်ကူးထားတဲ့ မှတ်တမ်းအချို့ဖြစ်ပါတယ်။Carbon Fiber Composite ထုတ်လုပ်မှုနည်းပညာကို ထုတ်လုပ်ရေးရဲဘော်တွေ တတ်မြောက်ကျွမ်းကျင်လာစေဖို့ လေ့ကျင့်သင်ကြားပေးရင်း ထုတ်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။မနေ့ကထုတ်ဖော်ပြသခဲ့တဲ့ ကျည်ကာဦးထုပ် စမ်းသပ်ထုတ်လုပ်မှုဟာလည်း Fiber Composite နည်းပညာနဲ့ပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒရုန်းကိုယ်ထည်ထုတ်လုပ်ရေးဟာ လက်မှုပညာနဲ့ စက်မှုပညာ ပေါင်းစပ်ယူရတဲ့သဘောရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment