5th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ CRPH ပညာရေးကော်မတီနှင့် NUG ပညာရေးဝန်ကြီးဌာနတို့ မြေပြင်မှာ ဆောင်ရွက်နေတဲ့ ပညာရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

📌 ၂။ ကောလင်းမြို့နယ်တွင် Non-CDM ဝန်ထမ်းများ အလင်းဝင်ရန် အမိန့်ကြေညာစာ ထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်း စုစုပေါင်း (၉၈) ဦး အလင်းဝင်ရောက်လာ

📌 ၃။ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကလွဲပြီး မြေပြင်စစ်ကူမပေးနိုင်တော့ဟု MNDAA ထုတ်ပြန်

📌 ၄။ အရာတော်မြို့နယ်က ပြည်သူများ အကြမ်းဖက်စစ်တပ် အသုံးချခံအဖြစ်မှရှောင်ရှာနိုင်ရေး မြို့နယ်ပကဖ ထုတ်ပြန်

📌 ၅။ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့် အရပ်သား ၂ဦးသေဆုံး၊ ဦးဒဏ်ရာရ

📌 ၆။ အောင်လံလွှင့်ချီ နွေဦးထီ အပတ်စဉ် (၂၅) တွင် ဝန်ကြီးဌာန အသီးသီးမှ CDM ဝန်ထမ်း (၇၂) ဦး ကံထူးခဲ့

📌 ၇။ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ထောက်ခံရေးနဲ့ စစ်အကြမ်းဖက်အာဏာသိမ်းရန်ယုတ်မာမှုများ ဆန့်ကျင်ရှုံ့ချရေးအမေရိကန် နယူးယောက်မှာလှုပ်ရှားမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ CRPH ပညာရေးကော်မတီနှင့် NUG ပညာရေးဝန်ကြီးဌာနတို့ မြေပြင်မှာ ဆောင်ရွက်နေတဲ့ ပညာရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာ ၅။


CRPH ပညာရေးကော်မတီနှင့် NUG ပညာရေးဝန်ကြီးဌာနတို့ မြေပြင်မှာ ဆောင်ရွက်နေတဲ့ ပညာရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဥ်း၍ ဒီဇင်ဘာလ ရက်နေ့တွင် ဗီဒီယို ကွန့်ဖရန့်မှ တဆင့် တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။


ဆွေးနွေးပွဲတွင် ပညာရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးရောဘတ်ညေးရယ် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကယခုကာလသည် တော်လှန်ရေး အရှိန်မြင့်နေပြီ ဖြစ်သဖြင့် ပိုမိုအားစိုက် လုပ်ကိုင်နေရကြောင်းနဲ့ မိမိတို့အကြားတွင် သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ကြောင်းဆိုခဲ့ပါတယ်။


ထိုနောက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council – IFEC) ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ကိစ္စနှင့် စပ်လျဥ်းတဲ့အခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေး မူဝါဒဆိုင်ရာများနှင့် နိုင်ငံတကာ ဖွဲ့အစည်းများရဲ့ ထောက်ပံ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များက ပြန်လည်မေးမြန်း ဆွေးနွေးကာ မြေပြင်အခြေအနေများအတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွား နိုင်မယ့် ကိစ္စများကို ညှိနှိုင်းအကြံပြု ခဲ့ကြပါတယ်။


ဆွေးနွေးပွဲကို ပညာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NUG, ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကောလင်းမြို့နယ်တွင် Non-CDM ဝန်ထမ်းများ အလင်းဝင်ရန် အမိန့်ကြေညာစာ ထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်း စုစုပေါင်း (၉၈) ဦး အလင်းဝင်ရောက်လာ


ဒီဇင်ဘာလ  ၅။


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ Non-CDM ဝန်ထမ်းများ ပြည်သူ့ဘက်ကို အလင်းဝင်ရောက်ရန် အမိန့်ကြေညာစာ ထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်း စုစုပေါင်း စုစုပေါင်း ၉၈ ဦး ဝင်ရောက်လာတယ်လို့ သိရပါတယ်။


အဆိုပါ Non-CDM ဝန်ထမ်းများမှာ နိုဝင်ဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ရက်နေ့ အတွင်း အလင်းဝင်ရောက်လာသူများ ဖြစ်တယ်လို့ ဒီဇင်ဘာ ရက်နေ့မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ အသိပေး ထားပါတယ်။


ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ နိုဝင်ဘာလ ၂၅ ရက် နေ့တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ရှိ Non-CDM ဝန်ထမ်းများ ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရောက်ကြရန် အမိန့်ထုတ်ပြန်ပြီး Non-CDM စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။


ထိုသို့ အမိန့်ထုတ်ပြန်ပြီးနောက် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကို စစ်ကောင်စီ လက်အောက်ရှိ  Non-CDM ဝန်ထမ်းများဖြစ်‌သော ထွေအုပ် () ဦး၊ ပညာရေး (၃၃) ဦး၊ စည်ပင် () ဦး၊ လျှပ်စစ် () ဦး၊ အခွန် () ဦး၊ သစ်တော () ဦး၊ သစ်ထုတ်လုပ်ရေး () ဦး၊ သစ်လုပ်ငန်း () ဦး၊ မီးသတ် () ဦး၊ စိုက်ပျိုးရေး () ဦး၊ မြန်မာ့စီးပွားရေးဘဏ် () ဦး၊ မီးရထား (၂၀) ဦး၊  မီးရထား ရဲ () ဦး၊ ဆက်သွယ်ရေး () ဦး၊ အား/ကာ () ဦး၊ မြေစာရင်း (၁၃) ဦး၊ လူဝင်မှုကြီးကြပ်ရေး () ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး () ဦး၊ စုစုပေါင်း (၉၈) ဦး အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ အလင်းဝင်ရောက်သူများကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ နှင့်အညီ စီမံခန့်ခွဲနိုင်ရန် ညွှန်ကြားချက်များအရ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူ့အခွင့်အရေးများ နှင့်အညီ ဆောင်ရွက်လျက် ရှိတယ်လို့ အသိပေးထား ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကလွဲပြီး မြေပြင်စစ်ကူမပေးနိုင်တော့ဟု MNDAA ထုတ်ပြန်


ကိုးကန့်ဒေသတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းအားသာချက်ကိုသုံးကာ တန်ပြန်တိုက်ခိုက်မှု ကလွဲပြီး မြေပြင်စစ်ကူတွေ ကိုးကန့်ဒေသကို ပို့ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ MNDAA က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးသတင်းတွေနဲ့ပတ်သက်လို့ ကိုးကန့်ဒေသ စစ်ရေးအခြေအနေတွေကို ဒီဇင်ဘာလ ရက်နေ့က ဖော်ပြရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

MNDAA အနေနဲ့ မိမိတို့ရဲ့စစ်ကြောင်းတွေကို စစ်ရေးကော်မတီရဲ့ညွှန်ကြားမှုတွေအတိုင်း စစ်ကောင်စီတပ်စခန်းတွေကို ထိထိရောက်ရောက်ဆင်နွှဲနေတာလို့လည်း အသိပေးထားပါတယ်။ 

စစ်ကောင်စီ တပ်စခန်းတွေကိုတိုက်ခိုက်တာနဲ့ပတ်သတ်လို့ ထုတ်ပြန်ရာမှာ ဒီဇင်ဘာလ ရက်နေ့ကစပြီး လောက်ကိုင် မြို့ တုန်ချမ်းဒေသအပြင်ဘက် လေးမျက်နှာစေတီကုန်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါစခန်းဟာ အလွန်ခိုင်မာတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားကြီးမားတာကြောင့် တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ 

ထို့ကြောင့် ညနေပိုင်းမှာ MNDAA စစ်ညွှန်ကြားရေးမှူးက ထိုးစစ်ဆင်မှုကိုရပ်တန့်ခဲ့ပြီး စစ်နည်းပရိယာယ် ပြန်လည် ပြုပြင်ပြီး ဒီဇင်ဘာလ ရက်နေ့မှ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲလို့ အသိပေးထားပါတယ်။ 

ထို့အပြင် ကုန်းကြမ်းမြို့မှာလည်း ယခင်ရက်တွေကဖြစ်ခဲ့တဲ့တိုက်ပွဲတွေကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကိုရှာဖွေပြီး လိုက်လံတိုက်ခိုက်နေတာကြောင့် လောက်ကိုင်မြို့အနီးတဝိုက် ဒီဇင်ဘာ ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ အရာတော်မြို့နယ်က ပြည်သူများ အကြမ်းဖက်စစ်တပ် အသုံးချခံအဖြစ်မှရှောင်ရှာနိုင်ရေး မြို့နယ်ပကဖ ထုတ်ပြန်


စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအားကောင်းတဲ့ အရာတော်မြို့နယ်က ဒေသခံပြည်သူတွေ အကြမ်းဖက် စစ်ကောင်စီရဲ့ အသုံးချခံအဖြစ်မှရှောင်ရှာနိုင်ဖို့ သတိပေးကြေညာချက်တစောင်ကို မြို့နယ်ပြည်သူ့ကာကွယ်ရေး-ပကဖ က ဒီဇင်ဘာ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

အရာတော်မြိုနယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး‌ခြင်း၊ငွေညှစ်ခြင်း၊ လူသားဒိုင်း အဖြစ် အသုံးချခြင်းနဲ့ ပြည်သူပိုင်ယာဉ်တွေကို ပြန်ပေးဆွဲပြီး စစ်တပ်ထောက်ပိုလုပ်ငန်းတွေမှာအသုံးပြုခြင်း စတဲ့ စစ်ရေးအရအသုံးချလာမှုကို ရှောင်ရှားနိုင်ဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေး-ပကဖ က အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ဂိတ်နေရာတွေကို ရှောင်ကွင်းနိုင်တဲ့လမ်းကိုသုံးဖို့၊ နယ်မြေခံတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးမှ ခရီးသွားတာ၊ ကုန်စည်ကူးသန်း ရောင်းဝယ်တာတွေပြုလုပ်ကြဖို့၊ စစ်ကောင်စီ လက်အောက်ခံယန္တရားဖြစ်တဲ့ ရုံးဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ သွားလာတာ မပြုလုပ်ကြဖို့ ဖော်ပြထားပါ တယ်။

ဒါ့အပြင် တော်လှန်ရေးသတင်းတွေကို အမြဲမပြတ်နားစွင့်ထားပြီး မိမိတို့လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့နဲ့ အများပြည်သူလုံခြုံရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို နီးစပ်ရာ တော်လှန်ရေးအင်အားစုများထံ သတင်းပေးပို့ ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ အသိပေးထားပါတယ်။ 

အရာတော်မြိုပေါ်က စစ်ကောင်စီဂိတ်တွေဖြစ်တဲ့ စက်မှုလယ်ယာဂိတ်လို့ခေါ် တဲ့ မြိုအနောက်ထွက်ဂိတ်နဲ့ အမှတ် ဂိတ်‌လို့ခေါ် တဲ့ မြိုမြောက်ဖက်ဂိတ်တို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကုန်သယ်ယာဉ်များ၊ ခရီးသွားယာဉ်များကို နေ့စဉ်တားဆီးပြီး ငွေကြေးကောက်ခံနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ၎င်းတို့ လက်အောက်ခံပျူစောထီးတွေဟာ ဂိတ်တွေကိုဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေ ဖမ်းဆီးပြီး ငွေညှစ်တာ၊ လူသားဒိုင်းအဖြစ် အသုံးချတာ၊ စစ်တပ်ထောက်ပို့လုပ်ငန်းတွေမှာ အသုံးပြုလာတာတွေ ရှိတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေး-ပကဖ က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့် အရပ်သား ၂ဦးသေဆုံး၊ ဦးဒဏ်ရာရ


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ရိုင်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တလအတွင်း အရပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာလ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ညောင်လေးပင်အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာပျက်၊ ရွှေကျင်၊ မုက္ခမူ၊ သံဆိပ်စခန်းမှာရှိတဲ့ ခမရ-၂၀ နဲ့ ခလရ-၇၅၊ မြစ်ကျွန်းနဲ့ ဇလုပ်ကြီးမှာရှိတဲ့ ခမရ-၅၉၈၊ ကွင်းဆိပ်မှာရှိတဲ့ ခမရ-၃၅၁၊ ဒုံဇရစ်မှာရှိတဲ့ ခမရ-၅၈၉ နဲ့ ပိန်းဇလုပ် အခြေစိုက်တပ်စခန်း ခလရ-၂၆၄ တို့က ဆောထိမြို့နယ်အတွင်းကို ၁၅၅ မမ၊ ၁၂၂ မမ၊ ၁၂၀မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ လက်နက်ကြီး ၈၆ လုံး ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေသေဆုံးပြီး အိုးအိမ်တွေပျက်စီးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။    

အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ ကျေးရွာ ၁၉ ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ပြည်သူ ဦးသေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့သလို ဒေသခံတွေမွေးဖြူထားတဲ့ နွား ၂ကောင်သေဆုံးပြီး တကောင် ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ဒေသခံရွာသား ဦးကို ဖမ်းဆီးခဲ့ပြီး တဦးကို နိုဝင်ဘာလ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ဦးက ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် သံဆိပ်စခန်း ခလရ-၇၅ က ဗိုလ်မှူးမျိုးဝင်းထွန်းဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က သံဆပ်ကျေးရွာဒေသခံ တွေဆီကနေ တအိမ်လျှင် ကျပ် ၅သောင်း၊ရော်ဘာခြံကြီးတခြံလျှင် ကျပ်တသိန်း၊ ခြံသေးလျင် ကျပ် ၅သောင်း ပေးဆောင်ခိုင်းခဲ့ကြောင်းလည်း KNU ဗဟိုက အသိပေးထားပါတယ်။ 

၂ဝ၂၃ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု စတဲ့ လူအခွင့်အရေး ချိုးဖောက်မှုကြောင့် ဆောထိမြို့နယ်မှာရှိတဲ့ ကျေးရွာ ၃၁ ရွာက လူဦးရေစုစုပေါင်း ၂သောင်း၉ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ အောင်လံလွှင့်ချီ နွေဦးထီ အပတ်စဉ် (၂၅) တွင် ဝန်ကြီးဌာန အသီးသီးမှ CDM ဝန်ထမ်း (၇၂) ဦး ကံထူးခဲ့


ဒီဇင်ဘာ ၅။


အောင်လံလွှင့်ချီ နွေဦးထီ အပတ်စဉ် (၂၅) တွင် ဝန်ကြီးဌာန အသီးသီးမှ CDM ဝန်ထမ်း (၇၂) ဦး ကံထူခဲ့တယ်လို့ ဒီဇင်ဘာလ ရက်နေ့မှာ နွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်းက အသိပေး ဖော်ပြ ထားပါတယ်။


ကျပ်သိန်း ၁၀၀ ဆု တစ်ဆုနဲ့ ကျပ် ၁၅ သိန်းဆု တစ်ဆုကို ပညာရေးဝန်ကြီးဌာနမှ CDM ()ဦး ဆွတ်ခူးခဲ့ကြပြီး ကျပ် သိန်း ဆုများကို ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့မှ CDM ဝန်ထမ်းများ ကံထူးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကျပ် သိန်း ဆုများကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှုံမှုဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီးဌာန၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ CDM ဝန်ထမ်းများ ကံထူးခဲ့ကြပါသေးတယ်။


CDM Success Committee နှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ CDM တစ်ဦး နွေဦးထီတစ်စောင်   ချီးမြှင့်တဲ့ အစီအစဉ်မှာ ထီလက်မှတ်တွေကို ဝန်ကြီးဌာနမှာရှိတဲ့ CDM ဝန်ထမ်းတွေကို ခွဲတမ်းအလိုက် ကော်မတီက ပြန်လည်ပေးပို့လျက် ရှိပါတယ်။


CDMတစ်ဦး နွေဦးထီတစ်စောင် ချီးမြှင့်တဲ့ ၎င်းကမ်ပိန်းကို မည်သူမဆို ပါဝင်နိူင်ပြီး CDM ဝန်ထမ်းများအတွက် ထီလက်မှတ် ဆယ်စောင်နှင့်အထက် ဝယ်ယူပေးသူအား လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာ ဖြစ်တယ်လို့ ကော်မတီက ဆိုပါတယ်။


========================


📌📌 ၇။ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ထောက်ခံရေးနဲ့ စစ်အကြမ်းဖက်အာဏာသိမ်းရန်ယုတ်မာမှုများ ဆန့်ကျင်ရှုံ့ချရေးအမေရိကန် နယူးယောက်မှာလှုပ်ရှားမယ်


ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ထောက်ခံရေးနဲ့ စစ်အကြမ်းဖက်အာဏာသိမ်းရန်ယုတ်မာမှုများ ဆန့်ကျင်ရှုံ့ချရေးကို ဒီဇင်ဘာ 10,ရက်တွင် အမေရိကန် နယူးယောက်မှာလှုပ်ရှားမယ်လို့   NYCBCမှ အမှုဆောင် ဦးနေတင်မြင့်မှ ယခုလိုပြောပါတယ်။



(((((ဦးနေတင်မြင့်)))))



မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးဆုံးရှုံးမှုတွေကို နိုင်ငံတကာကသိအောင်ဆက်လက်ထုတ်ဖော်ရန်အတွက်ဆန္ဒပြကြဖို့မြန်မာအင်အားစုများကိုဖိတ်ခေါ်ထားပြီး လာရောက်ပူးပေါင်းသူများ အနက်ရောင် အကျီင်္ဝတ်ဆင်လာခဲ့ပေးဖို့အသိပေးကြေညာထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment