စစ်ကောင်စီက လယ်သမားကြီး ငယ် ခွဲခြားပြီး ချေးငွေများချနေ မကြေးမုံ (Radio NUG) ဒီဇင်ဘာ ၁၈၊ ၂၀၂၃

စပါးအထွက်တိုးဖို့ လယ်သမားကြီးတွေကို ချေးငွေကျပ်ဘီလီယံ ၄၀ ထောက်ပံ့ဖို့ပြင်ဆင်နေပေမယ့် လယ်သမားငယ်တွေမပါပဲ အထွက်တိုးဖို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ သတင်းကို မကြေးမုံက ပို့ပေးထားပါတယ်။

လာမယ့်နွေစပါးရာသီမှာ ဆန်စပါးအသင်းချုပ်နဲ့ ပုဂ္ဂလိကဘဏ်တွေ စုပေါင်းပြီး စပါးအ ထွက်တိုးဖို့ ဆယ်ဧကအထက် ပိုင်ဆိုင်တဲ့လယ်သမားကြီးတွေကို ဧကငါးဆယ်အထိ စိုက်ဧက တစ်သိန်း အတွက် ကျပ်ငွေဘီလီယံ ၄၀ ထောက်ပံ့ပေးသွားဖို့ ပြင်ဆင်နေပါတယ်။ လယ်သမားကြီးတွေရဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်စွမ်းက လယ်သမားငယ်တွေထက် ပိုပြီး လုပ်နိုင်ကိုင်နိုင်တဲ့အနေထားမှာ ရှိပေမယ့် တနိုင်ငံလုံးလယ်သမားဦးရေ ငါးသိန်း လောက် မှာ ဆယ်ဧကအောက်ပိုင်ဆိုင်တဲ့လယ်သမားငယ်တွေရဲ့ အင်အားက ပိုပြီးများနေ တဲ့အတွက် လယ်သမားကြီးတွေကို ထောက်ပံ့ရုံနဲ့ စပါးအထွက်တိုးဖို့မဖြစ်နိုင်ဘူးလို့ ကျွမ်း ကျင်သူက အခုလို သုံးသပ်လိုက်တာပါ။

“ကျွန်တော်ကတော့အကုန်လုံးကို ခြုံငုံပြီးတော့ စဥ်စားတဲ့အခါမှာတော့ တစ်ဖက် ကလည်း ဘဏ်လုပ်ငန်းကလည်း ဒီလုပ်ငန်းကို ရင်းနှီးမြှုပ်နှံတာလား၊ တွန်းအားကြောင့် လား သေသေချာချာသဲသဲကွဲကွဲမသိရဘူးပေါ့၊ သို့သော် သူတို့က အကျိုးအမြတ်ပေါ့၊ ဆုံးရှုံး မှုနည်းအောင်လုပ်တာလို့ သုံးသပ်တာပေါ့။ ခုန ဆယ်ဧကအောက်လယ်သမားတွေကို မ စဥ်း စားဘူးဆိုလို့ရှိရင်တော့ ဧကတစ်သိန်းဆိုတာက မြန်မာတစ်နိုင်ငံလုံးအနေနဲ့ သူတို့ ရှေ့ပြေးစမ်းသပ်တာတော့ရှိကောင်းရှိမယ်။ ရှေ့မှာတော့အများကြီးရှိခဲ့ဖူးတယ်။ ကျွန် တော်တို့မြို့မှာဆိုရင် အရင်က ဦိးချစ်ခိုင်ကို တောင်သူတွေကို ဘဏ်တွေကနေ ထုတ်ချေး ထုတ်ချေးပြီးတော့ ခုနက ပုံစံ ၇ လာမယူ ကြွေးမဆပ်၊ အဲ့ဒါမျိုးဆန်စက်ပိုင်ရှင်တွေဘက်က အတွေ့အကြုံပေါ့၊ ဒီလုပ်ငန်းက နည်းနည်းတော့ Risk များတယ်၊သို့သော် လည်းပဲ အဲ့ဒီဟာက ဘယ်လိုနည်းနဲ့ Risk ကိုလျော့မလဲဆိုတဲ့ စဥ်စားတဲ့ နည်းနဲ့ ချဥ်းကပ် သင့်တယ်လို့မြင်တာပဲလေ၊ ဒီအတိုင်း ၁၀ ဧကအောက်ကတောင်သူတွေကို လုံးလုံးလျား လျားမစဥ်းစားပဲနဲ့ Mass Production ရဖို့မလွယ်ဘူးလို့ တွက်တာပဲလေ” 

ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ဦးကတော့ လယ်သမားကြီတွေကို ချေးငွေပိုပြီး ထောက်ပံ့လိုက်လို့ စပါး ဘယ်လောက်အထွက်တိုးလာမယ်လို့ တွက်ချက် ပြောဆိုတာ မရှိ ပေမယ့် ချေးငွေချထားပေးရတဲ့ အခြေအနေကိုအခုလိုပြောပါတယ်။

“လယ်သမားကြီးတွေကို ဘာ့ကြောင့်အဓိကပေးရလဲဆိုတော့ နိုင်ငံရဲ့အဓိက စိန် ခေါ်မှုက အထွက်နှုန်းပဲ။ ခုန ကျွန်တော်တို့လည်းပြောသလို Price နဲ့ Productivity ကိုပြောတဲ့အခါမှာ Productivity ကိုသွားသွားကြည့်နေရတယ်၊ Price ကနိုင်ငံတိုင်းနိုင်ငံ တိုင်းက စားသောက်ကုန်တွေ၊ လယ်ယာထွက်ကုန်တွေကို များများထွက်ပြီးတော့ ဈေးချို အောင်စီမံခန့်ခွဲတာပေါ့နော်၊ အဲ့တော့ ကျွန်တော်တို့က ခုနပြောသလို များများထွက် အောင်လုပ်ရမယ်ဆိုရင် လုပ်စရာတွေကအများကြီးရှိတာပေါ့၊ အစိုးရကလုပ်ပေးရမှာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လုပ်ပေးရမှာတွေ၊ အများကြီးရှိတာပေါ့။ အဲ့တော့ ဒါမယ့် လတ်တလော စဥ်စားလိုက်တာ။ လုပ်ကွက်ငယ်လယ်သမားတွေမှာ ပြသနာကအများကြီး ပဲ၊ မိသားစုပြသနာ၊ လုပ်ငန်းပြသနာ၊ ငွေရေးကြေးရေးပြသနာ၊ ချေးငွေပြသနာ၊ လုပ်ကွက် ငယ်လယ်သမားတွေကို ဆယ်တင်း၊ ဆယ့်ငါးတင်းထွက်အောင်လုပ်ဖို့ဆိုတာ တော်တော် ကိုခက်သေးတယ်၊ လုပ်ရကိုင်ရ တော်တော်ခက်တယ်၊ လုပ်ကွက်ငယ်သမားတွေက သူ့ပြဿနာကိုတော်တော်ကိုဖြေရှင်းနေရတာ။ လယ်သမားကြီးတွေက အထွက်တိုးအောင်လုပ်ဖို့အတွက်နည်နးည်း ပိုပြီးတော့လွယ်တယ်” 

ရန်ကုန်တိုင်းက စပါး ဧက ၂၀ စိုက်ပျိုးတဲ့တောင်သူတစ်ဦးကတော့ စိုက်ပျိုးစရိတ်ကို ချေးငှားသုံးစွဲနေရတဲ့လယ်သမားငယ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ စီမံခန့်ခွဲမှုအမှားတွေ ကိုခါးစည်းခံနေရလို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ သူတို့နဲ့ပူးပေါင်း ဆောင်ရွက် တာမရှိနိုင်ဘူးဆိုရင် လယ်မဲ့ယာမဲ့ဘဝကိုရောက်သွားနိုင်တယ်လို့ အခုလိုသုံးသပ်ပါတယ်။

“ဒီစပါးစိုက်တဲ့ကိစ္စက ဒီလိုမျိုးသာဆက်သွားနေရင် လယ်သမားငယ်ဟာ သူ့မိသားစုစားဖို့လောက်ပဲ တတ်နိုင်တော့မှာပါ၊ ဘာဖြစ်လို့လည်းဆိုတော့ အရာရာကို လက်ငင်းပဲဖြစ်ဖြစ်၊ အကြွေးနဲ့ပဲဖြစ်ဖြစ် ချေးငှားပြီးလုပ်နေရတာမျိုး၊ ဥပမာပြေမယ်ဗျာ ထွန်စက်ရှိတဲ့လူမျိုးက ဆီဖိုးပဲရင်းရတယ်၊ သူကစက်ခပါရင်းရတယ်။ အဲ့လို၊ ဆိုတော့ တ ကယ့်တကယ်ကျတော့ ဆီရှားပါးမှု နောက်ခါ စပါးလိုဟာမျိုးဆိုရင်တောင်မှ နယ်ကျော်လို့ မရဘူး၊ သယ်လို့မရဘူး။ အဲ့တော့ ဆန်ဈေးကကြီးတယ်၊ စပါးဈေးကမတက်ဘူး။ လယ်သ မားဆီက ထွက်မယ့်စပါးက ပုံမှန်မှာ ရပ်နေတယ်။ ဆန်ဈေးကတက်တက်ဆိုတော့ ရလာဒ် ကပြောမယ်ဆိုရင် သူတို့ ဒီထက်ပိုဆင်းရဲပြီးတော့ လယ်ကို ဖဲ့ရောင်း၊ ဖဲ့ရောင်းနဲ့ ပေါင်အဲ့လို ပုံစံမျိုးဖြစ်လာမယ်လို့ ထင်တာပဲဗျာ”


လယ်သမားငယ်တွေရဲ့ထုတ်လုပ်မှုက စားနပ်ရိက္ခာဖူလုံဖို့နဲ့ စိုက်ပျိုးစီးပွားကိုကြီးစွာသော အထောက်အပံ့ကိုပေးတယ်လို့ ဆိုကြပေမယ့် မြန်မာ့လယ်ယာလုပ်ငန်းမှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုက စီးပွာရေးအရ လယ်သမားငယ်တွေကို မျက်ကွယ် ပြုရတဲ့အခြေနေကိုရောက်ရှိနေပါတယ်။ စပါးအထွက်တိုးအောင်ဆောင်ရွက်မယ့် လုပ်ငန်း တွေမှာ လယ်သမားငယ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်တာမရှိဘူးဆိုရင် အထွက်တိုး လာဖို့မဖြစ်နိုင်သလို လယ်သမားငယ်တွေ ဖွံ့ဖြိုးလာဖို့ ဘယ်သူဆောင်ရွက်ပေးမှာလည်းဆို တဲ့မေးခွန်းကလည်းရှိလာပါတယ်။ နိုင်ငံတော်အာဏာကို အဓမ္မရယူထားတဲ့ အကြမ်း ဖက် စစ်တပ်ကလည်း လယ်သမားငယ်တွေကို ကူညီနိုင်တာမရှိပဲ တိုင်းပြည်ဘတ်ဂျက်တွေ ကိုအသုံးပြုပြီး ဟန်ပြလုပ်ငန်းတွေကိုပဲ လက်အောက်ခံမီဒီယာတွေက တစ်ဆင့် ထုတ်ပြန် နေတာကိုပဲ တွေ့မြင်နေရပါတယ်။ စပါးစိုက်ပျိုးတဲ့တောင်သူဦးရေ ငါးသိန်းမှာ အများစုပါ ဝင်နေ တဲ့ ဆယ်ဧကအောက်လယ်သမားငယ်တွေ စပါးမစိုက်ပျိုးနိုင်တော့ရင် တိုင်းပြည် ရဲ့စားနပ် ရိက္ခာဖူလုံမှုနဲ့ အမေရိကန်ဒေါာလာ တစ်ဘီလီယံနီးပါး ရှာဖွေပေးနေတဲ့ဆန်နဲ့ ဆန်ထွက်ပစ္စည်း ပြည်ပတင်ပို့တဲ့ လုပ်ငန်းကိုအကြီးအကျယ်ထိခိုက်လာမှာဖြစ်လို့ လယ်သမားငယ်တွေရဲ့အရေးကတော့ အဖြေရှာနေရအုန်းမှာဖြစ်ပါတယ်။

Share:

No comments:

Post a Comment