တောင်သူတွေ ဟင်းသီးဟင်းရွက်ဈေးတွေမရလို့ စိုက်ပျိုးစရိတ်အရင်းအနှီးတွေ ဆုံးရှုံးနေ




တောင်သူတွေ ဟင်းသီးဟင်းရွက်ဈေးတွေမရလို့ စိုက်ပျိုးစရိတ်အရင်းအနှီးတွေ ဆုံးရှုံးနေ
မကြေးမုံ၊ (Radio NUG) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

အညာဒေသ စလင်းမြို့နယ်က မုန်လာထုတ်၊ မုန်လာပွင့်၊ ခရမ်းချဥ် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေမှာ သီးနှံဈေးတွေမရလို့ စိုက်ပျိုးစရိတ်တွေဆုံးရှုံးနေတာဖြစ်ပါတယ်။ စလင်းမြို့က မုန်လာ တောင်သူကတော့ သီးနှံဈေးကဒီနှစ်မှ စုတ်စုတ်ပြတ်ပြတ် ဖြစ်သွား တာလို့ပြောဆိုပြီးအခုလိုရှင်းပြပါတယ်။

“ အခုကျတော့ ကျီးစားစား၊ အခင်းကလူတွေက လုံးဝမခုတ်တော့ဘူးလေ။ မုန်လာ ပွင့်တို့၊ မုန်လာထုတ်တို့ ခရမ်းချဥ်သီးတို့ကလေ၊ သွင်းတော့လည်း ဆေးဖိုးနဲ့ မကာမိအဲ့လို ကျတော့ ဒီအတိုင်းပဲ အကျိုးအမြတ် အရင်းရအောင်ထုတ်ပြီးတော့ တစ်ရာရရ၊ နှစ်ရာရရ၊ သုံးရာရရ အဲ့လိုမျိုးထုတ်ပြီးတော့ရောင်းရတာ ”

စလင်းမြို့နယ်မှာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သီးနှံစုံစိုက်ပျိုးထုတ် လုပ်ကြတာဖြစ်ပါတယ်။ လတ်တလောမှာ ဈေးကွက်ဖော်ဆောင်ထားတဲ့ စပါး၊ ပဲမျိုးစုံ၊ ဆီ ထွက်သီးနှံတွေက စိုက်ပျိုးစရိတ်နဲ့နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အကျိုးမြတ်အနည်းငယ် ရ နေပေမယ့် ငွေလက်ငင်းမရပဲ ငွေကြေးကြန့်ကြာတာ တွေလည်း ရှိနေတယ်လို့ ပဲတောင် သူတစ်ဦးက ပြောပါတယ်။

“ ခုလောလောဆယ်တော့ ကုလားပဲကလည်း ဦးတစ်ရာမှာ ၂ဦး၊ ၃ဦး ပေါ် တာ ဆိုတော့ ပြသနာက မဖြစ်သေးဘူး။ စပါးသမားတွေကတော့ ခုလောလောဆယ်ကတော့ ရောင်းတဲ့သူကတော့ ငါးရက်ကနေ တစ်ပတ်ဖြစ်လိုဖြစ်၊ နှစ်ရက်၊ သုံးရက်ဆို ငါးရက် တစ်ပတ်အဲ့လိုပေါ့၊ သဘောမှာ ရောင်းတဲ့သူကလည်း ကြွေးဆပ်ချင်လို့ ရောင်းတာတို့ ၊ ပေးစရာရှိလို့ရောင်းတာတို့ အဲ့ဒါတွေကတော့ ပူတာပေါ့။ ဒီအခက်အခဲလေးတွေတော့ တွေ့တာပေါ့ ”

ဒီရာသီက အသီးရွက်ရှားပါးချိန်ဖြစ်ပေမယ့် မုန်းချောင်းရေ၊ မန်းချောင်းရေကိုအားပြုပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့သီးနှံတွေမှာ ဝယ်လိုအားတွေနည်းလာလို့ ဈေးတွေအဆ မတန် ကျဆင်းလာတာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ကို မြို့ကြီးများရဲ့ ဆင်ခြေဖုံးဒေသ တွေနဲ့ ကျေးလက်က ဆင်းရဲနွမ်းပါးတဲ့မြန်မာတောင်သူတွေက အများဆုံး စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
Share:

No comments:

Post a Comment