Radio NUG, Cho Programme, Daai (ဒိုင်ရ်)ဘာသာ ထုတ်လွှင့်မှုအစီအစဉ်


 

Radio NUG, Cho Programme, Daai (ဒိုင်ရ်)ဘာသာ ထုတ်လွှင့်မှုအစီအစဉ်

ဖေဖေါ်ဝါရီလ ၂၄၊ ၂၀၂၄

 

၁။ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ငရှောင်ရွာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မင်းတပ်မြို့ စစ်ကောင်စီရဲ့ ၂၇၄ တပ်ရင်းမှ ဖေဖော်ဝါရီ ၂၁ ရက်၊ နေ့လည် ၁၁ နာရီချိန့်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ငရှောင်ကျေးရွာ အရပ်သား တစ်ဦး ထိခိုက်ပြီး လူနေအိမ် လုံးခန့် ဖျက်ဆီးသွားခဲ့ပါတယ်။

"မြို့ထဲ တပ်ရင်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသွားတာ ဖြစ်တယ်။ အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦး ခြေတစ်ဖက် ထိခိုက်ဒဏ်ရာရတယ်။ အရပ်သားနေထိုင်တဲ့ နေအိမ် လုံး ထိခိုက်ပျက်စီးသွားတယ်။" လို့မင်းတပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက မြို့အနီးနား ဝန်းကျင်နဲ့ မြို့ထဲတွေမှာ လုံခြုံရေးတိုးချဲ့ ဆောင်ရွက်နေပါတယ်။

မင်းတပ်မြို့မှာ စစ်ကောင်စီက ဒီရက်ပိုင်းတွင်းက ဌာနဆိုင်ရာ အကြီးကဲတွေနဲ့ တွေ့ဆုံမူတွေ ပြုလုပ်ပြီး စစ်မှုထမ်း ဥပဒေကို အကောင်ထည်ဖော်ဖို့ စီစဥ်ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း မတူပီမြို့မှ ရဟတ်ယာဥ်ဖြင့် စစ်အင်အား ဖြည့်တင်းနေပါတယ်။

 

၂။ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ရှောင်စခန်းမှာ မီးလောင်မှုဖြစ်ပွား

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောခရိုင်၊ Sihhmui ရွာအနီးက မြန်မာစစ်ဘေးရှောင်စခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။ ဒေသစံတော်ချိန် ညနေ နာရီဝန်းကျင်မှာ အမှိုက်ပုံမီးကတဆင့် စစ်ရှောင်စခန်းတွေ မီးလောင်တာလို့ သိရပါတယ်။ 

အမှိုက်ပုံမီးရှို့ထားတာကနေ ကူးပြီး အိမ်သုံး Gas ပေါက်တော့ မီးကပိုအားပါလာတာ။လို့ အခင်းဖြစ်ရာ နေရာရောက်နေ သူက ပြောပါတယ်။ မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် စစ်ရှောင်စခန်း လုံးဝန်းကျင်လောင်ကျွမ်းပြီလို့ ဆိုပါတယ်။

Sihhmui ရွာအနီးက စစ်ဘေးရှောင်စခန်းမှာ ချင်းပြည်၊ မတူပီမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်တဲ့ လူဦးရေ ရာဂဏန်း  နေထိုင်နေတာလို့လည်း သိပါတယ်။

 

၃။ မင်းတပ်မြို့မှာ စစ်ကောင်စီက စစ်မှုထမ်းစာရင်း စကောက်ပြီ

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းရမယ့် လူဦးရေစကောက်နေပြီလို့ ဒေသခံတွေက ပြောလာပါတယ်။

၂၀၁၀ နိုဝင်ဘာ ကစတင် ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့စတင်ပြီး အာဏာတည်စေရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ထိုးကြေညာထားတာဖြစ်ပါတယ်။ 

အရှေ့ပြင်ဘက် ကောက်တယ်၊ ကန်ပက်လက်လမ်းခွဲတွေလည်း တွေ့ရာလူ စာရင်းလိုက်မှတ်နေတယ်။လို့ မင်းတပ်မြို့ပေါ်နေထိုင်သူက ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ လူဦးရေ ၇၀ သတ်မှတ်ထားပေမယ့် ရသလောက် ကောက်မယ့်အနေအထားမှာ ရှိနေတယ်လို့လည်း ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အကြား အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်ကြားအမျိုးသမီးတိုင်း စစ်မှုထမ်းရမှာပါ။ စစ်မှုထမ်းကာလဟာ သာမန်လူတွေအတွက် နှစ်ဖြစ်ပြီး၊ ပညာသည်တွေအတွက် နှစ် ဖြစ်ပါတယ်။ 

ဒါပေမယ့် အရေးပေါ် အခြေအနေတွေမှာ ဘယ်သူ့ကိုမဆို စစ်မှုထမ်းကာလ နှစ်အထိ တာ၀န်ထမ်းဆောင်ဖို့ သက်တမ်း တိုးမြှင့်နိုင်တယ်လို့ ပြဋ္ဌာန်းပါတယ်။

စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖို့ကြိုးစားသူတွေကို ထောင်ဒဏ်ကျခံစေမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

စစ်ကောင်စီက ၂၀၂၄ ဧပြီလမှာ လက်တွေ့အသက်ဝင်မယ်လို့ ကြေညာတဲ့စစ်မှုထမ်းဥပဒေအပေါ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲ့ သဘောထားမေးမြန်းရာမှာတော့ လ၊က်နက်ကိုင်တော်လှန်လိုသူ၊ အလင်းဝင်လိုသူတွေအနေနဲ့ CDF မင်းတပ် ရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် ဆက်သွယ်နိုင်သလို ကာကွယ်ရေးဖက်ကနေ စိစစ် လက်ခံသွားမယ်လို့ ဆိုပါတယ်။

 

 

 

 

Share:

No comments:

Post a Comment