11th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တအာင်းပြည်နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၅၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်မည်

📌 ၂။ စစ်ကိုင်းမြိုနယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် အလှူခံခြင်းနှင့် အခွန်ကောက်ခြင်းများကို ခွင့်မပြုတော့ကြောင်း ခရိုင် ပအဖ ကြေညာ

📌 ၃။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နိုင်ရန် လေယာဉ်ဆီ တင်ပို့ရောင်းချနေမှု တားဆီးပိတ်ဆို့ရေး လှုပ်ရှားမှု စတင်

📌 ၄။ အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၂၁၀ အထိ ရှိခဲ့ပြီး ,၀၇၉ ဦးအထိ သေဆုံးခဲ့

📌 ၅။ ရွှေဘိုမြို့နယ်အတွင်းမှ စစ်ဘေးရှောင် အသက်ကြီးရွယ်အို အဖိုးအဖွားများရှိတဲ့ အိမ်ထောင်စု ၅၀ စာအတွက်လှူဒါန်း

📌 ၆။ "0307" စစ်ဆင်ရေးကို ဖားကန့်ပြည်သူများ ကြိုဆိုဆန္ဒထုတ်ဖော်


၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချောင်းဦးက စစ်ကောင်စီ တပ်စွဲနေရာ ၂ခု ဗုံးသီးချခံရပြီး စစ်သား ဦးသေဆုံး

🚩 ၂။ စစ်ကိုင်းနှင့် အုန်းတောနယ်မြေအတွင်းဖြတ်သန်းသွားလာနေတဲ့ ကားများကို အတင်းအဓမ္မပိုက်ဆံကောက်နေတဲ့ ရွာသစ်ကြီးရဲစခန်းအားတိုက်ခိုက်

🚩 ၃။ ကလေးမြို့ မြောက်ပိုင်းရှိ ကျေးရွာစာသင်ကျောင်း တစ်ခုကို စစ်ကောင်စီ ဗုံးကြဲ

🚩 ၄။ စစ်တွေမြို့တွင် မြို့နယ်ပညာရေးမှူး ဦး အပါအဝင် စာမေးပွဲခန်းစောင့် ဆင့်ခေါ်ခံရတဲ့ ဆရာ/ ၂၀ ဝန်းကျင်ကို စစ်ကောင်စီ ဖမ်းဆီးထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တအာင်းပြည်နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၅၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်မည်


မတ်လ ၁၀ရက်။

ရှမ်းပြည်နယ်ထဲက ပြည်တအာင်းပြည်နယ်အတွင်းမှာ လာမယ့် အခြေခံပညာ ကျောင်းပေါင်း ၅၀၀ ကျော်အထိ တိုးချဲ ဖွင့်လှစ်သွားမယ်လို့ တအာင်းအမျိုးသားပညာရေးကော်မတီ - TNECက မတ်လ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

တအာင်းအမျိုးသားပညာရေးကော်မတီ - TNEC အနေနဲ့ မတ်လ ရက်ကနေ ၇ရက်နေ့အထိ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးနဲ့ အဖွဲ့အစည်းဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

လာမယ့်ပညာသင်နှစ်ကစပြီး တအာင်းပြည်နယ်အတွင်းက ပြည်သူတရပ်လုံးအတွက် ပညာရေးကဏ္ဍမှာ ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ဖို့နဲ့ အမျိုးသားအခြေပြုပညာရေးအစား ပြည်သူတရပ်လုံးပါဝင်နိုင်မယ် ဒေသအခြေပြုပညာရေး ဖော်ဆောင်သွားမှာဖြစ်တာကြောင့် တအာင်းအမျိုးသားပညာရေးကော်မတီ -TNEC အစား တအာင်းပြည်ပညာရေး ကောင်စီ- TLEC -Ta'ang Land Education Council အဖြစ် ပြောင်းလဲလိုက်တယ်လို့ ဆိုပါတယ်။ 

တအာင်းပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဆင့်မြင့်ပညာရေးကျောင်းတွေ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး၊ ခိုင်မာတဲ့ တက္ကသိုလ်ဖြစ်ပေါ်လာရေး၊ ရှေးဦးကလေးသူငယ်ပညာရေးအဖြစ် မြင့်တင်ဖွင့် လှစ်နိုင်ရေးအပါအဝင် ဖက်ဒရယ်ပညာရေးမူဝါဒ၊ မိခင်ဘာသာစကားအခြေပြု ပညာရေးမူဝါဒ အစရှိတာတွေ ဆွေးနွေး ချမှတ်နိုင်ခဲ့တယ်လို့ TNEC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

၂၀၂၃ -၂၀၂၄ ပညာသစ်နှစ်မှာ TLEC က ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ကျောင်းပေါင်း ၃၈၁ ကျောင်းသာဖွင့်လှစ်နိုင်ခဲ့တာကနေ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ အခြေခံပညာရေးကျောင်း ၅၅၀ ခန့်အထိ တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံတဝှမ်း က ပြည်သူနဲ့အတူရပ်တည်ခဲ့တဲ့ CDM ဆရာ ဆရာမတွေကို ဆက်လက်ဖိတ်ခေါ်သွားမယ်လို့လည်း အသိပေးထားပါတယ်။ 

တအာင်းပြည်နယ်အတွင်းက CDM ဆရာ ဆရာမတွေအနေနဲ့လည်း မိမိတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အသုံးပြုပြီး ဒေသပညာရေးတည်ဆောက်မှုမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပြီး အခြေခံပညာပြီးမြောက်ထားတဲ့ လူငယ်တွေ အနေနဲ့လည်း TLEC မှာ ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြဖို ဖိတ်ခေါ်ထားပါတယ်။

TLEC အနေနဲ့ တအာင်းဒေသကို ပညာရေးမြင့်မားပြီး ပညာအခြေပြု လူမှုဝန်းကျင်ကောင်းတရပ်ဖြစ်ပေါ်လာရေး၊ အခြေခံ ပညာ၊အဆင့်မြင့်ပညာ၊ အသက်မွေးပညာအပါအဝင် ပညာရေးကဏ္ဍကို တည်ဆောက်သွားမှာဖြစ်တာကြောင့် ပြည်တွင်း ပြည်ပအလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ တအာင်းအမျိုးသား ပညာရေးကော်မတီ TNEC က မေတ္တာရပ်ခံထားပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ တအာင်းအမျိုးသားပညာရေးကော်မတီ - TNEC ဦးဆောင်မှုနဲ့ တအာင်းပြည်နယ် အတွင်းမှာ အခြေခံပညာရေးကျောင်းပေါင်း ၃၈၀ ကျော်ဖွင့်လှစ်ခဲ့ပြီး သင်ကြားရေး ဆရာ ဆရာမ ၁၅၀၀ ကျော်နဲ့ သင်ကြား ပေးနိုင်ခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းမြိုနယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် အလှူခံခြင်းနှင့် အခွန်ကောက်ခြင်းများကို ခွင့်မပြုတော့ကြောင်း ခရိုင် ပအဖ ကြေညာ


မတ်လ ၁၀ရက်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြိုနယ်အတွင်းက လမ်းမကြီးတွေပေါ်မှာ အလှူခံတာ၊ အခွန်ကောက်တာတွေ ခွင့်မပြုတော့ဘူးလို့ မြို့နယ်ပအဖက မတ်လ ၁ဝ ရက်နေ့မှာ သတိပေးကြေညာ လိုက်ပါတယ်။

စစ်ကိုင်းခရိုင်ထဲက စစ်ကိုင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းနဲ့ ခရိုင်ချင်းဆက် လမ်းတွေပေါ်မှာ မတ်လ ၁၆ ရက်နေ့ကစပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်၊ စစ်ကိုင်းမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲရဲ့ တာဝန်ပေးချက်မရှိဘဲ ဘယ်အဖွဲအစည်းမှ အလှူမခံကြဖိုနဲ့ အခွန်မကောက်ကြဖို့ အသိပေးထားပါတယ်။

အဆိုပါလမ်းတွေပေါ်မှာ တရားမဝင် ငွေကြေးကောက်ခံတာ၊ လမ်းပေါ်တက်ပြီး အလှူခံတဲ့အဖွဲ့အစည်းတွေ‌ကြောင့် ခရီးသွား ပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကိုင်းမြို့နယ်အတွင်းက လမ်းမကြီးတွေပေါ်မှာ ငွေကြေးကောက်ခံနေတဲ့ ဂိတ်တွေနဲ့အလှူခံနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းကြဖို့ အသိပေးထားပြီး လိုက်နာခြင်း မရှိတဲ့သူတွေနဲ့အဖွဲ့အစည်း တွေကို ဥပဒေနဲ့အညီ အရေးယူသွားသွားမယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နိုင်ရန် လေယာဉ်ဆီ တင်ပို့ရောင်းချနေမှု တားဆီးပိတ်ဆို့ရေး လှုပ်ရှားမှု စတင်


မတ်လ ၁၀ရက်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတကာ အစိုးရများမှ လေယာဉ်ဆီ တင်ပို့ရောင်းချနေမှုကို တားဆီးပိတ်ဆို့ ပေးနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု စတင်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ လှုပ်ရှားမှုကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာ နိုင်ငံတကာ အစိုးရများ၊ ကုမ္ပဏီများကို ထိရောက်တဲ့ ပိတ်ဆို့မှုများဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီ တင်ပို့ရောင်းချနေခြင်း နှင့် သယ်ယူပို့ဆောင်ရေးတွင် ရေကြောင်းအာမခံ ပေးနေမှုများကို ပိတ်ဆို့ပေးရေးအတွက် ပြည်တွင်းပြည်ပမှ ပြည်သူလူထုများ ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


လေယာဉ်ဆီ ဖြတ်တောက်ရေး လူထုလှုပ်ရှားမှုအဖြစ် ပြည်သူတစ်ဦးချင်းစီ ပါဝင်နိုင်တဲ့ ဓါတ်ပုံကမ်ပိန်း၊ Comment ကမ်ပိန်း၊ Latter ကမ်ပိန်း၊ လက်မှတ်ထိုး (petition) ကမ်ပိန်း၊ Twitter ကမ်ပိန်းများကို ပြုလုပ်သွား ဖို့ရှိပြီး အစုအဖွဲ့လိုက် ပါဝင်ရမယ့် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း အပြင် မြေပြင်လှုပ်ရှားမှုများကို နည်းလမ်းမျိုးစုံနဲ့ ဖော်ဆောင်သွားကြမှာ ဖြစ်တယ်လို့ Blood Money Campaign အဖွဲ့က အသိပေးထားပါတယ်။


စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးတဲ့နောက်ပိုင်း ပြည်သူများကို နည်းလမ်းမျိူးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများ နေ့စဉ်နဲ့အမျှပြုလုပ်နေကာ စစ်အုပ်စုရဲ့ လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် သေဆုံးသူ ရာနဲ့ချီ ရှိနေ ပြီဖြစ်တယ်လို့ Blood Money Campaign အဖွဲ့က ဆိုပါတယ်။


စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အခုလို အချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ပိုမို အသုံးပြု နေတာကြောင့် တော်လှန်ရေး အင်အားစုများဘက်က မြေပြင်စစ်ရေး အသာစီးရနေပေမယ့် နယ်မြေစိုးမိုးနိုင်မှု အားနည်းနေသေးကာ ပြည်သူများရဲ့ အသက်အိုးအိမ်များ နေ့စဉ် ထိခိုက်ပျက်စီးနေရတာကြောင့် အကြမ်းဖက် စစ်အုပ်စုထံကို နိုင်ငံတကာမှ လေယာဉ်ဆီ ဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှာ ပူးပေါင်းပါဝင် ပေးကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၂၁၀ အထိ ရှိခဲ့ပြီး ,၀၇၉ ဦးအထိ သေဆုံးခဲ့


မတ်လ ၁၀ရက်။

အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၁၀ ကြိမ် အထိ ကျူးလွန်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေမှာ သေဆုံးခဲ့ရသူ ,၀၇၉ ဦးအထိ ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသန အဖွဲက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


အစီရင်ခံစာမှာ လူငါးဦးနဲ့ ငါးဦးအထက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေကို စုဆောင်းဆန်းစစ်ကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုအဖြစ် ဖော်ပြထားတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဒီဇင်ဘာလအထိ ကောက်ယူထားတဲ့ အချက်အလက်တွေကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေထဲမှာ လက်နက်ကြီးသုံး ပစ်ခတ်သတ်ဖြတ်တာ၊ လေကြောင်းအသုံးပြု ဗုံးကြဲသတ်ဖြတ်တာ၊ တိုက်ပွဲဖြစ်ပွားစဉ်နဲ့ နယ်မြေရှင်းလင်းရေး လုပ်နေစဉ်မှာ သတ်ဖြတ်ခဲ့တာတွေ ပါဝင်တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ဆိုပါတယ်။


အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကို အကြမ်းဖက် စစ်အုပ်စုက နေပြည်တော်ကလွဲလို့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ ကျူးလွန်ထားပြီး ဖြစ်စဉ် ထက်ဝက်ကျော် (၁၀၈ခု) ကို အညာဒေသ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ကာ အရပ်သား ၁၀၅၄ ဦးအထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလကနေ ဒီဇင်ဘာလထိ လေးလအတွင်းမှာတင် စစ်အုပ်စုရဲ့ အရပ်သားတွေ အပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ၃၇ ကြိမ်အထိ ရှိခဲ့ပြီး သေဆုံးသူ ၂၈၃ ဦးအထိ ရှိခဲ့ပါတယ်။

ဉာဏ်လင်းသစ် အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ မဖော်ပြထားတဲ့ ယခုနှစ် ၂၀၂၄ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာလည်း စစ်ကောင်စီက အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေ တယ်လို့ ဒေသတွင်း လူ့အရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။


========================


📌📌 ၅။ ရွှေဘိုမြို့နယ်အတွင်းမှ စစ်ဘေးရှောင် အသက်ကြီးရွယ်အို အဖိုးအဖွားများရှိတဲ့ အိမ်ထောင်စု ၅၀ စာအတွက်လှူဒါန်း


မတ်လ ၁၀ရက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာတွင် ရွှေဘိုမြို့နယ်တွင်းမှစစ်ဘေးရှောင် အသက်ကြီးရွယ်အို အဖိုးအဖွားများရှိ‌သော အိမ်ထောင်စု ၅၀ စာအတွက် ဆန်၊ ဆီ၊ ယမ်ယမ်ခေါက်ဆွဲခြောက်များကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏အလှူရှင်များကိုယ်စား ကွန်ရက်အဖွဲ့ဝင်အဖြစ်ပါဝင်လှုပ်ရှားနေသော ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့အဖွဲ့မှ သွားရောက်ချိတ်ဆက်လှူဒါန်းပေးခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ 

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အနေဖြင့် မြို့နယ်အလိုက် စစ်ရှောင်ပြည်သူများ၏လိုအပ်ချက်များကို စနစ်တကျ စာရင်း‌ကောက်ခံ ပြုစုထားရှိပြီး အလှူရှင်မိဘပြည်သူများအနေဖြင့် စစ်ရှောင်ပြည်သူများ၏လိုအပ်ချက်များကို ကွန်ရက်၏ Donar Guidance အချက်အလက်များကို ကြည့်ရှု၍လည်း ထိရောက်သည့် လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်း သတင်းပါးထားပါတယ်။ စစ်ကိုင်းတိုင်းတွင်းရှိ စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီလိုပါက NUG pay , Wave Pay, Kpay , Thai ACC များဖြင့် ပေးပို့ လှူဒါန်းနိုင်ကြောင်း သိရှိရပါတယ်။


========================


📌📌 ၆။ "0307" စစ်ဆင်ရေးကို ဖားကန့်ပြည်သူများ ကြိုဆိုဆန္ဒထုတ်ဖော်


မတ်လ ၁၀ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မတ်လ ၁၀ ရက်နေ့၊ မနက်ပိုင်းက KIA နှင့်မဟာမိတ် တပ်ဖွဲ့များက ဆင်နွဲနေတဲ့ ‘0307’ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ဖားကန့်၊ မှော်လှည့် သပိတ်အင်အားစု ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေတဲ့ ‘Operation 0307’ ကို ကြိုဆို ထောက်ခံကြောင်း စာသားများအပြင် "တော်လှန်ရေးလုပ်ပြီး ကိုယ်ကျိုးမရှာတဲ့ သူရဲကောင်းများ အလိုရှိသည်" "လွတ်မြောက်မှု ဟူသည် အလကားမရ" စတဲ့ စာသားပါ ဗီနိုင်းများကိုလည်း ကိုင်ဆောင်ပြီး မှော်ကျေးရွာ အချို့မှာ ချီတက်လှည့် လည် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။


 လက်ရှိ KIO / KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာတစ်ကြောရှိ စစ်ကောင်စီ တပ်စခန်းများ၊ စခန်းကုန်းများ ကို ထိုးစစ်ဆင် သိမ်းပိုက် ဆင်နွှဲနေတဲ့ "0307" စစ်ဆင်ရေးမှာ ဖားကန့် ဒေသမှ KPDF ရဲဘော်များလည်း ပါဝင် တိုက်ခိုက်နေတာတွေ ရှိတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ချောင်းဦးက စစ်ကောင်စီ တပ်စွဲနေရာ ၂ခု ဗုံးသီးချခံရပြီး စစ်သား ဦးသေဆုံး


မတ်လ ၁၀ရက်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူ ကားလမ်းဘေးက ခရေဖြူဂိတ်နဲ့ မြိုနယ်စိုက်ကွင်းရုံး တို့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ဂိတ်တစ်ခု မီးလောင်ကာ စစ်သား ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ မြေလတ်အသံက ဖော်ပြထားပါတယ်။


မတ်လ ရက်နေ့ မနက် ၁၁ နာရီကျော် အချိန်က တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီ တပ်သား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ အဆိုပါ ဂိတ်စခန်း နှစ်ခုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်း စီး၊ ဗုံး ၂၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ထိုသို့ ဗုံးသီးချ တိုက်ခိုက်ခဲ့မှုကြောင့် ခရေဖြူဂိတ်မှာ မီးလောင်ပြာကျသွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံးကာ ဦး အပြင်းအထန် ဒါဏ်ရာရရှိခဲ့တယ်လို့  မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃၊ လျှပ်စီးတပ်ခွဲရဲ့ တပ်ခွဲမှူး ကိုမိုးကြိုးက ပြောပြပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃၊ လျှပ်စီးတပ်ခွဲ၊ Myaung Special People Defense Force ရန်ရှင်းဒေသကာကွယ်ရေးအဖွဲ၊ မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၂၊ ၄၊ မုံရွာခရိုင် တပ်ရင်း တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


စစ်ကောင်စီ တပ်တွေဟာ ဒီကနေ့ မနက် နာရီ ဝန်းကျင်မှာ အင်အား ၃၀ နဲ့ ချောင်းဦးတောင်ဘက်ကို  စစ်ကြောင်းထွက်လာခဲ့ပြီး ပြည်သူပိုင် ကြက်ခြံတခြံကို မီးရှိ့ဖျက်ဆီးခဲ့ပြီး ၁၀ နာရီ ဝန်းကျင်မှာ မြို့ထဲပြန်ဝင်သွား တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ စစ်ကိုင်းနှင့် အုန်းတောနယ်မြေအတွင်းဖြတ်သန်းသွားလာနေတဲ့ ကားများကို အတင်းအဓမ္မပိုက်ဆံကောက်နေတဲ့ ရွာသစ်ကြီးရဲစခန်းအားတိုက်ခိုက်


မတ်လ ၁၀ရက်။

စစ်ကိုင်းနဲ့ အုန်းတောနယ်မြေအတွင်း ဖြတ်သန်းသွားလာနေတဲ့ ကားများကို အတင်းအဓမ္မပိုက်ဆံကောက်နေတဲ့ ရွာသစ်ကြီးရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာ လေးဦး သေဆုံးပြီး သေနတ်()လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း Taw Twin Tup Pee Local Pdfအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

တိုက်ခိုက်မှုအတွင်း ရဲ လေးဦးသေဆုံးပြီး  ပစ္စတို တစ်လက်ကျည်ဘောက်၂ခု၊ G3 နှစ်လက်၊ ကျည်ဘောက် လေးခု၊ အူစီ တစ်လက် ဘောက် သုံးခု၊ 308ကျည် ၂၆၉တောင့်၊ 7.62ကျည် ၂၄၀တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်ထိပ် ၂ခု၊ဖုန်း၅လုံး ယူနီဖောင်း ၂စုံ၊ ကား၁စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရှိရပါတယ်။ စစ်အုပ်စုကမူ ထိုဖြစ်စဥ်၌ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ်ကြပ် ဇာနည်ထွန်းနှင့် ရဲဒုတပ်ကြပ် ရန်နိုင်စိုးတို့ ရဲ၃ဦးသေဆုံးပြီး စစ်ကောင်စီ၏ စက်မှုဒုဝန်ကြီးခရီးစဥ်အတွက် ကင်းလာစောင့်ချိန် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 


ရဲများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မုံရွာ-မန္တလေးလမ်းပေါ် စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက လည်း စစ်ကိုင်းမြို့၊အုန်းတောရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှထွက်လာသော အာဏာသိမ်းစစ်အုပ်စု၏ စစ်ကိုင်းတိုင်းအုပ်ချုပ်ရေးအဖွဲ့ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှုများရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ ကလေးမြို့ မြောက်ပိုင်းရှိ ကျေးရွာစာသင်ကျောင်း တစ်ခုကို စစ်ကောင်စီ ဗုံးကြဲ


မတ်လ ၁၀ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း၊ နန်းချောင်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းဆောင်များ ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းများကို ဖော်ပြနေတဲ့ Zalen သတင်းက ဖော်ပြထားပါတယ်။


မတ်လ ၁၀ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲ့ခန့်က အောင်မြင်သာ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် က နန်းချောင်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲခဲ့ရာ စာသင်ကျောင်း တံခါးများနဲ့ ပစ္စည်းတချို့ ပျက်စီးခဲ့ရ တယ်လို့ သိရပါတယ်၊


နန်းချောင်းကျေးရွာဟာ စစ်ကောင်စီတပ်စွဲထားတဲ့ အောင်မြင်သာရွာနဲ့ မိုင် ဖာလုံခန့်သာ ကွာဝေးပြီး ရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ ရှိကာ လက်နက်ကြီးများ ဒရုန်းများနဲ့လည်း မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

ထို့ကြောင့် ဒေသခံ ပြည်သူများ မနှစ်ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတာကြောင့် ယခု ဗုံးကြဲ တိုက်ခိုက်မှု အတွင်း ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်တွေမြို့တွင် မြို့နယ်ပညာရေးမှူး ဦး အပါအဝင် စာမေးပွဲခန်းစောင့် ဆင့်ခေါ်ခံရတဲ့ ဆရာ/ ၂၀ ဝန်းကျင်ကို စစ်ကောင်စီ ဖမ်းဆီးထား


မတ်လ ၁၀ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ကို လစာထုတ်ဖို့လာတဲ့ မြို့နယ်ပညာရေးမှူး နှစ်ဦးအပါအဝင် စာမေးပွဲခန်း စောင့်ဖို့ ဆင့်ခေါ်ခံရတဲ့ ဆရာ/ နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသတွင်း သတင်း မီဒီယာ တစ်ခုဖြစ်တဲ့ Delta News သတင်းဌာနက ဖော်ပြထားပါတယ်။


ဝန်ထမ်းလစာထုတ်ဖို့လာတဲ့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်မှ ပညာရေးမှူးတွေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အခန်းစောင့်ဖို့ လာကြတဲ့ ဆရာ၊ ဆရာမတွေကို ပြီးခဲ့တဲ့ မတ်လ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းခဲ့တာဖြစ်ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဖမ်းဆီးခံ ဆရာ/ များနဲ့ နီးစပ်တဲ့ ပညာရေးဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။


ဖမ်းဆီးခံထားရတဲ့ ဆရာ၊ ဆရာမတွေဟာ မတ်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း (၁၂ တန်း) စာမေးပွဲအတွက် အခန်းစောင့်ဖို့ ပြည်နယ် ပညာရေးမှူးရုံးရဲ့ ဆင့်ခေါ်ခြင်းကို ခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။


၎င်း ဆရာ/ တွေနဲ့ ပညာရေးမှူးတွေကို ရခိုင်ပြည်နယ်ရဲမှူးက စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ယူဖမ်းဆီးခဲ့ကာ စစ်တွေမြို့ အမှတ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး ဘာကြောင့် ဖမ်းဆီးထားရလဲဆိုတာကို လက်တလော မသိရှိရသေးပါဘူး။


ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အများစုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတာကြောင့် မြို့တော် စစ်တွေနဲ့ အခြား မြို့အနည်းငယ် မှာသာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေတာပါ။


ရခိုင်ပြည်နယ်မြောက်ပိုင်းက တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေ အနေနဲ့လည်း အခုလို စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် စာမေးပွဲဖြေဆိုဖို့ မသွားရဲကြဘူး ဖြစ်နေတယ်လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။


တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဖို စီစဉ်နေတဲ့ စစ်တွေမြိုမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်က တဖက်သတ် လက်နက်ကြီး ပစ်ခတ်တာတွေလုပ်နေပြီး တပတ်ကျော်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သေဆုံးရသူ ၁၇ ဦးထက်မနည်းနဲ့ ဒဏ်ရာရသူ တရာဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment