31st MAR 2024 - Morning Daily News by Radio NUG


 ၂၀၂၄ မတ်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးမှာ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီ၏ လုပ်ငန်းစဥ်များအား ရှင်းလင်း

📌 ၂။ စစ်ကိုင်းတိုင်းထဲကအရပ်သားပြည်သူများနှင့်လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတို့တွေ့ဆုံ

📌 ၃။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အစည်းအဝေးမှာ မန္တလေးဖက်ဒရယ်ယူနစ် အတွင်း ဆောင်ရွက်ရမည့်  ကိစ္စရပ်များဆွေးနွေး

📌 ၄။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန/အာရှ-ပစိဖိတ်ဆိုင်ရာတာဝန်ရှိသူများနှင့်ဒေါက်တာမီမီဝင်းဘတ်တွေ့ဆုံကာ မြန်မာအရေးပြင်သစ်အကူအညီပေးရေးဆွေးနွေး

📌 ၅။ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့မှနွေရာသီ "Basic English Grammar Course " သင်တန်းဆင်းပွဲကျင်းပ

📌 ၆။ ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ရိုက်နှက် နှိပ်စက်ခံရခြင်း နှင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် သေဆုံးရမှုအတွက်  မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သဘောထားထုတ်ပြန်

📌 ၇။ Artists' Shelter ရဲ့ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Merchandise ​တွေ စတင် ဝယ်ယူနိုင်


၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေးကနေ တနင်္သာရီတိုင်းအထိ စစ်ကြောင်းဖြန့်ကျက်ပြီး အမှတ် () ပြည်ထောင်စုလမ်းမကြီး စိုးမိုးထိန်းချုပ်ရေးနဲ့ ရန်သူစစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင်လုပ်ဆောင်မယ်လို့ ဒေါနစစ်ကြောင်းအသိပေး

🚩 ၂။ စစ်တပ်က ဖမ်းဆီးထားသူများကို ပအိုဝ်းဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ဆီဆိုင်မြို့တွင်း ဓာတ်ပုံရိုက်ကာ သတင်းမှားများ ဖြန့်ဝေ၊ တိုက်ပွဲများရှိနေသဖြင့် မြို့တွင်းသို့မဝင်ရန် PNLA က သတိပေး 

🚩 ၃။ ချောင်းဦးမြို့နယ်တွင် မိုင်းရှာရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် စစ်သား ဦးသေဆုံးပြီး ဘူဒိုဇာနှင့် စစ်ကားတစီးပျက်စီး

🚩 ၄။ ညောင်လေးပင်တွင် စစ်တပ်ယာယီ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံး

🚩 ၅။ ရခိုင်ပြည်နယ်က မြို့နယ် () ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၆။ ကျွန်းစုမြို့နယ် တိုက်ပွဲအတွင်း ပျူစောထီး ခေါင်းဆောင် အပါအဝင် ဦး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးမှာ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီ၏ လုပ်ငန်းစဥ်များအား ရှင်းလင်း


မတ်လ ၃၀ရက်။

မတ်လ ၂၉ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (၁၄/၂၀၂၄)   ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီအနေဖြင့် ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ် အကောင်အထည် ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများက ကော်မတီဖွဲ့စည်းပုံနှင့် လုပ်ငန်းစဥ်တို့အား ရှင်းလင်းတင်ပြရာတွင် ပြည်သူနှင့်အတူ ပူးပေါင်းရပ်တည်သည့် ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဥ်းသည့် မူဝါဒအား ကြေညာချက် အမှတ်(/၂၀၂၁) ဖြင့် ထုတ်ပြန်ထားရှိခဲ့ပြီး Taskforce () ခု ဖွဲ့စည်းထားရှိကာ အသိပညာပေးခြင်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ပို့ဆောင်ရေး အထောက်အကူပြုခြင်း၊ လူသားချင်းစာနာမှု အထောက်အကူပြုခြင်း၊ ယခင်အတွေ့အကြုံဆောင်ရွက်ချက်များအား မေးမြန်းခြင်း စသည့်လုပ်ငန်းစဥ်များအား သက်ဆိုင်ရာဝန်ကြီးဌာနများအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အသေးစိတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ‌ကြောင်းနှင့်  ပြည်သူ့သူရဲကောင်းများအား ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ လက်နက်ချ အလင်းဝင်ခြင်းနှင့် စပ်လျဥ်းသည့် လုပ်ငန်းစဥ်များ ဆောင်ရွက်ထားရှိခြင်း၊ ပြည်နယ်နှင့်တိုင်းအလိုက် CDM ဝင်ရောက်မှုအခြေအနေများ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင်ခဲ့ကြသည့် တပ်မတော်သားများနှင့် ရဲတပ်သားများ၏ အခြေအနေများ၊ တပ်/ရဲ CDM များနှင့် ၎င်းတို့၏ မိသားစုဝင် ဦးအထိ တစ်ဦးလျှင် လစဥ် မြန်မာငွေ (၇၀,၀၀၀) ကျပ် ထောက်ပံ့မှုအခြေအနေများနှင့် အခက်အခဲများ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးတင်ပြခဲ့ပါတယ်။


 ၎င်းနောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက CDM code ရရှိနိုင်မှု အခြေအနေများ၊ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများနှင့် အခြားသိရှိလိုသည်များအား မေးမြန်း ဆွေးနွေး အကြံပြုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


NUCC ရေးရာကော်မတီအနေဖြင့်လည်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် အဖွဲ့ဝင်များက အထွေထွေကိစ္စရပ်များ တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်းထဲကအရပ်သားပြည်သူများနှင့်လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတို့တွေ့ဆုံ


မတ်လ ၃၀ရက်။

စစ်ကိုင်းတိုင်းထဲက အရပ်သားပြည်သူများနှင့် လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတွေ့ဆုံစကားပြောခဲ့ကြောင်းသတင်းရရှိပါတယ်။


"စစ်ကိုင်းတိုင်းထဲက ပြည်သူတွေနဲ့တိုက်ရိုက်စကားပြောဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဘဝတွေကို ပိုမိုကြားသိရသလို ကိုယ့်အပေါ်မှာ သူတို့တွေဘယ်လောက်အထိ မျှော်လင့်အားထားသလဲဆိုတာကို ပိုနားလည်မိတယ်။ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပါ့မယ်။ အစွမ်းကုန် လုပ်ဆောင်ပါ့မယ်။"ကိုယ့်ရဲ့လိပ်ပြာခုံရုံးကို ကိုယ်ကိုယ်တိုင်ရင်ဆိုင်ရဲရမယ်" ဆိုတဲ့စကားအတိုင်းပေါ့" လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်း၊ မကွေးတို့တွင် စစ်ရှောင်ပြည်သူအများဆုံးရှိပြီး စကစစစ်ကြောင်းများဟာ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်လေ့ရှိပါတယ်။


========================


📌📌 ၃။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အစည်းအဝေးမှာ မန္တလေးဖက်ဒရယ်ယူနစ် အတွင်း ဆောင်ရွက်ရမည့်  ကိစ္စရပ်များဆွေးနွေး


မတ်လ (၃၀) ရက်။

မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၄) ကို မတ်လ၃၀ရက်ကကျင်းပခဲ့ပါတယ်။


ထို့နောက်အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာသောလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ တစ်ပတ်အတွင်းဆောင်ရွက်ထားချက်များအား ဆွေးနွေးတင်ပြခြင်း၊ မန္တလေး ဖက်ဒရယ်ယူနစ်အတွင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များဆွေးနွေးခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။


ထို့နောက်တွေ့ဆုံဆွေးနွေးရန်ကျန်ရှိသော အစုအဖွဲ့များနှင့် ဆက်လက်ချိတ်ဆက်တွေ့ဆုံနိုင်ရေးနှင့် တော်လှန်ရေးအင်အားစုအချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။

အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ (:၃၀) နာရီတွင် ရပ်နားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန/အာရှ-ပစိဖိတ်ဆိုင်ရာတာဝန်ရှိသူများနှင့်ဒေါက်တာမီမီဝင်းဘတ်တွေ့ဆုံကာ မြန်မာအရေးပြင်သစ်အကူအညီပေးရေးဆွေးနွေး


မတ်လ ၃၀ရက်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန/အာရှ-ပစိဖိတ်ဆိုင်ရာတာဝန်ရှိသူများနှင့်ဒေါက်တာမီမီဝင်းဘတ်တွေ့ဆုံကာ မြန်မာအရေးပြင်သစ်အကူအညီပေးရေးဆွေးနွေးခဲ့ပါတယ်။


အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာနအကြီးအကဲ/မြန်မာပြည်ဆိုင်ရာ စစ်ရေးကျွမ်းကျင်သူ/အမေရိကန်စစ်မှုထမ်းဟောင်း ဒေါက်တာမီမီဝင်းဘတ်နှင့်အတူ ပြင်သစ်နိုင်ငံရောက်မြန်မာများအသင်း(La Communaut Birmane de France) တို့မှ ၂၀၂၄ ခု မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ပြင်သစ်နိုင်ငံ အောက်လွှတ်တော်တွင် ဖွဲ့စည်းထားသော (Amiti France-Birmanie)ပြင်သစ်- မြန်မာချစ်ကြည်ရေးအသင်း၏ ဒုဥက္ကဋ္ဌ/လွှတ်တော်ကိုယ်စားလှယ် Anne GENETETနှင့်၎င်း၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန/အာရှ-ပစိဖိတ်ဆိုင်ရာတာဝန်ရှိသူများနှင့်၎င်း တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံရာမှာ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်မှ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ မြန်မာပြည်နိုင်ငံရေးအခြေအနေ၊လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေး၊ နယ်စပ်ဖြတ်ကျော်စစ်ပြေးဒုက္ခသည်များအခြေအနေ အင်တာနက်ဆက်သွယ်ရေးလိုအပ်ချက်များ၊ နွေဦးတော်လှန်ရေးတွင် ပါဝင်နေသောအမျိုးသမီးများ၏ အခန်းကဏ္ဍ စသည်တို့ကို ပြင်သစ်အစိုးရမှအကူအညီပေးနိုင်ရန်အတွက်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့မှနွေရာသီ "Basic English Grammar Course " သင်တန်းဆင်းပွဲကျင်းပ


မတ်လ ၃၀ရက်။

တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့မှနွေရာသီ "Basic English Grammar Course "သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ မတ်လ၃၀ရက်မှာ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့မှအသိပေးဖော်ပြပါတယ်။


"နွေရာသီ "Basic English Grammar Course "သင်တန်းဆင်းပွဲကို မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူများနှင့် ပညာရေးမိသားစုများ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပကဖ၊ ပလဖ မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများမှတက်ရောက်ခဲ့ကြတယ်"လို့ဖော်ပြပါတယ်။


သင်တန်းဖြစ်‌‌မြောက်အောင် ပါဝင်ကူညီလက်တွဲလုပ်ကိုင်ပေးကြပါသော ဆရာ/ဆရာမများနှင့် ကြိုးစားသင်ယူကြပါသော ကလေးငယ်များ၊ စိတ်ပါဝင်စားစွာသင်တန်းကို အပ်နှံပေးကြပါသော မိဘများနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ အသိပေးဖော်ပြထားပါတယ်။


========================


📌📌 ၆။ ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ရိုက်နှက် နှိပ်စက်ခံရခြင်း နှင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် သေဆုံးရမှုအတွက်  မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သဘောထားထုတ်ပြန်


မတ်လ (၃၀) ရက်။

ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ရိုက်နှက် နှိပ်စက်ခံရခြင်းနှင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် သေဆုံးရမှုအတွက်  မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကမတ်လ၃၀ရက် သဘောထားထုတ်ပြန်ပါတယ်။


မုံရွာမြို့ အမှတ်() ရဲစခန်းတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ရိုက်နှက် နှိပ်စက်ခံရပြီး နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် သေဆုံးသွားတယ်လို့သိရကြောင်း သဘောထားထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။ 


ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၇)ရက်၌   မုံရွာမြို့ အမှတ် () ရဲစခန်းတွင် မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရသော အကျဉ်းသားတစ်ဦးအား တရားရုံးမှ ရဲစခန်းအချုပ်သို့ ပြန်လည်ရောက်ရှိလာရာတွင် တရားမဝင် ပစ္စည်း သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်သားများမှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ချောင်းဦးမြို့နယ်လူငယ် သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့မှ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် မတရားနှိပ်စက်ရန် မသင့်ကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။


 ထိုသို့ ပြောဆိုမှုကြောင့် မုံရွာမြို့ အမှတ် () ရဲစခန်းမှ စခန်းမှူး ပြည့်လင်းအောင်နှင့် ဒု - ဗိုလ်ကျော်ဝင်းထွန်း တို့မှ ကိုမာန်ဇာမြေမွန် နှင့် ကိုအောင်ကျော်ဇင်တို့အား  အကြမ်းဖက် အာဏာသိမ်းစစ်တပ် အထိုင် ချထားသော မြို့တော်ခန်းမသို့ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ စစ်သားများမှ ရိုက်နှက် နှိပ်စက်ခဲ့ကြောင်းသိရှိရပြီး ထိုသို့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ စစ်သားများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်မှာ (၂၉) ရက်၊ မတ်လ၊ ၂၀၂၄ ခုနှစ်တွင် မြင့်မြတ်စွာကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 


ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်မှာ အကြမ်းဖက် စစ်သားများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးခံယူရန် လိုအပ်လျက်ရှိတယ်လို့ဆိုပါတယ်။


ထို့ကြောင့်  ပြည်သူလူထုအနေဖြင့်လည်း အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများအား အမြဲမပြတ်နားစွင့်ပြီး လိုအပ်သည့်အကူအညီများ ပေးကြပါရန်နှင့် ယခုဖြစ်စဉ်အား မှတ်တမ်းတင်ထားရှိပြီး ပြည်သူ့တရားစီရင်ရေးအချိန်ကာလ ရောက်ရှိချိန်တွင်  ပါဝင်ပတ်သက်ခဲ့သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေး အရေးယူသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါတယ်။


========================


📌📌 ၇။ Artists' Shelter ရဲ့ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Merchandise ​တွေ စတင် ဝယ်ယူနိုင်


မတ်လ၃၀ရက်။

Artists' Shelter ရဲ့ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Merchandise ​တွေ စတင် ဝယ်ယူနိုင်ကြောင်းမတ်လ၃၀ရက်မှာ Artists' Shelterကအသိပေးဖော်ပြထားပါတယ်။


"Artists' Shelter ရဲ့ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Merchandise ​တွေ စတင် ဝယ်ယူနိုင်ပါပြီ။ ဖန်တီးပုန်ကန်တဲ့... လွတ်လပ်ကွန့်မြူးတဲ့... ​နေ့စဥ်လူနေမှုဘဝတိုင်းမှာ ဒီ Products ​တွေသုံးပြီး ဝင့်ကြွားနေစေချင်တဲ့ စိတ်ကူးစိတ်သန်းကို အရင်းတည်လို့ သတ္တိနဲ့ ပွင့်လန်းတဲ့တော်လှန် Artists ​တွေက ဖန်တီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရဲ့ Merchandise Items ​တွေဖြစ်တဲ့ရေဗူး၊ကျောပိုးအိတ်၊ Hoodie နဲ့ နှစ်ဖက်လှ ဦးထုပ်တွေကို ခုလက်ရှိ ကမ္ဘာအနှံ့မှာ ပြသနေတဲ့ International Film Screening ရုပ်ရှင်ပြပွဲတွေအပြင် Artists' Shelter - Merchandise Corner Page မှာလည်း လာရောက် အားပေး မှာယူနိုင်တယ်လို့သိရပါတယ်။


ကျောပိုးအိတ် နဲ့ Hoodie ​တွေကိုတော့ လိုချင်တဲ့ Size နဲ့ ရောင်ကိုရွေးပြီး Order ကြိုတင်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရေးကနေ တနင်္သာရီတိုင်းအထိ စစ်ကြောင်းဖြန့်ကျက်ပြီး အမှတ် () ပြည်ထောင်စုလမ်းမကြီး စိုးမိုးထိန်းချုပ်ရေးနဲ့ ရန်သူစစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင်လုပ်ဆောင်မယ်လို့ ဒေါနစစ်ကြောင်းအသိပေး


မတ်လ၃၀ရက်။

ရေးကနေ တနင်္သာရီတိုင်းအထိ စစ်ကြောင်းဖြန့်ကျက်ပြီး အမှတ် () ပြည်ထောင်စုလမ်းမကြီး စိုးမိုးထိန်းချုပ်ရေးနဲ့ ရန်သူစစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင်လုပ်ဆောင်မယ်လို့ ဒေါနစစ်ကြောင်းအသိပေးဆိုလိုက်ပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှ တပ်ရင်းမှူး ရဲဘော်ကိုဘိတ်နှင့် The Call-ခေါ်သံတို့တွေ့ဆုံ မေးမြန်းချက်မှာဖြေကြားခဲ့ပါတယ်။


"လက်ရှိအချိန်မှာ ရေးခွင်တဝိုက်မှာ တပ်ပေါင်းစု စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာရှိတယ်။ ပြည်သူလူထု လုံခြုံဘေးကင်းစေဖို့ ရေး-ထားဝယ် အမှတ် () လမ်းမကြီးပေါ်မှာ စစ်ဆေးရေးတွေ ပုံမှန် ပြုလုပ်နေပါတယ်။ အနာဂတ်မှာရေးကနေ တနင်္သာရီတိုင်းအထိ စစ်ကြောင်းဖြန့်ကျက်ပြီး အမှတ် () ပြည်ထောင်စုလမ်းမကြီး စိုးမိုးထိန်းချုပ်ရေးနဲ့ ရန်သူစစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်စေရမယ်"လို့ ၄င်းကပြောပါတယ်။

ဒေါနစစ်ကြောင်းဟာ မဟာမိတ်တပ်ပေါင်းစုများစုဖွဲ့ထားပြီးMSRF (မွန်ပြည်တော်လှန်ရေးတပ်) ABSDF တပ်ရင်း() ဒေသခံ မွန်တော်လှန်ရေးတပ်တွေနဲ့ အတူတူ သစ္စာရေ သောက်ကြပြီး ပူးပေါင်းစစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ စစ်တပ်က ဖမ်းဆီးထားသူများကို ပအိုဝ်းဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ဆီဆိုင်မြို့တွင်း ဓာတ်ပုံရိုက်ကာ သတင်းမှားများ ဖြန့်ဝေ၊ တိုက်ပွဲများရှိနေသဖြင့် မြို့တွင်းသို့မဝင်ရန် PNLA က သတိပေး 


မတ်လ ၃၀ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဖမ်းဆီးထားတဲ့အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ပအိုဝ်းဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်စေကာ သတင်းမှားတွေ ဖြန့်ချိနေတယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မြိုတွင်းတိုက်ပွဲတွေဆက်ရှိနေတဲ့ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရရှိတယ်ဆိုပြီး ဝါဒဖြန့်ရန် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLAက အသိပေးထားပါတယ်။

လက်ရှိဆီဆိုင်မြိုတွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဇုန်ဖြစ်နေတဲ့အခြေအနေမှာ စစ်ကောင်စီက မြိုတွင်းသို့ ပြည်သူ အချို့ကို ခေါ်ယူကာ မတ်လ ၂၉ ရက်က ပအိုဝ်းဝတ်စုံတွေနဲ့ ဆီဆိုင်မြို့တွင်း နေရာအချို့မှာ ဓာတ်ပုံရိုက်စေတာကို တွေ့ရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူအချို့ကို လူသားဒိုင်းအဖြစ်လုပ်ကာ ဝါဒဖြန့်ရန်ကြိုးစားနေပေမယ့် ပြည်သူလူထု ထိခိုက်မှာစိုးတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ မလုပ်ခဲ့ဘူးလို့လည်း PNLA က အသိပေးပါတယ်။

လက်ရှိမှာ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး ဆီဆိုင်မြို့ကိုတိုက်ခိုက်ဖျက်ဆီးမှုများ ဆက်တိုက်လုပ်နေသလို လူသားဒိုင်း အဖြစ်အသုံးချရန် ရည်ရွယ်ချက်နဲ့ ပြည်သူလူထုကို မြိုတွင်းပြန်ဝင်နိုင်ပြီဆိုတဲ့ သတင်းအမှားတွေလည်း ဖြန့်နေတယ်လို့ ဆိုပါတယ်။

သတင်းအမှားတွေကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေတဲ့ စစ်ဇုန်အတွင်း ဝင်ရောက်မိခဲ့ရင် စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတာကို ခံရနိုင်တဲ့အပြင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေဖို့နဲ့ တိုက်ပွဲတွေကြား မလိုလား အပ်တဲ့ ထိခိုက်မှုတွေမဖြစ်စေဖို့အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က တရားဝင်ထုတ်ပြန်တာတွေကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ချောင်းဦးမြို့နယ်တွင် မိုင်းရှာရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် စစ်သား ဦးသေဆုံးပြီး ဘူဒိုဇာနှင့် စစ်ကားတစီးပျက်စီး


မတ်လ ၃၀ရက်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက နတ်ရေကန်အထိုင်စခန်းကနေ ဘူဒိုဇာနဲ့မိုင်းလာရှာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဘူဒိုဇာ ပျက်စီးသွားတယ်လို့ စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း MSPDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ချောင်းဦးမြို့နယ် နတ်ရေကန်အထိုင်စခန်းက စစ်သား ၁၅ ခန့်ဟာ မတ်လ ၂၉ ရက် မနက် ၁၀ နာရီခန့်အချိန်မှာ မိုင်းရှာဖို့အတွက် ဘူဒိုဇာနဲ့ ထွက်လာခဲ့တာကို နတ်ရေကန်ရွာနဲ့ ရေပိုးဇာရွာကြားအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အသင့်ပြင်ထားတဲ့ ပဒေသာမိုင်း လုံးတွဲ ပွိုင့် ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး ဘူဒိုဇာ ကားလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့နေရာဟာ စစ်ကိုင်း -မုံရွာလမ်းမ ချောင်းဦးနဲ့မြင်းမူကြားမှာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုတွေလုပ်ပြီး သေဆုံးသွားတဲ့စစ်သားအလောင်းတွေကို တခါတည်းပြန်သယ်သွားတယ်လို့လည်း သိရပါတယ်။ 

အလားတူ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ စစ်သားအပြည့်တင်ပြီး မုံရွာမြို့ကိုထွက်လာတဲ့ စစ်ယာဉ်တန်းကိုလည်း မတ်လ ၂၀ ရက်နေ့ မွန်းလွဲ နာရီခွဲခန့်အချိန်မှာ မိုင်းဆွဲတိုက်ခဲ့ရာမှာ စစ်ကားအကြီးတစီး လမ်းဘေးထိုးကျ ပျက်စီးခဲ့တာကြောင့် စစ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ စစ်ကိုင်း ခရိုင်အမှတ် တပ်ရင်း MSPDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုတွေကို စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း MSPDF လျှပ်တပြက်စွန်ညိုအဖွဲ့နဲ့ ချောင်းဦးမြို့ နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ - CHU PDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ညောင်လေးပင်တွင် စစ်တပ်ယာယီ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံး


မတ်လ ၃၀ ရက်။

Radio NUG

ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ညောင်လေးပင် - ရွှေကျင် လမ်းပေါ်က ညောင်ပင်ပေါက် ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ယာယီ တပ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ Fire Dragon PDF ထံက သိရပါတယ်။

မတ်လ ၂၉ ရက် မနက် နာရီခန့်မှာ စစ်ကောင်စီ အင်အား ၁၅ ဦးခန့် တပ်စွဲထားတဲ့ ယာယီစခန်းငယ် တစ်ခုကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အပြန်အလှန် ပစ်ခတ်မှု နာရီခွဲကျော် ကြာခဲ့ပြီးနောက် စခန်းသိမ်းပိုက်နိုင်ခါနီးမှာ ရွေကျင်ဗျူဟာ စခန်း ကနေ လက်နက်ကြီးပစ်ကူ ပေးတာနဲ့ ခဒေါက်ဘက်ကနေ စစ်ကူလာတာတွေကြောင့် ပြန်ဆုတ်လာခဲ့ရတယ်လို့ Fire Dragon PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။


အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦးအထိ သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့ကာ သေဆုံး ဒဏ်ရာရသူတွေကို ကျေးရွာက ကားတွေနဲ့ ညောင်လေးပင်ဘက်ကို သယ်သွားခဲ့ကြတယ်လို့ ၎င်းက ဆက်ပြော ပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် PDF ထောက်ပို့တစ်ဦးနဲ့ ရွာသားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီက လက်နက်ကြီးတွေ တရစပ် ပစ်ခတ်ခဲ့တာကြောင့် အနီးရှီ ညောင်ပင်ပေါက်၊ ထောင်လောင်နဲ့ ရှမ်းတဲစု ရွာတွေက ဒေသခံရာချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။


========================


🚩🚩 ၅။ ရခိုင်ပြည်နယ်က မြို့နယ် () ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


မတ်လ ၃၀ ရက်။

Radio NUG

ရခိုင်ပြည်နယ်က ရမ်းဗြဲ၊ မင်းပြားနဲ့ မြေပုံ မြို့နယ်တွေကို စစ်ကောင်စီက မတ်လ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ RFA သတင်းဌာနက ဖော်ပြပါတယ်။


မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ရမ်းဗြဲမြိုနယ်၊ ဖက်ကြပ်ရွာကို ဂျက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။


အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဖက်ကြပ်ရွာက အသက် (၁၃) နှစ်အရွယ်ရှိ ကိုဖြိုးကို သေဆုံးခဲ့ပြီး အသက် (၄၀) အရွယ်ရှိ ဒေါ်ဆန်းရီနဲ့ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးဘိုခိုင်တို့ ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။


ထို့အပြင် မင်းပြားမြို့နဲ့ မြေပုံမြို့တို့ကိုလည်း မတ်လ ၂၉ ရက်နေ့ ညပိုင်းက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် နေအိမ် ၅၀ ဝန်းကျင် ပျက်စီးခဲ့ရပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုများတွင် မင်းပြားမြို့နယ်၊ သေကန်ရွာက ရဟန်းတစ်ပါးနဲ့ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးရွာက အရပ်သား ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။


ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန် စစ်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား နှစ်ရာ နီးပါး သေဆုံးခဲ့ပြီး ငါးရာဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း RFA က ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။


========================


🚩🚩 ၆။ ကျွန်းစုမြို့နယ် တိုက်ပွဲအတွင်း ပျူစောထီး ခေါင်းဆောင် အပါအဝင် ဦး သေဆုံးခဲ့


မတ်လ ၃၀ ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ် (ပျူစောထီး) ခေါင်းဆောင်တစ်ဦး အပါအဝင် ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်း () က သတင်းထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲ့တိုင်ကျေးရွာ၊ ယမုံရွာနဲ့ ယမုံ မြစ်ဝတွေမှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတာပါ။ 


နှစ်ဖက်ထိတွေ့တိုက်ပွဲ လေးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ ပျူစောထီး ခေါင်းဆောင် တစ်ဦး အပါအဝင် ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


အခုလို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အင်အား ၇၀ ဝန်းကျင်နဲ့ မောင်းလှော်ကျေးရွာဘက်က အင်အားထပ်မံ ဖြည့်တင်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ပြောပြချက်အရ သိရပါတယ်>


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း () မှာ ပါဝင်တဲ့ တနင်္သာရီ .က.ဖ၊ မြိတ်ခရိုင် တပ်ရင်း () တပ်ခွဲ () ကျွန်းစု .က.ဖ၊ ပုလော .က.ဖ၊ တနင်္သာရီ တောဗုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပ.က. လုံခြုံရေးအဖွဲ့နဲ့ ဒရုန်းအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment