3rd MAR 2024 - Evening Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက်ကန့်ကွက်စာပေးပို့သော်လည်း ထိုင်းလွှတ်တော်တွင် ဆက်လက် ကျင်းပ

📌 ၂။ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတရုံးပြောခွင့်ရတို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Parliamentary Secretary နှင့် တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်ကောင်စီက မွတ်ဆလင်များအား စစ်မှုထမ်းရန် ခေါ်ယူနေခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဟု AA ပြော 

📌 ၄။ အမေရိကန်ပြည်ထောင်စု၊ ကန်တကီပြည်နယ်၊ လူးဝစ်ဘေးမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသားများ တွေ့ဆုံ

📌 ၅။ NUG အပါအဝင် တော်လှန်ရေးတပ်ဦးအင်အားစုတွေဟာ ဒီထက်ပိုပြီး အလုပ်လုပ်ကြဖို့၊ အလုပ်ဖြစ်ကြဖို့ လိုနေတယ်လို့ဒေါက်တာတေဇာဆန်းတိုက်တွန်း

📌 ၆။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းများကြောင့် စစ်ဘေးရှောင်နေရသူများကို စားနပ်ရိက္ခာများ ဝေငှ

📌 ၇။ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများရဲ့ "ငါတို့ပြည်သူ ငါတို့ကူ" ထောက်ပို့လှိုင်း နောက်ထပ်တခုအဖြစ် Artists’ Shelter ရဲ့ "သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင် () ကားတွဲကို လာမယ့် မတ်လ (၂၄) ရက်နေ့ပြသမယ်


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘုတလင်မြို့မ စခန်းမှ ဗျူဟာမှူး ချိန်းရန် နမခ သို့  ချောဆွဲကာ ကား () စီးခန့် ဖြင့် လာသောစကစတပ်များ ကာကွယ်ရေးတပ်ကပစ်ခတ်၍ နှစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရ

🚩 ၂။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ စစ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်

🚩 ၃။ စစ်ကောင်စီက ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာ မြို့ရွာများကို လေယာဉ်များ အတွဲလိုက်ပစ်ဒုံးများ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး

🚩 ၄။ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် လက်နက်ခဲယမ်းများသိမ်းဆည်း ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက်ကန့်ကွက်စာပေးပို့သော်လည်း ထိုင်းလွှတ်တော်တွင် ဆက်လက် ကျင်းပ


မြန်မာ့အရေးဆွေးနွေးပွဲအပေါ်  အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်မှုတွေရှိနေပေမယ့် ထိုင်းလွှတ်တော်မှာ မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်သူများ အပါအဝင် မြန်မာနှင့်ထိုင်း လွှတ်တော်အမတ်များ တက်ရောက်နေတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲက သက်ဆိုင်သူအားလုံး အပြန်အလှန်ဆွေးနွေးဖို့ ပထမဆုံးခြေလှမ်းပါပဲ။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေတစ်ခုအတွက် လမ်းခင်းပေးမှာဖြစ်ပါတယ်လို့ ထိုင်းလွှတ်တော်အမတ် Rangsiman Rome က ပြောပါတယ်။

ထိုင်းလွှတ်တော်မှာ ကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ NUG ကိုယ်စားလှယ်တွေ၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်နေပေမယ့် အကြမ်းဖက်စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။  

အကြမ်းဖက်စစ်ကောင်စီက ထိုင်းလွှတ်တော်မှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတာကြောင့်ဆိုပြီး ဒီဆွေးနွေးပွဲကို ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အကြောင်း ကန့်ကွက်စာပေးပို့ထားတာကို ထိုင်းလွှတ်တော်က လူသိရှင်ကြားထုတ်ဖော်ခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း အွန်လိုင်းကတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ 

ထိုင်းလွှတ်တော်မှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara လည်း မိန့်ခွန်းပြောဖို့ မူလက အစီအစဉ်ရှိခဲ့ပေမယ့် ဆွေးနွေးပွဲကျင်းပချိန်မှာ အကြောင်းပြချက်မပေးဘဲ မိန့်ခွန်းပြောမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာကြောင့် ထိုင်းလွှတ်တော် ဒုတိယဥက္ကဌ နိုင်ပတီဖတ်က အဖွင့်မိန့်ခွန်းပြောခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။

ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးပွဲကို မတ်လ () ရက်နေ့က စတင်ကျင်းပခဲ့တာဖြစ်ပြီး ယနေ့မတ်လ () ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ 

အဆိုပါဆွေးနွေးပွဲကျင်းပရာ ထိုင်းလွှတ်တော်မှာ မြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကို အနုပညာပြခန်းတွေကိုလည်း ပြသထားပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတရုံးပြောခွင့်ရတို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Parliamentary Secretary နှင့် တွေ့ဆုံဆွေးနွေး

 

ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ Parliamentary Secretary မစ္စတာ Rob Oliphant နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်တို့ မတ်လ () ရက်နေ့က ကနေဒါနိုင်ငံ အော်တဝါမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြားတာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရပ်ရပ်နှင့်  မြန်မာ့အရေး ကနေဒါနိုင်ငံ၏ ထောက်ခံအားပေးမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြောခွင့်ရပုဂ္ဂိုလ်တို့အား Parliamentary Friends of a Democratic Burma ပူးတွဲဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် Adam Chambers က ကနေဒါ အောက်လွှတ်တော်တွင်း လှည့်လည်ပြသခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီက မွတ်ဆလင်များအား စစ်မှုထမ်းရန် ခေါ်ယူနေခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဟု AA ပြော 

 

ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာနေထိုင်ကြတဲ့ မွတ်ဆလင်လူမျိုးတွေကို အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဖို့  ခေါ်ယူနေခြင်းဟာ လူမှုအသိုင်းအဝိုင်း () ခုကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ရခိုင်ပြည်အတွင်းက မွတ်ဆလင်လူမျိုးတွေကို စစ်မှုထမ်းဖို့ခေါ်ယူနေခြင်းနှင့် ပတ်သက်ပြီး AA က မတ်လ () ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက လူမှုအသိုင်းအဝိုင်း () ခုကြားမှာ ပြဿနာတွေပိုမိုကြီးထွားလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို လုပ်ဆောင်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့ရတိုင်း ရခိုင်ပြည်နယ်အတွင်းက ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်လူမျိုး အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ပွားစေဖို့ ဖန်တီးလေ့ရှိတယ်လို့လည်း အသိပေးထားပါတယ်။

AA အနေနဲ့ အုပ်ချုပ်ရေးယန္တရား ထူထောင်စဉ်ကတည်းက မတူညီတဲ့ အသိုင်းအဝိုင်းအသီးသီးကြား လူမှုသဟဇာတဖြစ်စေရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေးအတွက် နည်းအမျိုးမျိုးသုံးပြီး ကြိုးပမ်းအားထုတ်ခဲ့တာကြောင့် လက်ရှိအချိန်မှာ အပြုသဘောဆောင်တဲ့ရလဒ်တွေ ရရှိနေပြီလို့ သိရပါတယ်။

အခုလို မတူညီတဲ့လူမှုအသိုင်းဝိုင်းတွေကြား အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ရရှိနေချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး မွတ်ဆလင်လူထုကို စစ်မှုထမ်းခိုင်းနေခြင်းဟာ သာမန်ပြည်သူတွေကို စစ်မြေပြင် သေတွင်းကို တွန်းပို့နေရုံသာမကဘဲ ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုး ဖျက်ဆီးနေခြင်းဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ကောက်ကျစ်ယုတ်မာတဲ့လုပ်ရပ်ဟာ ရခိုင်နှင့်မွတ်ဆလင်တို့ကြား ကြီးမားရှည်ကြာတဲ့ ပဋိပက္ခကိုဖြစ်စေရုံ သာမက မွတ်ဆလင်ဒုက္ခသည်တွေရဲ့ နေရပ်ပြန်ရေးမျှော်လင့်ချက်ကို ပိုမိုဝေးကွားစေမှာဖြစ်တယ်လို့လည်း AA က သတိပေးထားပါတယ်။

ဒါကြောင့် အာဆီယံနိုင်ငံများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်ကို အထူးစောင့်ကြည့်ပြီး ကြိုတင်ဟန့်တားပေးကြဖို့လည်း ရခိုင့်တပ်တော် AA က တိုက်တွန်း တောင်းဆိုထားပါတယ်။


========================


📌📌 ၄။ အမေရိကန်ပြည်ထောင်စု၊ ကန်တကီပြည်နယ်၊ လူးဝစ်ဘေးမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသားများ တွေ့ဆုံ


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အဝေးရောက် နွေဦးတော်လှန်ရေး တိုင်းရင်းသား ညီအကိုမောင်နှမများ တွေ့ဆုံပွဲကို အမေရိကန်နိုင်ငံ ပြည်ထောင်စု လူးဝစ်ဘေးမြို့မှာ အမေရိကန်စံတော်ချိန် မတ်လ () ရက်နေ့ ညနေပိုင်း၊ မြန်မာစံတော်ချိန် မတ်လ () ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ဘာသာရေးဆိုင်ရာ အသင်းတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကန်တကီပြည်နယ် လူးဝစ်ဘေးမြို့ ဒုတိယမြို့တော်ဝန် Ms. Nicole နဲ့အတူ မြန်မာအရေးကူညီပံ့ပိုးဆောင်ရွက်သူ Mr. Steve တို့ပါ တက်ရောက်ပြီး နွေဦးတော်လှန်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။ 

ထို့အပြင် တွေ့ဆုံပွဲကိုတက်ရောက်လာသူတွေ မေးမြန်းတဲ့ သိလိုတဲ့မေးခွန်းများကိုလည်း သံမတ်ကြီးဦးကျော်မိုးထွန်းက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ NUG အပါအဝင် တော်လှန်ရေးတပ်ဦးအင်အားစုတွေဟာ ဒီထက်ပိုပြီး အလုပ်လုပ်ကြဖို့၊ အလုပ်ဖြစ်ကြဖို့ လိုနေတယ်လို့ဒေါက်တာတေဇာဆန်းတိုက်တွန်း


NUG အပါအဝင် တော်လှန်ရေးတပ်ဦးအင်အားစုတွေဟာ ဒီထက်ပိုပြီး အလုပ်လုပ်ကြဖို့၊ အလုပ်ဖြစ်ကြဖို့လိုနေတယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက မတ်လအတွင်း ဆိုရှယ်မီဒီယာမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

"တော်လှန်ရေးက ရှေ့ကို ရွေ့နေတာ မှန်တယ်။ သို့သော် ဒီအရှိန်အဟုန်ထက် အများကြီး တင်လို့ ရနိုင်သေးတယ်။ NUG အပါအဝင် တော်လှန်ရေးတပ်ဦး အင်အားစုတွေဟာ ဒီထက်ပိုပြီး အလုပ်လုပ်ကြဖို့၊ အလုပ်ဖြစ်ကြဖို့ လိုနေပြီ။သံပူခိုက် နာနာရိုက်လိုက်နိုင်ဖို့ လိုတယ်။တော်လှန်ရေးက အချိန်ကြာလာတာနဲ့အမျှ NUG အစိုးရရဲ့ အချို့သော ပကဖ၊ ပအဖ၊ ပလဖ နဲ့ PDF များအပါအဝင် တော်လှန်ရေးအင်အားစုတွေမှာ ကျင့်ဝတ်စည်းကမ်းပိုင်း (Code of Conduct - COC) အားနည်းလျော့ရဲမှုတွေ၊ အကျင့်ပျက်မှုတွေကို တစတစ ပိုပို တွေ့လာရတယ်။ Local (LDFs) တွေမှာလည်း အလားတူပါပဲ။ ဒါတွေကို အချိန်မီ အမြန်ဆုံး ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လိုနေပါပြီ" လို့ ဆိုပါတယ်။

PDF အပါအဝင် လက်နက်ကိုင်တပ်တွေမှာ အဆင့်ဆင့်သော အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command - COC) မပီပြင်သေးတာ၊ တပ်ပုံ စစ်ပုံမကျတာက တော်လှန်ရေးအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်ချက် ဖြစ်နေတယ်လို့ ဒေါက်တာတေဇာဆန်းက ဆိုပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းများကြောင့် စစ်ဘေးရှောင်နေရသူများကို စားနပ်ရိက္ခာများ ဝေငှ


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အလှူရှင်တွေလှူဒါန်းထားတဲ့ စားနပ်ရိက္ခာမုန့်တွေ ဝေငှပေးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ကတည်းက ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေ လက်ရှိအချိန်အထိ တောတောင်များကြားမှာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါစစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေတဲ့အပြင် ကျေးရွာအတွင်း ညအိပ်တပ်စွဲနေတာကြောင့် ပြည်သူလူထုအနေနဲ မိမိတို့ကျေးရွာ၊ မိမိတို့နေအိမ်မှာ မနေရဲကြတော့ဘဲ တောထဲမှာပဲ ညအိပ်ညနေ စစ်ဘေးရှောင်နေကြတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အမျိုးသားညီညွတ်‌ရေးအစိုးရ လူသားစာနာဝန်ကြီးဌာန၊ မေမေ့ရင်ခွင်၊ မွေးနေ့ရှင်နဲ့ အလှူရှင်တွေ လှူဒါန်းထားတဲ့ စားနပ်ရိက္ခာဖြစ်သောမုန့်များကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် လူသားစာနာ၊ မြို့နယ် ပလဖ၊ တိုက်နယ် ပအဖ၊ တိုက်နယ် လူစာနာ တာဝန်ခံတို့က စစ်ဘေးရှောင်ပြည်သူများရှိရာ တောထဲအထိသွားပြီး လိုက်လံပေးဝေပေးခဲ့ကြတယ်လို့ သိရပါတယ်။

နီးစပ်ရာကျေးရွာတွေကို သွားရောက်ပြီး စစ်ဘေးရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာတွေကို မြို့နယ်လူသားစာနာတာဝန်ခံက သက်ဆိုင်ရာကျေးရွာ ပအဖ၊ ပကဖတွေနဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေဆဲဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကြောင်းနဲ့ ဝေးရာနေရာတွေနဲ့ ဘေးကင်းရာနေရာတွေကို ကြိုတင်ရှောင်ရှားကြဖို့၊ စစ်ကြောင်းဝင်ပြီးသွားတဲ့ ကျေးရွာများအတွင်း နီးစပ်ရာကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းရေးဝင်‌ပြီးမှသာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများရဲ့ "ငါတို့ပြည်သူ ငါတို့ကူ" ထောက်ပို့လှိုင်း နောက်ထပ်တခုအဖြစ် Artists’ Shelter ရဲ့ "သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင် () ကားတွဲကို လာမယ့် မတ်လ (၂၄) ရက်နေ့ပြသမယ်


ဒီသတင်းကို မတ်လ () ရက်နေ့မှာ LA NUG Support က အသိပေးလိုက်ပါတယ်။

"တနေ့ထက်တနေ့ ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတဲ့ တို့ပြည်သူများကို ထောက်ပံ့ကူညီဖို့ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများရဲ့ ဝိုင်းဝန်းကြိုးစားမှု ဖေဖော်ဝါရီ ၂၅၊၂၄ ဈေးရောင်းပွဲတော်မှ ရရှိသော အလှူငွေ $27000 ကို အလိုအပ်ဆုံးနေရာများသို့ ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။ ဈေးရောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ကူညီပေးခဲ့ကြသော ရောင်းသူ၊ ဝယ်သူ၊ လှူသူ၊ ကူသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများရဲ့ ငါတို့ပြည်သူ ငါတို့ကူ ထောက်ပို့လှိုင်း နောက်ထပ်တခုအဖြစ် Artists’ Shelter ရဲ့ သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင် () ကားတွဲကို လာမယ့် မတ်လ (၂၄) ရက်မှာ Performing Arts Center of Baldwin Park မှာ ပြသပါမယ်" လို့ ဆိုပါတယ်။

ရုပ်ရှင်လက်မှတ်များကို agents များထံမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ကာ ရုပ်ရှင်ကြည့် ပရိသတ်များ နံနက်ခင်းစာကို ရုံမှာ အဆင်သင့်ဝယ်ယူစားသုံးနိုင်ရန်လည်း စီစဉ်ထားမှာဖြစ်တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဘုတလင်မြို့မ စခန်းမှ ဗျူဟာမှူး ချိန်းရန် နမခ သို့  ချောဆွဲကာ ကား () စီးခန့် ဖြင့် လာသောစကစတပ်များ ကာကွယ်ရေးတပ်ကပစ်ခတ်၍ နှစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရ


စစ်ကိုင်းတိုင်း၊ဘုတလင်မြို့မ စခန်းမှ ဗျူဟာမှူး ချိန်းရန် နမခ သို့  ချောဆွဲကာ ကား () စီးခန့် ဖြင့် လာသောစကစတပ်များ ကာကွယ်ရေးတပ်ကပစ်ခတ်၍ နှစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မတ်လ () ရက်နေ့မှာ မုံရွာခရိုင် အမှတ် (၂၀) BOB တပ်ရင်းက အသိပေးဖော်ပြပါတယ်။

"စစ်ကိုင်းတိုင်းဒေကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် ဖေဖော်ဝါရီ (၂၉) ရက်နေ့ နံနက် (:၅၀) ဝန်းကျင်တွင် ဘုတလင်မြို့မစခန်းမှ ဗျူဟာမှူး ချိန်းရန် နမခ သို့ ပြည်သူကားများအား ချောဆွဲကာ ကား () စီးခန့် ဖြင့် မုံရွာ-ရေဦးကားလမ်းမကြီးအတိုင်း သွားရာ ညောင်ပင်ကန်ရွာအနီး မိုး ကိုယ်ပိုင်အထက်တန်းကျောင်း အရောက်တွင် မုံရွာခရိုင် အမှတ် (၂၀ ) BOB  တပ်ရင်းနှင့် မြို့နယ် ကာကွယ်ရေး ရဲဘော်တစ်ဦးတို့မှ လမ်းတွင် ကြိုတင်စောင့်ဆိုင်းကာ (၁၀) မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်" လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စကစဘက်ကဦးခေါင်း နှင့် ရင်ဘက်ထိမှန်သူ   ဦးသေဆုံးပြီး  ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရကာ နမခ သို့ ဆက်မသွားနိုင်ပဲ ဘုတလင်မြို့မ စခန်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ စစ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်


ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာရှိတဲ့ လက်နက်ချအညံ့ခံခြင်းမရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။

ရခိုင်တပ်တပ်တော်ရဲ့ တိုက်ပွဲသတင်းတွေကိုထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်နက်ချအညံ့မခံသေးတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေအပြင် လက်နက်ကြီးစခန်းတွေကိုပါ တရက်မှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးပါတယ်။

ဒါကြောင့် မတ်လ () ရက်နဲ့ () ရက်နေ့တွေမှာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ရခိုင့်တပ်တော်ရဲ့ထိုးစစ်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ထားတာကြောင့် ရန်သူ့ဘက်မှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းတို့စခန်းမကျရှုံးစေရေး အသည်း အသန် ခုခံကာကွယ်နေတယ်လို့ ရခိုင့်တပ်တော်က ပြောပါတယ်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ရန်အောင်ပြင်စခန်းကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီက ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာ မြို့ရွာများကို လေယာဉ်များ အတွဲလိုက်ပစ်ဒုံးများ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး

 

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ရာ မြို့ရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက လေယာဉ်များ အတွဲလိုက်ပစ်ဒုံးများ လက်နက်ကြီးများ သုံးပြီး အကြောင်းမဲ့ ပစ်တ်ဖျက်ဆီးနေတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မတ်လ () ရက်နေ့ည () နာရီခန့်အချိန်မှာ တိုက်ပွဲဖြစ်တာမရှိတဲ့ ဆီဆိုင်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာ () စင်းနဲ့ () ကြိမ် လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ထို့အတူ မတ်လ () ရက်နေ့မှာလည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အတွဲလိုက်ပစ်ဒုံးများ လက်နက်ကြီးများဖြင့် အကြိမ် (၆၀) ကျော် ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၅) ရက်နေ့ကလည်း စစ်ကောင်စီဟာ ဟိုပုံးမြို့နယ် ပုံးအယ်ကျေးရွာနဲ့ဘုန်းတော်ကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပုံးအယ်ဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

ပအိုဝ်းတိုင်းရင်းသားလူမျိုးများနေထိုင်ရာ မြို့၊ ကျေးရွာများနဲ့ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အအုံတွေကို  တိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် လက်နက်ခဲယမ်းများသိမ်းဆည်း ရရှိ


တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး စုစုပေါင်း (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးမှာ မတ်လ () ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၂) ဦးနဲ့ ပျူစောထီး အဖွဲ့နေထိုင်ရာ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ စစ်သား (၁၂) ဦး သေဆုံးပြီး သေနတ် (၁၂) လက် သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးပါတယ်။

စစ်သား အလောင်း (၁၂) လောင်းနဲ့ သေနတ် (၁၂) လက်သိမ်းဆည်းရရှိပါတယ်။ စစ်သားနဲ့ ပျူစောထီးတချို့ ထွက်ပြေးသွားတဲ့ အတွက် စခန်းကို မီးရှို့ရှင်းလင်းပြီး ထိန်းသိမ်းထားပါတယ်လို့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း - (T1)   တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း - (T5 SOF) နဲ့ ပကဖ - ဥဩစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရဟတ်ယာဥ်ကို အသုံးပြုပြီး () ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် တနင်္သာရီ ပြည်သူ့ ကာကွယ်ရေးတပ်ရင်း - (T1) က ရဲဘော်တဦး အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ရာ စခန်းတွေကို အဆက်မပြတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံစွာနေထိုင် နိုင်ခြင်းမရှိစေဖို့ လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment