3rd MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာပြည်ဒီမိုကရေစီရရှိရေးနဲ့ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု ဆွေးနွေးပွဲ ထိုင်းနိုင်ငံဘန်ကောက်တွင် စတင်

📌 ၂။ ရခိုင်ဒေသမှာ စကစကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတခုတိုင်းဟာ နိုင်ငံတကာဥပဒေအရအရေးယူဖို့ ကြိုးကွင်းတခုစီဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၃။ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်

📌 ၄။ မြန်မာ စစ်တပ်ရဲ့ လက်နက်နဲ့ လေယာဉ်ဆီ ဝယ်ယူနိုင်မယ့် နိုင်ငံခြား ဝင်ငွေ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း

📌 ၅။ ထိုင်းလွှတ်တော်တွင် မြန်မာပြည်သူများခံစားနေရသောဒုက္ခများကို အနုပညာပြခန်းများဖြင့် ပထမဆုံးအကြိမ်ပြသ

📌 ၆။ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကိုအသုံးချပြီး လူမျိုးရေး ဘာသာရေး သွေးထိုးလှုံဆော်ခြင်း လူမျိုးစုအချင်းချင်း တိုက်ခိုက်ရန်အားပေးနေမှုများကျူးလွန်နေကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော်က သတိပေးချက်ထုတ်ပြန်

📌 ၇။ ကောလင်းဒေသ စစ်ဘေးရှောင်များကို pdf က စားနပ်ရိက္ခာများ ထောက်ပံ့


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ အောင်သပြေရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှဝင်ရောက်တပ်စွဲနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်၍စကစ()ဦးသေ()ဦးဒဏ်ရာရ

🚩 ၂။ တန့်ဆည်မြို့နယ် အင်တောရိုးကျေးရွာအတွင်း ကင်းပုန်း၀ပ်နေသော စကစစစ်‌‌ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး

🚩 ၃။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြိုအဝင် ကားလမ်း () ခုကို စစ်ကောင်စီက ဖျက်ဆီးခဲ့

🚩 ၄။ မင်းတပ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

🚩 ၅။ မုံရွာမြို့နယ် ခိုးသန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်အလုံး ၉၀ ကျော်နှင့် ဆေးပေးခန်း မီးလောင်ပြာကျ

🚩 ၆။ ဘုတလင်ရဲစခန်းမှ ဒုတပ်ကြပ်စစ်သားတဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်ဒီမိုကရေစီရရှိရေးနဲ့ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု ဆွေးနွေးပွဲ ထိုင်းနိုင်ငံဘန်ကောက်တွင် စတင်


မတ်လ၂ရက်။

မြန်မာပြည်ဒီမိုကရေစီရရှိရေးနဲ့ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု ဆွေးနွေးပွဲထိုင်းနိုင်ငံ ဘန်ကောက်တွင် စတင်ခဲ့ပါတယ်။


မတ်လ၂ရက်နေ့မှ ၃ရက်နေ့အထိ နှစ်ရက်တာ အဆိုပါဆွေးနွေးပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။


မတ်လ၂ရက်နေ့ ဆွေးနွေးရာတွင် အွန်လိုင်းကနေ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်ဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။


ဒီဆွေးနွေးမှုအစီအစဉ်ကို ထိုင်းလွှတ်တော်ကော်မတီတစ်ခုက စီစဉ်ခဲ့တာဖြစ်ပြီး အွန်လိုင်းကနေ ဆွေးနွေးကြမယ့် အခုအစီအစဉ်ကို  မြန်မာပြည်ဒီမိုကရေစီရရှိရေးနဲ့ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု (Towards A Democratic Myanmar and Its Impact on Security Along Thai Border) လို့အမည်ပေးထားပါတယ်။


ဆွေးနွေးပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက အွန်လိုင်းမှတဆင့်တက်ရောက်တာဖြစ်ပါတယ်။


========================


📌📌 ၂။ ရခိုင်ဒေသမှာ စကစကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတခုတိုင်းဟာ နိုင်ငံတကာဥပဒေအရအရေးယူဖို့ ကြိုးကွင်းတခုစီဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


မတ်လ၂ရက်။

ရခိုင်ဒေသမှာ စကစကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတခုတိုင်းဟာ နိုင်ငံတကာဥပဒေအရအရေးယူဖို့ ကြိုးကွင်းတခုစီဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ၂ရက် မှာ ဆိုရှယ်မီဒီယာမှာဖော်ပြထားပါတယ်။


"အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာကနေ အခုရခိုင်ဒေသမှာတော့ ရေတပ်ကနေပါ လက်နက်ကြီးတွေနဲ့ ပိုမိုပစ်ခတ်နေပါတယ်။ ကြည်း၊ ရေ၊ လေ အင်အားတွေသုံးပြီး ကျူးလွန်မှုတွေကို အထောက်အထားတွေရရှိထားပါတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေရဲ့ သက်သေတခုတိုင်းဟာ သူတို့ကို နိုင်ငံတကာဥပဒေအရ အရေးယူဖို့ ကြိုးကွင်းတခုစီဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ နံနက် () နာရီ (၁၀) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောတစ်စီးပေါ်မှ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ (၁၂) ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ (၃၁) ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ (၅၀) နီးပါးအထိရှိကာ စုစုပေါင်း (၈၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ရခိုင့်တပ်တော်AAကသတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၃။ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်


 မတ်လ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Economy, Commerce and Industry (MIECI)မှ CDMဝန်ထမ်းများနှင့် CDM ကျောင်းသား၊ ကျောင်းသူများ၊ CDMဝန်ထမ်းများ၏ သားသမီးများအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့်  စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁ရက်နေ့ ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အတွင်း၀န်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ CDMဝန်ထမ်းများနှင့် CDMကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ပါတယ်။


ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက တိုင်းပြည်တည်ဆောက်ရာတွင် တိုင်းပြည်၏ နောင်အနာဂတ်အတွက် ဥာဏ်ပညာအမြော်အမြင်ပေါ်တွင် အခြေပြုသော၊ ပညာဥာဏ်ဖြင့် ဆုံးဖြတ်နိုင်သော လူ့အဖွဲ့အစည်း၊ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်နှင့် လုပ်ငန်းစဥ်များကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းလုပ်ဆောင်ရန်အတွက် ဒေါက်တိုင်တခုဖြစ်သော Knowledge Economy ကို တည်ဆောင်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာကို မလွှဲမသွေ တတ်မြောက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ စစ်အာဏာရှင်ဖြိုချရေးတွင် အဓိကဆောင်ရွက်ခဲ့သော CDM အင်အားစုများအနေနှင့် နောက်ပိုင်းတွင် Economy state building process များတွင် ကျွမ်းကျင်နိုင်နင်းစွာလုပ်ဆောင်နိုင်စေရန် Capacity Building သင်တန်းများတွင် ပါဝင်နိုင်ပါရန် ပန်ကြားဖိတ်ခေါ်ရင်း အဖွင့်အမှာစကားကို ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ CDM Success Committee မှ တွဲဘက်အတွင်းရေးမှူး ဒေါက်တာဥက္ကာက "ယခုကဲ့သို့ CDMဝန်ထမ်းများ၊ CDM ကျောင်းသား၊ ကျောင်းသူများ အချိန်အဆက်မိမိ အဆက်မသွယ်မပြတ်ဘဲ တစိုက်မတ်မတ်ရှိနေခြင်းသည် တော်လှန်ရေးအတွက် အင်မတန် ကြီးမားသော အင်အားတခု ဖြစ်စေကြောင်း၊ ယခုကဲ့သို့ Capacity Building များသည် တိုင်းပြည်ပြန်လည်ထူထောင်ရာတွင် အဓိကလူသားအရင်းအမြစ်များ ဖြစ်လာမည့်အတွက် တော်လှန်ရေးအင်အားစုများအချင်းချင်း ဆက်လက်ချိတ်ဆက်၍ မိမိတို့ကျွမ်းကျင်ရာများကို ဆက်လက်လေ့လာပြီး တော်လှန်ရေးအလုပ်များကို တစိုက်မတ်မတ်လုပ်နေခြင်းသည် လွန်စွာ အရေးကြီးသည့်အတွက် အင်မတန်ဂုဏ်ယူရကြောင်း"ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ သင်ကြားပေးမည့် သင်တန်းဆရာမှ ယခုကဲ့သို့ CDM၀န်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူ များစွာကို သင်ကြားပေးရမည့်အတွက် ၀မ်းသာဂုဏ်ယူမိပါကြောင်းနှင့် တတ်စွမ်းသမျှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာ စစ်တပ်ရဲ့ လက်နက်နဲ့ လေယာဉ်ဆီ ဝယ်ယူနိုင်မယ့် နိုင်ငံခြား ဝင်ငွေ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း


မတ်လ ၂ရက်။

အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့ လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မယ့် လမ်းကြောင်းတွေ၊ နိုင်ငံခြား ဝင်ငွေ ရရှိနေမှုတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ဆို့ ဖြတ်တောက်ရမယ်လို့  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောကြားလိုက်ပါတယ်။


လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကရိုဟင်ဂျာတွေ အပါအဝင် မြန်မာ ပြည်သူတွေ အပေါ်မှာ ပစ်မှတ်ထားကျူးလွန်နေတဲ့ ရက်စက်မှု၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ပစ်နိုင်ရေးမှာ အာရုံစိုက်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်လောင်းတောင်းဆိုပါတယ်လို့ ဂျနီဗာမြို့ရှိ လူ့အခွင့်အရေး ကောင်စီကို မတ်လ ရက်နေ့မှာ ပြောကြားခဲ့တာပါ။


အဲ့ဒီ ရည်မှန်းချက်တွေကို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မှသာ စစ်တပ်က ပြည်သူတွေအပေါ် ရန်လိုရက်စက်နေတာတွေကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Volker Turk က ဆိုပါတယ်။


နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာစစ်တပ်ဆီ စစ်လက်နက်၊ လေယာဉ်ဆီနဲ့ နိုင်ငံခြားငွေ စီးဝင် နေတာတွေကို ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှ စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်က စပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ ပညာရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ချွတ်ခြုံကျလာခဲ့ပြီး စစ်ရေး ပဋိပက္ခတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ရှောင်ဦးရေကလဲ သန်းခွဲကျော်အထိ များပြားလာခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ထိုင်းလွှတ်တော်တွင် မြန်မာပြည်သူများခံစားနေရသောဒုက္ခများကို အနုပညာပြခန်းများဖြင့် ပထမဆုံးအကြိမ်ပြသ


မတ်လ ၂ရက်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လွှတ်တော်မှာ မြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကို အနုပညာပြခန်းများဖြင့် ပထမဆုံးအကြိမ်ပြသထားပါတယ်။ 

မြန်မာပြည်သူတွေရဲ့နေထိုင်မှုပုံစံနဲ့ နယ်စပ်တလျောက်မှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကို အနုပညာလက်ရာပြခန်းအနေနဲ့ ပြသတားတာဖြစ်ပါတယ်။

ဒီအနုပညာပြခန်းကို ထိုင်းနိုင်ငံအခြေစိုက် NGO အဖွဲ့အစည်းတခုဖြစ်တဲ့ Spirit in Education Movement -SEM က ပြသထားတာဖြစ်ပြီး မတ်လ ရက်ကနေ ရက်နေ့အထိ ပြသထားမယ်လို့ အသိပေးထားပါတယ်။ 

ဒါဟာ ထိုင်းလွှတ်တော်မှာ နှစ်ကြာ အာဏာသိမ်းခံထားရတဲ့ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ထိုင်းနိုင်ငံရေးသမားတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့တွေပါဝင်တဲ့ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ ဒီအနုပညာပြခန်းကို ပြသထားမှာလည်း ဖြစ်ပါတယ်။

အဆိုပါအနုပညာပြခန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ Installation Art မှာ လေကြောင်း တိုက်ခိုက်ခံရတဲ့နေရာတွေမှာ ကျန်ခဲ့တဲ့ အသုံးအဆောင်ပစ္စည်းများ၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ နေရာနဲ့ အကြိမ်အရေအတွက် ထိခိုက်သေဆုံးမှုတွေကို ဖော်ပြထားတဲ့ Data Visualization တွေပါဝင်နေတာကို တွေ့ရပါတယ်။ 

အခုလိုပြသရတာဟာ စစ်ကောင်စီကို လေယဉ်ဆီဖြတ်တောက်ရေး၊ လေယာဉ်ဆီအတွက် ဝင်ငွေလမ်း ကြောင်းများကို ဖြတ်တောက်နိုင်ရေးအပါအဝင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပြည်သူတွေထိခိုက်နေရတာတွေကို အများပြည်သူသိစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် ပြသရတာဖြစ်တယ်လို့ Spirit in Education Movement – SEM က အသိပေးထားပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကိုအသုံးချပြီး လူမျိုးရေး ဘာသာရေး သွေးထိုးလှုံဆော်ခြင်း လူမျိုးစုအချင်းချင်း တိုက်ခိုက်ရန်အားပေးနေမှုများကျူးလွန်နေကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော်က သတိပေးချက်ထုတ်ပြန်


မတ်လ ၂ရက်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော်က သတိပေးထုတ်ပြန်ချက်တစ်ရပ်ကို မတ်လ ၂ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရခိုင်တပ်တော်အနေဖြင့် မိဘပြည်သူများလူထုများ၏ ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ လွတ်မြောက်မှုနှင့် တရားမျှတမှုများ ရရှိရန်အတွက်  အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ပြည်သူလူထုတရပ်လုံးနှင့်လက်တွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ရခိုင်နှင့် ပလက်ဝစစ်မြေပြင်များ၌ အရှုံးဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် ၄◌င်းတို့၏ကြီးမားသော စစ်ရေးရှုံးနိမ့်မှုများအား လူမျိုးရေးအမုန်းတရားဖြင့် ဖုံးကွယ်ရန် ယုတ်မာစွာကြိုးစားနေမှုများကို လွန်ခဲ့သောရက်ပိုင်း လပိုင်းများတွင် ပိုမိုထင်ရှားစွာတွေ့မြင်လာခဲ့ပြီး ယခင်နည်းလမ်းများအတိုင်း ရခိုင်နှင့် မူဆလင်အသိုင်းအဝိုင်းအကြား လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်စေရန် ရန်တိုက်ပေးလျက်ရှိနေပြီး ထိုသို့လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော အသိုင်းအဝိုင်းများကြားတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကိစ္စများအားကြီးမားသော ခြိမ်းခြောက်မှုတရပ်ကိုဖြစ်ပေါ်စေနိုင်သည့်အတွက် အရှေ့တောင်အာရှအပါအဝင် ဥရောပသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ၏ လုပ်ဆောင်မှုများအားပိုမို အာရုံစူးစိုက်စွာ စောင့်ကြည့်ပြီး ကြိုတင်ဟန့်တားနိုင်ပါရန်အရေးကြီးကြီးကြောင်းထုတ်ပြန်ထားပါတယ်။

တပြိုင်နက်တည်းမှာလည်း စစ်ကောင်စီမှ ယခုအစီအစဉ်အား အကောင်အထည်ဖော်ရန်ကြိုးပမ်းအားထုတ်နေခြင်းသည် မိမိတို့ အာရက္ခဒေသအတွင်း မတည်ငြိမ်၊ မငြိမ်းချမ်းမှုများကိုသာ ပိုမိုတိုးလာစေပြီး၊ အိမ်နီးနားချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယတို့နှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးနှင့် တိုးတက်မှုများကို ခြိမ်းခြောက်လာမှုများ ဖြစ်လာစေနိုင်သည့်အတွက် ကြိုတင်ဟန့်တားနိုင်ရန်နှင့်  အထူးကြိုးပမ်းပေးကြရန်လည်းအရေးတကြီးလိုအပ်နေပြီး မိမိတို့အနေဖြင့် အာရက္ခဒေသတွင် နေထိုင်ကြသည့် လူမျိုး၊ ဘာသာတိုင်းအတွက် တန်းတူညီမျှသော နိုင်ငံသားဖြစ်မှုနှင့် လူ့အခွင့်အရေးတို့ကိုရရှိနိုင်ရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီး၊ မိတ်ဆွေမူဆလင်အသိုင်းအဝိုင်းအနေဖြင့်လည်းသမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်ကြရန်အကြုံပြုတိုက်တွန်းပါကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ သဘောထားကို လေးနက်စွာ ထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။


========================


📌📌 ၇။ ကောလင်းဒေသ စစ်ဘေးရှောင်များကို pdf က စားနပ်ရိက္ခာများ ထောက်ပံ့


မတ်လ ၂ရက်။

စစ်ကိုင်းတိုင်း ကောလင်းဒေသ အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တောင်ယာ များမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နောက်တန်းရဲဘော်များက စားနပ်ရိက္ခာများ လိုက်လံဖြန့်ဝေ ပေးနေတယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကောလင်းဒေသ စစ်ရှောင်ပြည်သူများထံကို ဆန်အိတ် ၂၀ နှင့် ဆီ ၁၀ ပုံး မတ်လ ရက်နေ့တွင် ဆန်အိတ် ၁၀၀ နှင့် ဆီ ပုံး ၂၀ တို့ကို လှူဒါန်းခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း () က ဓါတ်ပုံမှတ်တမ်းများနဲ့ သတင်းထုတ်ပြန်ထားပါတယ်။


လက်ရှိ ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများက လူနေကျေးရွာများကို လိုက်လံမီးရှို့ ဖျက်ဆီးနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လိုက်လံတားဆီးကာကွယ်တိုက်ခိုက်နေရတယ်လို့ ကောလင်း မြိုနယ် ပြည်သူ့ကာကွယ်ရေး အဖွဲက သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီ တပ်မ (၁၁) တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများက ငါးကြီးအိုင်ကျေးရွာကို မီးရှိဖျက်ဆီးခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန် ထားပါတယ်။


ယနေ့အချိန်အထိ ကောလင်းမြိုနယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်၁၅,၀၀၀ခန့်ရှိနေပြီး ကောလင်းနဲ့ ထိစပ်နေတဲ့ ကန့်ဘလူ၊ တန့်ဆည် မြိုနယ်များမှာလည်း စစ်ကောင်စီ စစ်ကြောင်းများနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲများတိုက်ပွဲဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ အောင်သပြေရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှဝင်ရောက်တပ်စွဲနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်၍စကစ()ဦးသေ()ဦးဒဏ်ရာရ


မတ်လ၂ရက်။

ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ အောင်သပြေရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တပ်စွဲနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်၍ စကစ()ဦးသေ ()ဦး ဒဏ်ရာရခဲ့ပါတယ်။


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ အောင်သပြေရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တပ်စွဲနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အောင်သပြေရွာအနောက်မြောက်ဘက် ကြောတန်းဝါးရုံတောအတွင်းဆုပ်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မတ်လ၁ရက်နေ့ ညနေ(၅း၁၅)အချိန်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။


တိုက်ပွဲတွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၂ PDF)တပ်ရင်း တပ်ခွဲ() ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ ရွှေတောင်-ပေါက်ခေါင်း(ပကဖ)နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားရာ ၎င်းတို့ဘက်မှ()ဦးနေရာမှာတင် သေဆုံးပြီး()ဦးဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။


အကြမ်းဖက်စစ်ကောင်စီများဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်()ဦးအပြင်းအထန်ဒဏ်ရာရှိပြီး(အသက်အန္တရာယ်)မစိုးရိမ်ရဘူးလို့ဆိုပါတယ်။


========================


🚩🚩 ၂။ တန့်ဆည်မြို့နယ် အင်တောရိုးကျေးရွာအတွင်း ကင်းပုန်း၀ပ်နေသော စကစစစ်‌‌ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး


မတ်လ ရက်။

တန့်ဆည်မြို့နယ် အင်တောရိုးကျေးရွာအတွင်း ကင်းပုန်း၀ပ်နေသောစကစစစ်‌‌ကြောင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ပါတယ်။


မတ်လ၂ရက်မှာ ရွှေဘိုခရိုင် အမှတ် ၂၅ PDF တပ်ရင်းက အသိပေးဖော်ပြပါတယ်။


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တ္ငင် အင်တောရိုးကျေးရွာအတ္ငင်းသို့ ရှင်းလင်းရေး ၀င်ရောက်ရာတွင် အင်တောရိုးကျေးရွာအတွင်း ကင်းပုန်း၀ပ်နေသော ခွေးဘီးလူးစစ်‌‌ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး မိမိတို့ဘက်မှ တပ်ထောက်တာဝန်ခံ ကျော်မင်းထွန်း (ငကျော်) နှင့် ဆေးတပ်တာဝန်ခံ ဖြိုဇော်ဟိန်း (ဓာတ်ဆား) တို့ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါတယ်လို့အသိပေးပါတယ်။


ကျန်ရှိသော ရဲဘောက်ရဲဘက်များက ရဲဘော်များ၏ မိသားစု ဆွေမျိုးသားချင်းများနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရပြီး ဂုဏ်ယူတမ်းတအောက်မေ့စွာဖြင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာသည့်အထိ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၅ PDF တပ်ရင်းက ကတိသစ္စာပြုဆိုထားပါတယ်။


========================


🚩🚩 ၃။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြိုအဝင် ကားလမ်း () ခုကို စစ်ကောင်စီက ဖျက်ဆီးခဲ့


မတ်လ ၂ရက်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင် ကားလမ်း () ခုကို စစ်ကောင်စီတပ် က မြေတူးစက်များဖြင့် သွားလာလို့မရအောင် ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။


ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ရန်ကုန်-စစ်တွေ ကားလမ်းအပါအဝင် အမ်း-မအီလမ်းပိုင်း၊ တပ်တောင်-အမ်းလမ်းပိုင်းများကို မြေတူးစက်များနဲ့ အနက် () ပေခန့်အထိ တူးပြီး ဖျက်ဆီးသွားတာ ဖြစ်ပါ တယ်။


အမ်းမြို့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဗမာပြည်မကို ဆက်သွယ်ပေးထားတဲ့ လမ်းဖြစ်ပြီး လက်ရှိမှာ အဆိုပါလမ်းများမှ သွားလာသူ မရှိတော့ဘဲ မဖြစ်မနေ သွားရမယ်ဆိုပါက ရေလမ်းကိုသာ အသုံးပြု သွားလာနေ ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။


ရက္ခိုင့်တပ်တော် (AA) က အမ်းမြို့ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လာရောက် တိုက်ခိုက်မှာ ကြောက်သဖြင့် အခုလို လမ်းများအား ဖျက်ဆီးဖြစ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုထားပါတယ်။


========================


🚩🚩 ၄။ မင်းတပ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်


မတ်လ ၂ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက နှစ်ရက် ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Zolen က ဖော်ပြထားပါတယ်။


မင်းတပ်မြို့နယ်၊ လွေးသာ ကျေးရွာနဲ့၊ အောက်ချိုင်ကျေးရွာကြား တနေရာကို စစ်ကောင်စီက မတ်လ ရက်နေ့ နာရီတွင် တစ်ကြိမ်၊ ၁၂ နာရီ ခန့်တွင် တစ်ကြိမ်နဲ့ မတ်လ ရက်နေ့ ညနေ နာရီ ခန့်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုများ ရှိပြီး မပေါက်ကွဲ သေးတဲ့ ဗုံးသီးတချို့လည်း ရွာလည်မှာ ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။


မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီက အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။


ထို့အပြင် မတ်လ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင် စက်လှေတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီက ၂၀၂၁ မှ ၂၀၂၃ ဒီဇင်ဘာလအတွင်း အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု ၈၅၃ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၈၉၇ ဦးအထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ မုံရွာမြို့နယ် ခိုးသန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်အလုံး ၉၀ ကျော်နှင့် ဆေးပေးခန်း မီးလောင်ပြာကျ


မတ်လ ၂ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက ခိုးသန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အလုံး ၉၀ ကျော်အပါအဝင် ဆေးပေးခန်းပါ မီးလောင်ပြာကျခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ ကနေထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ  မတ်လ ရက်နေ့ မနက်အစောပိုင်းမှာ မင်းတဲကျေးရွာကတဆင့် ခိုးသန်းကျေးရွာကို သေနတ်များပစ်ဖောက်ကာ ၀င်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် ဆေးပေးခန်းအပါအဝင် အိမ် ၉၅ လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ခုနဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။

နမခကထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ မုံရွာမြို့နယ်နဲ့ဘုတလင်မြို့နယ်အစပ်မှာရှိတဲ့ ဗဒုံ၊ ဇီးတောစတဲ့  ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသလို ကျောက်စစ်ပုံ အမြောက်တပ်က ထွက်လာတဲ့ စစ်ကြောင်းကလည်း မုံရွာမြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ဘူးတောင်းကန်၊ ကံပြား၊ တဲကြီးကုန်း၊ ပေကုန်းစတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။


========================


🚩🚩 ၆။ ဘုတလင်ရဲစခန်းမှ ဒုတပ်ကြပ်စစ်သားတဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်


မတ်လ ၂ရက်။ 

စစ်ကိုင်းတိုင်း ဘုတလင်မြို့မရဲစခန်းကို ရောက်ရှိနေတဲ့ ဒုတပ်ကြပ်စစ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို မုံရွာခရိုင် အမှတ် - ၂၀ တပ်ရင်း BOB Battalion of Budalin အဖွဲ့ထံကနေ သိရပါတယ်။

အဆိုပါ ဒုတပ်ကြပ်ဟာ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ BOB အဖွဲ့ထံချိတ်ဆက်ပြီး MA 1 max 2 တလက်၊ MA ကျည် ၄၂၀ တောင့် MA ကျည်ဘောက် ခု၊ အီနာဂါ တောင့် ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၃၅နှစ်အရွယ်ရှိတဲ့ အဆိုပါစစ်သားဟာ ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် ခလရ ၇၀၃ တပ်ရင်းကဖြစ်ပြီး ဘုတလင် မြို့မရဲစခန်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်လာတာဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါ အလင်းဝင်လာတဲ့စစ်သားကို လုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးထံ စစ်ကောင်စီတပ်သား တဦးလည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

အဆိုပါစစ်သားဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးထံ အလင်းဝင်လာတာဖြစ်‌‌ပြီး MA -11 တလက် ကျည်ဘောက် ၇ခု၊ ကျည် ၂၅၀ တောင့်နဲ့အတူ ဆိုင်ကယ် တစီးယူဆောင်ကာ အလင်းဝင်လာတဲ့အတွက် မန္တလေး PDF က ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူလူထုဘက်ရပ်တည်ပြီး အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွေးထွေးလုံခြုံစွာလက်ခံနေမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment