4th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းသည့် လုပ်ရပ်များနှင့်ပတ်သက်သည့် ကိစ္စရပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ကြေညာ

📌 ၂။ နွေဦးတော်လှန်ရေးအောင်ပွဲဟာ သေချာနေတာကြောင့် အားလုံးအတူတူရုန်းဖို့ဒုဝန်ကြီး မော်ထွန်းအောင်ပြော

📌 ၃။ ရေးဘီလူးတပ်ဖွဲ့လိုအပ်သည့်နေရာများတွင်အသုံးပြုရန် ဒေသခံအမျိုးသမီးတဦးမှ နားကပ်တရံထောက်ပို့လှူဒါန်း


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရခိုင်မှာတော့ အပစ်မရပ်ဘူးလို့ ရခိုင့်တပ်တော်ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြော

🚩 ၂။ NUGအစိုးရနဲ့အရေးကြီးကိစ္စရပ်များကို လိုအပ်သလိုညှိနှိုင်းဆောင်ရွက်မှုရှိတယ်လို့ ရခိုင့်တပ်တော်AAအသိပေးပြောကြား

🚩 ၃။ တန့်ဆည်နယ်ကံထူးမ ရဲစခန်းတိုက်ပွဲအပြီး ဘီလူးစစ်ကြောင်းနှင့် ပျူစစ်ကြောင်းများထိုးလာခြင်းကြောင့် ကံထူးမရွာအပါအဝင် အနီးတဝိုက်မှ ကျေးရွာပေါင်း(၃၀)ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရ

🚩 ၄။ ကောလင်းရှိစကစတပ်များကို တော်လှန်ရေးတပ်ဖွဲ့များပြန်လည်ပိတ်ဆို့တိုက်ခိုက်

🚩 ၅။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်သည့်   ပျူရွာများမှ   ပျူစောထီးများ ၎င်းတို့ကိုင်ဆောင်သောလက်နက်များနှင့်တကွ ဂန့်ဂေါမြို့နယ်   ပကဖ   ထံ ချိတ်ဆက်အလင်းဝင်

🚩 ၆။ မြိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးနှင့် တရားရုံးကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ရန်သူ့ဖက်မှ ဒုရဲအုပ် အပါအဝင် မျက်မြင် ()ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းသည့် လုပ်ရပ်များနှင့်ပတ်သက်သည့် ကိစ္စရပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ကြေညာ


မတ်လ၄


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းသည့် လုပ်ရပ်များနှင့်ပတ်သက်သည့် ကိစ္စရပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရက မတ်လ၃ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။


အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့်အာဏာလုံး၀ မရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက အာဏာတည်စေရမည်ဟု ထုတ်ပြန်လာသည့် "ပြည်သူ့စစ်မှုထမ်းဥပဒေ" သည် တရားဝင်မှု အလျဉ်းမရှိကြောင်း ဖေဖော်ဝါရီလ ၁၃ရက်နေ့ ရက်စွဲဖြင့် အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


လတ်တလော အကြမ်းဖက်စစ်အုပ်စုသည် တရားဝင်မှုမရှိသည့် စစ်မှုမထမ်းမနေရကြေညာချက်ကို အသုံးချကာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအား အဓမ္မစစ်သားစုဆောင်းမှုများ ပြုလုပ်ရန် ကြံစည်နေကြောင်း သိရှိရတယ်လို့ဆိုပါတယ်။


ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ရိုဟင်ဂျာများကို လူသားဒိုင်းအဖြစ် အဓမ္မစေခိုင်းခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုကျုးလွန်နိုင်ရန်၊ ရိုဟင်ဂျာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုများအကြား ယုံကြည်မှုပျက်ပြားပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖြစ်ပွားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားတယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အတင်းအဓမ္မ စစ်သားစုဆောင်းမှုကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားပြီးဖြစ်ပါတယ်။

 

ထိုကြောင့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည့် အဖျက်အမှောင့် လုပ်ရပ်များ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး လူမျိုးစုများကြား ပဋိပက္ခ ဖြစ်စေရန် ပြုလုပ်နေမှုများကို သတိကြီးစွာဖြင့် ရှောင်ရှားကြရန်နှင့် အကြမ်းဖက် စစ်အုပ်စု၏ လှည့်ကွက်များကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အတိတ်ကာလက ဖြစ်ရပ်များကို သင်ခန်းစာယူပြီး ယခု တကြိမ်တွင် ယင်းလှည့်ကွက်ထဲ မဝင်မိစေရန် လူမျိုးစုအသီးသီးရှိ သက်ဆိုင်ရာ အင်အားစု အသီးသီးအား တိုက်တွန်းအပ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးအောင်ပွဲဟာ သေချာနေတာကြောင့် အားလုံးအတူတူရုန်းဖို့ဒုဝန်ကြီး မော်ထွန်းအောင်ပြော


နွေဦးတော်လှန်ရေးအောင်ပွဲဟာ သေချာနေတာကြောင့် အားလုံးရုန်းဖို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က မတ်လ၃ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် သုံးသပ်ပြောပါတယ်။


"ဒီတခါလောက် အောင်ပွဲသေချာတာ မရှိဖူးပါ။

မိမိအမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူများကလည်း ဒီတခါ မှ မရရင် နောင်အခါ တော့ အခွင့်အရေး ရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ခွင့်သာခိုက် မှာ အတူတူရုန်းဖို့လိုပါတယ်။လက်နက်၊ အာဏာ၊ ငွေ တွေကို ထိန်းကျောင်း နိုင်တဲ့ အနေအထား မြန်မြန် ဖန်တီးယူရမှာ ဖြစ်သလို ပြုပြင်ရမှာကို မဖင့်မနွဲ၊ မလွှဲချကြပါ တာဝန်ယူကြဖို့ လိုပါတယ်။မှားတာထက်၊ မှားတာကို ထိုင်ကြည့်နေတာ ပိုမှားပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ မြို့သိမ်းတိုက်ပွဲများနှင့်တော်လှန်ရေးအင်အားစုများဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စကစဟာအထိနာကျရှုံးလျက်ရှိနေပါတယ်။


========================


📌📌 ၃။ ရေးဘီလူးတပ်ဖွဲ့လိုအပ်သည့်နေရာများတွင်အသုံးပြုရန် ဒေသခံအမျိုးသမီးတဦးမှ နားကပ်တရံထောက်ပို့လှူဒါန်း


ရေးဘီလူးတပ်ဖွဲ့လိုအပ်သည့်နေရာများတွင်အသုံးပြုရန် ဒေသခံအမျိုးသမီးတဦးမှ နားကပ်တရံထောက်ပို့လှူဒါန်းခဲ့တယ်လို့ မတ်လ၃ရက်နေ့မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အသိပေးပြောထားပါတယ်။


"မွန်မြတ်တဲ့အလှူတခုပါပဲဗျာ။၁၃ နှစ်သမီးထဲကမိဘအမြတ်တနိူးပေးထားတဲ့ နားကပ်လေးကိုကျနော်တို့ရေးဘီလူးတပ်ဖွဲ့လိုအပ်သည့်နေရာများတွင်အသုံးပြုရန်အကူပြုပေးသောမွန်ပြည်နယ်သူအမကျေးဇူးပါဗျား"လို့ဆိုပါတယ်။


အဆိုပါထောက်ပို့နားကပ်တရံကို ပြန်လည်ရောင်းချပေးသွားမှာဖြစ်ပြီးတော့အမှတ်တရသိမ်းထားချင်သူအနေနဲ့ဆက်သွယ်နိူင်တယ်လို့လည်းအသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရခိုင်မှာတော့ အပစ်မရပ်ဘူးလို့ ရခိုင့်တပ်တော်ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြော


မတ်  


ရခိုင်မှာတော့ အပစ်မရပ်ဘူးလို့ ရခိုင့်တပ်တော်ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြောကြားလိုက်ပါတယ်။


မတ်လ ရက်နေ့ ULA/AAသတင်းစာရှင်းလင်းပွဲတွင် ရခိုင့်တပ်တော်ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကသတင်းမီဒီယာများသို့ပြောကြားပါတယ်။


"မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတို့ကြားမှာ ဟိုင်ဂင်သဘောတူညီချက်အတိုင်းပဲ တွေ့ဆုံဆွေးနွေးနေကြတာရှိပါတယ်။ အပစ်အခတ်က ရှမ်းမြောက်မှာ ရပ်ထားတယ်။ ရခိုင်မှာတော့ မရပ်ပါဘူး"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ရက်စတင်သည့်၁၀၂၇ စစ်ဆင်ရေးတွင် MNDAATNLA၊ရခိုင့်တပ်တော်AAတို့ပါဝင်ခဲ့ပြီးလက်ရှိအချိန်တွင်ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးများကို ရခိုင့်တပ်တော်AAကဆင်နွှဲလျက်ရှိပါတယ်။


မတ်လ၂ရက်နေ့သတင်းထုတ်ပြန်ချက်အရပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ NUGအစိုးရနဲ့အရေးကြီးကိစ္စရပ်များကို လိုအပ်သလိုညှိနှိုင်းဆောင်ရွက်မှုရှိတယ်လို့ ရခိုင့်တပ်တော်AAအသိပေးပြောကြား


မတ်လ၄ရက်


NUGအစိုးရနဲ့အရေးကြီးကိစ္စရပ်များကို လိုအပ်သလိုညှိနှိုင်းဆောင်ရွက်မှုရှိတယ်လို့ ရခိုင့်တပ်တော်AAကပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောပါတယ်။


မတ်လ၄ရက်သတင်းစာရှင်းပွဲမှာရခိုင့်တပ်တော်AAကပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောပါတယ်။


"မြန်မာနိူင်ငံရေး ကိစ္စတွေမှာအရေးကြီးကိစ္စရပ်တွေကိုတာဝန်ရှိတဲ့ လူကြီးတွေနဲ့လိုအပ်သလို ညှိနှိုင်းဆောင်ရွက်မှုရှိပါတယ်။ကျန်တာတော့ ထုတ်ပြောဖို့မသင့်သေးပါဘူး"လို့ဆိုပါတယ်။


ဒါ့အပြင်စကစရဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်၍လည်း ခေတ်သစ်ကျွန်ပြုခြင်းစနစ်တခုသာဖြစ်ပြီးအကြမ်းဖက်စကစဟာ တရားဝင်မှုမရှိတာကြောင်း ယင်းဥပဒေကိုပြဌာန်းခွင့်လည်းမရှိဘူးလို့ ရခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူကမှတ်ချက်ပြုပြောပါတယ်။


========================


🚩🚩 ၃။ တန့်ဆည်နယ်ကံထူးမ ရဲစခန်းတိုက်ပွဲအပြီး ဘီလူးစစ်ကြောင်းနှင့် ပျူစစ်ကြောင်းများထိုးလာခြင်းကြောင့် ကံထူးမရွာအပါအဝင် အနီးတဝိုက်မှ ကျေးရွာပေါင်း(၃၀)ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရ


မတ်လ၄ရက်


တန့်ဆည်နယ်ကံထူးမ ရဲစခန်းတိုက်ပွဲအပြီး ဘီလူးစစ်ကြောင်းနှင့် ပျူစစ်ကြောင်းများထိုးလာခြင်းကြောင့် ကံထူးမရွာအပါအဝင် အနီးတဝိုက်မှ ကျေးရွာပေါင်း(၃၀)ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။


မတ်လအတွင်းတန့်ဆည်မြို့နယ်အတွင်းရှိတော်လှန်ရေးအင်အားစုများကအသိပေးဖော်ပြပါတယ်။


"ဖေဖော်ဝါရီ၂၁ရက် မနက်အ‌စောပိုင်း ကံထူးမ ရဲစခန်းတိုက်ပွဲအပြီး ဘီလူးစစ်ကြောင်းနှင့် ပျူစစ်ကြောင်းများထိုးလာခြင်းကြောင့် ကံထူးမရွာအပါအဝင် အနီးတဝိုက်မှ ကျေးရွာပေါင်း(၃၀)ဝန်းကျင် စစ်ဘေးတိမ်းရှောင်းနေရတာ ယနေ့အထိ (၁၂)ရက်မြောက်ခဲ့ပါပြီ"လို့ဆိုပါတယ်။


တန့်ဆည်လူထုသပိတ် အင်အားစုမှ ခင်ဦးလူငယ်များအဖွဲ့၊ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ နှင့် vikingsလူငယ်များအဖွဲ့ အကူအညီဖြင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများအား စားနပ်ရိက္ခာ နှင့် ကုန်စိမ်းများကို စစ်ဘေးရှောင်စဉ်ကာလအတွင်း ဝိုင်းဝန်းကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဆက်လက်ကူညီထောက်ပံ့နိုင်ရန်အတွက်လည်း လူငယ်များ စုပေါင်းအင်အားဖြင့် ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၄။ ကောလင်းရှိစကစတပ်များကို တော်လှန်ရေးတပ်ဖွဲ့များပြန်လည်ပိတ်ဆို့တိုက်ခိုက်


စစ်ကိုင်းတိုင်းကောလင်းရှိစကစတပ်များကို တော်လှန်ရေးတပ်ဖွဲ့များပြန်လည်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။


မတ်လ၃ရက် စစ်ရေးသတင်းကို ကောလင်းKLPDFကအသိပေးပြောကြားထားပါတယ်။


"ကောလင်းခရိုင် ကောလင်းမြို့နယ် အမှတ် တပ်ရင်းနယ်မြေ သစ်ဖုလ ဘုရားကုန်း၏ အရှေ့ဘက် ခံသာရွာသို့ မတ်လ၂ရက်နေ့စစ်ကြောင်းစထိုးရာ ခံသာရွာအဝင်တွင်တော်လှန်ရေးအဖွဲ့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့်  

မတ်လ၃ရက်နေ့အထိတိုက်ပွဲဖြစ်ပွားရာမွန်းလွဲ  ၁၂ နာရီထိုးပြီးအချိန်တွင် လေယာဥ်ပစ်ကူပေး၍ ..ကပင်မ စာသင်ကျောင်းဆောင် အရှေ့ပိုင်း၊ ရွာတွင်းမှပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်"လို့အတည်ပြုပါတယ်။


တိုက်ပွဲတွင်းတော်လှန်ရေးရဲဘော်နှစ်ဦးမစိုးရိမ်ရထိခိုက်မှု ရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်သည့်   ပျူရွာများမှ   ပျူစောထီးများ ၎င်းတို့ကိုင်ဆောင်သောလက်နက်များနှင့်တကွ ဂန့်ဂေါမြို့နယ်   ပကဖ   ထံ ချိတ်ဆက်အလင်းဝင်


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်သည့်   ပျူရွာများမှ   ပျူစောထီးများ ၎င်းတို့ကိုင်ဆောင်သောလက်နက်များနှင့်တကွ ဂန့်ဂေါမြို့နယ်   ပကဖ   ထံ ချိတ်ဆက်အလင်းဝင်ခဲ့ပါတယ်။


 မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်သည့်   ပျူရွာများမှ   ပျူစောထီးများသည်   ၎င်းတို့ကိုင်ဆောင်သောလက်နက်များနှင့်တကွ ဂန့်ဂေါမြို့နယ်   ပကဖ   ထံ ချိတ်ဆက်အလင်းဝင်လျက်ရှိတယ်လို့မတ်လအတွင်းအတည်ပြုပါတယ်။


 နိူဝင်ဘာ၂၇ရက်နေ့တွင်  ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ   ပျူစောထီး()ဦးသည်    ၎င်းတို့ကိုင်ဆောင်သော ကာဘိုင်သေနတ်()လက်၊ကာဘိုင်ကျည် (၄၅၀)တောင့်တို့နှင့်အတူ   ဂန့်ဂေါမြို့နယ်  ပကဖ  ထံချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ပါတယ်။


ထို့အပြင် ဒီဇင်ဘာ၃ရက်နေ့တွင်   ဂန့်ဂေါမြို့နယ်၊    ဝင်ဝ (ပျူ)ရွာမှ ပျူစောထီး()ဦးသည်  ၎င်းတို့ကိုင်ဆောင်သော ကာဘိုင်()လက်၊ Shotgun- လက်၊ ကာဘိုင်ကျည်(၂၀၀)တောင့်၊  .၈ကျည်-(၅၉)တောင့်  တို့နှင့်အတူ ဂန့်ဂေါမြို့နယ်ပကဖ ထံချိတ်ဆက်ကာ အလင်း ဝင်ရောက်ခဲ့ပါတယ်။


ထိုသို့  အလင်းဝင်ရောက်လာသော  ပျူစောထီးများအား   ဂန့်ဂေါမြို့နယ် ပကဖ မှ   လိုအပ်သောစစ် ဆေးချက်များရယူခဲ့ပြီး ၂၀၂၄မတ်လ၃ရက်နေ့တွင် လက်နက်ကိုယ်စီဖြင့်    အလင်းဝင်ရောက်လာသူများ   အား ဂန့်ဂေါမြို့နယ်ပကဖ မှတစ်ဦးလျှင်(၅၀၀,၀၀၀) ကျပ်နှုန်းဖြင့် ချီးမြှင့်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးနှင့် တရားရုံးကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ရန်သူ့ဖက်မှ ဒုရဲအုပ် အပါအဝင် မျက်မြင် ()ဦး သေဆုံး


မတ်လ၃ ရက် 


မြိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးနှင့် တရားရုံးကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ရန်သူ့ဖက်မှ ဒုရဲအုပ် အပါအဝင် မျက်မြင် ()ဦး သေဆုံးခဲ့ပါတယ်။


မြိုင်ပကဖသည် ပူးပေါင်းအဖွဲ့များနှင့် မြိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးနှင့် တရားရုံးကို  မတ်လ ၂ရက်နေ့ မနက် ()နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


ပစ်ခတ်မှုဖြစ်စဉ် ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး ရန်သူ့ဖက်မှ ဒုရဲအုပ် အပါအဝင် မျက်မြင် ()ဦး သေဆုံး၍ ပျူစောထီး()ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးဖက်က ရဲဘော်တဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အထက်ပါတိုက်ခိုက်မှုကို မြိုင်ပကဖနှင့် မြိုင်နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း ( ၁၄၊ ၁၅ ၁၇) PSGFပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့၊  ABSDF ကျောင်းသားတပ်မတော် PDAတပ် PRFတပ် ၊အာဘံ ရေစချိုတပ်ဖွဲ့ မြင်းခြံခရိုင် ဒုန်းတပ်ဖွဲ့ King Cobra (ပခုက္ကူ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment