9th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ဒိုက်ဦးထောင်မှာ လအတွင်း နိုင်ကျဉ်း ဦးသေဆုံး

📌 ၂။ နမ့်ခမ်းတွင် PSLF/TNLA အမျိုးသမီးများအဖွဲ့က ဦးဆောင်ပြီး နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ 

📌 ၃။ ၈၈ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှ  နေပြည်သိမ်းပိုက်အောင်လံစိုက်သိန်း၁သောင်းကမ်ပိန်းမှာ တော်လှန်ပန်းချီးကားတစ်ကားဖြင့် အားဖြည့်ပါဝင်


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း ခုက လက်နက်ချ အလံဖြူထောင်၊ စစ်စခန်း ခု KIA သိမ်းပိုက်

🚩၂။ ဘုတလင်မြို့နယ် ဇီးတောကျေးရွာကို စစ်တပ်က ကြိမ်မြောက် မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၂၀ နီးပါး မီး လောင်ပြာက်ကာ တဦး ကျည်ထိမှန်ဒဏ်ရာရ 

🚩၃။ မြိုင်တွင် စစ်တပ်စစ်ကြောင်းကို ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က ၃ဝ ကျော် သေဆုံး 

🚩၄။ ရခိုင်ဒေသရှိ မွတ်စလင်လူငယ်များကို စစ်တပ်က လက်နက်တပ်ဆင်ကာ ရှေ့တန်းသို့စေလွှတ်

🚩၅။ ကချင်ပြည် လိုင်ဇာ၊ ဝိုင်းမော်၊ ဗန်းမော်နှင့်မြစ်ကြီးနားတဝိုက် တိုက်ပွဲများပြင်ထန်နေ၊ လေကြောင်းရန် သတိပြုဖို့ KIA တိုက်တွန်း 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ဒိုက်ဦးထောင်မှာ လအတွင်း နိုင်ကျဉ်း ဦးသေဆုံး


ပဲခူးတိုင်း ဒိုက်ဦးထောင်မှာ အသက် ၆၀ ကျော်အရွယ် နိုင်ကျဉ်းအမျိုးသား ဦး လုံလောက်တဲ့ ဆေးကုခွင့်မရလို့ မတ်လ ရက်  မနက်ပိုင်းမှာ ဆုံးပါးသွား‌ကြောင်းကိုPeople's Springမီဒီယာမှာဖေါ်ပြထားပါတယ်။


အကျဉ်းထောင်တွင်းသေဆုံးခဲ့ရတဲ့ နိုင်ကျဉ်း ဦးခင်စိုးဟာ အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပဲခူးတိုင်း၊ဝေါမြို့ ၊ကတွတ်ရွာ ဇာတိဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးပါတယ်။


ဦးခင်စိုးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ရက်မှာ ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၂ (က) ၅၀ () တို့ နဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၁၄ နှစ်ချထားတာပါ။


"ကျန်းမာရေး မကောင်းဖြစ်နေတာ နှစ်လလောက်တော့ ရှိပြီ အပြင်ဆေးကုသခွင့်လဲ ခနခန တောင်းခံပေမဲ့ ထောင်အာဏာပိုင်‌တွေဘက်က မသိချင်ယောင်ဘဲ ဆောင်နေခဲ့တယ်" လို့ PPNM က ဖော်ပြပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရက်က ဒိုက်ဦးထောင်မှာ ထောင်ဒဏ် နှစ်ကျခံနေရတဲ့ အသက် ၆၈ နှစ်အရွယ် နိုင်ကျဉ်း ဦးအေးဝင်း  လည်း လုံလောက်တဲ့ ဆေးကုခွင့်မရလို့ သေဆုံးခဲ့ရတယ်လို. PPNM က ဆိုပါတယ်။ဒါဟာ ဒိုက်ဦးထောင်မှာ လအတွင်းမှာတင် သက်ကြီးပိုင်း နိုင်ကျဉ်းအမျိုးသား ဦး  ဆုံးပါးထားတာပါ။


အခုနှစ်အတွင်းမှာ အိုးဘိုထောင် မကွေးထောင် ကျိုက်မရောထောင် ဒိုက်ဦးထောင်တွေမှာ  လုံလောက်တဲ့ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ဦးထိ ဆုံးပါးထားတယ်လို့PPNM ရဲ့ စာရင်းအရသိရပါတယ်။


========================


📌📌 ၂။ နမ့်ခမ်းတွင် PSLF/TNLA အမျိုးသမီးများအဖွဲ့က ဦးဆောင်ပြီး နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ 


တအာင်းပြည်နယ် နမ့်ခမ်းမြို့မှာ PSLF/TNLA အမျိုးသမီးများအဖွဲ့ကဦးဆောင်ပြီး နိုင်ငံတကာအမျိုးသမီးများနေ့ - International Women's Day အခမ်းအနားကို မတ်လ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါအခမ်းအနားကို မတ်လ ရက်နေ့ မနက် နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့ရာ PSLF/TNLA ဒုဥက္ကဋ္ဌ - ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ PSLF/TNLA အရာရှိအရာခံတွေနဲ့ နမ့်ခမ်းမြို့နယ်က ဒေသခံပြည်သူတွေ တက်ရောက် ခဲ့ကြတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ PSLF/TNLA ဒုဥက္ကဋ္ဌ- ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက အမှာစကားပြောခဲ့ပြီး အမျိုးသမီး ကော်မတီ ဗိုလ်ကြီးယေကာနဲ့ နမ့်ခမ်းမြို့နယ်ရဲမှူး ဗိုလ်နောရိူရ်းတို့လည်း အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနရဲ့ လုပ်ငန်း စဥ်တွေနဲ့ တအာင်းပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုများအကြောင်း ဆွေးနွေးတင်ပြခဲ့ ကြတယ်လို့လည်း သိရပါတယ်။  

PSLF/TNLA အမျိုးသမီးများအဖွဲ့အနေနဲ့ ဒေသခံအမျိုးသမီးများအနေနဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အကြောင်း သိရှိရန်၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုများ လျှော့နည်းလာစေရန်၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တောင်းဆို တက်ပြီး အသုံးပြုတက်စေရန်နဲ့ PSLF/TNLA အမျိုးသမီးဌာန၏ လုပ်ငန်းစဉ်တွေမှာ ပူပေါင်းပါဝင်လာစေရန်၊ ရပ်ရွာအတွင်း အကြမ်းဖက်ခံရသောအမျိုးသမီးများကို ရပ်ရွာအတွင်းရှိ အမျိုးသမီးအားလုံး ဝိုင်းဝန်ကူညီနိုင်ရန် ကျင်းပခဲ့တာလို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို့မှာကျင်းပခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို PSLF/TNLA ဒုဥက္ကဋ္ဌ - ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအပါအဝင် အမျိုးသမီးအဖွဲ့ဝင်ခေါင်းဆောင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အရာရှိ အရာခံတွေနဲ့ နမ့်ခမ်းမြို့ နယ်က ဒေသခံပြည်သူလူထု စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ TNLA သတင်းနှင့် ပြန်ကြာရေးဌာနက အသိပေးထားပါတယ်။


========================


📌📌 ၃။ ၈၈ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှ  နေပြည်သိမ်းပိုက်အောင်လံစိုက်သိန်း၁သောင်းကမ်ပိန်းမှာ တော်လှန်ပန်းချီးကားတစ်ကားဖြင့် အားဖြည့်ပါဝင်


၈၈ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှ ကလလတ အဖွဲ့အစည်းမှ ပထမအကြိမ် ပြုလုပ်တဲ့ နေပြည်သိမ်းပိုက်အောင်လံစိုက်သိန်း၁သောင်းကမ်ပိန်းမှာ တော်လှန်ပန်းချီးကားတစ်ကားဖြင့် အားဖြည့်ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။ဒီအကြောင်းနှင့်ပတ်သက်ပြီး

"ကျွန်တော်တို့ ကလလတ မှ ပြုလုပ်တဲ့နေပြည်သိမ်းပိုက်အောင်လံစိုက် ကမ်ပိန်းတွင် ဆရာကိုမင်းကိုနိုင်မှ ပန်းချီကားတစ်ကား ကမ်ပိန်းဖွင့်ပွဲနေ့မှာပဲ ပါဝင်အားဖြည့် ချီးမြှင့်ပေးသွားပါတယ်ခမျာ

ထိုပန်းချီကားကို စင်္ကာပူရေချမ်းစင် အဖွဲ့မှ သိန်း၁၀၀ ပေးပြီး ကမ်ပိန်းtarget ပြည့်အောင် ထပ်မံပါဝင်ခဲ့ပါတယ်ခမျာ"

ထိုအကြောင်းကို ကျွန်တော်တို့ နေပြည်သိမ်းပိုက်အောင်လံစိုက် ကမ်ပိန်း မြေပြင်ကော်မတီအဖွဲ့မှ အထူးကျေးဇူးတင်ရှိကြောင်းကို ကမ်ပိန်းတာဝန်ခံ ရဲဘော်ခွန်းစူးနှင့် ရိုက်ကူးရေးတာဝန်ခံ ရဲဘော်ကိုရှိုင်းတို့မှ ပြောကြားကြောင်းကို မိဘပြည်သူများသိရှိစေရန် တင်ပြအပ်ပါသည်။

ဆက်လက်ပြီး ကျွန်တော်တို့ နေပြည်သိမ်းပိုက်အောင်လံစိုက် ကမ်ပိန်းကြီး target ပြည့်မှီပြီး နေပြည်တော်အထိ ထိုးစစ်ဆင်နိုင် ဖို့အတွက် မိဘပြည်သူများအား ပါဝင်ထောက်ပို့ပေးကြဖို့ လေးလေးစားစား တောင်းဆိုအပ်ပါတယ်ခမျာလို့ ဖိတ်ခေါ်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩၁။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း ခုက လက်နက်ချ အလံဖြူထောင်၊ စစ်စခန်း ခု KIA သိမ်းပိုက်


 ကချင်ပြည်နယ်မှာ မတ်လ ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စခန်း ခုက လက်နက်ချ အလံဖြူထောင်ကာ အညံ့ခံခဲ့ပြီး စစ်တပ်စခန်း ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ခလရ ၁၄၂ တပ်ရင်းအပါအဝင် စစ်စခန်း ခုက လက်နက်ချအညံ့ခံ ခဲ့ပြီး အခြားတပ်စခန်း ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တဲ့အတွက် တရက်အတွင်း တပ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။  

သိမ်းပိုက်ရရှိတဲ့တပ်စခန်းတွေဟာ ခလရ ၁၄၂ တပ်ရင်းစခန်း၊ ပန်ဆွန်စခန်း၊ ဂေါက်ငူကောင်စခန်း၊ မလီးယန် စခန်း၊ ဘွမ်ရယ်ဘွမ် စခန်း၊ အင်လုံခ ပြည်သူ့စစ်စခန်းနဲ့ စစ်ကောင်စီတပ်စခန်းတို့ဖြစ်ပြီး ယနေ့ မတ်လ ရက် မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးက မှတ်ချက်ပြုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မတ်လ ရက်နေ့နဲ့ မတ်လ ရက်နေ့ တိုက်ပွဲတွေမှာ လေကြောင်းကိုအားကို ယူကာ ဗုံးကြဲတိုက်ခတ်ခြင်းပဲ အဓိကလုပ်ဆောင်နိုင်ပြီး မြေပြင်ကနေ စစ်ကူစစ်ကြောင်း လာရောက်နိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။  

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ လက်နက်ချခဲ့တဲ့ ခလရ ၁၄၂ တပ်ရင်းဟာ မိုးမောက်မြိုနယ် ဒေါ့ဖုန်းယန်မှာအခြေစိုက်တဲ့တပ်ရင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ရှိတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။   

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့ရဲ့ ၀၃၀၇ စစ်ဆင်ရေးကို မတ်လ ရက်နေ့ စတင်ရာ လတ်တလောမှာတော့ ကချင်ပြည်နယ်ထဲက မိုးမောက်နဲ့၀ိုင်းမော်မြို့နယ်တို့မှာ တိုက်ပွဲတွေ အဓိက ဖြစ်ပွားနေတာလို့ သိရပါတယ်။


========================


🚩🚩၂။ ဘုတလင်မြို့နယ် ဇီးတောကျေးရွာကို စစ်တပ်က ကြိမ်မြောက် မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၂၀ နီးပါး မီး လောင်ပြာက်ကာ တဦး ကျည်ထိမှန်ဒဏ်ရာရ 



စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဇီးတောကျေးရွာကို စစ်ကောင်စီက ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၂၀ နီးပါး မီး လောင်ပြာကျသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ယနေ့ မတ်လ ရက်နေ့ မနက် နာရီ ၄၀ မိနစ်အချိန်မှာ စစ်တပ်က ဘုတလင်မြို့နယ် ဇီးတောကျေးရွာသို့ လက်နက်ကြီးတွေ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့သွားတာလို့ ဆိုပါတယ်။

စစ်တပ်က ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာခဲ့တာကြောင့် အမျိုးသမီးငယ်တဦး ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။  

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၈ဝ ခန့်ရှိပြီး ၄ဝ မမ ကျည်တွေ မနားတမ်းပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ပြီး နောက် မုံရွာမြို့နယ် ဖန်းခါးကျင်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ 

ဇီးတောကျေးရွာဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ မီးရှို့ဖျက်ဆီးခြင်းကို ကြိမ်ခံခဲ့ရပြီးဖြစ်တာကြောင့် အိမ်ခြေ စုစုပေါင်း ၁၁၇ လုံးအထိ မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ မြိုင်တွင် စစ်တပ်စစ်ကြောင်းကို ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က ၃ဝ ကျော် သေဆုံး 


မကွေးတိုင်း မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပေပါမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု ဘက်က စစ်သား၊ရဲနဲ့ပျု စုစုပေါင်း ၃ဝ ကျော် သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ 

မြိုင်မြို့နယ် တွင်းမပျူရွာနဲ့ သရက်ကန်ပျူရွာတွေကနေ အင်အား ၄ဝ ခန့်နဲ့ထက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါစစ်အုပ်စုကို နှင်းဆီကန်ကျေးရွာအနီးမှာ ဒရုန်းနဲ့ဗုံးကြဲခဲ့သလို အကြီးစားမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် သေဆုံးမှုများသွားပြီး ဦးခန့်သာ လွတ်မြောက်သွားတယ်လို့လည်း ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်အုပ်စုမှာ ပခုက္ကူနယ်မှာရှိတဲ့ တပ်ရင်းတွေကစစ်သားတွေနဲ့ ညောင်ဂျစ်ပင်ရွာက ပျူစောထီးတွေနဲ့ ကမ္မရဲစခန်းက ရဲတွေပါဝင်တယ်လို့လည်း သိရပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ တပ်ရင်း တပ်ခွဲ ဂဠုန်တပ်ဖွဲ့၊ တပ်ခွဲ စင်္ကြာတပ်ဖွဲ့၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ Myaing Warriers MRTF Black Cobra Young Force Black Cheetah Super Fighter MRDF ပေါက် ပကဖ၊ ဧရာအနောက်တပ်ဖွဲ့၊ ကင်တိုတပ်ဖွဲ့၊ PKU သူရိန်၊ DGM တပ်ဖွဲ့ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့၊ Earthquake Defence Force ကမ္မ တပ်ပေါင်းစုများဖြစ်သော KMDFနှင့် PDF ကမ္မ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၄။ ရခိုင်ဒေသရှိ မွတ်စလင်လူငယ်များကို စစ်တပ်က လက်နက်တပ်ဆင်ကာ ရှေ့တန်းသို့စေလွှတ်


ရခိုင်ပြည်နယ်အနှံ့ကနေ အဓ္ဓမခေါ်ယူထားတဲ့ မွတ်ဆလင်လူငယ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ကာ ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်နေတယ်လို့ ဒေသတင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဖေဖော်ဝါရီလကစပြီး ရခိုင်ပြည်အတွင်းက မွတ်ဆလင်လူမျိုးတေါ စစ်မှုထမ်းရန် အာဏာသိမ်းစစ်ကောင်စီက အဓ္ဓမ ခေါ်ယူစုဆောင်းခဲ့တာလို့ ဆိုပါတယ်။ 


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသက အသက် ၁၈ နှစ်နဲ့၃၅ နှစ်အတွင်းရှိကြတဲ့ မွတ်ဆလင်လူမျိုး အမျိုးသားတွေကို လစာ ကျပ်တသိန်းခွဲ၊ ဆန်တအိတ်နဲ့ စားဆီတပိဿာ ပေးပြီး စည်းရုံးကာ စစ်မှုထမ်းဖို့ အဓ္မမခေါ်ယူခဲ့တာလို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Western News မှာ ဖော်ပြထားပါတယ်။ 


အခုလို အကြမ်းဖက်စစ်တပ်က မွတ်စလင်လူငယ်တွေကို စစ်မှုထမ်းစေဖို့ အဓ္ဓမစုဆောင်းခဲ့တာကို စစ်ကောင်စီဘက်က ငြင်းဆိုနေချိန်မှာပဲ စစ်တွေမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ခြံဝင်းထဲက အဆောက်အအုံတခုမှာ အဓ္ဓမခေါ်ယူထားတဲ့ မွတ်ဆလင်အမျိုးသားလူငယ်တွေကို စစ်ကောင်စီက စစ်သင်တန်း ပေးနေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ 

အဆိုပါရုပ်သံဖိုင်မှာတွေ့ရတဲ့ စစ်တပ်အရာရှိဟာ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ဖြစ်တယ်လို့ သိရပါတယ်။ 

Western News ရဲ့ သတင်းရင်းမြစ်တွေ ပြောပြချက်အရ ဖေဖော်ဝါရီလကနေ ယနေ့ မတ်လ ရက်အထိ ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင်အမျိုးသား ၅၀၀ ဦးထက်မနည်း စစ်မှုထမ်းဖို့ အဓ္ဓမခေါ်ယူခံထားရတယ်လို့လည်း သိရပါတယ်။  


ရခိုင်ပြည်နယ်တွင် မွတ်စလင်လူငယ်တွေကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး စစ်တိုက်ခိုင်းနေခြင်းဟာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ လူမျိုးသားနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျုးလွန်းနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးက People’s Spring ကိုပြောထားပါတယ်။ 

ထို့အတူ ပြည်တွင်းပြည်ပမှာရှိကြတဲ့ မွတ်စလင်အသိုင်းအဝိုင်ကလည်း အပြစ်မဲ့ အရပ်သားပြည်သူတွေနဲ့ မွတ်ဆလင်တွေ ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓ္ဓမခေါ်ယူနေခြင်းဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဝေဖန်ပြောဆိုနေပါတယ်။

ဒါကြောင့် မွတ်ဆလင်လူမျိုးများအနေနဲ့ စစ်ကောင်စီက စစ်မှုထမ်းဖို့ခေါ်ယူနေတာကို ငြင်းဆန်ကြဖို့နဲ့ ဆန့်ကျင်ကွန့်ကွက် ကြဖို့ ရခိုင့်တပ်တော် ‌AA က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိုက်တွန်းပြောဆိုထားပါတယ်။


========================


🚩🚩၅။ ကချင်ပြည် လိုင်ဇာ၊ ဝိုင်းမော်၊ ဗန်းမော်နှင့်မြစ်ကြီးနားတဝိုက် တိုက်ပွဲများပြင်ထန်နေ၊ လေကြောင်းရန် သတိပြုဖို့ KIA တိုက်တွန်း 


ကချင်ပြည်နယ်ထဲက လိုင်ဇာ၊ ဝိုင်းမော်၊ ဗန်းမော်နှင့်မြစ်ကြီးနားတဝိုက် တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကို သတိပြုနေထိုင်ကြဖို့ KIA က တိုက်တွန်းပြောဆိုထားပါတယ်။ 


မတ်လ ရက်မနက်ပိုင်းကစပြီး ကချင်ပြည်ထဲက လိုင်ဇာဒေသ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့ အနီးတဝိုက်မှာ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ KIA + AA+ PDF + မဟာမိတ်တို့ တိုက်ပွဲပြင်းထန်နေ တယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ The Kachin Sub- State Media က အသိပေးထားပါတယ်။


စစ်တပ်ရှေ့တန်းစခန်းတွေ ကျရှုံးမှုများနေတာကြောင့် အရပ်သားပြည်သူများရှိရာကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာနိုင်တာကြောင့် မိဘပြည်သူတွေ အထူးသတိရှိကြဖို့ ရှေ့တန်းစစ်မြေ ပြင်မှာရှိတဲ့ KPDF အရာရှိတဦးက သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။  


ယနေ့ မတ်လ ရက် မနက်အစောပိုင်းကစပြီး ခယာဘွမ်နဲ့ ဘွမ်ရေဘွမ်အနီးတဝိုက်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ KIA တို့ တတိယမြောက်နေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

တိုက်ပွဲတွေကြောင့် ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ဗန်းမော်ခရီးသွားလာတာမျိုးမလုပ်ဘဲ ယာယီရပ်ဆိုင်းထားသင့်တယ် လို့ ဝိုင်းမော်ဒေသခံတွေကလည်း အသိပေးပြောဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment