15th APR 2024 - Evening Daily News by Radio NUG


၂၀၂၄ ဧပြီလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ကယောတိုင်းရင်းသားများအားလုံးနဲ့အတူ အခြားသောညီနောင်တိုင်းရင်းသားပြည်သူ များအနေ ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိမ်မက်အား  လက်တွေ့ကျကျ တည်ဆောက်နိုင်မယ့် အချိန်အခါကောင်းတစ်ရပ်ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဆို

📌 ၂။ လူနည်းစုဘာသာဝင်တွေက နွေဦးတော်လှန်ရေးမှာ ဘေးထွက်နေသူတွေမဟုတ်ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးအသိပေး

📌 ၃။ ကယန်းစာပေနှင့်ယဉ်ကျေးမှု ထံသို့ပေးအပ်ထားသည့် ဒေသအလိုက် ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများသိုလှောင်နိုင်မည့် အဆောက်အဦးတစ်ခု တည်ဆောက်နိုင်ရန် လူထုကိုKLCCက ဖိတ်ခေါ်

📌 ၄။ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပြီး နိုင်ငံသား တဦးချင်းစီတိုင်း လူ့အခွင့်အရေး အပြည့်အ၀ရှိပါစေလို့ ချက်နိုင်ငံNUGကိုယ်စားလှယ်ဆုမွန်ကောင်းတောင်း

📌 ၅။ Federal wingsရဲ့ ကျည်ကာထုတ်လုပ်မှုနည်းပညာကို အခြား တလရ (ထုတ်လုပ်ရေး) အဖွဲ့တွေဆီ ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ စီစဉ်နေ

📌 ၆။ ပြင်သစ်ရဲ့ တော်လှန်သင်္ကြန်ကို ဧပြီ၂၁ရက်ကျင်းပမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကယောတိုင်းရင်းသားများအားလုံးနဲ့အတူ အခြားသောညီနောင်တိုင်းရင်းသားပြည်သူ များအနေ ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိမ်မက်အား  လက်တွေ့ကျကျ တည်ဆောက်နိုင်မယ့် အချိန်အခါကောင်းတစ်ရပ်ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဆို


ဧပြီ၁၅


ကယောတိုင်းရင်းသားများအားလုံးနဲ့အတူ အခြားသောညီနောင်တိုင်းရင်းသားပြည်သူ များအနေ ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိမ်မက်အား  လက်တွေ့ကျကျ တည်ဆောက်နိုင်မယ့် အချိန်အခါကောင်းတစ်ရပ်ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။


ဧပြီ၁၅ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ  (၅၆) နှစ်မြောက် ကယောအမျိုးသားနေ့ သို့ သဝဏ်လွှာပေးပို့ရာမှာထည့်သွင်းဖော်ပြထားပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာခရီးလမ်းမှာ ကြုံတွေ့လာမယ့် မည့်သည့်အခက်အခဲကိုမဆို ကယောတိုင်းရင်းသားများအနေဖြင့် ခိုင်မာတဲ့ စိတ်ဓာတ်၊ မလျော့သောဇွဲ၊ တိုင်းပြည်နဲ့လူမျိုးအပေါ် စစ်မှန်တဲ့ ချစ်မြတ်နိုးတဲ့စိတ်ဓာတ်တို့ ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမှာကို အကြွင်းမဲ့ ယုံကြည်လျက် သဝဏ်လွှာကို ပေးပို့အပ်တယ်လို့ဖော်ပြထားပါတယ်။


ဒါ့အပြင့်ကယောတိုင်းရင်းသားများအားလုံးနဲ့အတူ အခြားသောညီနောင်တိုင်းရင်းသားပြည်သူ များအနေ ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိမ်မက်အား နှစ်ပေါင်းများစွာမျှော်လင့်တောင့်တ ခဲ့သော် လည်း မရရှိခဲ့ကာ ယနေ့နွေဦးတော်လှန်ရေးကာလမှာ မိမိတို့ရဲ့အိမ်မက်များအား လက်တွေ့ကျကျ တည်ဆောက်နိုင်မယ့် အချိန်အခါကောင်းတစ်ရပ်ဖြစ်တယ်လို့လည်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


========================


📌📌 ၂။ လူနည်းစုဘာသာဝင်တွေက နွေဦးတော်လှန်ရေးမှာ ဘေးထွက်နေသူတွေမဟုတ်ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးအသိပေး


ဧပြီ၁၅


လူနည်းစုဘာသာဝင်တွေက နွေဦးတော်လှန်ရေးမှာ ဘေးထွက်နေသူတွေမဟုတ်ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုပါတယ်။


ဧပြီလအတွင်းမှာ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုလိုက်တာဖြစ်ပါတယ်။


"လူနည်းစုဘာသာဝင်က နွေဦးတော်လှန်ရေးမှာ ဘေးထွက်နေသူတွေမဟုတ်ပါ"လို့ဆိုပါတယ်။


လက်ရှိစကစကိုတော်လှန်သူထဲတွင် လူနည်းစုဘာသာဝင်များလည်းပါဝင်ပြီး လူထုသပိတ်နဲ့လက်နက်ကိုင်တော်လှန်ရေးတို့တွင်လည်းပါဝင်ဆင်နွှဲလျက်ရှိပါတယ်။


========================


📌📌 ၃။ ကယန်းစာပေနှင့်ယဉ်ကျေးမှု ထံသို့ပေးအပ်ထားသည့် ဒေသအလိုက် ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများသိုလှောင်နိုင်မည့် အဆောက်အဦးတစ်ခု တည်ဆောက်နိုင်ရန် လူထုကိုKLCCက ဖိတ်ခေါ်


ဧပြီ၁၅


ကယန်းစာပေနှင့်ယဉ်ကျေးမှု ထံသို့ပေးအပ်ထားသည့်ဒေသအလိုက် ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများသိုလှောင်နိုင်မည့် အဆောက်အဦးတစ်ခု တည်ဆောက်နိုင်ရန် လူထုကိုKLCCက ဖိတ်ခေါ်လိုက်ပါတယ်။


ဧပြီ၁၅ရက်မှာ ကယန်းယဥ်ကျေးမှုထိန်းသိမ်းရန်KLCCကအသိပေးဆိုပါတယ်။


"လူမျိုးတစ်မျိုးရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဟာဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းခြင်းမရှိပါက တစ်နေ့ အကုန် ပျောက်ကွယ် သွားပြီး၊ သားမြေးမြစ်တွေအတွက် ပြသစရာရှိတော့မည် မဟုတ်ပါ။ယနေ့ ကယန်းအမျိုးသားနေ့နှင့် ကယန်းနှစ်သစ်ကူးနေ့များတွင် ယဉ်ကျေးမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများစွာကို ကယန်းစာပေနှင့်ယဉ်ကျေးမှု ထံသို့ လိုလိုလားလား ပေးအပ်ထားမှုများရှိပါတယ်။ သို့သော် ထို အဖိုးမဖြတ်နိုင်သည့် ပစ္စည်းများ လုံခြုံစွာသိမ်းဆည်းထားနိုင်မည့် ပစ္စည်းသိုလှောင်ရာ နေရာမရှိပါ။ ထို့ကြောင့်  ကယန်းလူထုများမှ အပ်နှံထားသော မိမိတို့ ကျေးရွာဒေသအလိုက် ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများသိုလှောင်နိုင်မည့်အဆောက်အဦး(လုံခြုံသောအခန်း) တစ်ခု တည်ဆောက်နိုင်ရန် မိဘညီအစ်ကို မောင်နှမများကို ဖိတ်ခေါ်လိုပါတယ်"လို့ဖော်ပြထားပါတယ်။


ကူညီပံ့ပိုးလိုသူများ ရှိပါကKayan Lilai do tahton komiti kacao (KLCC)သို့ဆက်သွယ်မေးမြန်းနိူင်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပြီး နိုင်ငံသား တဦးချင်းစီတိုင်း လူ့အခွင့်အရေး အပြည့်အ၀ရှိပါစေလို့ ချက်နိုင်ငံNUGကိုယ်စားလှယ်ဆုမွန်ကောင်းတောင်း


ဧပြီ၁၅ရက်


နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပြီး နိုင်ငံသား တဦးချင်းစီတိုင်း လူ့အခွင့်အရေး အပြည့်အ၀ရှိပါစေလို့ ချက်နိုင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်မှ ဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။


"မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှသည် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ လုံခြုံအေးချမ်းသာယာပြီး ကျမ်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။နှစ်သစ်ကို အေးချမ်းလုံခြုံစွာ ဖြတ်သန်းပြီး နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပြီး နိုင်ငံသား တဦးချင်းစီတိုင်း လူ့အခွင့်အရေး အပြည့်အ၀ရှိပြီး မိမိကံကြမ္မာ မိမိကိုယ်တိုင် ဖန်တီးပိုင်ဆိုင်ခွင့်များ ရရှိကြပါစေ"လို့ဆိုထားပါတယ်။


လက်ရှိစကစရဲ့ အတာသင်္ကြန်မဏ္ဍပ်များက်ုပြည်သူများဟာပါဝင်ဆင်နွှဲခြင်းမပြုဘဲနေလျက်ရှိပါတယ်။


========================


📌📌 ၅။ Federal wingsရဲ့ ကျည်ကာထုတ်လုပ်မှုနည်းပညာကို အခြား တလရ (ထုတ်လုပ်ရေး) အဖွဲ့တွေဆီ ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ စီစဉ်နေ


ဧပြီ၁၅ရက်


Federal wingsရဲ့ ကျည်ကာထုတ်လုပ်မှုနည်းပညာကို အခြား တလရ (ထုတ်လုပ်ရေး) အဖွဲ့တွေဆီ ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ စီစဉ်နေတယ်လို့သတင်းရရှိပါတယ်။


ဧပြီလအတွင်း Federal wings ဒရုန်းတပ်ဖွဲ့ကတရားဝင်အသိပေးဆိုပါတယ်။


"Federal wingsရဲ့ ကျည်ကာထုတ်လုပ်မှုနည်းပညာကို အခြား တလရ (ထုတ်လုပ်ရေး) အဖွဲ့တွေဆီ ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ စီစဉ်နေပါတယ်။အသက်ကာတဲ့နည်းပညာဖြစ်တဲ့အတွက် ဝေမျှပေးဖို့ဆုံးဖြတ်ရခြင်းပါ။နည်းပညာကို တလရထုတ်လုပ်ရေးအဖွဲ့တွေကြားမှာသာ သီးသီးသန့်သန့် လျှို့ဝှက်မျှဝေတဲ့ပုံစံမျိုးဖြစ်မယ်ဆိုတာ ကြိုတင်အသိပေးပါရစေ"လို့ဆိုပါတယ်။


လက်ရှိ ကျည်ကာထုတ်လုပ်မှုနဲ့ နည်းပညာလေ့ကျင့်/မျှဝေမှုကိစ္စရပ်တွေအားလုံးကို   Project Armor ကရရှိတဲ့ သိန်း (၅၀၀) ရံပုံငွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၆။ ပြင်သစ်ရဲ့ တော်လှန်သင်္ကြန်ကို ဧပြီ၂၁ရက်ကျင်းပမည်


ဧပြီ၁၅ရက်


ပြင်သစ်ရဲ့ တော်လှန်သင်္ကြန်ကိုဧပြီ၂၁ရက်, တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့သတင်းရရှိပါတယ်။


"မြန်မာပြည်အလွမ်းပြေ မြန်မာ့ရိုးရာ အစားအသောက်တွေစားရင်း၊ မြန်မာ့ရိုးရာ အမှတ်တရပစ္စည်းတွေ ဝယ်ယူအားပေးရင်း အရှိန်အဟုန်အလွန်မြင့်မားနေပြီး ပန်းတိုင်နဲ့ အတော်နီးနေပြီဖြစ်တဲ့တော်လှန်ရေးကို ဆက်လက်ကူညီလိုက်ကြရအောင်"လို့မြန်မာအင်အားစုများကအသိပေးဆိုထားပါတယ်။


ရန်ပုံငွေအတွက်EODရှယ်ယာများလည်းရောင်းချမှာဖြစ်ပြီးNUG Pay, Bond,များလည်းဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment