20th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ခုနှစ် ဧပြီလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီမြို့ အမှတ်၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

🚩 ၂။ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မူးယစ်ဂိုဏ်းက ဂန်းစတားတွေလို AA ပြော

🚩 ၃။ ကော့ကရိတ် တိုက်ပွဲတွေမှာ စစ်တပ်ဘက် မီးလောင်ဗုံးများအသုံးပြုပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး 

🚩 ၄။ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို စစ်တပ်က ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်သတ်ဖြတ် 

🚩 ၅။ ရေစကြိုမြို့ စုပေါင်းရုံးမှာရှိတဲ့ စစ်အုပ်စုက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပေါက်တောရွာက  Non CDM ဆရာမတဦး သေဆုံး  

🚩 ၆။ ဖားကန့် နန့်ယားကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်

🚩 ၇။ ပူတာအိုရှိ စစ်တပ်ထောက်တိုင် ခရိုနီဦးတေဇပိုင် ဟိုတယ်မီးလောင်


========================


🚩🚩 ၁။ မြဝတီမြို့ အမှတ်၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ


ကရင်ပြည်နယ် မြဝတီမြို့ မှာရှိတဲ့ အမှတ်- ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှာ မနေ့ ဧပြီ ၁၉ ညကစပြီး ဒီနေ့ ဧပြီ ၂ဝ မနက်အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ရာမှာ စစ်တပ်က တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အမှတ်- ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအောက်မှာ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ က မနေ့ည နာရီကစပြီး ဝင်ရောက်တိုက်ခိုက်ရာကနေ တညလုံးတိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့မနက်ပိုင်းအထိ တိုက်ပွဲ ဆက်ဖြစ်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ချိန်အတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းကို ကျည်ကျမှုတွေရှိခဲ့တယ်လို့လည်း Mae Sot Media က ဖော်ပြထားပါတယ်။  

ဒီနေ့မနက်ပိုင်းက မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ရာ ထိုင်းပြည်သူတဦးရဲ့ နေအိမ်အတွင်း လက်နက်ငယ်ကျည် တတောင့် ပြတင်းပေါက်ကို ဖောက်ထွင်းခဲ့ပေမယ့် တစုံတဦးမှ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ညလုံးပေါက်ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တာကြောင့် ဧပြီလ ၂ဝ ရက်နေ့မှာ စစ်တပ်က တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး အမှတ်- ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတဝိုက် ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲတွေကြောင့် မြဝတီမြို့ရဲ့ စစ်ရေးအခြေအနေကို ထိုင်းလုံခြုံရေးတာဝန်ရှိသူတွေ အနီးကပ်စောင့်ကြည့်နေပြီး အမှတ် - ထိုင်း-မြန်မာချစ်ကြည်ရေးတံတားဘက်ခြမ်းကိုလည်း CCTV မှတ်တမ်းရယူကာ အချိန်ပြည့်ကြည့်ရှုနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာအတွက် သောင်ရင်းမြစ်ကမ်းဘေးမှာ နေထိုင်ကြတဲ့  မြန်မာစစ်ရှောင် ပြည်သူတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို အဆက်မပြတ်ကူးလာနေရာ  တိုက်ပွဲ ကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ထိုင်းစစ်တပ်နဲ့အာဏာပိုင်တွေက စတင်လက်ခံကူညီ ပေးနေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မူးယစ်ဂိုဏ်းက ဂန်းစတားတွေလို AA ပြော


ရာဇာဝတ်မှုမျိုးစုံကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာ မူးယစ်ဂိုဏ်းရဲ့ Gangstar တွေဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်ပါတယ်။ 

ရခိုင်ဒေသစစ်မျက်နှာမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက မူးယစ်ဆေးကိစ္စအပါအဝင် AA အပေါ်  နိုင်ငံရေး အောက်လုံးတွေသုံးကာ အဆက်မပြတ်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ဦးခိုင်သုက လူမှုကွန်ရက်ကနေတဆင့် ပြန်လည် တုံ့ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေအပါအဝင် ရာဇဝတ်မှုမျိုးစုံလုပ်ဆောင်နေပေမယ့် ၎င်းတို့ကျူးလွန်ခဲတဲ့ ရာဇဝတ်မှုမျိုးစုံကို ဘယ်တော့မှ ဝန်ခံခဲ့တာမရှိဘူးလို့ ဦးခိုင်သုခက ဆိုပါတယ်။

စစ်ကောင်စီဘက်က  ARSA, ARA အဖွဲ့တွေကို အသုံးချပြီး ဘင်္ဂလားဒေ့ရှ့်ဘက်ကိ မူးယစ်ဆေးတင်ပို့မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့တာဖြစ်တဲ့အတွက် ရခိုင်ဒေသအပါအဝင် မြန်မာတပြည်လုံးနဲ့ ဒေသတွင်းနိုင်ငံများကပါ သတိထားရမယ့် ကိစ္စဖြစ်တယ်လို့လည်း ၎င်းက အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့မူးယစ်ဆေးဝါးတွေဟာ မြန်မာစစ်တပ်ကိုယ်တိုင် ၎င်းတို့ရဲ့ ပြည်သူ့စစ်နယ်မြေတွေမှာစိုက်ပျိုး ထုတ်လုပ်ပြီး ၎င်းတို့ကိုယ်တိုင် နိုင်ငံတကာကို ဖြန်းဖြူးတင်ပို့ရောင်းချနေတာဖြစ်တဲ့အပြင် မြန်မာပြည်တွင်းက မူးယစ်ဆေး ကိစ္စ၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုတွေအားလုံးဟာလည်း အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်လုပ်ကိုင်‌နေတာဖြစ်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာလဲ မူးယစ်ဂိုဏ်းရဲ့ Gangstar တွေ ဖြစ်ပါတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

ထို့အပြင် စစ်ကောင်စီဟာ ရခိုင်ဒေသမှာ ဘာသာရေး၊လူမျိုးရေးပဋိပက္ခတွေ ဖန်တီးမှုတွေ လုပ်ဆောင်နေတယ်လို့ AA ဘက်က ပြောထားတာရှိပါတယ်။ 

ယခုလက်ရှိမှာ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ အကြမ်းဖက်စစ်ကောင်စီက ဘာသာရေးအစွန်း ရောက် အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA နဲ့ အခြားစွန်းရောက်မူဆလင်တွေကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေတာတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဒါဟာ မူဆလင်တွေနဲ့ အခြားဘာသာဝင်တွေကြား လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

ရခိုင့်တပ်တော် AA ဟာ ၂၀၂၃ နိုဝင်ဘာလလယ်ကစပြီး ရခိုင်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်သိမ်းပိုက်လာ ခဲ့ရာ လက်ရှိမှာ ပလက်၀၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ စတဲ့ မြို့တွေကို သိမ်းပိုက်ထားပြီး မောင်တောနဲ့ ဘူးသီးတောင်အပါအဝင် ရခိုင်ဒေသမှာ ကျန်နေသေတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကော့ကရိတ် တိုက်ပွဲတွေမှာ စစ်တပ်ဘက် မီးလောင်ဗုံးများအသုံးပြုပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး 


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ဧပြီလ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က စစ်သား ၃၀ ကနေ ၄၀ ကြားသေဆုံးခဲ့ပြီး စစ်တပ်က မီးလောင်ဗုံးတွေသုံးပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေဆီက သိရပါတယ်။

ဧပြီလ ၁၉ ရက်မနက်ပိုင်းကစပြီး ကော့ကရိတ်မြို့နယ်အတွင်း နေရာ ၁၀ နေရာထက်မနည်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ် တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောလိုက်တာပါ။

ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများသလို တော်လှန်ရေးတပ်တွေဘက်ကလည်း သေဆုံးထိခိုက်မှု တွေရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ လတ်တလောမှာ ကော့ကရိတ်ကိုအခြေပြုပြီး မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ကော့ကရိတ်ကို တက်လာတဲ့စစ်ကူအင်အား ၅၀၀ နီးပါးနဲ့ ကော့ကရိတ်မြို့စောင့်တပ် ခလရ ၉၇ က စစ်အင်အား ၃၀၀ ခန့် ပူးပေါင်းထိုးစစ်ဆင်ပြီး မြို့ကို ပြန်လည်သိမ်းယူကာ အခြေပြုဖို့ ကြိုးစားနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ ဖြတ် တောက်တားဆီးခုခံနေမှုကြောင့် စစ်တပ်ဟာ ရှေ့မရောက်ဘဲရှိနေတာပါ။ 

ကော့ကရိတ်နယ်တယိုက်မှာ နေ့စဉ် တိုက်ပွဲတွေပြင်းထန်နေရာ စစ်ကောင်စီက မီးလောင်ဗုံးတွေအသုံးပြုသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးစစ်ကြောင်းတွေကလည်း အသိပေးပါတယ်။  

မြ၀တီဘက်ကို စစ်ကူသွားဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းဟာလည်း အထိနာနေပြီး ကော့ကရိတ်ဘက်ကို ပြန်လည် ဆုတ်ခွာလာတယ်ဆိုတဲ့သတင်းတွေ ထွက်နေသလို ကျုုံဒိုးဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၄။ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို စစ်တပ်က ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်သတ်ဖြတ် 


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်အတွင်းဝင်ရောက်လာတဲ့ စစ်သားနဲ့ ရဲတွေက နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းကျခံနေရသူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် - PPNM က ပြောပါတယ်။   

အာဏာသိမ်းစစ်ကောင်စီကပေးတဲ့ လျော့ရက်ခံစားခွင့် ပုံ ပုံမှာ အကျုံးဝင်ပေမယ့် လွတ်‌မြောက်သူစာရင်းထဲမပါတဲ့ အတွက် အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေအချင်းများရာကနေ ဧပြီလ ၁၈ ရက်နေ့ ညနေ နာရီဝန်းကျင်က စပြီး ထောင်တွင်းဆန္ဒပြပွဲဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆန္ဒပြမှုကို ဖြိုခွင်းဖို့ ရဲနဲ့စစ်သား အင်အား ၇၀ ခန့်ဟာ ကား စီးပါ ယာဉ်တန်းနဲ့ အကျဉ်းထောင်အတွင်း ဝင်ရောက်ကာ ညနေ နာရီ ၁၅ မိနစ်အချိန်စပြီး လက်နက်ငယ်တွေနဲ့ အချက်ရေ ၁၀၀ ထက်မနည်း ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် နိုင်ငံရေး အကျဉ်းသား ဦးအပါအဝင် အကျဉ်းသား ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဉ်းသား ဦးခန့်ဟာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး ၁၀ ဦးကျော်ကလည်း ဆေးဝါးကုသဖို့ အရေးပေါ်လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။

လက်နက်မဲ့ သံတိုင်ကြားက အကျဉ်းသားတွေကို အကျဉ်းဦးစီးဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ နိုင်ငံတကာကို အသိပေးချင်ပါတယ် PPNM ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ အကျဉ်းသားတွေကို ဧပြီလ ၁၉ ရက်နေ့မှာ အကျဉ်းထောင် အတွင်းကနေ လူနာတင်ယာဉ်တွေနဲ့ ခေါ်ထုတ်ပြီး ဆေးရုံမပို့ဘဲ စစ်တပ်ဝန်းအတွင်းက စစ်ဆေးရုံသို့ သယ်ဆောင်သွား တာကိုတွေ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အကျဉ်းထောင်တွင်း လုံခြုံရေးအားအင်အားတိုးထားပြီး မြစ်ကြီးနားအကျဉ်းထောင်အတွင်းဖြစ်ပေါ်ခဲ့တဲ့ သတ်ဖြတ်မှု ညှဉ်းပန်းမှုများ မပေါက်ကြားစေဖို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ရဲနဲ့အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်နေကြောင်းနဲ့ အကျဉ်းထောင်အတွင်းက အကျဉ်းသားတွေကို အကြမ်းဖက်ပစ်ခတ်နှိမ်နှင်း မှုကို မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ ရေစကြိုမြို့ စုပေါင်းရုံးမှာရှိတဲ့ စစ်အုပ်စုက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပေါက်တောရွာက  Non CDM ဆရာမတဦး သေဆုံး  


မကွေးတိုင်း ရေစကြိုမြို့က ရုံးပေါင်းစုံရှိရာ စုပေါင်းရုံးအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာကြောင့် Non CDM ဆရာမတဦး သေဆုံးသွားတယ်လို့ Yesagyo info committee ထံကနေ သိရပါတယ်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးဟာ ရေစကြိုတောင်ဘက် ပေါက်တော ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်ရှေ့ထွက် ထိုင်နေတဲ့ အသက် ၅၂ နှစ်အရွယ် Non CDM ဆရာမ ဒေါ်ခင်စိုးမာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

ထို့အပြင် ညနေ နာရီအချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတလုံး ထပ်မံပစ်ခတ်ခဲ့ရာ ကျောမကြားကျေးရွာ အတွင်းကျရောက် ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိနိုင်ပေမယ့် အသေးစိတ်သိရအောင် စုံစမ်းနေတယ်လို့ Yesagyo info committee က အသိပေးပါတယ်။  

ရေစကြိုမြို့ပေါ်  ရုံးပေါင်းစုံအတွင်း စခန်းချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မူးယစ်သောက်စားရမ်းကားပြီး နာရီခွဲ အချိန်မှာလည်း လက်နက်ကြီး လုံး ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ထို့အတူ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ လိုက်လံဖမ်းဆီးမှုများရှိနေရာ ရုံးပေါင်းစုံအတွင်း အပြစ်မဲ့ပြည်သူ ၃၀ ကျော် ကို လူသားဒိုင်းအနေနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားပြီး ၎င်းတို့အထဲမှတဦးကိုလည်း ဧပြီလ ၁၉ ရက်နေ့ နေ့ခင်း ပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုပါတယ်။

ရေစကြိုနယ်မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေက လက်နက်ကြီးတွေနဲ့ ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကို မကြာခဏပစ်ခတ်နေတာ၊ ခရီးသွားများ၊ လက်လုပ်လက်စားနဲ့ ဈေးသည်တွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ထိခိုက် သေဆုံးမှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဖားကန့် နန့်ယားကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက နန့်ယားကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

ဖားကန့်မြို့နယ် KIA တပ်မဟာ တပ်ရင်း ၄၄ နယ်မြေ နန့်ယားကျေးရွားအနီးတဝိုက်က ဆွတ်ကြိုင်မှော် လို့ခေါ်တဲ့ ခါချဉ်မှော်ဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က Y12 လေယာဉ် စီးနဲ့ ဧပြီလ ၁၉ ရက် မနက် နာရီခွဲ ခန့်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မွန်းလွဲ နာရီကျော်အချိန်မှာလည်း အဆိုပါ‌တိုက်ခိုက်ရေး ရဟတ်ယာဉ်က ဗုံးကြဲပြီး ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်ထဲက နန့်ယားကျေးရွာအနီးတဝိုက်ကို စစ်တပ်က ဗုံးကြဲပစ်ခတ်မှုတွေ လုပ်ခဲ့သလို ညနေပိုင်းမှာလည်း မိုးကောင်းမြို့နယ်ထဲက နမ္မတီးကျေးရွာဘက်ကိုလည်း စစ်တပ် တိုက်လေယာဉ်က ဗုံးကြဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။  

နန့်ယားကျေးရွာအနီးတဝိုက်ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် တိုက်ပွဲဖြစ်တာ မရှိဘဲ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုရှိရာနေရာကို အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၇။ ပူတာအိုရှိ စစ်တပ်ထောက်တိုင် ခရိုနီဦးတေဇပိုင် ဟိုတယ်မီးလောင်


ကချင်ပြည်နယ် ပူတာအိုမြို့မှာရှိပြီး စစ်တပ်ထောက်တိုင် ခရိုနီဦးတေဇပိုင်ဆိုင်တဲ့ Malikha Lodge ဟိုတယ် ယနေ့ ဧပြီ ၂ဝ မနက်အစောပိုင်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး အဆောင်အချို့ ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်မှာရှိတဲ့ Malikha Lodge ဟိုတယ်ဟာ မနက် နာရီခန့်ကစပြီး  မီးစတင်လောင်ကျွမ်းခဲ့တာ လို့ သိရပါတယ်။ 

လက်ရှိမှာ မီးလောင်မှုဖြစ်ရတဲ့အကြောင်းအရင်းကိုမသိရသေးဘဲ ဟိုတယ်ဝင်းကို ပိတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။   

မီးလောင်နေချိန်မှာ ဒေသခံပြည်သူတွေက မီးငြှိတ်သတ်ပေးခဲ့သလို ပူတာအိုမီးသတ်စခန်းက မီးသတ်ကားအချို့ လာရောက် ငြှိမ်းသတ်ပေးခဲ့တာကြောင့် ဘန်ဂလိုနှစ်ဆောင် မီးလောင်ပြာကျသွားတယ်လို့လည်း သိရပါတယ်။

ဦးတေဇဟာ ထူးကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး စစ်တပ်အတွက် ငွေရှာပေးနိုင်သူဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အကြီးမားဆုံး ထောက်တိုင်ခရိုနီအဖြစ် လူသိများသူလည်း ဖြစ်ပါတယ်။ 

သယံဇာတတူးဖော်ရေးလုပ်ငန်းတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်နေတဲ့ ထူးကုမ္ပဏီအုပ်စုဟာ မြန်မာနဲ့ စင်ကာပူမှာ လုပ်ငန်းပေါင်း ၆၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်တပ်က အရပ်သားတွေကို ဖြိုခွင်းတိုက်ခိုက်နိုင်ဖို့ ထူးကုမ္ပဏီက စစ်လက်နက်ကိရိယာများ ကြားခံပံ့ပိုးပေးခဲ့ တဲ့အတွက် ဦးတေဇနဲ့ ထူးကုမ္ပဏီအုပ်စုကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားသလို အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေ ကလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment