29th APR 2024 - Evening Daily News by Radio NUG



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရုတ်အစိုးရ အနေနဲ့ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတာ ရပ်တန့်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီးပြော


ဧပြီလ ၂၉ ရက်။


Radio NUG


တရုတ်အစိုးရအနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို လက်နက်ထောက်ပံ့ပေးနေတာတွေကို ရပ်တန်းက ရပ်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။


ဧပြီလ ၂၈ ရက်နေ့က South China Morning Post သတင်းစာနဲ့ ဘရပ်ဆဲလ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းမှု အစီအစဉ်မှာ အခုလိုပြောဆိုခဲ့တာပါ။


အာဏာသိမ်း စစ်တပ်အနေနဲ့ အခုလို ထောက်ပံတဲ့ လက်နက်တွေကို အသုံးချပြီး ကိုယ့်ပြည်သူတွေကို ပြန်သတ်ဖြတ် နေတာကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံ အနေနဲ့ လက်နက် ရောင်းချပေးတာ၊ ငွေကြေး ထောက်ပံ့ပေးတာတွေကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


ဒီတောင်းဆိုချက်ကို NUG အနေနဲ့ တရုတ်အစိုးရထံ စာရေးသား ပေးပို့ထားတာရှိပေမယ့် တရုတ်ဘက်က လက်ခံရရှိကြောင်းသာ အကြောင်းပြန်ခဲ့ပြီး တခြား တုံ့ပြန်ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာလည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ  စစ်ကောင်စီက ဒေါ်လာတစ်ဘီလီယံလောက် တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကို တင်သွင်းခဲ့ပြီး အဆိုပါ လက်နက်တွေဟာ တရုတ်၊ ရုရှားနဲ့ စင်ကာပူ နိုင်ငံတွေကနေ လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် အာဆီယံနိုင်ငံတွေ အနေနဲ့ စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေကနေ ဖယ်ထုတ်ထား ဖို့ကို ထပ်မံတိုက်တွန်းထားပြီး နိုင်ငံရေးနဲ့ မသက်ဆိုင်သူတွေကို တက်ရောက်ခွင့် ပေးရာမှာလည်း စစ်ကောင်စီရဲ့ အစိုးရ ယန္တယားထဲ တာဝန်ယူထားတဲ့သူတွေ တက်ရောက်ခွင့် ရနေတယ်လို့ ဝန်ကြီးက ထောက်ပြခဲ့ပါတယ်။


========================


📌📌 ၂။ မြစ်ကြီးနားထောင်က အကြမ်းဖက်ဖြိုခွဲမှုမှာ နိုင်ကျဉ်းတွေ အပါအဝင် အကျဉ်းသား ဦး ကျဆုံးခဲ့ပြီး ၁၉ ဦးကို စစ်ကောင်စီက တိုက်ပိတ်ထား


ဧပြီလ ၂၉ ရက်။


Radio NUG


ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်က ထောင်တွင်း ဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ဖြစ်စဉ် အတွင်း နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် ဦး ကျဆုံးခဲ့ပြီး ၁၉ ဦးကို စစ်ကောင်စီက တိုက်ပိတ်ထား တယ် လို့ သတင်းရရှိပါတယ်။


ဧပြီလ ၁၈ ရက်မှာ အဆိုပါ ထောင်တွင်း ဆန္ဒပြမှုကို စစ်ကောင်စီ လက်အောက်ခံ ထောင်ဝန်ထမ်းတွေ၊ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။


ထိုကဲ့သို့ ပစ်ခတ်ဖြိုခွင်း ခဲ့တာကြောင့် နိုင်ကျဉ်း ဦးနဲ့ အကျဉ်းသား ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကာ ဧပြီလ ၂၁ ရက်နေ့မှာပဲ နောက်ထပ် နိုင်ကျဉ်း ဦး ဆေးကုသမှု ခံယူနေရင်း ထပ်မံသေဆုံးသွား ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ ထံက သိရပါတယ်။


ထို့ပြင် အဲ့ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုပြီး နောက်ထပ် နိုင်ကျဉ်းတွေ အပါအဝင် အကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားခဲ့ပြီး မတရားပုဒ်မတွေနဲ့ ပစ်ဒဏ်ထပ်တိုးချနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက စီစဉ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အဆိုပါ မတရား တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသား ၁၉ ဦး အတွက်ကို ထောင်ဝင်စာ ပါဆယ် ပေးပို့ခွင့် ကိုလည်း စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။


ထိုအပြင် ဆန္ဒပြမှု ဖြစ်စဥ်မှာ တာဝန်ရှိတယ်လို့ဆိုကာ စစ်ကောင်စီ လက်အောက်ခံ အကျဥ်းဦးစီးဌာနက ထောင်ပိုင်လေး၊ ထောင်ဆေးရုံဆရာဝန် အပါအဝင် ဝန်ထမ်း ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့  သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မင်းတပ်ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပါဝင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ချင်းပြည်အစိုးရ ကြေညာ


ချင်းပြည်နယ် မင်းတပ်မြို့နယ်က ပြည်သူလူထုအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအပါအဝင် ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် အရေးယူတုံ့ပြန်သွားမယ်လို့ ချင်းပြည်အစိုးရက သတိပေးထုတ်ပြန်လိုက်ပါတယ်။ 

မင်းတပ်မြို့နယ် ဝမ္မသူးပြည်သူ့ဆေးရုံ ပျက်စီးသွားခဲ့ပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ချင်းပြည် (Chinland) အစိုးရက ဧပြီ ၂၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ဧပြီ ၂၅ ရက်က မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

မင်းတပ်မြို့နယ် ဝမ္မသူးပြည်သူ့ဆေးရုံနဲ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုဖြစ်စဉ်အပေါ် အလွန်ဝမ်းနည်းမိပါကြောင်းနဲ့ ချင်းပြည် (Chinland) အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးကူညီပေးသွားမည်မယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ အပြစ်မဲ့မင်းတပ်ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ လူသားမဆန်စွာ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲက ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြုံမှုကို နေ့စဉ်ခြိမ်းခြောက်နေပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့် ဆက်လက်ကျူးလွန်နေတာကို တွေ့ရတယ်လို့ ချင်းပြည်အစိုးရက ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ်  အကြမ်းဖက် စစ်တပ်က ကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းတွေသုံးပြီး မြန်ဆန်ထိ ရောက်စွာ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေး NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆို ထားပါတယ်။

စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ရုံသာမက ရက်စက်နိုင်သမျှနည်းလမ်တွေသုံးပြီး အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်နေတဲ့ လူစိတ်ပျောက်နေသောအကြမ်းဖက်စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေနဲ့ မိမိတို့ လုပ်ရပ်များကို ရပ်တန်းကရပ်ကြဖို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကလည်း အလေးအနက်တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်သိမ်းယူ 


ကချင်ပြည်နယ် ဆင်ဘိုမြို့မှာရှိတဲ့ ခလရ-၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းယူပြီးနောက် ဟိုပင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆင်ဘိုမြို့မှာရှိတဲ့ ခလရ -၁၄၁ တပ်ရင်းကို KIA နှင့် KPDF ပူးပေါင်းတပ်က မနေ့ ဧပြီ ၂၈ရက်ညနေပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဒီနေ့ ဧပြီ ၂၉ မနက်ပိုင်းကစပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ -၁၄၁ တပ်ရင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဟာ ဖေဖော်ဝါရီ ဒုတိယ ပတ်ကတည်းက ဆင်ဘိုမြို့မှာရှိတဲ့ စစ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

 ခလရ -၁၄၁ တပ်ရင်းရဲ့ ကားကင်စခန်းတွေကို ဧပြီ ၂၆ နဲ့ ၂၇ မှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး တပ်ရင်း ဌာနချုပ်ဖြစ်တဲ့ ခလရ ၁၄၁ ကိုတော့ ဧပြီ ၂၈ မှာ လေယာဉ်ပစ်ကူတွေကြားကနေ သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့တဲ့ ခလရ-၁၄၁ တပ်ရင်းဟာ ဗျူဟာအရအရေးပါ စစ်စခန်းကြီးဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းကိုပါ စိုးမိုးထားတဲ့စခန်းဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီတပ်ရင်းဟာ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်-မပခ လုံခြုံရေးအတွက် အရေးပါတဲ့ တပ်ရင်းဖြစ်ပြီး စစ်ကောင်စီဘက်က အသဲအသန်ခုခံတိုက်ခိုက်ခဲ့တာကြောင့် အကြိမ်ကြိမ်ထိုးစစ်ဆင်ပြီးမှာ ခက်ခက်ခဲခဲ သိမ်းယူခဲ့ရတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်-မပခ လုံခြုံရေးအတွက် အရေးပါတဲ့ တပ်ရင်းကို ဆုံးရှုံးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ဟိုပင်မြို့မှာရှိတဲ့ ခလရ-၄၀ကနေပြီး ဆင်ဘိုမြို့ကို ဒီနေ့မနက်အစောပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေ တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၃။ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ကားတစီးပျက်စီး


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အပိုင် မုံရွာ -ချောင်းဦးလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစီးပျက်စီးသွားတယ်လို့ People's Defense Force - South Monywa တပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

မနေ့ ဧပြီလ ၂၈ ရက် မနက် ၁၁ နာရီ မိနစ် ၄၀ ခန့်အချိန်က ချောင်းဦးမြို့အထွက်မှာရှိတဲ့ မြပုလဲစစ်တပ်ဂိတ်ကနေ စစ်သားအချို့ကိုတင်ပြီး မုံရွာဘက်ထွက်လာတဲ့ ဂျန်မာတပ်စစ်ကား အသင့်ထောင်ထားတဲ့ မိုင်းပွိုင့်ပေါ် ရောက်ချိန်မှာ ပဒေသာမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားကိုထိမှန်ခဲ့ပြီး ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က မိုင်းစထိမှန်ပျက်စီးသွားတဲ့ကားကို နာရီဝက်ခန့်ကြာ ပြန်လည်ပြင်ဆင်ပြီး မုံရွာဘက် ဆက်လက်ထွက် ခွာသွားကြောင်းတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုအခြေအနေသိရှိနိုင်ဖို့ စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။

အဲဒီနောက် မွန်းလွဲ နာရီ ၄၈ မိနစ်ခန့်အချိန်မှာလည်း စစ်ကိုင်းမြို့ တပ်မ ၃၃ကနေ ထွက်လာပြီး အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ဖောကား စီးပါယာဉ်တန်းကို ပဒေသာမိုင်း လုံး တပွိုင့်၊ လုံး တပွိုင့်တို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတစီးပျက်စီးသွားတာကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People's Defense Force - South Monywa တပ်ခွဲ တပ်စု Youth Vigor Revolution Force နဲ့ မုံရွာခရိုင် တပ်ရင်း ၁၁ တပ်ခွဲ Black Hunter People's Task Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၄။ မင်္ဂလာဒုံ ခလရ (၁၀၆) ဖျက်အားပြင်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး သုံးဦးထပ်မနည်း သေဆုံး


ဧပြီလ ၂၉ ရက်။


Radio NUG


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၀၆) တပ်ရင်းဂိတ်ကို ပြင်းအားမြင့် အဝေးထိန်းမိုင်း အမျိုးအစားဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦး ထက်မနည်း သေဆုံးခဲ့ တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ကပြောပါတယ်။


ဧပြီလ ၂၇ ရက်နေ့ ညနေ နာရီ ၄၀ မိနစ်တွင် ၎င်း ခလရ ၁၀၆ တပ်ရင်း အဝင် ဂိတ်နှစ်ခုကို ပြင်းအား မြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တစ်သား ဦးထပ်မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ အများ အပြားလည်း ရှိကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ စစ်ရေးတာဝန်ခံက ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) အနောက်ပိုင်းခရိုင် .က. နှင့် YGA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကာ တိုက်ပွဲဝင် ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ လှိုင်သာယာ ရဲစခန်း ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ


ဧပြီလ ၂၉ ရက်။


Radio NUG


ရန်ကုန်တိုင်း၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ညောင်တုန်း လမ်းမပေါ်က စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  Dark Shadow အဖွဲ့ထံက သိရပါတယ်။


ဧပြီလ ၂၈ ရက်နေ့ နာရီခွဲ အချိန်က အဆိုပါ ရဲစခန်းအား Urban Freedom စစ်ဆင်ရေးအနေဖြင့်  ၄၀ မမ ဗုံးသီး လေးလုံး ပစ်ခတ်တိုက် ခိုက်ခဲ့တာလို့ Dark Shadow အဖွဲ့ တာဝန်ခံ အရိပ်က ပြောပါတယ်။


ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ထိခိုက်မှု ရှိခဲ့တယ်လို့ ကြားသိရပြီး စစ်- ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ ရဲဘော်များ အားလုံး ဘေးကင်းလုံခြုံတယ်လို့ Dark Shadow အဖွဲ့က ထုတ်ပြန်ထား ပါတယ်။


ယခု စစ်ဆင်ရေးမှာ အသုံးပြုခဲ့တဲ့ ၄၀ မမ ဟာ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက ပြုလုပ်ခဲ့တဲ့မမနှင့်အတူ မြိုပြကူ" ကမ်ပိန်းကနေ ရရှိခဲ့တဲ့ ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့ ဝယ်ယူထားတာ ဖြစ်တယ်လို့ Dark Shadow အဖွဲ့က အသိပေး ထားပါတယ်။


Dark Shadow အဖွဲ့ဟာ Urban Freedom စစ်ဆင်ရေးကို ဧပြီ ၁၀ ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပြီး ယခုတစ်ကြိမ်ဟာ ကြိမ်မြောက် စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကလည်း လှိုင်သာယာ မြို့မရဲစခန်းကို Urban Freedom စစ်ဆင်ရေး အနေ ဖြင့် Dark Shadow အဖွဲက လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် ခဲ့ပါသေးတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment