29th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကျဆုံး PDF ဦးရဲ့ မိသားစုကို NUG က ငွေကျပ် ၁၀ သိန်းထောက်ပံ့ခဲ့

📌 ၂။ စစ်အုပ်စု အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ သက်တမ်းတိုးမယ်လို့ အီးယူ ကြေညာ

📌 ၃။ မြန်မာနိုင်ငံမှာ နေ့အပူချိန် ဆက်လက်မြင့်တက်နေပြီး ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ ထိပ်ဆုံးကရပ်တည်


၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျောင်းသားလက်ရုံးတပ်တော် () နှစ်ပြည့် တပ်‌တော်နေ့အခမ်းအနားကျင်းပ

🚩 ၂။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ အပတ်စဥ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

🚩 ၃။ ဧရာဝတီ မြစ်ကမ်းဘေးက စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၄။ စစ်သားတွေ စောင့်နေတဲ့ အင်းဝဘဏ်ဘေးက ကယ်ရီဂိတ်မှာ စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်ခတ်ခံရ

🚩 ၅။ ကန်ပက်လက်မြို့ လွန်ဒုံရွာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ဦးဒဏ်ရာရကာ ဆေးပေးခန်းနဲ့ နေအိမ်အချို့ပျက်စီး

🚩 ၆။ ရန်သူအခြေအနေကို ကြိုတင်သိမြင်နိုင်ဖို့ ကင်းထောက် Drone နှင့် ညကြည့် Night Scope ပစ္စည်းများအတွက် Ravens' Eyes Campaign ပြုလုပ်

🚩 ၇။ ယောကာကွယ်ရေးတပ်မှ Tatical Drone ကိုဖော်ထုတ်ပြသ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကျဆုံး PDF ဦးရဲ့ မိသားစုကို NUG က ငွေကျပ် ၁၀ သိန်းထောက်ပံ့ခဲ့


ဧပြီ ၂၈ ရက်။

Radio NUG

မကွေးတိုင်း၊ မြို့သစ်မြို့နယ်က စစ်ဆင်ရေး အတွင်းမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တစ်ဦးရဲ့ မိသားစုအား အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ငွေကျပ် ၁၀ သိန်း ကူညီထောက်ပံ ပေးခဲ့တယ်လို့ တိုက်ဒေါင်း ပကဖ ထံက သိရပါတယ်။


အဆိုပါ ကျဆုံးရဲဘော်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က မြို့သစ်မြို့နယ်အတွင်း စစ်ဆင်ရေးတစ်ခုကို သွားရောက်ဆောင်ရွက်ချိန်မှာ အပစ်ခံရပြီး ကျဆုံးသွားခဲ့တာလို့ တိုက်ဒေါင်း ပကဖ ပြန်ကြား‌ရေး တာဝန်ရှိသူ ကိုပုညက ပြောပြပါတယ်။


၎င်းဟာ မကွေးအခြေစိုက် တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ က အသက် ၃၈ အရွယ်ရှိ ရဲဘော် အံကျော် () မာန်ရှင်းဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းမှူးမှတဆင့် သူ့ရဲ့မိသားစုကို ဆက်သွယ်ပြီး ဧပြီလ ၂၈ ရက်နေ့က ထောက်ပံပေးခဲ့တာလို့ သိရပါတယ်။


စစ်အာဏာသိမ်းပြီး နောက်ပိုင်း လက်နက်ကိုင်‌ တော်လှန်ရေးအတွင်း တိုက်ဒေါင်း (ပကဖ) မှ ရဲဘော် ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၂။ စစ်အုပ်စု အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ သက်တမ်းတိုးမယ်လို့ အီးယူ ကြေညာ


ဧပြီလ ၂၈ရက်။

စစ်ခေါင်းဆောင်အပါအဝင်၊ စစ်အုပ်စု နဲ့ ပတ်သက်ဆင်နွယ်နေတဲ့ လူပေါင်း ၁၀၀‌ ကျော်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို တစ်နှစ်သက်တမ်းတိုးမယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာထားပါတယ်။


မြန်မာ စစ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ၂၀၂၅ ခုနှစ် ဧပြီ ၃၀ရက်နေ့ အထိ သက်တမ်းတိုးမြှင့်တိုက်ကြောင်း အီးယူ က ကြေညာခဲ့ပါတယ်။


အီးယူက အရေးယူပိတ်ဆို့ထားတဲ့ အထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒု -စစ်ခေါင်းဆောင် စိုးဝင်းနဲ့ ယာယီမ္မတ ဦးမြင့်ဆွေနဲ့ စစ်ကောင်စီအဖွဲ့တွေအပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၃ ဦးနဲ့ အဖွဲ့အစည်း ၂၁ ဖွဲ့တို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ သက်တမ်းထပ်တိုးခဲ့တာပါ။


EU ရဲ့ ပိတ်ဆို့ မှုအရ ပိုင်ဆိုင်မှုပိတ်သိမ်းတာအပြင် ပိတ်ဆို့ခံထားရသူတွေ အကျိုးရှိစေမယ့် ရန်ပုံငွေနဲ့ စီးပွားရေးအရင်းအမြစ် ပိတ်ပင်တာ၊ ဥရောပသဂ္ဂနိုင်ငံတွေ ခရီးသွားခွင့် ပိတ်ပင်တာတွေပါဝင်ပါတယ်။

ဥရောပသမဂ္ဂ အနေနဲ့ လက်နက်နဲ့ လက်နက်ထုတ်လုပ်မယ့်ကုန်ကြမ်းတွေ၊ ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုလို့ရနိုင်မယ့် ဆက်သွယ်ရေးစောင့်ကြည့်ပစ္စည်းတွေ တင်ပို့မှုတွေကို ဆက်လက်ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံမှာ နေ့အပူချိန် ဆက်လက်မြင့်တက်နေပြီး ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ ထိပ်ဆုံးကရပ်တည်


ဧပြီလ ၂၈ရက်။

မြန်မာနိုင်ငံမှာ နေ့အပူချိန့်တွေ ဆက်လက်မြင့်တက်နေပြီး ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာလည်း ထိပ်ဆုံးက ရပ်တည်နေတယ် လို့ ကမ္ဘာ့အပူချိန်နဲ့မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်နေတဲ့ အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်စာမျက်နှာက ထုတ်ပြန်ထား ပါတယ်။

ကမ္ဘာ့အပူချိန်အမြင့်ဆုံး နံပါတ် နေရာကို ချောက်မြို့က ၄၇ ဒသမ ဒီဂရီဆဲလ်ဆီးယပ်နဲ့ ထိပ်ဆုံးကို ပြန်ရောက်လာတယ် လို့ ဖော်ပြထားပါတယ်။ 

ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့ ၁၅ မြို့ ထဲမှာ မြန်မာနိုင်ငံက မြို့ မြို့အထိ ပါဝင်နေပြီး ညောင်ဦးမြို့က ၄၅ ဒီဂရီဆဲလ်ဆီးယပ်နဲ့ နံပါတ် ၈၊ မကွေးမြို့က ၄၅ ဒသမ ဒီဂရီဆဲလ်ဆီးယပ်နဲ့ နံပါတ် ၆၊ မင်းဘူးမြို့က ၄၅ ဒသမ ဒီဂရီဆဲလ်ဆီးယပ်နဲ့ နံပါတ် နေရာမှာ အသီးသီးရှိနေပြီး နံပါတ် နေရာကိုတော့ ချောက်မြို့က ၄၇ ဒသမ ဒီဂရီဆဲလ်ဆီးယပ်နဲ့ ထိပ်ဆုံးကို ပြန်ရောက် လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ရက်နေ့တုန်းကလည်း ချောက်မြို့ဟာ ၄၇ ဒသမ ဒီဂရီဆဲလ်ဆီးယပ်နဲ့ စံချိန်သစ်တင်ခဲ့တာ ရှိပါတယ်။

မိုးနည်းရပ်ဝန်းဒေသ ခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုရင် အခုသီတင်းပတ်ထဲမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ဒီဂရီ စင်တီဂရိတ်ကနေ ဒီဂရီစင်တီဂရိတ်အထိ ပိုမြင့်လာတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ အောင်လံမြို့ဟာ စခန်းစဖွင့်ချိန်ကနေ နှစ်ပေါင်း ၄ဝ အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး ၄၄ ဒသမ ဒီဂရီ ဆဲလ်စီးယပ် ၁၁၂ ဒသမ ဒီဂရီဖာရင်ဟိုက် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

အလားတူ ဧပြီ ၂၇ ရက်နေ့လည်း စစ်ကိုင်းမြို့ဟာ စခန်းစဖွင့်ချိန်ကနေ ၅၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန် အဖြစ် ၄၃ ဒီဂရီ ဆဲလ်စီးယပ် ၁၁ဝ ဒသမ ဒီဂရီ ဖာရင်ဟိုက်နဲ့ စံချိန်သစ် တင်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းက တို့တသက် ဒီနှစ်အပူဆုံးပဲ။ အဆောက်အအုံကြီးကြီးမားမားတွေရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာတောင် ပူတယ်ဆိုတော့ ဒီနှစ်က အပူဆုံးနှစ်ပဲလို့ အသက် ၆၇ နှစ်အရွယ်ရှိတဲ့ စစ်ကိုင်းမြို့ခံတဦးက ပြောပါတယ်။ 

ဒီလို နေ့အပူချိန်တွေ ဆက်တိုက်မြင့်တက်လာတာကြောင့် ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက မနက် ၁ဝ နာရီကနေ ညနေ နာရီအတွင်း အရိပ်အာဝါသရှိတဲ့နေရာတွေမှာနေကြဖို့၊ ရေများများသောက်ကြဖို့၊ ချောင်ချောင်ချိချိရှိမယ့် အဝတ်အစားတွေဝတ်ဖို့နဲ့ အရက်သေစာတွေ အလွန်အကျွန်မသောက်ကြဖို့ သတိပေးနေတာတွေရှိပါတယ်။ 

အပူချိန်မြင့်တက်လာတာနဲ့အမျှ ရေရှားပါးခြင်း၊ဝမ်းပျက်ဝမ်းလျောရောဂါ၊ အရေပြားရောဂါ၊ မျက်ခမ်းစပ်ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါသည်များအနေနဲ့ နေ့အပူချိန်မြင့် တက်နေချိန်မှာ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကနေရှောင်ရှားနိုင်ဖို့ အရိပ်အာဝါသကောင်းတဲ့နေရာတွေမှာ နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းနွေဦး၊ ခါးရှယ်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကျောင်းသားလက်ရုံးတပ်တော် () နှစ်ပြည့် တပ်‌တော်နေ့အခမ်းအနားကျင်းပ


ဧပြီ ၂၈ ရက်။

Radio NUG

ကျောင်းသားလက်ရုံးတပ်တော် () နှစ်ပြည့် တပ်တော်နေ့အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း Student Armed Force ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။ 


 ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၇ )ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်ဗဟိုဌာနချုပ်နှင့် တပ်တော်၏စစ်ဒေသအသီးသီးတွင် ကျောင်းသားလက်ရုံးတပ်တော် () နှစ်ပြည့် တပ်တော်နေ့အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် တပ်တော်နေ့ဂုဏ်ပြုစစ်ကြောင်းမှ စစ်ရေးပြကွင်းအတွင်းသို့ ချီတက်အလေးပြုခြင်း မိခင်သမဂ္ဂခွပ်ဒေါင်းအလံတော် နှင့်တပ်တော်၏ အလံတော်အားအလေးပြုခြင်း ကျဆုံးလေပြီသော အာဇာနည် ရဲဘော်အပေါင်းအားအလေးပြုခြင်း၊ .က. များ - ရန်ကုန် / ကျောင်းသားလက်ရုံးတပ်တော် တပ်တော်နေ့ ထုတ်ပြန်ချက်အားဖတ်ကြားခြင်း ကျောင်းသားလက်ရုံးတပ်တော်တပ်တော်နေ့ဗဟိုကော်မတီထုတ်ပြန်ကြေညာချက်အားဖတ်ကြားခြင်း ၊ကျောင်းသားလက်ရုံးတပ်တော် စစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားခြင်း နှင့် တပ်တော်နေ့သို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများဖတ်ကြားခြင်းအား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်သည် "အဖိနှိပ်ခံလူထုလွတ်မြောက်ရေး နှင့် နိုင်ငံတော်သစ်တည်ဆောက်ရေး"အတွက် ကျောင်းသားရဲဘော်များသာမက လူတန်းစားအလွှာအသီးသီး အမှန်တရားအတွက် အသက်ကိုပဓာဏမထားသော ကျောင်းသားစိတ်ဓာတ်ရှိသူမည်သူမဆို တပ်တော်သို့ဝင်ရောက်အမူထမ်းဆောင်နိုင် ကြောင်း အသိပေးထားပြီး Facebook Page သို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးထုတ်ပြန်ထားပါသည်။


========================


🚩🚩 ၂။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ အပတ်စဥ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်


ဧပြီလ ၂၈ရက်

Radio NUG 

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပတ်စဥ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ဧပြီလ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော တို့တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရပါတယ်။

သင်တန်းဆင်းပွဲမှာသင်တန်းဆင်းရဲဘော်တွေက သစ္စာအဓိဌာန်ပြုခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းရဲဘော်များကို လက်နက်ပေးအပ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) မှထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဧရာဝတီ မြစ်ကမ်းဘေးက စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ


ဧပြီ ၂၈ ရက်။

Radio NUG

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးက စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၆၀ ခန့် အထိုင်ချ တပ်စွဲထားတဲ့ ကြည်ရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၂၀ ရက်နေ့က ကြည်ရွာရှိ အဆိုပါ စစ်ကောင်စီ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနဲ့ ပျူစောထီး (၁၅) ဦး သေဆုံးခဲ့ပြီး စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


သုံးနာရီခန့် ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း မြင်းခြံခရိုင်၊ အမှတ် () တပ်ရင်းမှ ရဲဘော် အာကာမင်း (P-14803 009) ကျဆုံးခဲ့ရပြီး ရဲဘော် ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။


 အဆိုပါစခန်းကို သိမ်းပိုက်ရှင်းလင်း နေစဉ်အတွင်း ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သင်္ဘောနဲ့  တပ်ကူများ ရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။


 ၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ထံမှ ၆၀ မမ အထိုင်ပြောင်း လက်၊ ၆၀ မမ ဗုံးသီး လုံး၊ MA-3 လက်၊ .၅၆ ကျည် (ကပစ) ၁၂၅ တောင့်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ယခုတိုက်ပွဲကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း (မြေလတ်,ဒေါင်းအိုးဝေ,Seven, မို‌ရှေဒါယန်း) မြင်းခြံ ခရိုင် အမှတ် () တပ်ရင်း၊ Burmse Guerrilla Force (BGF Myingyan) Myingyan District Drone Strike MP-9 Myingyan Dranger Dynamite မိုင်းဇာနည်စတဲ့ ညီနောင်မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ စစ်သားတွေ စောင့်နေတဲ့ အင်းဝဘဏ်ဘေးက ကယ်ရီဂိတ်မှာ စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်ခတ်ခံရ


ဧပြီ ၂၈ ရက်။

Radio NUG


ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာနေ စစ်ကောင်စီသတင်းပေး စစ်မှုထမ်းဟောင်း အငြိမ်းစား တစ်ဦးကို သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း (၇၈၀၅) တပ်ခွဲ () UG အဖွဲ့ထံက သိရပါတယ်။

ဧပြီလ ၂၆ ရက် မနက် နာရီ ၁၀ မိနစ်မှာ စစ်ကောင်စီ တပ်သားများ လုံခြုံရေး ယူထားတဲ့ အင်းဝဘဏ် နဲ့ နီလာတည်းခိုခန်း ဘေးက ဆိုင်ကယ်ကယ်ရီဂိတ်မှာ UG ရဲဘော်များက (ပစ်စတို)သေနတ်ဖြင့် ချက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ထိုသို့ ပစ်ခတ်ခဲ့မှုကြောင့် ကျော်ကျော်ရဲ့ ပေါင်နဲ့ ဆီးခုံနေရာမှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး သထုံဆေးရုံ ကို ပို့ဆောင်ကုသနေရာမှ ဧပြီလ ၂၇ ရက်နေ့မှာတော့ ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရကြောင်း တပ်ရင်း (၇၈၀၅) UG အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။


 ပစ်ခတ်မှု ဆောင်ရွက်ခဲ့စဉ်မှာ အင်းဝဘဏ်နဲ့ ကျိုက်ထို ထွေအုပ်ရုံးမှာ လုံခြုံ‌ရေး ယူထားတဲ့ စစ်ကောင်စီ တပ်သားများက ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး UG ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။


 ထို့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေကြဖို့နဲ့ အားတင်းထားကြဖို့ကို မှာကြားလိုပြီး တပ်ရင်းက ပြုလုပ်နေတဲ့တော်လှန်ရေးလည်းကူ ပန်းချီလက်ဆောင်လည်းယူကမ်ပိန်းကိုလည်း ပါဝင်ကူညီ ပေးကြဖို့ တပ်ရင်း (၇၈၀၅) တပ်ခွဲ () UG အဖွဲ့ တာဝန်ရှိသူက တိုက်တွန်းခဲ့ပါတယ်။

အဆိုပါ တပ်ရင်း (၇၈၀၅) UG အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က လက်နက် ကိုင်ထားတဲ့ ကော့ထင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဧပြီလ ၁၈ ရက်ကလည်း မြောက်ပိုင်းရပ်ကွက်က ရာအိမ်မှူး တစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ ကန်ပက်လက်မြို့ လွန်ဒုံရွာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ဦးဒဏ်ရာရကာ ဆေးပေးခန်းနဲ့ နေအိမ်အချို့ပျက်စီး


ဧပြီလ ၂၈ရက်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် လွန်ဒုံရွာကို စစ်ကောင်စီက ဧပြီ ၂၈ မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးပေးခန်းနဲ့နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဧပြီ ၂၈ရက် နေ့လည် နာရီခွဲခန့်အချိန်မှာ လွန်ဒုံရွာကို စစ်တပ်က လေကြောင်းကနေ ၂ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၆၈ အရွယ် အမျိုးသားတဦးနဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရကာ အသက် ၁၈ နှစ် အရွယ် အမျိုးသမီးတဦးက မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိမှာ အသုံးပြုနိုင်ခြင်းမရှိတဲ့ လွန်ဒုံကျေးရွာက ဆေးပေးခန်းနဲ့ နေအိမ် လုံး လုံးဝ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လွန်ဒုံကျေးရွာဟာ အိမ်ခြေ ၃၀ ကျော်သာရှိတဲ့ ကျေးရွာငယ်လေးဖြစ်ပြီး စစ်မက်ဖြစ်ပွားတာမရှိတဲ့ဒေသက အရပ်သား ပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဒီ ဧပြီလထဲမှာပဲ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ရာမှာ ဧပြီ ရက်က ဖျန်ချောင်းကျေးရွာကိုတကြိမ်၊ ဧပြီ ၁၇ ရက်မှာ အုံကျေးရွာ၊ လွီးစုံကျေးရွာ၊ ကောက်ဆောင်း ကျေးရွာတို့ကို တကြိမ်၊ ဧပြီ ၂၈ မှာ လွန်ဒုံရွာကို ကြိမ် တိုက်ခိုက်ခဲ့တာလို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေး မှတ်တမ်းတွေအရ သိရပါတယ်။

ဧပြီ ၂၄ ရက်ကလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ တာကြောင့် ဆေးကုသနေတဲ့ အရပ်သားပြည်သူ ၅ဦး သေဆုံးခဲ့ကာ ဒဏ်ရာပြင်းထန်သူ ၁၆ ဦး အပါအဝင် အရပ်သား ၃၀ဦး ဒဏ်ရာရတယ်လို့ မင်းတပ် CDF ကထုတ်ပြန်ခဲ့ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ စာသင်ကျောင်းနဲ့ ဆေးပေးခန်းစတဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အဆိုပါနေရာတွေကနေ ကြိုတင်တိမ်းရှောင်ခြင်း၊ ဗုံးခိုကျင်းများ တူးထားခြင်း၊ လေကြောင်းအန္တရာယ်ကာကွယ်ခြင်းများကို ကြိုတင်ဆောင်ရွက်ထားဖို့နဲ့ ကန်ပက်လက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့သို့ အချိန်နဲ့တပြေးညီ ချိတ်ဆက်ဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၆။ ရန်သူအခြေအနေကို ကြိုတင်သိမြင်နိုင်ဖို့ ကင်းထောက် Drone နှင့် ညကြည့် Night Scope ပစ္စည်းများအတွက် Ravens' Eyes Campaign ပြုလုပ်


ဧပြီ ၂၈ရက်

Radio NUG 

ရန်သူအခြေအနေကို ကြိုတင်သိမြင်နိုင်ဖို့ ကျပ် သိန်း ၃၀၀ 'Ravens' Eyes Campaign ' ကို 27ရက်ဧပြီလမှ 27ရက် ဇွန်လအထိ ပြုလုပ်မည်ဖြစ်ကြာင်း တောကျီးကန်း () ကောင် စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တောကျီးကန်း ()ကောင်စစ်ကြောင်း ဟာ စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်ထိ စစ်‌ရေးတွေဖော်ဆောင်ရင်း တော်လှန်းရေးအတွက် တိုက်ပွဲတွေဆင်နွဲခဲ့ပြီး စစ်ကောင်စီတပ်သားများစွာကိုလည်း ရှင်းလင်းနိုင်ခဲ့ပါတယ်။  ယခုအချိန်ခါဟာ စစ်ရေးမြင့်တက်လာနေတဲ့ ကာလဖြစ်ပါတယ်။ တောကျီးကန်းစစ်ကြောင်း အနေဖြင့်လည်း လိုအပ်ချက်များရှိတဲ့ကြားမှ မနားမနေ လိုအပ်ရင်လိုအပ်သလို တိုက်ပွဲတွေဖော်ဆောင်နေရပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုလို တိုက်ပွဲတွေဖော်ဆောင်ရာမှာ အရေးကြီးတဲ့ ရန်သူရဲ့အခြေအနေနဲ့ မြေပြင်အနေအထားတွေကို ကြိုတင်သိရှိနိုင်ဖို့က အလွန်အရေးကြီးလှပါတယ်။ အဲ့လို ရန်သူအခြေအနေကို ကြိုတင်သိမြင်နိုင်ဖို့ ကင်းထောက် Drone နှင့် ညကြည့် Night Scope ပစ္စည်းများအရေးပေါ် လိုအပ်နေပါတယ်။

အဲ့ဒီအတွက်ကြောင့် Ravens' Eye ဆိုတဲ့ကမ်ပိန်းလေး ပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်လို့ ထပ်လောင်း ပြောဆိုထားပါတယ်။

ကမ်ပိန်းလေးရဲ့Target ကို သိန်း (၃၀၀) ကျပ် သတ်မှတ်ထားပြီး ရရှိငွေများနှင့် လိုအပ်နေတဲ့ "ကင်းထောက် Drone"  နှင့် "ညကြည့် Night Scope" တို့ကိုဝယ်ယူသွားမှာဖြစ်ပါတယ်။

တောကျီးကန်း () ကောင် စစ်ကြောင်းအနေဖြင့်လည်း စစ်အာဏာရှင်ပျက်သုဉ်းသွားသည့်တိုင် ဆက်လက် တော်လှန် တိုက်ပွဲဝင်သွားမည်ဟု ကတိပြုအပ်ပါဟု ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ယောကာကွယ်ရေးတပ်မှ Tatical Drone ကိုဖော်ထုတ်ပြသ


ဧပြီလ ၂၈ရက်။

ယောကာကွယ်ရေးတပ် YDFမှ ဧပြီလ ၂၈ရက်နေ့မှာ Tactical Drone ရဲ့နည်းပညာနဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

အဆိုပါTactical Drone ကတော့ Federal Wings ရဲ့ Hexacopter ဒရုန်းပဲဖြစ်ပြီးတော့ အခြေအနေအချိန်အခါအလိုက် ရန်သူကို ထိထိရောက်ရောက် ခြေမှုန်းဖို့ရာသုံးပါတယ်။ Payload 8 Kg ထိ သယ်နိုင်ပြီး 2 Kg ဗုံးသီး လုံးသယ်ယူနိုင်ပြီး ရန်သူ့ဘန်ကာလို အထိုင်စခန်းလိုနေရာတွေအတွက် GPS နဲ့ Autonomous mode အသုံးပြုပြီး တိတိကျကျခြေမှုန်းနိုင်သလို၊ ရန်သူ့စစ်ကြောင်းများကိုလည်း manual control နဲ့ ထိထိရောက်ရောက်တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

Federal Wings ရဲ့ ဒရုန်းရဲ့တန်ဖိုးကြီးမားလှသလို ထိရောက်မှုအားကောင်းတဲ့ ဒရုန်းတွေဖြစ်ပါတယ်။ ဗုံးသီးရဲ့ အားကောင်းမှု အရေးပါလှပြီး လက်ရှိသုံးနေတဲ့ 2Kg ဗုံးသီးများကို YDF က ကိုယ်တိုင်ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်များတဲ့အတွက်YDF ရဲ့ ထုတ်လုပ်ရေးအတွက် ယောမြို့ပါရီကမ်ပိန်းမှာ ကုန်ကျစရိတ်တွေ ဝင်ရောက်မျှဝေပေးနိုင်ဖို့ကိုလည်း ယောကာကွယ်ရေးတပ် YDFမှ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းနွေဦး၊ ခါးရှယ်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment