6th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံရှိ မြို့နယ် အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှပ်မိုင်းများရှိနေဟု NUG ယာယီသမ္မတ ပြော

📌 ၂။ နွေဦးတော်လှန်ရေး အမြန်ပြီးစီးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပေါ်ပေါက်ရေး မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း

📌 ၃။ တနင်္သာရီအခြေစိုက် ခမရ ၅၆၁ ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘူးသီးတောင် ခမရ (၅၆၄) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံး

🚩 ၂။ မန္တလေး မဟာအောင်မြေ ခရိုင်လဝကရုံးကို မိုင်းခွဲတိုက်ခိုက်မှု () ဦးသေဆုံးပြီး () ဦး ဒဏ်ရာရ

🚩 ၃။ ဝမ်းတွင်းမြို့နယ်မှူးအပါအဝင် ရဲ () ဦးလိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်မှု () ဦးလုံး သေဆုံး 

🚩 ၄။ ပေါက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှုနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား (၁၈) ဦးသေဆုံး 

🚩 ၅။ တောင်ငူမြို့နယ် ရိုးမဗျူဟာလမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား () ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံရှိ မြို့နယ် အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှပ်မိုင်းများရှိနေဟု NUG ယာယီသမ္မတ ပြော


မြန်မာနိုင်ငံရှိ မြို့နယ်အရေအတွက် ထက်ဝက်ကျော်မှာ မြေမြှပ်မိုင်းများရှိနေပြီး ဆက်လက် တိုးပွားနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့သို့ ယာယီသမ္မတက သဝဏ်လွှာပေးပို့ရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဧပြီလ () ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာ မြှင့်တင်ရေးနေ့ဖြစ်တာကြောင့် ကမ္ဘာတဝန်းရှိ နိုင်ငံအသီးသီးဟာ နှစ်စဉ် ဧပြီလ () ရက်နေ့ ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့ အခမ်းအနားတွေ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းများ ထုတ်လုပ်အသုံးပြုနေဆဲ နိုင်ငံအနည်းစုအနက် တနိုင်ငံအဖြစ် ပါဝင်နေဆဲ ဖြစ်တယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံက မြို့နယ်အရေအတွက် ထက်ဝက်ကျော်မှာ မြေမြှပ်မိုင်းတွေရှိနေပြီး ဆက်လက်တိုးပွားနေဆဲ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ပြည်သူလူထု ထိခိုက်ဆုံးရှုံးရမှုတွေ ကြီးမားစွာ ဖြစ်ပေါ်နေပြီး မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးနေရတယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်မှု လျော့ကျစေဖို့ ဒေသအသီးသီးမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ တာဝန်ခံတွေနဲ့ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ၊ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးစာစောင် ဖြန့်ဝေရေးလုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှကာလပတ်လုံး ပြည်သူလူထုအနေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ခံစားနေရဦးမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပြီး ပြည်သူလူထု မျော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးကိုရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘေးကင်းလုံခြုံပြီး ဖွံ့ဖြိုး တိုးတက်သော လူမှုအဖွဲ့အစည်းတရပ် ထူထောင်နိုင်ဖို့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဧပြီလ () ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက (၂၀၀၅) ခုနှစ် ဒီဇင်ဘာလ () ရက်နေ့မှာ သတ်မှတ်ခဲ့ပြီး ယခုနှစ်မှာလည်းလူအသက်များကို ကာကွယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းအားဖြင့် လူ့အသက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းဖြင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ ယခုအချိန်အထိ မိုင်းအန္တရာယ်ရှိနေဆဲဖြစ်သော နိုင်ငံများမှ လူအများ သတိပြုမိနိုင်စေရန် စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ကြဖို့ သတ်မှတ်ထားတယ်လို့ NUG ယာယီသမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေး အမြန်ပြီးစီးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပေါ်ပေါက်ရေး မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း


စစ်အာဏာရှင်ကို နိဂုံးချုပ်စေမယ့် နွေဦးတော်လှန်ရေး အမြန်ပြီးစီးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး မြန်မြန်ဆန်ဆန်လုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပတဲ့ ဒုတိယကြိမ်မြောက် ပြည်သူ့ညီလာခံဖွင့်ပွဲ ဧပြီလ () ရက်နေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ကျနော်တို့အားလုံးဟာ နွေဦးတော်လှန်ရေးတပ်ပေါင်းစုကြီးတခုလုံးကို ပြည်သူလူထုရဲ့ သဘောထားဆန္ဒနဲ့အညီ၊ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ စုပေါင်းချီတက်နေတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေပေါင်းစည်းပြီး စစ်အာဏာရှင်သန္ဓေဆိုးကိုတိုက်ဖျက်ဖို့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရချိန်လည်းဖြစ်တယ်လို့ အသိပေးပါတယ်။ 

ဒါပေမဲ့ သိပ်မကြာခင်ကာလတခုမှာ အသွင်ကူးပြောင်းရေးကာလတွေကို တဆင့်ချင်း ဝင်ရောက်ဖြတ်သန်းရမယ့်အချိန်တွေ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့အနေနဲ့ အောင်မြင်သော အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနိုင်ကြဖို့အတွက် ခိုင်မာပြီး လက်တွေ့ကျတဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တခုပေါ်ပေါက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေကြမယ်ဆိုတာ ယုံကြည်ပါတယ်လို့လည်း NUG ဒူဝါလရှီးလက ပြောပါတယ်။

လက်ရှိကာလဟာ ခေတ်သစ်၊ စနစ်သစ်ကို တော်လှန်ရေးနည်းနဲ့ တည်ဆောက်နေကြရတာဖြစ်တဲ့အတွက် ကျနော်တို့ အားလုံး စိတ်ရောကိုယ်ပါ ပင်ပန်းကြရမယ့်ကိစ္စတွေရှိနေပေမယ့် လူထုရဲ့ ပင်ပန်းနွမ်းနယ်မှုဟာ ကျနော်တို့တွေထက် အဆပေါင်းများစွာ ပိုလွန်တယ်ဆိုတာ မေ့လို့မရဘူးလို့လည်း အသိပေးထားပါတယ်။ 

ကျနော်တို့ဟာ လူထုကို အလုပ်အကျွေးပြုဖို့ ဖြစ်တည်လာကြတဲ့သူတွေဆိုတာ နှလုံးသွင်းဖို့နဲ့ တော်လှန်ရေးဟာ လူထု အတွက်ဖြစ်ပြီး၊ လူထုက ဆင်းသက်လာတဲ့ တော်လှန်ရေးဆိုတာကိုလည်း မမေ့ဖို့ နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလက သတိပေးထားပါတယ်။

ထို့ပြင် နွေဦးတော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ လူထုရဲ့ ဝန်ထုပ်ဝန်ပိုးကို ပေါ့သထက်ပေါ့အောင် ဝိုင်းဝန်းကြိုးစားကြ ဖို့နဲ့ လူတွေရဲ့ အသက်၊ သွေး၊ ချွေးပေးဆပ်မှုကို မေ့မထားကြဖို့လည်း ထပ်မံသတိပေးခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယိုယွင်းပျက်စီးမှုတွေကို လက်တွေ့ကျကျ မြင်တွေ့နေရပြီဖြစ်တာကြောင့် နွေဦးတော်လှန်ရေးခရီး အဆုံးအထိ လျှောက်ကြဖို့၊ တော်လှန်ရေးအလွန်ကာလမှာ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ရေး အခုကတည်းက တည်ဆောက်ထားကြဖို့ လက်နက်ကိုင် ပဋိပက္ခအသစ် ပြန်လည်မပေါ်ပေါက်ရေး နိုင်ငံရေးသတိရှိရှိဖြင့် ကြိုးစားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ယခုတော်လှန်ရေးဟာ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ တော်လှန်တိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက် မကြာမီ နှစ်ကာလအပိုင်းအခြားမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တိုင်းပြည်သစ်ကို ပြည်သူလူထုနဲ့အတူ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာဖြစ်တယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။


========================


📌📌 ၃။ တနင်္သာရီအခြေစိုက် ခမရ ၅၆၁ ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၆၁ ကို ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သား () ဦး သေဆုံးသွားတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်းက အသိပေး ထုတ်ပြန်ပါတယ်။ 

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာမှာ အခြေစိုက်တဲ့ ခမရ-၅၆၁ တပ်ရင်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း - ရဲ့ ADF ဒရုန်းအဖွဲ့က ဧပြီ () ရက် ညနေပိုင်းနဲ့ညပိုင်းတွေမှာ ဗုံးသီးတွေ () ကြိမ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ခမရ -၅၆၁ တပ်ရင်းမှ စစ်ကောင်စီတပ်သား () ဦးသေဆုံးပြီး () ဦး ဒဏ်ရာရရှိခဲ့ပြီး အသေးစိတ်အခြေအနေ ကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ပူးပေါင်းစစ်ကြောင်းက အသိပေးထားပါတယ်။

အလားတူ ဧပြီ () ရက်ကလည်း ခမရ-၅၆၁ တပ်ရင်းနဲ့ ညောင်ပင်ကွင်းတံတားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ကရဲဘော်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က () ဦးသေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ကို မြိတ်ခရိုင်တပ်ရင်း တပ်ခွဲ - ၁၊ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ -SWDF မြိတ်မြို့နယ် .က. နဲ့ ADF ဒရုန်းအဖွဲ့တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဘူးသီးတောင် ခမရ (၅၆၄) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံး 


ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်း ခမရ (၅၆၄) ကို ဧပြီ () ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာ စစ်တပ်ဘက်က (၈ဝ) ကျော်သေဆုံးခဲ့တယ်လို့ ရခိုင့်တပ်တော် - AA က ထုတ်ပြန်ပါတယ်။

ဘူးသီးတောင် အခြေစိုက် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းကို ဧပြီ () ရက်က စတင်တိုက်ခိုက်ခဲ့ရာ () ရက်အကြာမှာ တပ်ရင်း ဌာနချုပ်တခုလုံးကို သိမ်းနိုင်ခဲ့လို့ ဆိုပါတယ်။

ရန်သူ (စကစ) အနေနဲ့ ၎င်းတို့အတွက် စစ်ရေးအရအရေးပါတဲ့ ခမရ (၅၆၄) တပ်စခန်းကို ကြည်းတပ်၊ လေတပ်တို့နဲ့ အသည်း အသန် ပူးပေါင်းခုခံကာကွယ်ခဲ့ပေမယ့် ရခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက်ထိုးစစ်ကို မယှဉ်နိုင်ဘဲ () ရက်အကြာမှာ ရခိုင့်တပ်တော်လက်အောက် ကျရောက်ခဲ့ရတယ်လို့ AA က အသိပေးပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀) ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို AA ဘက်ကလည်း ထိုက်သင့်တဲ့ ပေးဆပ်မှုနဲ့ ရင်းနှီးခဲ့ရမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကို ရခိုင့်တပ်တော် စစ်ရုံးချုပ်က လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲမှာ ရန်သူ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းများစွာနဲ့ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ပါဝင်ပါတယ်။ 

AA အနေနဲ့ ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းကို မတ်လ (၂၅) ရက်က သိမ်းပိုက်ပြီး (၁၁) ရက်အကြာမှာ နောက်ထပ်တပ်ရင်းတခုကို သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခမရ (၅၅၂) တပ်စခန်းကို ရက်ပေါင်း (၃၀) ကျော်ကြာ တိုက်ခိုက်ခဲ့ရပြီး ဘူးသီးတောင်မြို့နယ်ထဲက တောင်ဘဇာ စခန်းကိုလည်း သိမ်းပိုက်ပြီးဖြစ်ပါတယ်။

လက်ရှိမှာ မောင်တောမှာရှိတဲ့ ကြိမ်ချောင်စခန်းကို အပြီးသတ်သိမ်းယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသလို ရခိုင်ဒေသတခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးတဲ့ စစ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနဲ့ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ နေ့စဉ်ပြုလုပ်နေရာ ဧပြီ () ရက်ကလည်း AA သိမ်းထားတဲ့ ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် (၁၈) နှစ်အရွယ် အရပ်သားတဦးသေဆုံးကာ () နှစ် အရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ () ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  


========================


🚩🚩 ၂။ မန္တလေး မဟာအောင်မြေ ခရိုင်လဝကရုံးကို မိုင်းခွဲတိုက်ခိုက်မှု () ဦးသေဆုံးပြီး () ဦး ဒဏ်ရာရ


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် () လမ်းမှာရှိတဲ့ မဟာအောင်မြေ ခရိုင်လဝကရုံးကို သတိပေးတဲ့အနေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ () ဦးသေဆုံးပြီး () ဦး ဒဏ်ရာရသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အောင်စည်တော်စစ်ဆင်ရေးအဖွဲ့နဲ့ Special Task Force Mandalay (STF-MDY) တို့က ဧပြီလ () ရက်မှာ အသိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်ရေးပစ်မှတ်ဖြစ်တဲ့အတွက် ရွေးချယ်စရာအခြေအနေများစွာ မရှိတဲ့အတွက် အကောင်းဆုံးရွေးချယ်မှုအဖြစ် ပြည်သူများ နားနေနိုင်တဲ့ ထမင်းစားချိန်မှာ ရွေးချယ်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

လဝကရုံးတွေဟာ စစ်မှုထမ်းဖို့ လူစာရင်းကောက်ခံရာ အဓိက ပင်မကျောရိုးတွေဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့ရတာလို့လည်း အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုအတွင်းမှာ ဒုလဝကမှူးသော်ဇင်ဦးအပါအဝင် () ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးသူ () ဦးရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်ချိန်မှာ သတိပေးထားတဲ့အတိုင်း စကစထောက်တိုင် ပစ်မှတ်နေရာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်တာကြောင့် ပစ်မှတ်ဟာ စကစသာလျှင် အဓိကဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။  

မန္တလေးတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်မှုထမ်းခြင်းနဲ့ပတ်သက်လို့ ကြေငြာထားခဲ့တဲ့အတိုင်း စစ်ရေးဆိုင်ရာ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်မှာဖြစ်တယ်လို့လည်း ထပ်မံ သတိပေးထားပါတယ်။ 

ဒါကြောင့် ပြည်သူလူထုအနေနဲ့ မိမိတို့ရဲဘော်တွေနဲ့အတူ အသံကိုနားစွင့်ကာ ရန်သူ့လှုပ်ရှားမှုများအား စောင့်ကြည့်ကာကွယ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။


========================


🚩🚩 ၃။ ဝမ်းတွင်းမြို့နယ်မှူးအပါအဝင် ရဲ () ဦးလိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်မှု () ဦးလုံး သေဆုံး 


မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲ () ဦး လိုက်ပါလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူး အပါအဝင် () ဦးစလုံး သေဆုံးသွားတယ်လို့ Wundwin Township Revolution Force – WTRF က ပြောပါတယ်။

ဧပြီလ () ရက် () နာရီခန့်က ဝမ်းတွင်းမြို့နယ် နတ်နန်းရွာနဲ့ ထနောင်ကုန်းရွာကြားမှာ အကြမ်းဖက်စစ်သားနဲ့ ရဲများ လိုက်ပါလာတဲ့ကားကို WTRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားမှာ သုံးမရအောင် ပျက်စီးသွားတာကြောင့် ကားပေါ်ပါသူ‌တွေ သေဆုံးသွားတာလို့ သိရပါတယ်။

အဆိုပါကားဟာ ပင်းတလဲ - ဝမ်းတွင်းလမ်းအတိုင်း ပင်းတလဲဘက်ကနေ ဝမ်းတွင်းဘက်ကို ပြန်မောင်းလာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီးချိန်မှာ အခင်းဖြစ်နေရာကို ဒရုန်းတွေပျံဝဲခဲ့ပြီး ဝမ်းတွင်းမြို့ပေါ်မှာလည်း အရေးပေါ်ကားတွေ ဆူညံသွားတယ်။ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီဘက်တော်သားတွေနဲ့ အာဏာရှင်အလိုကျ လက်နက်မဲ့ပြည်သူတွေကို နှိပ်စက်နေသူတွေဟာ ပြည်သူ့ကျိန်စာတွေကို အနှေးနဲ့အမြန်ခံစားရမှာ မ‌လွှဲမသွေဖြစ်တယ်လို့ Wundwin Township Revolution Force – WTRF က အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ပေါက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှုနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား (၁၈) ဦးသေဆုံး 

 

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ရာ စစ်သား (၁၈) ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ဧပြီလ () ရက်နေ့ ညနေ () နာရီခန့်အချိန်က ပေါက်မြို့နယ် ရေပြာကျေးရွာက ရေပြာရဲစခန်းကိုရောက်နေတဲ့ အင်အား (၂၀၀) ကျော်ရှိတဲ့ စစ်တပ်စစ်ကြောင်း ကုက္ကိုစုပျူရွာဘက်ကို ရိက္ခာယာဥ်တန်းနဲ့အတူ ထွက်လာချိန်မှာ ပေပါ ပဒေသာမိုင်း () လုံးနဲ့ စတင်တိုက်ခိုက်ခဲ့ရာ စစ်သား () ဦးခန့်သေဆုံးပြီး () ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆင်ထားတဲ့ မိုင်းပွိုင့်ကိုရောက်လာတဲ့ ရှေ့ပြေးပွိုင့်စစ်ကြောင်းကိုလည်း ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်သား () ဦးသေဆုံးပြီး () ဦး နားစည်ကွဲကာ ယာခင်းတွေထဲ ပတ်ပြေးနေတဲ့အတွက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား () ဦးခန့်လဲကျသွားတာတွေ့ရပေမယ့် သေဆုံးဒဏ်ရာရရှိမှုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ 

ထို့နောက် စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဒရုန်းတွေသုံးပြီး ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား () ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

ဧပြီလ () ရက်နေ့ ညနေ (၄း၄၈) နာရီခန့်အချိန်မှာလည်း ရေပြာရဲစခန်းကနေ မောင်းလာတဲ့ Jammer ကား အပါအဝင် ကား () စီးဟာလည်း နင်းမိုင်းတွေထိသွားတဲ့အတွက် စစ်သား () ဦး သေဆုံးခဲ့ကာ () ဦးဒဏ်ရာရသွားတယ်လို့ ထပ်မံသိရှိရ ပါတယ်။

အဆိုပါစစ်ဆင်ရေးကို မြိုင်ပကဖ တရင်း () ပေါက်ပကဖနဲ့ ဗိုလ်လရောင်အဖွဲ့များ၊ ဗိုလ်ရိုးမအဖွဲ့များ၊ပခုက္ကူခရိုင် တပ်ရင်း (၁၆) တပ်ခွဲ ()-FRG တို့ပူးပေါင်းပြီး စနစ်တကျစီစဥ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပခုက္ကူမြို့မှာရှိတဲ့ တပ်မ (၁ဝ၁) ကနေ ရိက္ခာပို့ယာဉ် အစီး (၁၂ဝ) ကျော်နဲ့ထွက်လာတဲ့ အဆိုပါအကြမ်းဖက်စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းဟာ လမ်းခရီးတလျောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပေါက်မြို့ကိုတောင် မရောက်နိုင်ဘဲရှိနေပါတယ်။ 


========================


🚩🚩 ၅။ တောင်ငူမြို့နယ် ရိုးမဗျူဟာလမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား () ဦး သေဆုံး


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရိုးမဗျူဟာလမ်းမှာ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၅၀၁) က ရဲဘော်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား () ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။  

တောင်ငူခရိုင် ပဲခူးရိုးမအတွင်းဝင်ရောက်ပြီး စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၁ဝ) ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ (၃၅၀၁) တပ်ခွဲ () က ရဲဘော်တွေ ဧပြီလ () ရက်နေ့ မနက် () နာရီခန့်အချိန်က ဝက်ခေါက်စိန် - ဇဟား ရိုးမဗျူဟာလမ်းမှာ ထိတွေ့ တိုက်ပွဲဖြစ်ရာက စစ်သားတွေ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

တဲကြီးကျေးရွာကနေ လူသားဒိုင်းအဖြစ် အရပ်သားပြည်သူ (၃၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး ဝက်ခေါက်စိန် ကျေးရွာဘက် ပြန်ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို လက်ဦးမှုရယူပြီး မိုင်းဆွဲပစ်ခက်တိုက်ခိုက်ရာ () နာရီ ဝန်းကျင်ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၅၀၁) က အသိပေးပါတယ်။

ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်သား () ဦးနဲ့ မိုင်းရှာခွေးတကောင် သေဆုံးခဲ့တာကို မျက်မြင်တွေ့ရှိရပြီး () ဦး ဒဏ်ရာရသွားတာမှာ () ဦးက စိုးရိမ်ရတဲ့အနေအထားဖြစ်ပြီး ဝက်ခေါ်စိန်ကျေးရွာဘက် ဆုတ်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ M-3 ကျည်ဘောက်တခု၊ G-3 ကျည်ဘောက်တခု G-3 ကျည် (၄၄) တောင့် () ဒသမ (၅၆) ကျည် (၁၀၀) တောင့်၊ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရရှိခဲ့‌ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment