6th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အဓမ္မစစ်မှုထမ်းစေခြင်းကြောင့်ဖမ်းဆီးခံခဲ့ ရတဲ့ ရိုဟင်ဂျာများရဲ့ပြဿနာတွေနဲ့ လူသားချင်းစာနာမှုအကူအညီများမရောက်ရှိတဲ့ အကြောင်းအရာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဆွေးနွေးခဲ့

📌 ၂။ American University Washington College of Law တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးမြန်မာ့အရေးစကားဝိုင်းပါဝင်ခဲ့

📌 ၃။ နမ့်ခမ်းမြို့မှာ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ရေး PSLF/TNLA နဲ့ ပြည်သူလူထု တွေ့ဆုံဆွေးနွေး

📌 ၄။ ၂၀၂၄ မတ်လ နွေဦးထီ ဝယ်ယူမှု မှတ်တမ်းအရ မတ်လ မှ ၃၁ ရက်အထိ ထီလက်မှတ်ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၀၂,၈၁၂ စောင်ရှိခဲ့

📌 ၅။ ၅ရက်အတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၅) ဦး စုစုပေါင်း (၂၁) ဦး သေဆုံးခဲ့ပြီး၁၈ နှစ်အောက် သေဆုံးသူ () ဦး ပါဝင်


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ ခမရ-၃၅၇ တပ်ရင်းကို သိမ်းပိုက်လိုက်တာဟာ မြို့ကို သိမ်းပိုက် ရရှိတဲ့အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်ပြော

🚩 ၂။ မင်းတပ်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ဦးအပါအဝင််၅ ဦး ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အဓမ္မစစ်မှုထမ်းစေခြင်းကြောင့်ဖမ်းဆီးခံခဲ့ ရတဲ့ ရိုဟင်ဂျာများရဲ့ပြဿနာတွေနဲ့ လူသားချင်းစာနာမှုအကူအညီများမရောက်ရှိတဲ့ အကြောင်းအရာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဆွေးနွေးခဲ့


ဧပြီလ ၅ရက်။

အဓမ္မစစ်မှုထမ်းစေခြင်းကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာများရဲ့ပြဿနာတွေနဲ့ လူသားချင်းစာနာမှုအကူအညီများမရောက်ရှိတဲ့ အကြောင်းအရာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးပြောပါတယ်။


"ဧပြီလ ()ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး၊ တံခါးဖွင့်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်နဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ UK, Japan, Russia, Korea, Sierra Leon, Algeria, Switzerland, Guyana, France, Mozambique, Slovenia, Ecuador, US, China, Malta နိုင်ငံတို့က ဆွေးနွေးပြောကြားခဲ့ပါတယ်။ အကြောင်းအရာက ရိုဟင်ဂျာများနှင့် ရခိုင်ပြည်နယ်တွင်းအခြေအနေများလို့ ခေါင်းစဥ်တပ်ထားပြီး၊ Malaysia, Indonesia, Bangladesh နိုင်ငံတို့က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာများမှာ ကြုံတွေ့နေရတဲ့ လက်ရှိတိုက်ခိုက်ခံရမှုတွေ၊ ကျေးရွာများအပေါ် လေကြောင်းဖြင့်တိုက်ခိုက်မှုခံရတာတွေအပြင် အဓမ္မစစ်မှုထမ်းစေခြင်းကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာများရဲ့ပြဿနာတွေ၊ လူသားချင်းစာနာမှုအကူအညီများမရောက်ရှိတဲ့ အကြောင်းအရာတွေနဲ့ နေရပ်ပြန်နိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာနေတဲ့ ကိစ္စများကို အဓိကထားဆွေးနွေးတင်ပြသွားကြပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင်တက်ရောက်ဆွေးနွေးတဲ့ နိုင်ငံတွေကတော့ ရိုဟင်ဂျာများအရေးတင်မကပဲနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာလုယူခဲ့တဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးအခြေအနေများ၊ အထူးသဖြင့် အကြမ်းဖက်စစ်ကောင် စီကျူးလွန်နေတဲ့ လက်နက်ကိုင်ပဋိပက္ခထဲက အကြမ်းဖက်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှု များနှင့် ရိုဟင်ဂျာများအပေါ် ခွဲခြားသတ်မှတ်လုပ်ဆောင်မှုတွေ၊ ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထားလုပ်ဆောင်မှုတွေအကြောင်းကို အကြောင်းအရာစုံလင်စွာ တင်ပြသွားခဲ့ကြတယ်လို့သိရပါတယ်။


"တိုက်တွန်းတင်ပြဆွေးနွေးတဲ့အချက်တွေမှာ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်စွာ အရေးယူဆောင်ရွက်ဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပိုမိုအသက်ဝင်လှုပ်ရှားလာပြီးတော့ နိုင်ငံများကဝိုင်းဝန်းအရေးယူဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အမှန်တကယ်လိုအပ်နေတဲ့သူတွေ လက်ထဲရရှိအောင်လုပ်ဆောင်သွားဖို့၊ အကြမ်းဖက်စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ကို တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာတရားစီရင်မှု ယန္တရားရေးကတဆင့် တင်ပြလုပ်ဆောင်သွားဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ American University Washington College of Law တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးမြန်မာ့အရေးစကားဝိုင်းပါဝင်ခဲ့


ဧပြီလ ၅ရက်။

American University Washington College of Law တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးမြန်မာ့အရေးစကားဝိုင်းမှာ ပါဝင်ခဲ့ပါတယ်။


၂၀၂၄ ခု ဧပြီလ ရက် (ကြာသပတေးနေ့)အမေရိကန်စံတော်ချိန်မှာAmerican University Washington College of Law တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ Myra Dahgaypaw (Karen Human Rights Activist, Virginia delegate for the Refugee Congress and Senior Partnership Officer for International Justice and Accountability) နှင့် ဦးယဉ်အေး (Campaign Coordinator- Anti Dictatorship in Burma and CEC of International Network for Myanmar Spring Revolution) တို့အဖွဲ့သည် Professor Claudia Martin (Co-Director, Academy of Human Rights and Humanitarian Law, American University Washington College of Law) နှင့်အတူ What is happening in Myanmar (Burma) ခေါင်းစဉ်နှင့် စကားဝိုင်းတွင် ပါဝင်ခဲ့ပါတယ်။


မြန်မာ့နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာပုံအကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှုများအကြောင်း၊ နိုင်ငံတကာရောက် မြန်မာနွယ်ဖွား ပြည်သူလူထု၏ တော်လှန်ရေးကို စွမ်းစွမ်းတမံထောက်ခံအားပေးမှုများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

ကျောင်းသား၊ကျောင်းသူများမှ သိလိုသည်များကို ဖြေကြားခဲ့ပြီးနောက် မြန်မာ့သဘာဝရှုခင်းများ၊ နွေဦးတော်လှန်ရေး ပုံရိပ်ဗီဒီယိုကို ပြသပြီး စကားဝိုင်းကို ရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၃။ နမ့်ခမ်းမြို့မှာ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ရေး PSLF/TNLA နဲ့ ပြည်သူလူထု တွေ့ဆုံဆွေးနွေး


ဧပြီလ ၅ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့နယ်မှာ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ရေး ပလောင် ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA နဲ့ ဒေသခံပြည်သူလူထုတို့ ဧပြီလ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တအာင်းပြည်နယ် တပ်မဟာ စစ်ဒေသထဲမှာပါတဲ့ နမ့်ခမ်းမြို့က ခန်းမတခုမှာ အဆိုပါတွေ့ဆုံပွဲ ကျင်းပခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းရှိ CDM ပညာရေးဝန်ထမ်းများ၊ PSLF/TNLA တာဝန်ရှိသူများနဲ့ TLEC ကျောင်းက တာဝန်ဝန်သူများနဲ့ ပြည်သူ လူထု စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးပါတယ်။

လာမယ့် ဇွန်လမှာ ကျောင်းတွေပြန်ဖွင့်နိုင်ရေးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ကြီး တောင်တန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နမ့်ခမ်းမြို့နယ်ရဲမှူး ဗိုလ်နေားရိူန်းက တက်ရောက်လာတဲ့ ပြည်သူလူထုကို အားပေးစကားပြောခဲ့သလို TLEC မန်အောင်ခရိုင်မှူး ဆရာသန်ညွန့်ကလည်း တွေ့ဆုံရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့ မြို့ ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုတက်ရေးကို အကျိုးပြုစေမယ့် ပညာရေး၊ ကလေးဗဟိုပြု ပညာရေးစနစ်ဖြင့် ဖက်ဒရယ်ပညာရေးစနစ် တိုးတက်မြင့်မားလာရေး၊ စဉ်စားတွေးခေါ် တီထွင်ဖန်တီးနိုင်မယ့် ပညာရေးစနစ်ဖော်ဆောင်နိုင်ရေးနဲ့ ပညာရေးနဲ့ပတ်သက်တဲ့ တတ်သိကျွမ်းကျင်ပညာရှင်များ မွေးထုတ်သွားနိုင်ရေးတို့အတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တအာင်းဒေသအတွင်း ပညာသင်ကြားရမယ့် လူငယ်အရွယ်တွေအားလုံး ပညာသင်ကြားခွင့်ရှိစေနိုင်ရေး၊ ထိန်းချုပ်ထားတဲ့မြို့တွင်းမှာ ကျောင်းတက်ရမယ့်ကလေးတွေ နိုင်ငံတကာအဆင့်မီကျောင်းတွေမှာ တက်ရောက်သင်ကြားနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီနောက် TLEC သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ အခြေခံမူပေါ်လစီ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို အပြန်အလှန်မေးမြန် ဆွေးနွေးခဲ့ပြီး စာသင်ကျောင်းတွေ လည်ပတ်နိုင်ရေး ပြည်သူလူထုဘက်က ပူးပေါင်းပါဝင်ကြဖို့ PSLF/TNLA က တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ ၂၀၂၄ မတ်လ နွေဦးထီ ဝယ်ယူမှု မှတ်တမ်းအရ မတ်လ မှ ၃၁ ရက်အထိ ထီလက်မှတ်ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၀၂,၈၁၂ စောင်ရှိခဲ့


ဧပြီလ ၅ရက်။

၂၀၂၄ မတ်လ နွေဦးထီ ဝယ်ယူမှု မှတ်တမ်းအရမတ်လ မှ ၃၁ ရက်အထိ ထီလက်မှတ် ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၀၂,၈၁၂ စောင်ရှိခဲ့တယ်လို့  ဧပြီလ ၅ရက်မှာ နွေဦးထီမိသားစုက တရားဝင်ထုတ်ပြန်အသိပေးပါတယ်။


"နွေဦးထီ version 2 အား မတ်လ ရက်နေ့မှ စတင်၍ ဧပြီလအထိ စမ်းသပ်ကာလအဖြစ် အောင်မြင်စွာ လည်ပတ်နိုင်ရန် ယခင်ထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို  အသွင်အပြင်သစ် အစီအစဥ်သစ်များဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ မတ်လ ၃၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့သည့် နွေဦးထီ ဖွင့်ပွဲ အခမ်းအနား (ထီအမှတ်စဥ် NOH20240301) အတွက် Grand Prizes ဆုကြီး ဆု အား ပွင့်လင်း မြင်သာစွာ ရွေးချယ်တင်ပြခဲ့ပြီး ကျန်ဆုမဲများကိုလည်း နွေဦးထီ version 2 စနစ်မှ မိနစ်ပိုင်းအတွင်း အလိုအလျောက် ရွေးချယ်နိုင်ခဲ့ပါတယ်။ လစဥ် နွေဦးထီ လက်မှတ်ပေါင်း ရောင်းချနိုင်မည့် အများဆုံး ပမာဏသည် အစောင်ရေ ,၀၀၀,၀၀၀ ရှိပြီး မတ်လ မှ ၃၁ ရက်အထိ ထီလက်မှတ် ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၀၂,၈၁၂ စောင် ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


၎င်းတို့အနက်မှ ထီပေါက်မဲ နံပါတ် စုစုပေါင်း ၁၁၀၇ ဆု ကို ကံထူးရှင် နွေဦးထီချစ်သူများမှ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ 


ထီပေါက်စဥ် ထွက်ရှိပြီးသည်နှင့် တပြိုင်နက် နွေဦးထီ version အသစ်၏ အားသာချက်အတိုင်း ဆုငွေများကို သက်ဆိုင်ရာ ကံထူးရှင်များ၏ ထီပေါက်သည့် အကောင့်များသို့ အလိုအလျောက်စနစ်ဖြင့် တိုက်ရိုက်ပို့ဆောင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။

ထီဆုငွေများကို အသီးသီး ချီးမြှင့်ပြီး အထွေထွေကုန်ကျမှုများ တွက်ချက်ပြီးနောက် ကျန်ရှိသော အကျိုးအမြတ်များအားလုံးကို CDM ပြည်သူ့ဝန်ထမ်းများအား ထောက်ပံ့ရန် နှင့် အခြားသော တော်လှန်ရေး ကဏ္ဍများတွင် မျှဝေသုံးစွဲနိုင်ရန် MOPFI အား မကြာမီ ရက်ပိုင်းအတွင်း စနစ်တကျ လွှဲပြောင်းပေးအပ်သွားပါမည် ဖြစ်ကြောင်းလည်းသိရပါတယ်။


========================


📌📌 ၅။ ၅ရက်အတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၅) ဦး စုစုပေါင်း (၂၁) ဦး သေဆုံးခဲ့ပြီး၁၈ နှစ်အောက် သေဆုံးသူ () ဦး ပါဝင်


ဧပြီလ ၅ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၅) ဦး စုစုပေါင်း (၂၁) ဦး သေဆုံးခဲ့ပြီး ၎င်းအရေအတွက်တွင် ၁၈ နှစ်အောက် သေဆုံးသူ () ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၂၁) ဦးအနက် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ () ဦးစီဖြင့် သေဆုံးမှု အများဆုံးဒေသများ ဖြစ်ကြပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၁၉) ဦးဖြင့် အများဆုံးဖြစ်ပါတယ်။


ဧပြီလ ရက်နေ့ ညနေပိုင်းအချိန်တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၌ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မိုးလုံးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ပစ်မှတ်ထား၍ လေကြောင်းမှ Rocket ဗုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းရှိ ရေကန်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရေချိုးနေကြသည့် အသက် နှစ်အရွယ် မောင်ဖူဆယ်နှင့် အသက် ၁၆ နှစ်အရွယ် မောင်လင်းခန့်နိုင် () ငါးလက်မ အပါအဝင် ဦးခေမာဝံသ၊ ကိုတိမ်ယံမိုး၊ ကိုနိုင်ဝင်းချိုနှင့် ကိုချစ်ထွေးတို့မှာ ကျည်စထိမှန်၍ သေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ ခမရ-၃၅၇ တပ်ရင်းကို သိမ်းပိုက်လိုက်တာဟာ မြို့ကို သိမ်းပိုက် ရရှိတဲ့အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်ပြော


ဧပြီလ ၅ရက်။

ကရင်ပြည်နယ်ထဲက သင်္ဃန်းညီနောင်မြို့မှာရှိတဲ့ စစ်တပ်ဗျူဟာကုန်းနဲ့ ခမရ-၃၅၇ တပ်ရင်းကို သိမ်းပိုက်ရရှိ လိုက်တာဟာ မြို့ကိုသိမ်းပိုက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သင်္ဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ ခမရ- ၃၅၇ တပ်ရင်းတို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဧပြီလ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်ရရှိလိုက်တာဖြစ်ပါတယ်။ 

ဧ‌ပြီလ ရက်နေ့ ညပိုင်းကစပြီး မြ၀တီမြိုနယ် သင်္ဃန်းညီနောင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ ဧပြီလ ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို နောက်ဆက်တွဲသတင်းတွေအရ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေခြင်းနဲ့ စစ်ကူစစ်ကြောင်းတွေ တက်လာနေခြင်းတို့ကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံတာရှိသလို လက်နက်ကြီးလက်နက်ငယ်တွေ သိမ်းဆည်းရမိခဲ့ပေမယ့် စစ်ကူစစ်ကြောင်းတွေနဲ့ လေကြေင်းတိုက်ခိုက်မှုတွေကြောင့် အပြည့်အဝ စိတ်ချရတဲ့ အနေအထားမဟုတ်သေးဘူးလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေတာလည်းရှိပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဟာ မတ်လ ရက်ကစပြီး မြဝတီနဲ့သင်္ဃန်းညီနောင်မြို့မှာရှိတဲ့ စစ်တပ် တပ်ရင်းဌာနချုပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခမရ- ၃၅၅၊ ခမရ- ၃၅၆ နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၂။ မင်းတပ်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ဦးအပါအဝင််၅ ဦး ဒဏ်ရာရ 


ဧပြီလ ၅ရက်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက အောက်ချိုင်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ အတွက် ကလေးငယ် ဦး အပါအဝင် ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်း ပြန်ကြားရေးနဲ့ မှတ်တမ်းဌာန တာဝန်ရှိသူက ပြောပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် ၁၃ မှာရှိတဲ့ အောက်ချိုင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဧပြီလ ရက်နေ့ မွန်းလွဲ နာရီခန့် အချိန်မှာ လေကြောင်းကနေ ဆင့်ပွားပေါက်ကွဲစေတဲ့ Cluster ဗုံးတွေ ကြဲချခဲ့တာလို့ ဆိုပါတယ်။  

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် နှစ်အရွယ်တဦး၊ နှစ်အရွယ်တဦး၊ ၂၈ နှစ်အရွယ် အမျိုးသမီးတဦး၊ ၄၇ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ၅၃ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာဝန်းကျင်က တောအုပ်များ၊ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရာ အိမ် ၁၂ လုံးနဲ့ စာသင်ကျောင်းဆောင်များ၊ ဆရာ၊ ဆရာမအဆောင်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်း ပြန်ကြားရေးနဲ့ မှတ်တမ်းဌာနက အသိပေးပါတယ်။ 

ဒါ့အပြင် Cluster ဗုံးများ ကြဲချရာမှာ မပေါက်ကွဲခဲ့တဲ့ ဗုံးငယ်များ (droplets) ဟာ မိုင်းအသွင် ဆက်လက်ရှိနိုင်တာကြောင့် ဒေသခံများအနေနဲ့ မိုင်းအန္တရာယ်နဲ့ ဆက်လက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ နေအိမ်၊ ကျေးရွာဝန်းကျင်၊ တောင်ယာတွေကို သွားလာရာမှာ သတိထား သွားလာနေရပြီး မပေါက်ကွဲသေးတဲ့ ကြွင်းကျန်ဗုံးများ၊ ဒုံးကျည်များ၊ မိုင်းများ၊ သံထည်ဝတ္ထုများ၊ ဝါယာကြိုးတွေတွေ့ခဲ့ရင် ထိတွေ့ကိုင်တွယ်တာ၊ နေရာရွှေ့တာ၊ နေအိမ်ကို ယူဆောင်လာတာတွေမလုပ်ဘဲ တွေ့ရှိတဲ့နေရာကို အမှတ်အသားပြုလုပ်ကာ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေကို အကြောင်းကြားဖို့ မင်းတပ်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းပြန်ကြားရေးအဖွဲ့ က အသိပေး ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment